ရဲဘော်ကြီး
ကျန်းမာရေးဂရုတစိုက်ရှိမယ်လို့  ထင်ပါတယ်။ အကျဉ်းရဲတိုက်ဆိုတာက ကျန်းမာရေး ထိခိုက် ပွန်းရှတဲ့ နေရာဆိုတော့ နေကောင်းလားမေးရတာကို စိတ်က ဖြောင့်ဖြောင့်ဖြူးဖြူး မချမ်းမြေ့ ချင်ဘူးပေါ့။ သို့ ပေမယ့် ကြားရတဲ့ သတင်းစကားတွေအရ အားရှိပါတယ်။ အမြဲလိုလို သတိတရရှိနေမြဲဆိုတာ ယုံကြည်သက်ဝင်ပါ။ စည်းနဲ့  ပတ်သက်ရင် ဘယ်အရာကိုမျှ အလံဖြူမတင်ခဲ့တာ ယနေ့ တိုင်ပါပဲ။ ဒါကလည်း ရဲဘော်တွေရဲ့ စွန့်  လွှတ်ပေးဆပ်နေမှုတွေအပေါ်မှာ ထားရှိခိုင်မာမြဲမြံတဲ့ သစ္စာတရားပါပဲ။ အနေဝေးတယ်၊ နံရံခြားတယ်။ တိုင်းနိုင်ငံခြားမယ်။ တိုက်ပွဲ၊ ယုံကြည်ချက်၊ အနာဂတ်၊ အိပ်မက် ဖူးသစ်တွေဟာ အရုဏ်ကျင်းတိုင်း လင်းလက်ဝင်းပနေတယ်ဆိုတာ ရဲဘော်ကြီး ရဲတိုက်ထဲမှာ ပိုခံစား မိနိုင်မှာပါ။ အားကစားအယ်ဒီတာ (တောင်ကြီး)နဲ့ ပျော်ရွှင်ရတဲ့စွယ်စုံဆရာကြီး (မြစ်ကြီးနား) တို့  အကြောင်း ၀တ္တုတပုဒ် မနှစ်က ရေးဖြစ်သေးတယ်။ ကဗျာနဲ့ စာကတော့ ပုံမှန်ရေးဖြစ်နေပါတယ်။ ရေဒီယို ရှိရင်တော့ စနေနေ ညပိုင်း နားဆင်ပါ။ ကျနော့်ရဲ့ ဒုက္ခကို ပျားရည်စမ်း၍့ အသံလွှင့်ဆောင်းပါး လေးတွေကို အာအက်ဖ်အေက အပတ်စဉ် ထုတ်လွှင့်ပေးပါတယ်။
သမီးကြီးမိသားစုနဲ့ အနီးးဆုံးရှိနေသလို သူတို့ စွန့် စားခန်းအတွက်လည်း တက်နိုင်စွမ်းသမျှ စောင့်ရှောက်ထားပါတယ်။ ညီကဗျာဆရာ (ဂျပန်) ကလည်း သူတတ်နိုင်တဲ့အရာ တနည်းအားဖြင့် အစွမ်းနိုင်ဆုံးကြည့်ရှုဖေးမနေပါတယ်။ သမီးလတ်နဲ့ တော့ ကမ္ဘာရွာက ကျဉ်းလွန်းတော့ နေ့  တိုင်း အိမ် လည်ရောက်နေသလို ခံစားရတယ်။ အကောင်းဆုံးမဟုတ်ပေမယ့် ကျနော့် ကျန်းမာရေးက ကောင်း တယ်လို့ ပြောရင်ရပါတယ်။ လမ်းဝေးဝေးတော့ မလျှောက်နိုင်တော့ဘူး။ နှစ်ဆန်းပိုင်းက ဘယ်ခြေ တချောင်းလုံးနီးပါး ခွဲစိတ်ရတယ်။ ၄၆ ချက်ပေါ့။ ဆေးလိပ်သောက်လို့ ဖြစ်တဲ့ သွေးပျစ် သွေးကြော ပိတ်တဲ့ရောဂါပေါ့။ ခွဲစိတ်လိုက်တော့ အများကြီးပြန်ကောင်းသွားပါတယ်။ ကံသီလို့  မဖြတ်ရ ဘူးပြောရ မလား၊ ခေတ်မီဖွံ့ ဖြိုးတဲ့နိုင်ငံက သမားတွေရဲ့ စေတနာ၊ ပညာရပ်တွေကြောင့်လို့ ပဲ ပြောရမလား၊ ခြေတဖက်မဆုံးရှုံးခဲ့ဘူးပေါ့။ ၁၀ နာရီနောက်ကျရင် ဖြတ်ကိုဖြတ်ရတော့မှာ။ နယ်စပ်ကနေ ချင်းမိုင်မြို့  တော် ဆေးရုံကြီးကို အေဘီဥက္ကဌနဲ့ ၂ယောက်ထဲ ခရီးနှင်ခဲ့ရတာ။ ညတွင်းချင်း ခွဲစိတ်ကြတယ် ဆိုပါတော့။ ထားပါလေ၊ ကျနော့်ကျန်းမာရေးက အရေးမကြီးပါဘူး၊ ဆေးရုံတွေ ဆရာဝန်တွေက လက်တကမ်း မှာရှိနေကြပါတယ်။ ရဲဘော်ကြီး ကျန်းမာရေးကသာ ပိုမို အရေးပါလှပါတယ်။
မည်သို့ ပင်ဖြစ်စေ၊ ချစ်နေသေးသည်၊ ကြွေးကြော်စူးရဲ၊အားမာန်ခဲသည့်၊ တိုက်ပွဲထဲက ပြည်သူတွေ၊ ဆိုတဲ့ ကဗျာလိုပဲ သွေးသားထဲမှာ စူးနစ်ယုံကြည်မှုများဖြင့် -
သင့်ရဲဘော်ကဗျာဆရာ
၈၈၈၈ မှတ်မှတ်ရရ
Wednesday, July 21, 2010
Sunday, July 11, 2010
နာကျင်သောနေ့ ရက်များနောက်
ကမ္ဘာမြေရဲ့ 
နညကျင်တဲ့နေ့ ရက်များ
သူစိမ်းဆန်ဆန်
အငြိုးတကြီး
လမ်းမတွေအပေါ်မှာ
ရာဇ၀င်တွေကို သွေးနဲ့ ရေးခဲ့ကြ
လေးဆယ့်ရှစ်နှစ်ထဲမှာ ……။
လူတွေ …လူတွေ
အပူတွေ
ရင်ဘတ်စည်တီး
ခုနှစ်ရက်နေ့ ရဲ့ မီးဟာ
မငြိမ်းသောမီး
သံသရာ တပတ်လည်ဦးမှာပါ ……။
အိပ်တန်းပြန်ငှက်တို့ လို့ 
ကမ္ဘာမကြေ ….. တေးသံတွေ
အုပ်ဖွဲ့  ပျံသန်း
ကောင်းကင်နဲ့ တ၀ှမ်း
ဝေဒနာနဲ့  တမ်းချင်းတွေကြားမှာ
ကြယ်တွေက မျက်ရည်နဲ့ မှုန်မှိုင်း
လရောင်က အထိတ်တလန့် ကြေကွဲ
ငါ ….. သေသွားပြီလား
အသက်ရှင်နေဆဲလား
ဘာမှ မသေချာဘူး …..။
အိပ်မက်မြူတွေထဲမှာ
ငါ့ ….့ ရဲဘော်တွေ
ကြေမွနေတဲ့ ခုနှစ်ရက်နဲ့ 
ရှစ်ရက်နေ့  မနက်ကို
တိုက်ပွဲဝင်အလံတော်နဲ့ အုပ်
နိုင်ငံတော်ဓျာပန လုပ်လို့  ….။
သမိုင်းဝင် ဒီကွက်လပ်ကြီးပါပဲ
ရာဇ၀င်နဲ့ အမျှ
မျိုးဆက်တိုင်းရဲ့  ရင်ကို
လှိုင်းထစေခဲ့တာ
ဖိလျှင် ….ကြွ
ထိလျှင် …. ချဟေ့
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံစိုက်ကြမယ်
ဆဲဗင်းဂျူလိုင်စိတ်ဓာတ်
အဓွန့် ရှည်စေသော်ဝ် …..။
ရဲရင့်သက်ဇွဲ
၂၀၁၀ ၇ ၇
နညကျင်တဲ့နေ့ ရက်များ
သူစိမ်းဆန်ဆန်
အငြိုးတကြီး
လမ်းမတွေအပေါ်မှာ
ရာဇ၀င်တွေကို သွေးနဲ့ ရေးခဲ့ကြ
လေးဆယ့်ရှစ်နှစ်ထဲမှာ ……။
လူတွေ …လူတွေ
အပူတွေ
ရင်ဘတ်စည်တီး
ခုနှစ်ရက်နေ့ ရဲ့ မီးဟာ
မငြိမ်းသောမီး
သံသရာ တပတ်လည်ဦးမှာပါ ……။
အိပ်တန်းပြန်ငှက်တို့ လို့ 
ကမ္ဘာမကြေ ….. တေးသံတွေ
အုပ်ဖွဲ့  ပျံသန်း
ကောင်းကင်နဲ့ တ၀ှမ်း
ဝေဒနာနဲ့  တမ်းချင်းတွေကြားမှာ
ကြယ်တွေက မျက်ရည်နဲ့ မှုန်မှိုင်း
လရောင်က အထိတ်တလန့် ကြေကွဲ
ငါ ….. သေသွားပြီလား
အသက်ရှင်နေဆဲလား
ဘာမှ မသေချာဘူး …..။
အိပ်မက်မြူတွေထဲမှာ
ငါ့ ….့ ရဲဘော်တွေ
ကြေမွနေတဲ့ ခုနှစ်ရက်နဲ့ 
ရှစ်ရက်နေ့  မနက်ကို
တိုက်ပွဲဝင်အလံတော်နဲ့ အုပ်
နိုင်ငံတော်ဓျာပန လုပ်လို့  ….။
သမိုင်းဝင် ဒီကွက်လပ်ကြီးပါပဲ
ရာဇ၀င်နဲ့ အမျှ
မျိုးဆက်တိုင်းရဲ့  ရင်ကို
လှိုင်းထစေခဲ့တာ
ဖိလျှင် ….ကြွ
ထိလျှင် …. ချဟေ့
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံစိုက်ကြမယ်
ဆဲဗင်းဂျူလိုင်စိတ်ဓာတ်
အဓွန့် ရှည်စေသော်ဝ် …..။
ရဲရင့်သက်ဇွဲ
၂၀၁၀ ၇ ၇
Sunday, June 27, 2010
ကြိုးတိုက်ထဲကမှတ်တမ်းမှတ်ရာ။
ကြိုးတိုက်ထဲကမှတ်တမ်းမှတ်ရာ။
အမည်ကြိုးတိုက်
တိုက်အမှတ် . ၂
တိုက်ပွဲနှစ်များ တေးသားသက်ဝင်
ရှင်သန်လှုပ်ရှားဆဲပေတကား ။
ခါးလည်တံခါး
စည်းခြားပိုင်နက် ခြမ်းတဘက်၌်ွ
နက်နက်ရှိုင်းရှိုင်း ပိုင်းပိုင်းဖြတ်ဖြတ်
ပြတ်ပြတ်သားသား ရှားရှားပါးပါး
ကြိုးသမားတို့ အံကြိတ်ရာ.။
ကြိုးစာရင်းဝင်
ကိုညွန့် တင်၊ဆလိုင်းတင်မောင်ဦး၊ဗိုလ်စံဖဲ
ဘဆွေလေး(အကောက်)၊စောလှဝင်း
ကိုထွန်းမောင်(ဘိုကလေး)နှင့်.....အစရှိသူများ။
ဟိုတဖက်က
မက္ကနားမှ၊ လှရွှေ၊ ဇေယျ
ဆာဂျင်သိန်းမြိုင်- အာဏာပိုင်လား
ပါးကွက်သားတို့  ယုတ်မာရာ။
ကိုညွန့် တင်ရဲ့ တယောချွဲသံ
ညယံထွင်းဖောက်လွင့်နေမြဲ ၊
ဘဆွေလေးရဲ့  အကျဉ်းနံရံ
''ဗေဒါပျံအံကိုခဲ ပန်းပန်လျှက်ပဲ''
မီးသွေးခဲနဲ့  ရဲတဲ့ စာတို၊
တော်လှန်ပုံရိပ် ၊ယုံကြည်ရွယ်စူး
တင်မောင်ဦးရဲ့  ကြွေးကြော်သံလား
ထောင်တံတိုင်းမှာ ပဲ့ တင်ညံ။
အဖိုးသခင်
ကြိုးစင်ဠီကာ ၊ မထီမဖြုံ
ဂဠုန် သရဏံ ဂစ္ဆာမိခိုင်းခဲ့တယ်လေ။
ဗိုလ်ကြီးအုန်းကျော်မြင့်
ကျောင်းသားခေါင်းဆောင် တင်မောင်ဦး
ခေတ်ကိုတူးဆွခဲ့ သူတွေ။
ဂျူလိယက် ဖူးချစ်ရဲ့ 
ကြိုးစင်ပေါ်ကမှတ်တမ်းများ
တို့ ရဲဘော်ရဲ့ 
ကြိုးတိုက်ထဲက ပုံရိပ်များ
ကြိုးစင်သွားရာ၊ခြေရာပြတ်ထင်
ကြိုးစင်အတက်၊သွေးမပျက်တွာ
ကြိုးစင်ထက်မှာ၊ရဲလက်နီစွေး
ခွပ်ဒေါင်းသွေးနဲ့ ၊အရေးတော်ပုံဖွဲ့ ခဲ့ သည် ။ ။
မောင်လွမ်းဏီ ( 24 .6 .2010 )
ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း'' ၃၄ '' နှစ်မြောက် အထိမ်းအမှတ်

Sunday, June 20, 2010
"မတရားတော့ ဘူးနော်"
> "မတရားတော့ ဘူးနော်"
> ~~~~~~~~~~~~~~~~~~~~~~~~
>
> တချို့ ကတော့ နေကောင်းပါစေတဲ့
> တချို့ ကတော့ စိတ်ချမ်းသာ ပျော်ရွှင်ပါစေတဲ့
> တချို့ ကတော့ အသက် ရာကျော်ရှည်ပါစေတဲ့
> တချို့ ကတော့ အမြန်လွတ်မြောက်နိုင်ပါစေတဲ့
> တချို့ ကတော့ ......
> တချို့ က ............. ။ ။
>
> ကျနော်ကတော့ဗျာ
> ဆယ်စုနှစ် တခု ကျော် နှစ်ခု နီးပါး
> အမေ့ မေတ္တာ ငတ်နေရရှာတဲ့
> အမေပျောက်နေတဲ့ သားငယ် နှစ်ယောက်
> တခါမှ သူမ ချီပွေ့ ခွင့်မရနိုင်သေးတဲ့ မြေးငယ်တွေနဲ့ 
> အမြန်ဆုံး တွေ့ ခွင့်
> အမေတယောက်ရဲ့ မေတ္တာ လွှမ်းခြုံ ပေးခွင့် ရ နိုင်ပါစေ လို့  ..................။
>
> တကယ်တော့
> ခင်ဗျားတို့ ရော ကျနော်ရော
> မြန်မာပြည်သူပြည်သားတွေရော
> ဒီ ၆၅ နှစ် မိန်းမအို တယောက်အပေါ်
> ကီလို ပေါ် ကီလို ဆင့်
> ထပ်၍ ထပ်၍ တင်ပေးနေကြတဲ့ တာဝန်တွေ
> ဂုဏ်ရည်မတူ ဓါတ်ရှင်ထဲမှာ
> သုခ ....... ညီမငယ် မေရှင် ကိုပြောသလို
> "နင်မတရား တော့ ဘူးနော်"
> သြော် မတရားတော့ ဘူးနော်...............
> ကျနော် တို့  ခင်ဗျားတို့  မတရားတော့ဘူးနော် ။ ။
>
> ခင်ဗျား အမေ ...... ကျနော့ အမေ ဒီအရွယ်ဆို
> တကယ်တော့လည်း
> သူမ ဟာ ၆၅ နှစ်။ ။
>
> ဗဟိန်းတင် (၁၉ ဇွန် ၂၀၁၀)

Tuesday, June 15, 2010
နေမ၀င်မြစ်တစင်းသို့ 
နေမ၀င်မြစ်တစင်းသို့ 
မြစ်တို့ ရဲ့ မာယာ
ကောက်ကွေ့ စွာနဲ့ 
ပရိယာယ်သုံး
မာယာမှုန်းသတဲ့
ကြားဖူးခဲ့လည်း ။
မြစ်ပြင်ဧရာ
ပမာတူစွာ
မိခင်မြန်မာ
ဝင်ကာ မ ဖေး
သူ့ အရေးထက်
ပြည်ရေးတွေးချင့်
စီးမျောခဲ့စဉ် ။
တခါတရံ
မုန်တိုင်းထန်၍
တရံတဆစ်
မိုးကြိုးထစ်ပြီး
ရံဖန်ရံခါ
ရာသီကဆိုး
လူအမျိုးမျိုး
ဆိုးကျိုးပေးလည်း
အားကိုမလျော့
မာန်မဖျော့ပဲ
မခြောက်မခန်း
လန်းလျက်သာ
စီးဆင်းဖြာဆဲ
မိမာတာအသွင်
ကျမ်းခန့် စင်သည်
သက်တော် ရာကျော်စေသတည်း ။
သံလွင်ခ
ဇွန် ၁၁ ၂၀၁၀
(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့  အထိမ်းအမှတ်အဖြစ်ေ၇းဖွဲံပါသည် )

ချစ်ခြင်းဖွဲ့  အတ္ထုပ္ပတ္တိ
ဘယ်လို မိစ္ဆာဆိုးတို့ ရဲ့ 
ကျိန်စာများပါလိမ့်
အယူတိမ်းလို့ 
နတ်စိမ်းဖြစ်သွားရှာသူများ
အမေ့ မျက်ဝန်း အောက်မှာ …….။
ညောင်စေ့လောက်လှူပြီး
ညောင်ပင်ကြီးလောက်
လိုချင်နေတဲ့ ကျေးဇူးတရားများ
အမေ့ မျက်ဝန်း အောက်မှာ …….။
စွန့် လွှတ် ပေးဆပ်မှုတဲ့
အရောင်ပြောင်းလွယ်သူများရဲ့ 
နှုတ်ထွက်စကား
အချိန်ကာလများကသက်သေ
အမေ့ မျက်ဝန်း အောက်မှာ …….။
နှစ်နှစ်ဆယ်ကျော် ကြာရှည်ခဲ့တဲ့ ခရီးမှာ
အမေ့ မျက်ဝန်း အောက်က
အဖြစ်အပျက်များ
ခံပြင်း နာကျည်းစရာများ
သံဝေဂရစရာ တရားကျစရာ
အမေကတော့
မေတ္တာနဲ့  တုန့် ပြန်ပြုံးနေဦးမှာပဲ
သားတို့  …. ယုံတယ်
သားတို့  ….. ကြားတယ်
အမေ့  နှလုံးသားထဲကလာတဲ့ တရား
ချစ်ချင်းများနဲ့  မွှမ်းထုံ
ကမ္ဘာကုန် ကျယ်သရွေ့ ပါပဲ
လူအချင်းချင်း နှိပ်စက်ခြင်း
ကင်းဝေးကြပါစေ
တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း
ငြိမ်းချမ်းကြပါစေ
ရွှေဂုံတိုင်ကြေညာစာတမ်းသာ
တိုင်းပြည်ရဲ့  အသက်ဖြစ်တယ် …..။..
(အမေ သက်တော် ရာကျော်ရှည်စေသောဝ် )
ဖွန် ၁၃ ၂၀၁၀
ကျိန်စာများပါလိမ့်
အယူတိမ်းလို့ 
နတ်စိမ်းဖြစ်သွားရှာသူများ
အမေ့ မျက်ဝန်း အောက်မှာ …….။
ညောင်စေ့လောက်လှူပြီး
ညောင်ပင်ကြီးလောက်
လိုချင်နေတဲ့ ကျေးဇူးတရားများ
အမေ့ မျက်ဝန်း အောက်မှာ …….။
စွန့် လွှတ် ပေးဆပ်မှုတဲ့
အရောင်ပြောင်းလွယ်သူများရဲ့ 
နှုတ်ထွက်စကား
အချိန်ကာလများကသက်သေ
အမေ့ မျက်ဝန်း အောက်မှာ …….။
နှစ်နှစ်ဆယ်ကျော် ကြာရှည်ခဲ့တဲ့ ခရီးမှာ
အမေ့ မျက်ဝန်း အောက်က
အဖြစ်အပျက်များ
ခံပြင်း နာကျည်းစရာများ
သံဝေဂရစရာ တရားကျစရာ
အမေကတော့
မေတ္တာနဲ့  တုန့် ပြန်ပြုံးနေဦးမှာပဲ
သားတို့  …. ယုံတယ်
သားတို့  ….. ကြားတယ်
အမေ့  နှလုံးသားထဲကလာတဲ့ တရား
ချစ်ချင်းများနဲ့  မွှမ်းထုံ
ကမ္ဘာကုန် ကျယ်သရွေ့ ပါပဲ
လူအချင်းချင်း နှိပ်စက်ခြင်း
ကင်းဝေးကြပါစေ
တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း
ငြိမ်းချမ်းကြပါစေ
ရွှေဂုံတိုင်ကြေညာစာတမ်းသာ
တိုင်းပြည်ရဲ့  အသက်ဖြစ်တယ် …..။..
(အမေ သက်တော် ရာကျော်ရှည်စေသောဝ် )
ဖွန် ၁၃ ၂၀၁၀
Thursday, May 27, 2010
အာရုံကမ္ဘာမှာ
အာရုံကမ္ဘာမှာ
ရန်သူတို့
ကမ္ဗည်းတင်ချင်တယ်ဆိုရင်
ကောင်းကင်ဆိုတာက အမြင့်မြတ်ဆုံးစင်ကြယ်နေမှ ။
ရန်သူတို့
ကမ္ဗည်းတင်ချင်တယ်ဆိုရင်
မြေပြင်ဆိုတာက အရိုးသားဆုံး သန့်စင်နေမှ ။
မိတ်ဆွေတို့
သူရဲကောင်းဆိုတာ
အကြောင်းမဲ့အသက်စွန့်မှုကြီးမဟုတ်ဘူး
လိုအပ်တဲ့အခါ လိမ်လိမ်မာမာနဲ့
လက်နက်ချတတ်ဖို့လိုတယ်။
ချစ်သူတို့
အိမ်မက်မှာ တိတ်ဆိတ်မနေပါနဲ့
အကျယ်လောင်ဆုံး ရဲရင့်ကြ။
ဒီမိုကရေစီဆိုတာ
အာဏာရူးတွေအတွက်
နွေခေါင်ခေါင်မှာ ဝတ်ရတဲအနွေးထည်
လက်နက်ရှိလို့ လက်ခုပ်သံရတာ
အောင်မြင်မှု စစ်စစ်မဟုတ်ဘူး ။
လက်နက်ရှိသူတွေက
လက်နက်မဲ့လူသားအားလုံးကို
ထွေးပွေ့ထားနိုင်တာဟာ
အောင်မြင်မှု စစ်စစ်ဖြစ်တယ်။
အမုန်းတွေကို အခုချက်ချင်း
မီးသဂြိင်္ဟပြစ်ကြ
မေတ္တာတရားသာ ပစ္စုပ္ပန်နဲ့အနာဂါတ်အတွက်
အားဖြစ်မှာ။
အာရုံကမ္ဘာမှာ
လွတ်လပ်ငြိမ်းချမ်း တရားမျှတတဲ့မြန်မာ
လွတ်လပ်ငြိမ်းချမ်း တရားမျှတတဲ့မြန်မာ
အာရုံကမ္ဘာမှာ
ကျနော် စောဝေပါ။
ကိုစောဝေ ထောင်တွင်းမှရေးလာသော ကဗျာကို ထောင်ကလွတ်လွတ်ခြင်း ရွတ်ပြခဲ့တဲ့ ရင်တွင်းဖြစ်ကဗျာပါ

Tuesday, May 25, 2010
ဘရုတပ်စ်နှင့် သူ၏နောက်လိုက်များ
ပွဲလန့် တုန်း
ဖျာ ခင်းချင်သူ
ကုလားထိုင် ဦးချင်သူတွေ
အုတ်အော်သောင်းတင်း
ပျာယာခတ်နေပုံများ
(မြင်ရ တွေ့ ရ သူတိုင်း)
လူတိုင်းရဲ့  ရင်ဘတ်တိုင်းမှာ
မီးတောင်တွေ ပေါက်နေတယ် ……။
အပ်ကြောင်းထပ်နေတဲ့
မုသာဝါဒကံတွေက
ထီမထင်မျက်နှာပေးနဲ့ 
ဘောင်းဘီချွတ်လိုက်ကြတယ်
မြို့ မေတ္တာခံယူမယ့် သားတွေမှာ
ချက်ကြိုးနဲ့ ရှက်ကြိုးမှားဖြတ်ခဲ့ပြီးသားမဟုတ်လား …..။
ယုတ်မာကောက်ကျစ်မှုတို့ 
လက်နက်အပြည့်အစုံ တပ်ဆင်ပြီးတဲ့အခါ
တအိမ်တက်ဆင်း
ပြည်သူတို့ ရဲ့ အိပ်မက်ကို နင်းချေကြ ပြီ ….၊
အော်သံ ဟစ်သံ
တရံမလပ် ဖေးမအားပေး
ငရဲကလူ ပြာပူမကြောက်
တောင်လို မောက်တဲ့
အရိုးပုံအောက်က အသံ
သစ္စာဖောက်တွေ
သစ္စာဖောက်တွေ
မင်းတို့ ရဲ့  ယုတ်မာမှုဟာ
မင်းတို့ ရဲ့  ရွေးချယ်မှုဖြစ်တယ်
မင်းတို့ ရဲ့  ရွေးချယ်မှုဟာ
ရိုင်းစိုင်းတဲ့ မင်းတို့ ရဲ့ သမိုင်းသာဖြစ်တယ် ….၊
အလှည့်ကျရင် မနွဲ့ ကြစတမ်းဟေ့ ….၊
သစ္စာဖောက်တွေ
သစ္စာဖောက်တွေ
အရိုးတွန်သံ
နားမှာ လျှံပြီ
ခွပ်ဒေါင်း အလံတော်ကို မြဲမြဲဆုပ်ကိုင်ပြီး
ရွှေဂုံတိုင်ကြေညာစာတမ်းကို ရဲရဲဆုပ်ကိုင်
တိုက်ပွဲခေါ်သံ
(ကြားကြရဲ့ လား) ဆယ်ရက်ဆယ်လ
တိုက်ပွဲခေါ်သံဟာ အလျှံတငြီးငြီး
ခင်ဗျားတို့  ကျုပ်တို့ ကိုယ်မှာတောက်လောင်လို့  ….။
ရဲရင့်သက်ဇွဲ
မေ ၂၅ ၂၀၁၀

“ဒွိဟသားကောင်”
“ဒွိဟသားကောင်”
အိပ်နေရမှာလား
နိုးလိုက်ရမှာလား ။
ရပ်နေရမှာလား
ဆက်သွားရမှာလား ။
ရှေ့တိုးရမှာလား
နောက်ဆုတ်ရမှာလား ။
ကျော်တက်ရမှာလား
ဖယ်ပေးရမှာလား ။
ကျန်ခဲ့ရမှာလား
ချန်ခဲ့ရမှာလား ။
ရွက်လွှင့်ရမှာလား
စက်ဖွင့်ရမှာလား ။
မဟုတ်မခံပဲ ရှေ့ဆက်ရမှာလား
အမုန်းမခံပဲ ပြေးထွက်ရမှာလား ။
ငုံ့ခံရင်း ရှင်သန်ရမှာလား
တွန်းလှန်ရင်း အသေခံရမှာလား ။
ပြတ်ပြတ်သားသား ရဲရဲဝင့်ဝင့်
ဆုံးဖြတ်ဖြစ်မှပဲ
အနာဂတ်ဟာပီသ
လှပနိုင်လိမ့်မယ် ။
သီတာအောင်
အိပ်နေရမှာလား
နိုးလိုက်ရမှာလား ။
ရပ်နေရမှာလား
ဆက်သွားရမှာလား ။
ရှေ့တိုးရမှာလား
နောက်ဆုတ်ရမှာလား ။
ကျော်တက်ရမှာလား
ဖယ်ပေးရမှာလား ။
ကျန်ခဲ့ရမှာလား
ချန်ခဲ့ရမှာလား ။
ရွက်လွှင့်ရမှာလား
စက်ဖွင့်ရမှာလား ။
မဟုတ်မခံပဲ ရှေ့ဆက်ရမှာလား
အမုန်းမခံပဲ ပြေးထွက်ရမှာလား ။
ငုံ့ခံရင်း ရှင်သန်ရမှာလား
တွန်းလှန်ရင်း အသေခံရမှာလား ။
ပြတ်ပြတ်သားသား ရဲရဲဝင့်ဝင့်
ဆုံးဖြတ်ဖြစ်မှပဲ
အနာဂတ်ဟာပီသ
လှပနိုင်လိမ့်မယ် ။
သီတာအောင်
Monday, May 17, 2010
ဝမ်းနည်းကြေကွဲခြင်း
ဝမ်းနည်းကြေကွဲခြင်း
စွယ်စုံရ အနုပညာရှင် အကယ်ဒမီ သုမောင် သည် ၂၀၁၀၊ မေ ၊၁၆ ရက်နေ့ ကကွယ်လွန်သွား
သည့်အတွက် အာဟာရစာစောင် ၀ိုင်းတော်သားများ (တိုကျို ၊ ဂျပန်)မှ ကျန်ရစ်သူ မိသားစုနှင့်
ထလ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါသည်၊
အာဟာရ၀ိုင်းတော်သားများ
တိုကျို
အကယ်ဒမီ သုမောင် (၁၉၅၁-၂၀၁၀)
၁၉၅၁ - ခုနှစ်၊ မတ်လ(၁၃)ရက်နေ့တွင် ရန်ကုန်မြို့၌ အဖ-စာရေးဆရာ ဒါရိုက်တာ ဦးသာဓု၊ အမိ-ဒေါ်ခင်ညိုတို့ က မွေးဖွားသည်။ မွေးချင်း(၄)ယောက်တွင် တတိယမြောက်ဖြစ်သည်။ အမည်ရင်းမှာ မောင်ဗလဖြစ်သည်။ ငယ်စဉ် က စိန်ပေါလ်(ယခု အ့ထ့က(၆) ဗိုလ်တစ်ထောင်)တွင် ပညာသင်ကြားခဲ့သည်။ ၁၉၆၆ - စိန်ပေါလ်ကျောင်းမှ စက်မှုလက်မှု အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ခဲ့။ ၁၉၆၉ - စက်မှုလက်မှုအထက်တန်းကျောင်းမှ ဒီဇယ်အင်ဂျင်နီယာသင်တန်း အောင်မြင်ခဲ့။ ထိုအချိန်မှစ၍ စာပေနယ်သို့ ရောက်ရှိခဲ့ပြီး ယုဝတီဂျာနယ်တွင် စာပြင်အဖြစ်လုပ်ကိုင်ရင်း ကဗျာတို၊ စာတိုများရေးသားခဲ့။ ၁၉၇၀ - ၀တ်မှုံဂျာနယ်ပါ''သနပ်ခါးရေကျဲကျဲ'' ၀တ္ထုတိုကို ''အုပ်စိုး'' အမည်ဖြင့် ရေးခဲ့(ပထမဆုံးဝတ္ထတိုဖြစ် သည်။) ၁၉၇၄ - ''အချစ်'' အမည်ရှိ လုံးချင်းဝတ္ထုကို စတင်ရေးသား။ သုမောင်သည် စာပေဆိုင်ရာလုပ်ငန်းများသာမက ရုပ်ရှင်သရုပ်ဆောင်မှု အပိုင်းတွင်လည်း ထူးချွန်သူတစ်ဦးဖြစ်သည်။ ထိုနှစ်တွင်ပင် ချစ်စံနမူ၊ နှောင့်တမြေ့မြေ့၊ အကြင်တို့လင်မယား-စသော ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့သူဖြစ်သဖြင့် ''သုမောင်''အမည် ထင်ရှား ခဲ့။ ၁၉၇၄ - ခုနှစ်တွင်ပင် ''နှောင်းတမြေ့မြေ့'' ရုပ်ရှင်ကား၌ ဇာတ်ဝင်နောက်ခံတေးတစ်ပုဒ်ဖြစ်သော ''ပန်းဦးပန်မယ့် သူ'' သီချင်းကို စတင်သီဆိုခဲ့ရာမှစ၍ တေးဂီတလောကသို့ ရောက်ရှိခဲ့။ ၁၉၇၆ - ''ရှင်နေမင်းမှပေးသောစာ'' (ဘာသာပြန်)ထွက်ခဲ့။ ''သိပ်ချစ်တယ်မဟုတ်လား'' လုံးချင်းဝတ္ထုထွက်ခဲ့။ ၁၉၇၇ - ''ပင်တိုင်စံမကောင်းပါဘူးကွယ်'' လုံးချင်းဝတ္ထုထွက်ခဲ့။ ရှုမ၀မဂ္ဂဇင်းတွင် ''ငယ်အိပ်မက်'' ၀တ္ထုတို ရေးခဲ့။ ၁၉၇၈ - ''သူ့မောင်မှာ သူ့မောင်မှာ'' ၀တ္ထုရှည်ထွက်ခဲ့။ ''အချစ်ငါမသိ''၊ ''အချစ်ပွင့်ကလေးများ''၊ ''အချစ် သစ်ပင်''၊ ''သာဓုအင်ဆန်း(စုပေါင်း)'' စာအုပ်များထွက်ခဲ့။ ၁၉၇၉ - ''အချစ်(၂)''၊ ''အချစ်နှင့်သူ၏ကိုကို''၊ ''အချစ်၏နောက်ဆုံးနေ့များ'' စသော လုံးချင်းဝတ္ထုများထွက်ခဲ့။ ၁၉၈၀ - ''အကယ်ဒမီ''၊ ''အချစ်စက်''၊ ''ငါကွ-ခုဆယ်ရာထောင်သောင်းသိန်းသန်းကုဋေ'' စသော လုံးချင်း စာအုပ်များထွက်ခဲ့။ ၁၉၈၁ - ''လ''၊ ''စပယ်သုံးကုံး''(စုပေါင်း)၊ ''ထို့ကြောင့် အချစ်ဟုခေါ်ပါသည်''(စုပေါင်း) စာအုပ်များထွက်ခဲ့။ ၁၉၈၂ - ''ပန်းစွယ်တော်ရွက်ကလေး''(စုပေါင်း) စာအုပ်ထွက်ခဲ့။ ၁၉၈၃ - ''ဍရင်ကောက်နှင့် အခြားဝတ္ထုတိုများ'' ထွက်။ ၁၉၈၄ - ''၀တ္ထုတိုတစ်ပုဒ်ပေးပို့ခြင်း'' (၀တ္ထုတိုပေါင်းချုပ်)။ ''သာဓုနှင့်ကျွန်တော်၏ဖခင်များအကြောင်း'' (၀တ္ထု တိုပေါင်းချုပ်)စာအုပ်များထွက်ခဲ့။ ၁၉၈၆ - ''အချစ်လား သူဖျားနေတယ်'' စာအုပ်ထွက်။ ၁၉၈၇ - ''ကမ္ဘာကြီးတုန်သွားတယ်'' စာအုပ်ထွက်။ ၁၉၈၈ - ''ငှက်ကလေးတွေ မောင့်ခေါင်းပေါ်မှာ မင့်ခေါင်းပေါ်မှာ'' စာအုပ်ထွက်။ စာဖတ်သူအကြိုက်-မန္တလေး စာပေဆုကို''အဖေ၏အမေ'' ကိုယ်တွေ့စာတမ်းငယ်ဖြင့် ရရှိခဲ့။ ၁၉၈၉ - ''မချစ်တတ်တာမဟုတ်၊ မချစ်ချင်တာပါ'' ၀တ္ထုထွက်။ ၁၉၉၀ - ခုနစ်စဉ်အလွမ်း ဇာတ်ကားဖြင့် အမျိုးသားသရုပ်ဆောင် အကယ်ဒမီဆုရ။ ၁၉၉၅ - နိုဝင်ဘာလတွင် ဟောင်ကောင်၊ မကာအိုနိုင်ငံများရှိ ဆရာဝန်များ ငွေရတုသဘင်မှ ဖိတ်ကြားသဖြင့် မြန်မာ့တေးသီချင်းများ သွားရောက်ဖျော်ဖြေခွင့်ရခဲ့။ ၁၉၉၆ - ''သောတာဆွေ လွမ်းတသ-အမှတ်တရ'' (စုပေါင်း)စာအုပ်ထွက်။ ၁၉၉၇ - ''စာရေးဆရာကြီး ဦးရန်အောင် အလွမ်းပြေ(စုပေါင်း)'' စာအုပ်ထွက်။ ၁၉၉၉ - ''ကွမ်းစကား'' (၀တ္ထုတိုပေါင်းချုပ်)၊ ''ကြွေ-မိန်းခလေးပုံပြင်နှင့် ဘ၀ရသစာစုများ''၊ ''ပန်းယွန်း အိမ်''(စုပေါင်း)၊ ''မှတ်မှတ်ရရ-ရှုမ၀၀တ္ထုတိုများ'' စာအုပ်များထွက်။ ၂၀၀၁ - ''မင်းနဲ့မှချစ်တတ်ပြီ'' ရုပ်ရှင်ကားတွင်သရုပ်ဆောင်။ ''နံနက်စာ ဆောင်းပါးပေါင်းချုပ်'' စာအုပ်ထွက်။ သြဂုတ်လတွင် အမေရိကန်နိုင်ငံ၊ အိုင်အိုဝါးတက္ကသိုလ်၌ ကျင်းပခဲ့သော''နိုင်ငံတကာစာရေးဆရာများ စာပေရေးရာ လုပ်ငန်းအစီအစဉ်''သို့ တက်ရောက်စာတမ်းတင်ခဲ့။ ''ထင်ရှားသောစာအုပ်အချို့'' ၁။အချစ် ၂။အချစ်လား သူဖျားနေတယ် ၃။ဍရင်ကောက်နှင့်အခြားဝတ္ထုတိုများ ၄။ဝတ္ထုတိုတစ်ပုဒ်ပေးပို့ခြင်း(၀တ္ထုတိုပေါင်းချုပ်) ၅။ကွမ်းစကား(၀တ္ထုတိုပေါင်းချုပ်) ၆။သာဓုအင်ဆန်း(စ်)(စုပေါင်း) ၇။အရုပ်ကလေး ၈။အရက်သမား အမှားတစ်ရာ(ဆောင်းပါးပေါင်းချုပ်) ၉။ပင်တိုင်စံ မကောင်းပါဘူးကွယ်။ စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်-သုမောင်သည် ရုပ်ရှင်ဇာတ်ကားကြီးပေါင်း (၄၀)ကျော်တွင် ပါဝင် သရုပ်ဆောင်ခဲ့။ ရုပ်ရှင်နောက်ခံတေး၊ ရေဒီယိုတေး၊ တိပ်ခွေဆီးရီး-စသည်ဖြင့် တေးသီချင်းပုဒ်ရေပေါင်း(၂၀၀၀)ကျော် သီဆိုခဲ့သည်။ ယခုအခါ ဂီတထက် စာပေကိုအလေးထားဆောင်ရွက်ရင်း ကွယ်လွန်ချိန်၂၀၁၀ခုနှစ်မေလ ၁၆ရက်နေ့ တွင် ကွယ်လွန်ခြဲ့ပီး ၊ ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်အေးအေးမေ(အေးဘုံ)၊ သားသမီးများဖြစ်သော စိုးအိမ်သူ၊ ဖိုးသောကြာ၊ ထိန်ထိန်သာ၊ ထိပ်ထား- သားသမီး(၄)ယောက် ကျန်ရစ်ခဲ့သည်။

Saturday, May 15, 2010
ရေစောင်းထက်ချိန်
ရေစောင်းထက်ချိန်
ငရဲကလူတွေ
ပြာပူထဲမှာ ငယ်သံကွဲအက် နေရှာတယ်။
ခမ်းခြောက်တယ်
မေတ္တာတရားတွေ ခမ်းခြောက်တယ်
စေတနာတွေ ခမ်းခြောက်တယ်
စာနာစိတ်တွေ ခမ်းခြောက်တယ်
ကိုယ်ကျင့်တရားတွေ ခမ်းခြောက်တယ်
ရေတွင်း ရေကန် ခမ်းခြောက်တယ်
ရာသီမိုးလေ ခမ်းခြောက်တယ်
အမှန်တရားတွေ ခမ်းခြောက်တယ်။
လွမ်းလောက်တယ်
မိတ္ထီလာကန်ကို လွမ်းလောက်တယ်
အင်းလေးကန်ကို လွမ်းလောက်တယ်
အင်လျားကန်ကို လွမ်းလောက်တယ်
ဧရာ ချင်းတွင်း စစ်တောင်း သံလွင်
မြစ်ရေသင်ဖျာ လွမ်းလောက်တယ်။
ကူစမ်းပါတဲ့၊ လှူတန်းပါဟဲ့
ရေတစက်က အသက်ဖြစ်တယ်
ရေတခွက်က ဇီဝဖြစ်တယ်
ရေတပုံးဆို လူဖြစ်မရှုံးနိုင်တော့ဘူး။
ဘယ်သူသေသေ ငတေမာရင်
ဘယ်ဝါငတ်ငတ် ငတေမငတ်ရင်
ဘယ်ဒင်း ခမ်းခမ်း ငတေမလွမ်းရင်
စားဝင်အိပ်ပျော်ကြသူတွေ၊
ရေဒါနကို
သာဓု မခေါ်လင့်ကစား
အကျိုးဆယ်ပါး၊ လူထုဓားတို့ ဖြစ်စေအံ့။ ။
မောင်လွမ်းဏီ
၁၅ - ၅ - ၂၀၁၀
ငရဲကလူတွေ
ပြာပူထဲမှာ ငယ်သံကွဲအက် နေရှာတယ်။
ခမ်းခြောက်တယ်
မေတ္တာတရားတွေ ခမ်းခြောက်တယ်
စေတနာတွေ ခမ်းခြောက်တယ်
စာနာစိတ်တွေ ခမ်းခြောက်တယ်
ကိုယ်ကျင့်တရားတွေ ခမ်းခြောက်တယ်
ရေတွင်း ရေကန် ခမ်းခြောက်တယ်
ရာသီမိုးလေ ခမ်းခြောက်တယ်
အမှန်တရားတွေ ခမ်းခြောက်တယ်။
လွမ်းလောက်တယ်
မိတ္ထီလာကန်ကို လွမ်းလောက်တယ်
အင်းလေးကန်ကို လွမ်းလောက်တယ်
အင်လျားကန်ကို လွမ်းလောက်တယ်
ဧရာ ချင်းတွင်း စစ်တောင်း သံလွင်
မြစ်ရေသင်ဖျာ လွမ်းလောက်တယ်။
ကူစမ်းပါတဲ့၊ လှူတန်းပါဟဲ့
ရေတစက်က အသက်ဖြစ်တယ်
ရေတခွက်က ဇီဝဖြစ်တယ်
ရေတပုံးဆို လူဖြစ်မရှုံးနိုင်တော့ဘူး။
ဘယ်သူသေသေ ငတေမာရင်
ဘယ်ဝါငတ်ငတ် ငတေမငတ်ရင်
ဘယ်ဒင်း ခမ်းခမ်း ငတေမလွမ်းရင်
စားဝင်အိပ်ပျော်ကြသူတွေ၊
ရေဒါနကို
သာဓု မခေါ်လင့်ကစား
အကျိုးဆယ်ပါး၊ လူထုဓားတို့ ဖြစ်စေအံ့။ ။
မောင်လွမ်းဏီ
၁၅ - ၅ - ၂၀၁၀
Tuesday, May 11, 2010
“နှလုံးသွေးနဲ့ မီးဆေးတဲ့ “ဓါး”
ဝရုန်းသုန်းကား
ကစဉ့်ကလျား ဖြစ်စဉ်ထဲမှာ
စိဉ္စမာဏဉာဏ်နဲ့
ရွေးကောက်ပွဲဝင်ရေးတရား
ငါ ... နားခါးလှတယ် ။
အရှက်တရား ဆိုတာ
ဘယ်မှာမွေးဖွားပြီး
ဘယ်အရပ်မှာ
ဘယ်လိုဇာတ်မျိုးနဲ့ အဆုံးသတ်ကြမှာလဲ
ငါ ... မသိလို မကြားလို မမြင်လို။
အမှန်တရားဆိုတာ
ကာလ သုံးပါး မရွေး
နွေးထွေးစွာ ရဲရင့်စွာမွေးဖွား
သစ္စာတရားဆိုတာကလည်း
အသက်ပေးသွားသူတွေရဲ့
မဆုံးနိုင်သော သမိုင်းများထဲက
အရိုးတွန်သံတွေ ဖြစ်သလို
တိုက်ပွဲအတွင်းမှာ
ရှင်သန်ကျန်ရစ်သူတွေရဲ့
နှလုံးသွေးနဲ့ မီးဆေးပေးရတဲ့
“ဓါး” တလက်လည်းဖြစ်တယ် ။
သတ္တ၀ါတခု ကံတခုတဲ့
သူရဲကောင်းအာဇာနည်တို့ ရဲ့ အသက်ဟာ
တဘ၀မှာ တခါသာသေရသတဲ့
ကဲ ... လာ ... ရဲဘော်
ခေတ်အဆက်ဆက်
အသက်စွန့်သွားသူတွေအတွက်
ကမ္ဘာမကြေတဲ့ ခံစားချက်တွေကို ပွေ့ဖက်
အမှန်တရားအတွက်
(အဲဒီ ဓါး တလက်နဲ့ )
ခရီးဆက်မယ် ။
ရဲရင့်သက်ဇွဲ
၁၀ မေ ၂၀၁၀
ကစဉ့်ကလျား ဖြစ်စဉ်ထဲမှာ
စိဉ္စမာဏဉာဏ်နဲ့
ရွေးကောက်ပွဲဝင်ရေးတရား
ငါ ... နားခါးလှတယ် ။
အရှက်တရား ဆိုတာ
ဘယ်မှာမွေးဖွားပြီး
ဘယ်အရပ်မှာ
ဘယ်လိုဇာတ်မျိုးနဲ့ အဆုံးသတ်ကြမှာလဲ
ငါ ... မသိလို မကြားလို မမြင်လို။
အမှန်တရားဆိုတာ
ကာလ သုံးပါး မရွေး
နွေးထွေးစွာ ရဲရင့်စွာမွေးဖွား
သစ္စာတရားဆိုတာကလည်း
အသက်ပေးသွားသူတွေရဲ့
မဆုံးနိုင်သော သမိုင်းများထဲက
အရိုးတွန်သံတွေ ဖြစ်သလို
တိုက်ပွဲအတွင်းမှာ
ရှင်သန်ကျန်ရစ်သူတွေရဲ့
နှလုံးသွေးနဲ့ မီးဆေးပေးရတဲ့
“ဓါး” တလက်လည်းဖြစ်တယ် ။
သတ္တ၀ါတခု ကံတခုတဲ့
သူရဲကောင်းအာဇာနည်တို့ ရဲ့ အသက်ဟာ
တဘ၀မှာ တခါသာသေရသတဲ့
ကဲ ... လာ ... ရဲဘော်
ခေတ်အဆက်ဆက်
အသက်စွန့်သွားသူတွေအတွက်
ကမ္ဘာမကြေတဲ့ ခံစားချက်တွေကို ပွေ့ဖက်
အမှန်တရားအတွက်
(အဲဒီ ဓါး တလက်နဲ့ )
ခရီးဆက်မယ် ။
ရဲရင့်သက်ဇွဲ
၁၀ မေ ၂၀၁၀
Subscribe to:
Posts (Atom)
.jpg)