Saturday, October 03, 2009

လာမယ့်ဘေးပြေးတွေ့ 

ရောက်လာမယ့် အဓမ္မ နေ့ ရက်များအတွက်
ဇာတ်တူသား စားသူများရဲ့ 
အလိုတူ အလိုပါတွေက
မိုးတွင်းဖားတွေလို
သူခိုးသေဖော်ညှိကြ ။

ဟောဒီ
တို့ ချစ်တဲ့မြေပေါ်မှာ
မတရားမှုများ
အားကောင်းမောင်းသန် ၊
လိမ်ညာလှည့်ဖျားမှုများ
အားကောင်းမောင်းသန် ၊
နှစ်ထောင့်တဆယ် နှပ်ကြောင်းများ
အားကောင်းမောင်းသန် ၊
နှစ်ထောင့်တဆယ် အက်ကြောင်းများ
အားကောင်းမောင်းသန် ၊

ယုံကြည်ချက် သံမဏိ ဓါးသွား
နှစ်ကာလများထဲမှာ
ဟိုတိမ်း ဒီယိမ်း
ဒေ၀ဒတ်ရဲ့ ဇာတ်သိမ်းမျိုး
ဒီရေ ဒီမြေပေါ်မှာ
ဒီလိုလူတွေနဲ့ အတူ အသက်ရှင်ခဲ့ ရတော့
အကောင်းဆုံးကိုမျှော်လင့်
အဆိုးဆုံးအတွက်လည်း အသင့်ပြင်ထားကြ

တပ်လှန့် သံကြားတယ်
ငါတို့ 
လာမယ့်ဘေးပြေးတွေ့ ရုံပါပဲ ၊
ကြောက်မွှေးပါ ဇာဂနာနဲ့ နှုတ်ရမှာပါပဲ၊

(၂၀၁၀ ရွေးကောက်ပွဲနေ့ ရက်များသို့ )

ရဲရင့်သက်ဇွဲ (၂၀၀၉ အောက်တိုဘာ ၂)


No comments: