အလွမ်းတိမ်တောက် အိမ်ပြန်ရောက်တဲ့ညနေ
ငါ့စိတ်ရဲ့  အပြင်ဘက်က ရာသီဥတုဟာ ကြည်လင်နေတယ်
ငါကတော့ အလွမ်းတထုပ်နဲ့  တောအုပ်အစပ်မှာ ရပ်နေတယ် ..
မဟုတ်သေးဘူး …. တိတိကျကျပြောရရင် …. တောအုပ်အစပ်ရဲ့ 
ဘောလုံးကွင်းနံဘေးမှာ ငါရပ်နေတယ် ….။
ဆောင်းရာသီဟာ စံနစ်တကျ ဆုတ်ခွာသွားပေမယ့်
သူ့ ရဲ့ ခြေရာ လက်ရာတွေကိုတော့ ဖျောက်ဖျက် မသွားနိုင်ဘူး …
နှင်းကြွင်း နှင်ကျန်တို့ ရဲ့ တိုက်ခိုက်မှုကတော့ ရှိနေဆဲလေ….
အရောင်များနဲ့ ဖမ်းစား လှပတဲ့ညနေခင်းလေးတခုပါ
တနေ့ တာရဲ့ နောက်ဆုံးထွက်သက်
ငါနှုတ်ဆက်ရင်းငေးမော
အပြောကျယ်လှတဲ့ မိုးကုပ်စက်ဝိုင်းကြီးပေါ်မှာ…..၊
သြော် … ဆောင်းခိုငှက်တွေတောင်မှ အိမ်ပြန်လာကြပြီ
ငါတို့  ဘယ်တော့များမှ အိမ်ပြန်ရကြပါ့ ….၊။
ဒီအချိန်ဆို လမ်းကလေးရဲ့ ထိပ်မှာ ကြေကွဲစိတ်နဲ့  အမေ
သားတွေကို ပြန်ဆုံခွင့်အတွက် မျှော်လင့်ချက်နဲ့ အသက်ဆက်နေရောပေါ့
ငါတို့ ကတော့ မပြီးဆုံးနိုင်သေးသော တော်လှန်ရေး ခရီးလမ်းပေါ်မှာ
အမေနဲ့ တိုင်းပြည် အတွက် မျှော်လင့်ချက်တွေ လက်ကုန် ပုံထားတုန်းပဲ
မျှော်လင့်ချက်တွေနဲ့ လွတ်မြောက်လိုစိတ်တွေနဲ့  တိုက်ပွဲ ဆက်နေတုန်းပဲ
တနေ့ တော့ ဆောင်းခိုငှက်တွေလို အိမ်ပြန်ကြရမှာပ ။
ရဲရင့်သက်ဇွဲ
၀၁၀၅၂၀၁၁
No comments:
Post a Comment