Monday, October 05, 2009

အလွမ်းမုတ်သုံ၊ မှုံပြာရီအချစ်မြစ်၊ စူးနစ်ခဲ့ရ ဘ၀တောင်တန်းရှည်

မောင်လွမ်းဏီ

လွမ်းလိုက်တာကိုကို။ ကိုကိုနေထိုင်ကောင်းရဲ့ လား။
မိုးကအေးစိမ့်၊ လေကသုန်ဖြူး၊ အရုဏ်ဦးဆိုပေမယ့် အလင်းရောင်ပါးပါးလွလွကိုမှ မမြင်ရ။ မိုးမှောင်ကြီး ကျနေသလိုမျိုးလည်းမဟုတ်၊ အမှောင်ကျဲကျဲ အလင်းမွဲမွဲလို့ ပဲ ဆိုရချေမည်။ မနီးမဝေးရှိ မြို့ ပြအိမ်ယာ တိုက်တာများကို လှမ်းမျှော်ကြည့်တော့ ခဲသားစိမ်းရောင်လှိုင်းထနေ၏။ လယ်ကွင်းစိမ်းစိမ်းတွေ၊ တောင်တန်းညို့ မှောင်မှောင်တွေ၊ တောခင်တန်းနုပြာရေးရေးတွေကို မှန်းရော်မြင်ယောင်ကြည့်မိသည်။ ပြတင်းတံခါးကို ဖွင့်လိုက်သည့်အခါ မိုးစက် တစက် နှစ်စက်က ပါးပြင်နုရဲရဲကို လာထိမှန်သည်။ မြို့ ပြမှာ ရှားရှားပါးပါး သက်ရင့်ပင်ကြီးတွေလည်း ပျောက်ဆုံးသွားခဲ့။ ဖြိုဖျက်တိုက်စားသွားခဲ့သည့် မုန်တိုင်းဒဏ်ရာက အကင်းမသေသေး၊ လသာညတိုင်း ကိုကို နှင့် လှမ်းမျှော်ကြည့်တတ်သည့် ကံ့ကော်ပင်ကြီးနှင့် ကုက္ကိုပင်တန်းကြီးလည်း မရှိတော့ပြီ။ ငေးရီကြည့်မောမိနေစဉ် ဆွေးမြေ့ တသဖွယ် အလွမ်းသီချင်း တပုဒ်က ပဲ့တင်ပြန်လာသလို ရင်ကိုထိမှန် ခံစားရပြန်၏။ အနောက်တောင်မုတ်သုံလေမှာ ပါလာမယ့် အလွမ်းတွေကို ကိုကို မျှဝေခံစားနေလေမလား။ အဝေးမှာ … အဝေးကြီးမှာ … ဟို့  အဝေးကြီးမှာ …။
ကိုကို နေကောင်းပါစေ။
x x x x x x x

“မိုးအေးတယ်နော် ညီမလေး၊ အနွေးထည်ထူထူဝတ် ဟုတ်လား” ကိုကို့ ရဲ့  ပူပူပန်ပန် စကားသံက ရင်ထဲကို စိမ့်ဆင်းသွားခဲ့သည်။ “ဒီတရက် နှစ်ရက် မုတ်သုံလေအားကောင်းမယ်လို့  သတင်းကြေညာထားတယ်နော်”။ “ဟုတ် ကိုကို၊ ကိုကို ကော်ဖီသောက်ဦးမလား“။ “ဒေါက်” “ဒေါက်” “ဒေါက်” တံခါးခေါက်သံကြား၍ တံခါးသွားဖွင့်သည့် ကိုကို့ ကို တီဗွီကြည့်နေရင်းမှ လှမ်းကြည့်လိုက်မိသည်။
သူစိမ်း ၅ ယောက် တိုက်ခန်းထဲကို ခပ်သော့သာ့ ၀င်လာကြပြီး တခန်းလုံး ဟိုလှန်သည်လှော ရှာကြ ဖွေကြသည်။ ရေအိမ်သာထဲကိုတောင် မြေလှန်ရှာနေတာကို ကြည့်ပြီး ခါးသီးရွံရှာဖို့ ကောင်းလိုက်တာလို့  ခံပြင်းနေမိ၏။ တယောက်က ကိုကို့  လက်ကိုင်ဖုန်းကို လွယ်အိပ်ထဲကောက်ထည့်ပြီး “ကဲ ခနလိုက်ခဲ့ ပါအုံး”။ လှေကားပေါ်က ဆင်းသက်သွားကြတဲ့ တခွပ်ခွပ် တရှပ်ရှပ် ဖိနပ်သံများ။ ကားစက်နှိုးသံများ၊ ကားမောင်းထွက်သွားသံများ တိတ်ဆိတ်သွားတော့မှပင် ကိုကို့ ကို ဘာမှ မပြင်ဆင်ပေးလိုက်ရတာ၊ နှုတ်မဆက်လိုက်ရတာ၊ ဘာမှမမေးမြန်းလိုက်ရတာတွေကို စဉ်းစားမိရင်း ကိုယ့်ကိုကိုယ် ဝေခွဲမရဖြစ်နေမိသည်။ မောပန်းနွမ်းလျစွာဖြင့် အိပ်ယာထက်တွင် လဲလျောင်းခွေချလိုက်၏။
ကိုယ်ကိုစောင်းငဲ့ပြီး ကိုကို့ အလုပ်စားပွဲလေးကို လှမ်းကြည့်လိုက်မိ၏။ ကစဉ့် ကလျား ပြန့် ကျဲလွင့်ကျနေသည့် ဒီတပတ်ဂျာနယ်အတွက် ကိုကို ပြင်ဆင်နေသည့် ရေးလက်စ စာမူကြမ်းများ၊ ဓာတ်ပုံများ၊ ပွင့်လျက်သား ကွန်ပြူတာ။ ကိုကိုနဲ့ အတူ တွဲရိုက်ထားတဲ့ဓာတ်ပုံလေး။ ငုတ်တုတ် ထ ထိုင်မိပြန်သည်။ အရေးကြီးတာက… အရေးကြီးတယ် … ဒါအရေးကြီးဆုံးကိစ္စပဲ။ ၀မ်းဗိုက်ကို လက်ဖြင့်အသာအယာ ပွတ်သပ်ရင်း ကိုကို့ ကို ပြောပြချင်တဲ့ စိတ်က ပြင်းပြင်းရှရှ နှိုးဆွနေသလိုပဲ၊ ရှေ့ အပတ်ဆို ၆ လပြည့်တော့မှာ။
x x x x x x x
ကိုကို ဘယ်ရောက်နေလဲ။ သူစိမ်းတွေလက်ထဲမှာ ဘယ်လိုထိခိုက်ကြေကွဲမှုတွေ ကြုံနေရမလဲ။ ကိုကို မရှိကတည်းက တိုက်ခန်းမှာ လာနေပေးရှာသည့် မေမေ့ကိုလည်း ကိုကိုနဲ့ ပတ်သက်တာတွေ ပြောမပြချင်။ တလပင်ကျော်ပြီလေ။ ကိုကို နှစ်ရှည် နေခဲ့ထိုင်ခဲ့တဲ့ အရပ်ဒေသ တခုခု၊ တမြို့ မြို့  တနယ်နယ်၊ အခန်းကျဉ်း တခန်းခန်းမှာတော့ အလွမ်းတွေ အမှတ်ရစရာတွေ အောက်မေ့မှုတွေနဲ့  လေးလံ အထီးကျန်နေမှာ အသေအချာပါပဲ။ ဘ၀မှာ မမျှော်လင့်တာတွေ ဖြစ်လာတတ်သလို မျှော်လင့်ထားတာတွေကလည်း စောလျင်စွာ သို့ မဟုတ်နောက်အကျကြီးကျပြီးမှလည်း ရောက်လာတတ်တာပဲ မဟုတ်လား။ ကိုကိုက ယုံကြည်တာကို မျှော်လင့်ချက် ချိန်ခွင်လျာတဖက်စောင်းနဲ့ ဘ၀ကိုဖြောင့်တန်းတဲ့ မြားတစင်းဖြစ်အောင် ပစ်ခတ်နေသူလေ။ ကိုကိုက တိမ်တိုက်တခုလိုဆောက်တည်ရာမဲ့ လွင့်မျောလူးလိမ့်နေတာမှမဟုတ်တာ။ ကြုံရာ မြေသားမှာလည်း ရွက်ကျပင်ပေါက်လို ကျင့်သားမကျသူ။ ပုံစံခွက်ထဲမှာ နေသားထိုင်သားကျရမှာထက် သစ်တပင်လို ရှင်သန်ခွင့်မရမှာကို အစိုးရိမ်ကြီး စိုးရိမ် ကြောင့်ကြတတ်သူဖြစ်လေတော့ ကိုကို့ အနားမှာ စာနာနားလည်စိတ်နဲ့  စိတ်အနာတွေကို ဖြေရာပြေကြောင်း နားခိုမှေးလျောင်းနေခွင့်ကိုပဲ တောင်းဆိုနေခဲ့တာပါလေ။ အိပ်မပျော်ဘူး။ အိပ်လို့ မရဘူး။ သို့ ပေမယ့် အိပ်ရမည်။ အိပ်မက်ထဲမှာ ကိုကိုနဲ့ ဆုံနိုင် တွေ့ နိုင်သည်၊ ဆိုးရွားထိတ်လန့် ဖွယ်ကောင်းသည့် အိပ်မက်ဖြစ်ပါစေ အကျေနပ်ဆုံး မက်ပစ်လိုက်ပါမည်။
x x x x x x x
ညက အိပ်ရာဝင် နောက်ကျလို့ လားမသိ။ ၈ နာရီကျော်မှပင် အိပ်ရာက နိုးသည်။“ရက်ပိုင်းပဲ လိုတော့တယ်နော်။ ကျန်းမာရေးဂရုစိုက်ပါ။ လမ်းမှန်မှန်လျှောက်ပါ။ ဆေးပုံမှန်စားပါ။ စိတ်ညစ်စရာတွေ မတွေးနဲ့ ”တဲ့။ ကိုကို့ မိတ်ဆွေ ဆရာဝန်စာရေးဆရာက ညွှန်ကြားချက်များ ရွတ်ဖတ်သည်။ ဒီအချိန်ဟာ ကိုကို ရှိသင့်တဲ့အချိန်ပေါ့။ ကိုကို့  လက်မောင်းကို တင်းတင်းရစ်ရစ်ဆုပ်၊ ကိုကို့ ပုခုံးသားပေါ် မှီတွယ်ခိုမှေးပြီး မရှိတော့တဲ့ ကံ့ကော်ပင်ကြီးရှိခဲ့တဲ့ နေရာကို လမ်းလျှောက်ရရင် ကောင်းမှာပဲ။
ဟောင်းမြင်းဆွေးမြေ့ ခဲ့ပြီဖြစ်တဲ့ ကိုကို့ ရဲ့  ဒဏ်ရာ အနာတရရက်များအကြောင်းပဲပြောပြော၊ သစ်လွင်တောက်ပတဲ့ ရွှေရောင်တောင်ပံခတ်သံများအကြောင်းကိုပဲ ပြောပြော။ အနာဂတ်စိတ်ကူးကမ္ဘာအကြောင်း ပြောပြော၊ ပြောနော်ကိုကို။ တိုးညှင်းချမ်းမြေ့ သည့် စကားရေစီးသံတွေ ချိုလွင်ပျံသန်း စီးမျောနေမှာပါ။

“သမီး မွန်းလွဲနေပြီလေ၊ ထမင်းစားပြီးရင် ဆေးသောက် ဟုတ်လား” မေမေပြင်ဆင်ပေးတဲ့ ထမင်းဝိုင်းကို ငေးငေးရီရီနဲ့  ကြည့်မိရင်း ကိုကို ကြိုက်နှစ်သစ်တတ်သည့် ဟင်းလျာလေးများကို တွေတွေဝေေ၀ စဉ်းစားနေမိပြန်တယ်လေ။ “ကလင်” “ကလင်” “ကလင်”။ “ …….. အိမ်ကပါလားခင်ဗျာ” “ ဟုတ် ဟုတ် ပါတယ်”။ မတုန်လှုပ်ပေမယ့် ရင်ခုန်လှိုက်မောမိတာတော့ ၀န်ခံပါတယ်ကိုကို။

“ဒီကနေ့ မနက်ပိုင်း အင်းစိန်အကျဉ်းခုံရုံးကနေ သေဒဏ်စီရင်ချမှတ်လိုက်တဲ့အကြောင်း အကြောင်းကြားတာပါ”။ “ရှင် … ဘုရားရေ … မေမေ ” ။ ပြိုလဲယိမ်းယိုင်သွားသည့် ခန္တာကိုယ်ကို ထိန်းမတ်ရင်း အိုးထိမ်းစက်နှယ် သွက်သွက်ခါ ချာလည်ရမ်းသွားသည့် နှလုံးသားရပ်ဝှမ်းတပြင်လုံး တုန်ရီမောဟိုက်နေတော့၏။ “ သမီး … သမီးလေး … သတိထားနော်၊ ငိုချင်ရင် ငိုချပစ်လိုက်ပါသမီးရယ်”။

စို့ နင့်မွန်းကျပ်မှုကြောင့်ပေပဲလား၊ ငိုလို့ မရဘူးကိုကို။ ကြေကွဲစိတ်က တလိမ့်လိမ့် ပြိုဆင်းလာသည်။ ကြေကွဲစိတ်က နရီစည်းမဲ့ တွန်းပို့ နေရော့သလား။ မျက်ရည်စီးကြောင်းများက ပါးပေါ်မှာ နာကျင်ကြေကွဲစိတ်ကို ထုဆစ် လိုက်သလိုပါပဲ။ အာဃာတ အမုန်း ပဋိပက္ခတွေက စစ်ပွဲတွေ ကြိုးစင်တွေနဲ့  အကျဉ်းနံရံတွေကို ပိုမိုပြီး အကျည်းမတန်စေတော့ဘူးတဲ့လား။ မည်သို့ ပင်ရှိပါစေတော့ကိုကို။ သန့် စင် ရိုးသားတဲ့၊ မှုံပြာရီ မှိုင်းဝေလဲ့နေတဲ့ အချစ်မြစ်တစင်းက စီးဆင်းမြဲစီးဆင်းနေမည်ဆိုတာ ကိုကို ယုံကြည်စူးနစ် ပါစေတော့လို့  ဆုတောင်းယုံကလွဲပြီး။

x x x x x x x

သမီးကို မွေးတော့ ကိုကို အနားမှာ မရှိနိုင်ခဲ့။ ကိုကို့ ကို တွေ့ ဆုံခွင့်ဆိုတာ လရောင်ကို စောင့်စားမျှော်ကိုး

နေရသည့် နရသိန်ဇရာညများပါပဲ။ သုံးရာသီ သုံးကြိမ်ပြောင်းပေမယ့် ကိုကို့ ကို တွေ့ ခွင့်ရခဲ့တာ ၅ ကြိမ်ထက်မပိုခဲ့။ အေးစက်တင်းခဲနေတဲ့ ကိုကို့ မျက်ဝန်းထဲမှာ သမီးကိုဖတ်ကြားနေပေမယ့်

မျက်ရည်နဲ့ မချော့မြှူခဲ့။ မျှော်လင့်ချက်တွေ၊ ယုံကြည်စိတ်တွေ၊ ပိုင်စိုးလိုစိတ်တွေက လမ်းတခုကို

ရှာဖွေတွေ့ ရှိသလိုမျိုးပါကိုကို။ စောင့်ကြိုခြင်းကို စောင့်ကြိုခြင်းသည်သာ သစ္စာတရားရဲ့  အနက်ရှိုင်းဆုံး သင်္ကေတဆိုတာ အကြွင်းမဲ့ယုံကိုယုံတာ။ ဘ၀မှာ မမျှော်လင့်တာတွေ ဖြစ်လာတတ်သလို မျှော်လင့်ထား တာတွေကလည်း စောလျင်စွာ သို့ မဟုတ် နောက်အကျကြီးကျပြီးမှလည်း ရောက်လာတတ်တာပဲ မဟုတ်လားလို့  ကိုကို့ ကို ပြောပြခဲ့ဘူးတယ်မို့ လား။

“ဟယ် … ကိုကို၊ ဘာလို့ ကြို အကြောင်းမကြားတာလဲဟင်”။ ကိုကို့ ရင်ခွင်ထဲအတင်းပြေးဝင် ဖက်တွယ်ထားမိသည်။ ၃ နှစ်ကျော် ခိုအောင်းနေခဲ့သည့် မျက်ရည်များက တာကျိုးသလို ကိုကို့ ရင်ထဲသို့  သွန်ချနေမိ၏။ “သမီးလေးရော”။ “ကျောင်းသွားတယ်လေ၊ ပြန်လာခါနီးပြီ၊ မေမေ သွားကြိုနေတယ်”။

“ကိုကိုလည်းမထင်ထားတဲ့၊ မမျှော်လင့်ထားတဲ့အဖြစ်ပါကွယ်၊ ဒီမနက်မှာ ခေါ်ပြီး သူတို့ ပြောချင်ရာပြောပြီး ပြန်လွှတ်လိုက်တာပဲ၊ ကိုကိုလည်း နားမလည်နိုင်သလို ရင်လည်းမရှင်းဘူးကွာ”။ “ကိုကို ဘယ်လိုထင်လဲဟင်”

”အမှန်တရားက ကြိုးစင်တွေကို ဖြိုချပစ်နိုင်လို့ ပေါ့ကွယ်”။ “ဟော သမီးတို့ ပြန်လာပြီကိုကို”။ “ လာပါအုံး သမီးလေးရယ်၊ ဖေ့ဖေ့ကို မှတ်မိလားဟင်”။ မစိမ်းသော်လည်း မရင်းချာသည့် အကြည့်ဝိုင်းဝိုင်းဖြင့်

သူ့ အဖေကို သမီးကြည့်နေတာ နင့်ကနဲ ခံစားရမိ၏။ “ကိုကို ဘာဆက်လုပ်မလဲ”။ ကိုကိုက ပက်ကနဲ သမီးပါးပြင်ကို နမ်းရှုံ့ လိုက်သည်။ “ ကိုကို ဘာဆို ဘာမှ ပြောင်းလဲသွားမှာ မဟုတ်သလို ဘာအရာကမှလည်း ပြောင်းလဲအောင်လုပ်မရပါဘူးကွယ်”။

ကိုကို့ အပြုံးမှာ သိုက်မင်ငှက်တကောင်၏ တေးသံဖြင့် စွတ်စိုနေတော့သည်။

x x x x x x x

“ဟေ့ကောင် အိမ်ပြန်ရောက်နေတာ ၆ လကျော်ပြီ၊ ဖုန်းချည်းဆက်မနေနဲ့ အုံး၊ ငါအလုပ်ရှိနေတယ်”။ “ ၁၀ ကား စာချုပ်ရထားတယ်၊ ၅ ကား မင်း ဇာတ်ညွှန်းရေး၊ ဒါပဲ မင်း ဇာတ်တွေ လာယူ၊ ပိုက်ဆံလည်း ကြိုထုတ်ချင်ထုတ် ဟုတ်ပြီလား”

--------------------------------------

“ရဲဘော်ကြီး ဘာမှ စိတ်ဓာတ်ပျက်ပြားမနေနဲ့ ၊ အရင်ကိစ္စတွေ နောက်မှရှင်းမယ်၊ ဂျာနယ်အသစ်တစောင်လုပ်မယ်၊ မင်း စားပွဲ မင်းပြန်ထိုင်”

---------------------------------------

“ ငါ ကိုကိုဦး အလုပ်တွေ ပြန်လုပ်၊ သားအမိနှစ်ယောက်အတွက်လည်း အချိန်ပေး၊ ကြုံရင် ငါလည်း ရန်ကုန် ဆင်းလာခဲ့မယ်”။

---------------------------------------

“ ၃ နှစ်သက်တမ်းမှာ ကိုယ်တို့ ဂျာနယ်က စောင်ရေ တက်လာတာ စေတနာမှန်လို့ ပေါ့ ရဲဘော်ကြီးရာ၊ မင်း ယုံကြည်တာ မင်းဆက်လုပ်စမ်းပါ၊ တို့ မြဲထားဖို့ က အဓိက သော့ချက်”။

--------------------------------------

“သမီး ၇ နှစ်ပြည့်  မွေးနေ့ လေး လုပ်ချင်တယ် ကိုကို”။

သမီးမွေးနေ့ မှာ ကိုကိုနှင့်သမီး ပျော်ရွှင်ကြည်နူးနေမှုများကို တွေ့ ရမြင်ရတော့ ဆုံးရှုံးခဲ့ရသည့်နှစ်ကာလများကို နှမျောတသ မဆုံးဖြစ်ရပြန်။ ညီမလေး ပျော်ပါတယ်ကိုကို။ ဒီအပျော်လေးတွေက ကြာရှည်ကြာမျော ခံနိုင်ပါစေ။ မိသားစုအိပ်မက်များက ညီမလေးတို့ ၏ ချမ်းမြေ့ အေးနုသည့် လမင်းအိမ်လေးဖြစ်လိုက်ပါတော့။

x x x x x x x

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။ တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်းအေးချမ်းကြပါစေ။ ပဲ့တင်ထပ်နေတဲ့ ဆုတောင်းမေတ္တာပို့ သံတွေက ဘယ်ရပ်ဌာနီက လွင့်ပျံလာမှန်းမသိဘူး။ တိုက်ခန်းနံရံတွေကို ပဲ့တင်တုန်ခါနေတော့သည်။ ကိုကိုလည်း ပြန်မရောက်သေးဘူး။ နီးနီးလေးပဲ၊ တကယ့်နီးနီးလေး။ ပီပီသသ ကျယ်ကျယ်လောင်လောင် ကြားနေရတာပဲ။ မေမေရေ . . . ၀ရံတာကို ပြေးထွက်ပြီး လမ်းမကို ငုံ့ ကြည့် လိုက်တဲ့အခါ။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။

တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်းအေးချမ်းကြပါစေ။ ။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။

တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်းအေးချမ်းကြပါစေ။ ။ ရဟန်းသံဃာတော်တွေ လမ်းလျှောက် မေတ္တာပို့ သံတွေက ဘ၀ဂ်ကို ညံနေပါရော့ လား။ မဲနက်ပြာနှမ်းနေသည့် ကတ္တရာလမ်းမကျယ်သည် ရွှေဝါရောင် ဖန်ရေသင်္ကန်းတို့ ဖြင့် ခြုံလွှမ်းစီးမျော နေပါပကော။ ကိုကို့ ဆီ ဖုန်းဆက်ဖို့ သတိရလာသည်။ ကိုကို ဂျာနယ်တိုက်က ဖုန်းတွေက လိုင်းပူးနေတာတွေနဲ့ ချည်း ကြုံနေရ၏။ နောက်ဆုံးတော့ မေမေ့ကို သမီး ကျောင်းသွားကြိုပေးဖို့ ပြောလိုက်ပြီး ကိုကို စောစော ပြန်ရောက်မှာပါစေလို့  စိတ်ဒုံးဒုံး ချရင်း။

ကိုကို အခါတိုင်းထက် တော်တော်နောက်ကျပြီးမှ ပြန်ရောက်လာသည်။ ကိုကို့ မျက်နှာကို ဖတ်ရတာ အဓိပါယ်ဖွင့်ဆိုရ ခက်နေသလိုပဲ။ ကိုကို စားလို့ မကောင်းလို့ လား၊ ကိုကို ကြိုက်တဲ့ ၀က်ပုန်းရည်လေ။

ညီမလေး မျက်လုံးတွေကို ငေးရီကြည့်နေသည့် ကိုကိုရင်ကို ထိုးခွဲနေမိလေသလား။ ခွင့်လွှတ်ပါကိုကို။

“ ကိုကို ဘာဆက်လုပ်မလဲ”။ “ စောပါသေးတယ်ကွယ်”။ မေမေ့ ကြေးစည်ထုသံ၊ အမျှဝေသံလေးတွေက ကိုကို ထမင်းဝိုင်းက ထသွားသည့်အထိ လွင့်ဝေလှုပ်ခတ်နေပေါ့။

x x x x x x x

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။ တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ။ ။

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။ တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်းအေးချမ်းကြပါစေ။ ။

သမီးကို ချီပိုးချော့မြူနေရင်းက ညီမလေးကို လှမ်းကြည့်တဲ့ ကိုကို့ ကို နားလည်သူပါကိုကိုလို့  ပြောမထွက်။ သမီးကို ဆွဲယူပွေ့ ဖက်ရင်း လှေခါးတထစ်ချင်း ဆင်းလျှောက်သွားသည့်

ကိုကို့ ကျောပြင်ကို ခံစားနားလည်နိုင်စွမ်းအပြည့်ဖြင့်သာ။

မနေ့ ကညကလိုပဲ ကိုကို နောက်ကျပြီးမှ ရောက်လာသည်။ “ကိုကို ထမင်းခူးရမလား” “နေပစေတော့၊ ကိုကို ကိုသူရတို့ နဲ့  အပြင်မှာပဲစားခဲ့တယ်”။ “ ကိုကို လုပ်စရာရှိတာလုပ်ပါကိုကို၊ ညီမလေးတို့ ကို ဘာမှမစဉ်းစားနဲ့ နော်”၊ စိတ်ထဲရှိသည့် အရိုးသားအသန့် စင်ဆုံးစကားကို ဆိုမိ၏။

“ကလင် ကလင် ကလင် ” “ဟလို အမိန့် ရှိပါ” “ဟေ့ကောင် ငထွေး ငါ ကိုသူရ” “ပြောကိုသူရ”

“မနက်ဖန်မနက် မင်းနဲ့ စာရေးဆရာမနဲ့  ရေသန့် ဘူးတွေနဲ့ ထမင်းဘူးတွေ သယ်ပို့ လုပ်၊ မင်းသားလင်မယားနဲ့ ကဗျာဆရာတွေက ကြေးသွန်းဘုရားကြီးမှာ အားလုံးစုဆုံဖို့ ပြောပြီးပြီ၊ ဒါပဲကွာ”

သမီးအိပ်ယာမနိုးသေးခင်မှာ ကိုကို ထထွက်သွားသည်။ ဒီနေ့ တနေ့ လုံး စိတ်မော လူမောဖြစ်နေသည်။ ဆုတောင်းမေတ္တာပို့ တဲ့ သံဃာတော်တွေ ရဟန်းငယ်လေးတွေကို ပစ်ခတ်လူစုခွဲသတဲ့။ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခွင်းသတဲ့။ တွေ့ သမျှ လူရောရဟန်းရော မဲမဲမြင်ရာ ရိုက်နှက်ဖမ်းဆီးနေသတဲ့။ ရန်ကုန်တမြို့ လုံး သေနတ်သံတွေ၊ အောင်ဟစ်သံတွေ၊ ပြေးလွှားသံတွေနဲ့  ဖုန်းလွှမ်းနေသတဲ့။ ၀ရံတာကို ထွက်ပြီး မိုးကောင်းကင်ကို မော့ကြည့်လိုက်၏။ မဲမှုံဆိုင်းဝေနေတော့သည်။

ညသန်းခေါင်ကျော်မှ ကိုကို ပြန်ရောက်လာသည်။ “ရက်စက်ယုတ်မာတယ်ညီမလေးရာ၊ စကားလုံးကို ရှာမရတော့ဘူး” “နားလိုက်ပါကိုကို ညီမလေးတို့  အရာအားလုံးကို ကြိုတင်တွက်ဆထားပြီးသားမို့ လား” “ ကလင် ကလင် ကလင်” “ ပြောပါ ” “ ငါ ကဗျာဆရာ၊ ကိုသူရကို ဆွဲသွားပြီ၊ မင်းသားလင်မယားလဲ ဆွဲသွားပြီတဲ့၊ မင်းလုပ်စရာရှိတာ ဆက်လုပ်ဖို့ ပြင် ထားတော့”

ကိုကို ဖုန်းကို ချလိုက်ပြီး အိပ်မောကျနေသည့် သမီးလေးပါးနုပြင်ကို ငုံနမ်းနေသည်။

အ၀တ်ဘီဒိုထဲမှ ကိုကို့ အ၀တ်အစားတချို့ ကို ဆွဲထုတ်လိုက်မိ၏၊ သောက်ဆေးတချို့ ကို စဉ်းစားကြည့်နေစဉ် တံခါးခေါက်သံများက ဆူနာမိပင်လယ်လှိုင်းအော်သလို အော်မည်ဝင်ရောက်လာသည်။ ကိုကို၏ လွမ်းမောဖွယ် နှုတ်ဆက်အပြုံးကို ခေါင်းဆတ်ပြလိုက်သည်။

ဘ၀တောင်တန်းရှည်ပေါ်မှာ စူးနစ်နာကျင်စရာတွေက ကိုကို နဲ့  ညီမလေးတို့ အတွက် မွေးဖွားလာခဲ့သည်ဟုဆိုပါရင် အကျေနပ်ဆုံး ထွေးပွေ့ ဖို့  ၀န်မလေးပါကိုကို။

x x x x x x x

လွမ်းလိုက်တာကိုကို။ ကိုကိုနေထိုင်ကောင်းရဲ့ လား။

မိုးကအေးစိမ့်၊ လေကသုန်ဖြူး၊ အရုဏ်ဦးဆိုပေမယ့် အလင်းရောင်ပါးပါးလွလွကိုမှ မမြင်ရ။ မိုးမှောင်ကြီး ကျနေသလိုမျိုးလည်းမဟုတ်၊ အမှောင်ကျဲကျဲ အလင်းမွဲမွဲလို့ ပဲ ဆိုရချေမည်။ မနီးမဝေးရှိ မြို့ ပြအိမ်ယာ တိုက်တာများကို လှမ်းမျှော်ကြည့်တော့ ခဲသားစိမ်းရောင် လှိုင်းထနေ၏။ လယ်ကွင်းစိမ်းစိမ်းတွေ၊ တောင်တန်းညို့ မှောင်မှောင်တွေ၊ တောခင်တန်းနုပြာရေးရေးတွေကို မှန်းရော်မြင်ယောင်ကြည့်မိသည်။ ပြတင်းတံခါးကို ဖွင့်လိုက်သည့်အခါ မိုးစက် တစက် နှစ်စက်က ပါးပြင်နုရဲရဲကို လာထိမှန်သည်။ မြို့ ပြမှာ ရှားရှားပါးပါး သက်ရင့်ပင်ကြီးတွေလည်း ပျောက်ဆုံးသွားခဲ့။ ဖြိုဖျက်တိုက်စားသွားခဲ့သည့် မုန်တိုင်းဒဏ်ရာက အကင်းမသေသေး၊ လသာညတိုင်း ကိုကို နှင့် လှမ်းမျှော်ကြည့်တတ်သည့် ကံ့ကော်ပင်ကြီးနှင့် ကုက္ကိုပင်တန်းကြီးလည်း မရှိတော့ပြီ။ ငေးရီကြည့်မောမိနေစဉ် ဆွေးမြေ့ တသဖွယ် အလွမ်းသီချင်း တပုဒ်က ပဲ့တင်ပြန်လာသလို ရင်ကိုထိမှန် ခံစားရပြန်၏။ အနောက်တောင်မုတ်သုံလေမှာ ပါလာမယ့် အလွမ်းတွေကို ကိုကို မျှဝေခံစားနေလေမလား။ အဝေးမှာ … အဝေးကြီးမှာ … ဟို့  အဝေးကြီးမှာ …။

ကိုကို နေကောင်းပါစေ။

(ကိုဇာဂနာနှင့် ညီ ဇော်သက်ထွေးသို့ )

မောင်လွမ်းဏီ
၂၁ ၈ ၀၉

အလွမ်းမုတ်သုံ၊ မှုံပြာရီအချစ်မြစ်၊ စူးနစ်ခဲ့ရ ဘ၀တောင်တန်းရှည်
မောင်လွမ်းဏီ

လွမ်းလိုက်တာကိုကို။ ကိုကိုနေထိုင်ကောင်းရဲ့ လား။
မိုးကအေးစိမ့်၊ လေကသုန်ဖြူး၊ အရုဏ်ဦးဆိုပေမယ့် အလင်းရောင်ပါးပါးလွလွကိုမှ မမြင်ရ။ မိုးမှောင်ကြီး ကျနေသလိုမျိုးလည်းမဟုတ်၊ အမှောင်ကျဲကျဲ အလင်းမွဲမွဲလို့ ပဲ ဆိုရချေမည်။ မနီးမဝေးရှိ မြို့ ပြအိမ်ယာ တိုက်တာများကို လှမ်းမျှော်ကြည့်တော့ ခဲသားစိမ်းရောင်လှိုင်းထနေ၏။ လယ်ကွင်းစိမ်းစိမ်းတွေ၊ တောင်တန်းညို့ မှောင်မှောင်တွေ၊ တောခင်တန်းနုပြာရေးရေးတွေကို မှန်းရော်မြင်ယောင်ကြည့်မိသည်။ ပြတင်းတံခါးကို ဖွင့်လိုက်သည့်အခါ မိုးစက် တစက် နှစ်စက်က ပါးပြင်နုရဲရဲကို လာထိမှန်သည်။ မြို့ ပြမှာ ရှားရှားပါးပါး သက်ရင့်ပင်ကြီးတွေလည်း ပျောက်ဆုံးသွားခဲ့။ ဖြိုဖျက်တိုက်စားသွားခဲ့သည့် မုန်တိုင်းဒဏ်ရာက အကင်းမသေသေး၊ လသာညတိုင်း ကိုကို နှင့် လှမ်းမျှော်ကြည့်တတ်သည့် ကံ့ကော်ပင်ကြီးနှင့် ကုက္ကိုပင်တန်းကြီးလည်း မရှိတော့ပြီ။ ငေးရီကြည့်မောမိနေစဉ် ဆွေးမြေ့ တသဖွယ် အလွမ်းသီချင်း တပုဒ်က ပဲ့တင်ပြန်လာသလို ရင်ကိုထိမှန် ခံစားရပြန်၏။ အနောက်တောင်မုတ်သုံလေမှာ ပါလာမယ့် အလွမ်းတွေကို ကိုကို မျှဝေခံစားနေလေမလား။ အဝေးမှာ … အဝေးကြီးမှာ … ဟို့  အဝေးကြီးမှာ …။
ကိုကို နေကောင်းပါစေ။
x x x x x x x
“မိုးအေးတယ်နော် ညီမလေး၊ အနွေးထည်ထူထူဝတ် ဟုတ်လား” ကိုကို့ ရဲ့  ပူပူပန်ပန် စကားသံက ရင်ထဲကို စိမ့်ဆင်းသွားခဲ့သည်။ “ဒီတရက် နှစ်ရက် မုတ်သုံလေအားကောင်းမယ်လို့  သတင်းကြေညာထားတယ်နော်”။ “ဟုတ် ကိုကို၊ ကိုကို ကော်ဖီသောက်ဦးမလား“။ “ဒေါက်” “ဒေါက်” “ဒေါက်” တံခါးခေါက်သံကြား၍ တံခါးသွားဖွင့်သည့် ကိုကို့ ကို တီဗွီကြည့်နေရင်းမှ လှမ်းကြည့်လိုက်မိသည်။
သူစိမ်း ၅ ယောက် တိုက်ခန်းထဲကို ခပ်သော့သာ့ ၀င်လာကြပြီး တခန်းလုံး ဟိုလှန်သည်လှော ရှာကြ ဖွေကြသည်။ ရေအိမ်သာထဲကိုတောင် မြေလှန်ရှာနေတာကို ကြည့်ပြီး ခါးသီးရွံရှာဖို့ ကောင်းလိုက်တာလို့  ခံပြင်းနေမိ၏။ တယောက်က ကိုကို့  လက်ကိုင်ဖုန်းကို လွယ်အိပ်ထဲကောက်ထည့်ပြီး “ကဲ ခနလိုက်ခဲ့ ပါအုံး”။ လှေကားပေါ်က ဆင်းသက်သွားကြတဲ့ တခွပ်ခွပ် တရှပ်ရှပ် ဖိနပ်သံများ။ ကားစက်နှိုးသံများ၊ ကားမောင်းထွက်သွားသံများ တိတ်ဆိတ်သွားတော့မှပင် ကိုကို့ ကို ဘာမှ မပြင်ဆင်ပေးလိုက်ရတာ၊ နှုတ်မဆက်လိုက်ရတာ၊ ဘာမှမမေးမြန်းလိုက်ရတာတွေကို စဉ်းစားမိရင်း ကိုယ့်ကိုကိုယ် ဝေခွဲမရဖြစ်နေမိသည်။ မောပန်းနွမ်းလျစွာဖြင့် အိပ်ယာထက်တွင် လဲလျောင်းခွေချလိုက်၏။
ကိုယ်ကိုစောင်းငဲ့ပြီး ကိုကို့ အလုပ်စားပွဲလေးကို လှမ်းကြည့်လိုက်မိ၏။ ကစဉ့် ကလျား ပြန့် ကျဲလွင့်ကျနေသည့် ဒီတပတ်ဂျာနယ်အတွက် ကိုကို ပြင်ဆင်နေသည့် ရေးလက်စ စာမူကြမ်းများ၊ ဓာတ်ပုံများ၊ ပွင့်လျက်သား ကွန်ပြူတာ။ ကိုကိုနဲ့ အတူ တွဲရိုက်ထားတဲ့ဓာတ်ပုံလေး။ ငုတ်တုတ် ထ ထိုင်မိပြန်သည်။ အရေးကြီးတာက… အရေးကြီးတယ် … ဒါအရေးကြီးဆုံးကိစ္စပဲ။ ၀မ်းဗိုက်ကို လက်ဖြင့်အသာအယာ ပွတ်သပ်ရင်း ကိုကို့ ကို ပြောပြချင်တဲ့ စိတ်က ပြင်းပြင်းရှရှ နှိုးဆွနေသလိုပဲ၊ ရှေ့ အပတ်ဆို ၆ လပြည့်တော့မှာ။
x x x x x x x
ကိုကို ဘယ်ရောက်နေလဲ။ သူစိမ်းတွေလက်ထဲမှာ ဘယ်လိုထိခိုက်ကြေကွဲမှုတွေ ကြုံနေရမလဲ။ ကိုကို မရှိကတည်းက တိုက်ခန်းမှာ လာနေပေးရှာသည့် မေမေ့ကိုလည်း ကိုကိုနဲ့ ပတ်သက်တာတွေ ပြောမပြချင်။ တလပင်ကျော်ပြီလေ။ ကိုကို နှစ်ရှည် နေခဲ့ထိုင်ခဲ့တဲ့ အရပ်ဒေသ တခုခု၊ တမြို့ မြို့  တနယ်နယ်၊ အခန်းကျဉ်း တခန်းခန်းမှာတော့ အလွမ်းတွေ အမှတ်ရစရာတွေ အောက်မေ့မှုတွေနဲ့  လေးလံ အထီးကျန်နေမှာ အသေအချာပါပဲ။ ဘ၀မှာ မမျှော်လင့်တာတွေ ဖြစ်လာတတ်သလို မျှော်လင့်ထားတာတွေကလည်း စောလျင်စွာ သို့ မဟုတ်နောက်အကျကြီးကျပြီးမှလည်း
ရောက်လာတတ်တာပဲ မဟုတ်လား။ ကိုကိုက ယုံကြည်တာကို မျှော်လင့်ချက် ချိန်ခွင်လျာတဖက်စောင်းနဲ့ ဘ၀ကိုဖြောင့်တန်းတဲ့ မြားတစင်းဖြစ်အောင်
ပစ်ခတ်နေသူလေ။ ကိုကိုက တိမ်တိုက်တခုလိုဆောက်တည်ရာမဲ့
လွင့်မျောလူးလိမ့်နေတာမှမဟုတ်တာ။ ကြုံရာ မြေသားမှာလည်း ရွက်ကျပင်ပေါက်လို ကျင့်သားမကျသူ။ ပုံစံခွက်ထဲမှာ နေသားထိုင်သားကျရမှာထက် သစ်တပင်လို ရှင်သန်ခွင့်မရမှာကို အစိုးရိမ်ကြီး စိုးရိမ် ကြောင့်ကြတတ်သူဖြစ်လေတော့ ကိုကို့ အနားမှာ စာနာနားလည်စိတ်နဲ့  စိတ်အနာတွေကို ဖြေရာပြေကြောင်း နားခိုမှေးလျောင်းနေခွင့်ကိုပဲ တောင်းဆိုနေခဲ့တာပါလေ။ အိပ်မပျော်ဘူး။ အိပ်လို့ မရဘူး။ သို့ ပေမယ့် အိပ်ရမည်။ အိပ်မက်ထဲမှာ ကိုကိုနဲ့ ဆုံနိုင် တွေ့ နိုင်သည်၊ ဆိုးရွားထိတ်လန့် ဖွယ်ကောင်းသည့် အိပ်မက်ဖြစ်ပါစေ အကျေနပ်ဆုံး မက်ပစ်လိုက်ပါမည်။

No comments: