Monday, December 27, 2010

အလွမ်းပွင့်တို့  ရိုက်ချိုးတဲ့ မျက်ရည်တာရိုး

အလွမ်းပွင့်တို့  ရိုက်ချိုးတဲ့ မျက်ရည်တာရိုး

အညှာလွယ်တယ်ပဲပြောပြော
ဟောဒီ မျက်ရည်တာရိုး
အလွမ်းပွင့်တွေက
ရိုက်ချိုးနေကြတယ် …..။

ကောင်းကင်ကတော့
အုံ့ မှိုင်းနေဆဲ
မျက်စေ့တဆုံး အဖြူရောင်တွေဖုံးလို့ 
ငှက်ကလေးတွေတောင်မှ
တေးမသီနိုင်ရှာကြဘူး
သစ်ရွက်ကလေးတွေတောင်မှ
နှင်းတို့ ရဲ့ မျက်နှာ မော့မကြည်ရဲရှာကြဘူး …….။

တကမ္ဘာလုံးက အေးခဲမှုတို့ 
ငါနေတဲ့အရပ်ကို စုပုံပို့ လိုက်သလား
သတိရတမ်းတခြင်းတွေကတော့
အေးခဲမှုတွေကိုထိုးဖောက်
မင်းဆီအရောက်
ပျံသန်းနေကြလေရဲ့  …..။

မိသားစုဆိုတဲ့ အတွေး
နွေးထွေးမှုကိုပေးတယ်
မိသားစုအရေး
သားသမီးအရေး
အနာဂတ်အရေး
အတွေးများ မိုးမဆုံး မြေမဆုံး …..။

ဘာပဲဖြစ်ဖြစ်ပေါ့လေ
အညှာလွယ်တယ်ပဲပြောပြော
ဟောဒီ မျက်ရည်တာရိုး
အလွမ်းပွင့်တွေက
ရိုက်ချိုးနေကြတုန်း …..။

ရဲရင့်သက်ဇွဲ ၁၇ ၁၁ ၂၀၁၀


No comments: