Tuesday, May 15, 2018

နောက်ထွက်မည့် ကဗျာစာအုပ်အကြမ်း





မိုက်မှားမိခဲ့တယ်
(အမေရဲ့သွန်သင်ချက်တွေကြားက)
နေရောင်လရောင်
ကြယ်ရဲ့အရောင်တွေ
မသိအောင်ကိုပဲ
မိုက်လုံးကြီးတွေ ဝေေ၀ဆာဆာနဲ့
မိုက်မှားမိခဲ့ပါတယ်. . . အမေ။


I’ve been fooling myself,
Ignoring your teachings,
Even can’t distinguish sunlight
From moonlight or from starlight.
Olen huijannut itseäni,
kieltänyt opetuksesi;
edes auringonvaloa en voi erottaa
kuun ja tähtien valosta.






The lost track
©   Ye Yint Thet Zwe
Suom. Lauri Vanhala
English translation Mya Than Nyunt, A/L/RAIN, YEYINTTIN AUNG MOE






    

[Document subtitle]
Abstract

    

    

[Course title]

           MENETETTY  POLKU
The sorrow of being men
လူဖြစ်ရတဲ့ … ဒုက္ခ

အမေပေးတဲ့အသက်
ဖက်နဲ့ ထုပ်
ရန်သူလက်က
လွတ်မြောက်အောင်လုပ်ခဲ့ဘူးတယ်….။

အချစ်မာယာကျော့ကွင်း
ဆင်းရဲခြင်းနက်နဲ
ဒုက္ခတွင်းထဲလဲ
မက်မက်မောမော
ခုန်ဆင်းခဲ့ဘူးတယ်…..။

စွန်းထင်းပေညစ်
သောကစစ်စစ်များနဲ့ 
လူဖြစ်ခဲ့ရနေ့ ရက်များ
အကြိမ်ကြိမ်လျှော်ဖွတ်လည်း
နဂိုမူလ ပြန်မရတော့တဲ့ဘဝ
စိတ်ဟာမကောင်းမှုမှာမွေ့ လျော်တယ်….။

အမေ့ဝမ်းကထွက်စ
ဖြူစင်တဲ့ဘ၀ကိုတမ်းတ
အပြစ်မရှိသေးတဲ့
ခလေးလေးဘ၀ကို
တခါလောက်ရောက်ချင်သေးတယ်…..။

အခုတော့…..
(ကို)ခင်ဝမ်းသီချင်းစာသားလို
အမှားသံသရာမှာ
စိတ်နောက်ကိုယ်ပါမိတော့
--------- ---------- -----------
နောင်တတွေနဲ့ လူ……….။







   Leave me in all my sorrow
ကြေကွဲစရာတွေထဲမှာ ငါ့ကိုထားခဲ့

ကမ္ဘာဦးအစ
အာဒမ် က ဧ၀ ကို
ထွေးပိုက်ထားခဲ့သလိုမျိုး
အိပ်မက်ကို
နင်သယ်ဆောင်လာခဲ့တယ် ။

ဘယ်အရာမှ မတည်မြဲဘူး
ကျေးဇူးပြုပြီး နောက်ကို
ထောင်ဝင်စာ မလာပါနဲ့ ”
မျက်ရည်ပေါက်တွေက
ငါ့နှလုံးသားကို တ စ ဆီ ခြွေ ။

လွတ်လပ်မှု တန်းတူညီမျှမှု
ဒီမိုကရေစီ နိုင်ငံတော်
အသက်စွန့် သွားတဲ့ ရဲဘော်
အဲဒီ အောက်ဆုံးမှာမှ
အချစ်ဟာ ရှင်သန်တယ်
နင် မငိုပါနဲ့  ။”

နာရီလက်တံတွေက
မျက်ရည်တာရိုး
ရိုက်ချိုးနေကြတယ်၊
စကားလုံးတွေက
နှုတ်ဖျားမှာ အလုအယက် ဆွံ့ အ
မျက်လုံး တလုံးက
မျက်လုံး တလုံးကို ညှို့ ယူဖမ်းစား ။

ဘာမှာဦးမလဲ”
ဟိုး အဝေးကြီးက
ပြေးလာရသလိုမျိုး
မောဟိုက် နွမ်းလျ တိုးတိမ်တဲ့  အသံ
ငါ့ စိတ်ကို
မိုင်ကုန်မြှင့်တင်လိုက်တယ်
ကျန်းမာရေးကို ဂရုစိုက်
သင့်တော်မယ့်လူတွေ့ ရင်
အိမ်ထောင်ပြုလိုက်ပါ” စကားသံ
အဆုံးမှာ
သံတခါးပိတ်သံနဲ့ အတူ
ရှိုက်သံသဲ့သဲ့ရယ်
ကျီးတအုပ်ပြိုဆင်းသွားသံသာ
                                                                                      ငါ့ဘ၀ရဲ့  နောက်ဆုံး ။                 

                                                              


                                                                              EUROPEAN NIGHTS SUFFERINGS
ဥရောပ ဝေဒနာညများ

တုန်ခြင်း နှေးခြင်း
လေးလံခြင်း ရွေ့ မရခြင်း
ဝေဒနာများက
သေရွာကို တွန်းပို့ နေတဲ့ကြား
စာတိုပေစနဲ့ လွမ်း
ပါရမီဖြည့်ဖက်ကို တမ်းတတယ် …..။

အမေအို ဘယ်လိုနေရှာမလဲ
နရသိန်ထဲက ငါ့ သူရဲကောင်း
သူပုန်နဲ့ သူ့ ရဲဘော်ရဲဘက်များ
ဆယ်စုနှစ်တခု့ နီးပါး
ယုံကြည်တွဲလက်ခိုင်မြဲခဲ့သူများ
သမီး သား တူမများ
အလွမ်းဓာတ်က
ချူပ်တည်းတဲ့ကြား
ထိုးဖောက်စီးဆင်းသွားမြဲ …..။

လူမျိုး မတူဘူး
ဘာသာစကား မတူဘူး
ရာသီဥတု မတူဘူး
ဒါပေမယ့် တူတာတွေကိုစု
ငါတို့ လိုချင်တဲ့ စံနစ်တခု
သူတို့  ထုဆစ်ထားနိုင်ခဲ့ကြတယ်
အဲဒီစံနစ်အောက်မှာပါပဲ
အမေပေးတဲ့ အသက်တချောင်း
ဖြောင်းကနဲကျိုးကြေ
သူတို့ တတွေလက်နဲ့ 
ငါ အသက်ဆက်ရှင်သန်ခဲ့ရ …..။

ဘ၀ကတော့
မရေရာမသေချာသေးဘူး
ညစဉ် အိပ်မက်ထဲမှာ
ရထားဥသြသံ ကြားရမြဲ .....။
(ဆေးရုံပေါ်မှဝေဒနာနေ့ ရက်များသို့ )











My little dove
ဥရောပ ဝေဒနာညများ(၂)

ညီမလေးရေ
ဆောင်းညချမ်းချမ်းမှာ
သေရွာပါမယ့်အလွမ်း
တပြေ(ပြည်)တရွာက
ဝေဒနာနဲ့ 
တမ်းခြင်းတခုရယ်ပါ …..။

ညီမလေးရေ
ရည်မှန်းချက်
မျှော်လင့်ချက်
ဘ၀ကို တပ်မက်တွယ်တာ
ပူပန်(ပင်)တတ်တဲ့စိတ်ဟာ
မိခင်ကောင်း ဇနီးကောင်းတို့ ရဲ့ 
သဘာဝပဲမဟုတ်လား …..။

ညီမလေးရေ
ရွှေပေါ်မြတင် မထားနိုင်ခဲ့ဘူး
လက်ညှိုးညွှန်ရာ
ရေမဖြစ်စေခဲ့ဘူး
ကိုယ့်အတ္တနဲ့  ကိုယ်မွေ့ လျော်
တိုင်းပြည်လွတ်မြောက်ရေးအပေါ်
မိသားစုရဲ့ အပျော်တွေကို စတေး
ငါ့ကို ... ခွင့်လွှတ်ပေးပါ .....။

ညီမလေးရေ
သမီးလေးက အဖေကိုတရားပြ
ဘ၀မှာတဲ့ မလုပ်မဖြစ်တဲ့
အလုပ်တွေအတွက် ကိုယ်လုပ်ချင်တဲ့
အလုပ်တွေကို စွန့် လွှတ်ရ
အနစ်နာခံရတတ်တယ် တဲ့
ငါ့ မှာ ပြောစရာစကား
ရှားပါးလွန်းလှချည်ရဲ့  .....။

ညီမလေးရေ
အခုတော့ ငါလှဲလျောင်းရာ
ကုတင်နံဘေးက ပြူတင်းတံခါးမှန်မှာ
တဖွဲဖွဲလာကပ်နေတဲ့ နှင်းပွင့်လေးတွေကိုငေးရင်း
နောက်ဆုံးသစ်ရွက် ၀တ္ထုတိုလေးကို
နင့်နင့်သည်းသည်း
သတိရနေမိတယ် …..။
ရဲရင့်သက်ဇွဲ၁၁၂၀၁၀(ဆေးရုံပေါ်မှဝေဒနာနေ့ ရက်များသို့ )




Puzzles?
မေးခွန်းများ

ငိုကြွေးခြင်းတခုနဲ့ စ
လူ့ဘ၀ထဲ ၀င်လာကြတဲ့အခါ
ဘာမှမပါ ဗလာခန္ဓာကိုယ်တခုသာ
ငိုကြွေးခြင်းများစွာ
လူ့ဘ၀ထဲက ပြန်ထွက်တဲ့အခါ
အဲဒီခန္ဓာကိုယ်တခုသာ
ပြန်ပါသွားကြ …..။

တရားရှာ …. ကိုယ်မှာတွေ့ တဲ့ 
မွေးဖွားခြင်းနဲ့ သေဆုံးခြင်း ကြား
အပ်နှစ်စင်း ထိတွေ့ ပုံများ
လွယ်ကူးလွန်းစွ
မနုသတ္တဘာဝေါ ဒုလ္လဘော
လူ့ဘ၀ ရခဲခြင်းသဘော
ဘုရားဟောလည်း
အရှိသားမဟုတ်လား ……။

ပူလောင်မှုတွေ နာကျင်မှုတွေ
ဆာလောင်မှုတွေ
လိုအင်ဆန္ဒမပြည့်ဝသမျှ
ဘ၀ … ဘ၀ …
တရားရစရာ အကောင်းသား
အလောင်းများနဲ
့ယပ်တောင်များကပြောပြ
ဧည့်သည်တဲ့
သံဝေဂတေး ဟစ်ကြွေးသံများ
ပဲ့တင်ထပ်မျှ ……။

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြား
တို့ လူသားတွေ
ဘာတွေ မှားခဲ့ကြမလဲ
ဘာတွေ ထားခဲ့ကြမလဲ
မသေးခင်တွေး
ကိုယ့်ကိုယ်ကို ပြန်မေးရဦးမယ်
…..










In Reality
ဖြစ်တည်မှု

ဆည်းဆာရဲ့ အရောင်
တိမ်တောက်ပုံက
အဆန်းတကြယ်
ဆေးမှင်ရည်ဖျန်းပက်ထားသလိုပ
လှတာမက်၍
ညစာခက်ခဲ့ရသူ …။

မသေချာ မရေရာမှုများ
ငါ့အပေါ်ပြိုကျ
အလင်းရောင်တစ
လိုချင်လှပြီ…..။

ကောက်ကွေ့ တဲ့လမ်းများနဲ့ 
ကောက်ကွေ့ တဲ့ စိတ်များအပေါ်
အပြစ်ဖွဲ့ စကား မဆိုချင်ပါ
ငါ လိုချင်တာ
ရိုးဖြောင့်မှုတခုသာ …။

ချောင်းရေတွေက မြစ်ထဲစီးဝင်
မြစ်ရေတွေက ပင်လယ်ထဲစီးဆင်း
ဘ၀ရဲ့ နေထိုင်မှုအနုပညာထဲ
ပင်လယ်ရှာမတွေ့ တဲ့မြစ်ဟာ
ငါ … ကိုယ်တိုင်
ဖြစ်နေတော့တယ်….။





















In God’s Hand
ဘုရားသခင်လက်ထဲမှာ

သစ်ပင်ပန်းပွင့်
ကျေးငှက်သံသာ
တောတောင်ရေမြေ
သဘာဝတရား
မဟာလူသားကအစ
ဘုရားသခင်ဖန်ဆင်းပေးထားတာ
မဟုတ်လား …။

ကမ္ဘာဦးအစ
အေဒင်ဥယျာဉ်ထဲက
စခဲ့တဲ့ဇာတ်လမ်း
ကြမ်းသလား ရမ်းသလား
ငါ … မသိချင်…..၊

တားမြစ်ထားတဲ့အပင်ကအသီး
ချို ချဉ်ဖန်ခါး မှားသွားမှာလား
ငါ … မတွေးချင်…..။

ငါဟာ
မင်းစိတ်နဲ့ ငါ့ကိုယ်
ငါမပိုင်တဲ့ ငါ့ဘ၀ကို
လိုက်ရှာတဲ့အခါ
အိပ်မက်တွေရဲ့ အဆုံး
ညကောင်းကင်တွေ အလယ်
ဘုရားသခင်ရဲ့ လက်ထဲ
ဘ၀ရဲ့အစနဲ့ အဆုံးကိုတွေ့ တယ်

အဲဒီအစနဲ့ အဆုံးဟာ
တားမြစ်ထားတဲ့
သစ်သီးတလုံးဖြစ်နေခဲ့ပေါ့…..
















Shakespeare does not know
anything about the summer
of Northern Arctic Circle
ရှိပ်စပီးယား သိမသွားတဲ့ ၀င်ရိုးစွန်းက
နွေရာသီအကြောင်း

အခုတော့လည်း
ရေခဲတွေ
အရည်ပျော်ကုန်ပြီးတဲ့နောက်
ရောက်လာတဲ့ နွေဦးဟာ လှပချိုမြ
လို့ နေတယ် ။

လူ့ သဘာဝ လိုချင်တဲ့အရာဟာ
လှပနေမြဲ
အခုတော့
ဆောင်းရာသီခမျာ
လူတကာ မေးအငေါ့ခံ
သူ့ နေရာသူပြန်သွားရရှာပြီ ..

ဟောဒီဝင်ရိုးစွန်းအရပ်
နှစ်တနှစ်ရဲ့  သုံးပုံ နှစ်ပုံ
အအေးဓာတ်တွေ စုပုံနေတဲ့အရပ်
ဒီအရပ်မှာ
နေရောင်ခြည်ဟာရှားပါးပစ္စည်း
ဒီအရပ်မှာ လူတိုင်းရဲ့ သွေးဟာ
နေရောင်ချည်ဓာတ်ချို့ တဲ့
ဗီတာမင်ဒီ ကို
သောက်သုံးရတာချင်းတူကြလေရဲ့ ….

အဲသလို အရပ်ကသူတွေဟာ
ကမ္ဘာဦးကလူတွေ
မီးကိုမျှော်လင့်တောင်းတသလိုမျိုး
နွေရာသီကို မျှော်လင့်ကြတယ်
တဆောင်းတွင်းလုံး
သိမ်းစည်းထားခဲ့သမျှစိတ်ကူး
နွေရာသီမှာ ပျော်မြူးကြတယ်….
ရေခဲတွေ အရည်ပျော်ပြီးနောက်
ပင်လယ်ဟာ သူ့ ရဲ့ နဂိုမူလဘ၀ကို
ပြန်ရရှိသွားတယ်
ကျေးငှက်သာရကာ လူသံ ဆူညံ
နေရောင်ခြည်ဟာတလောကလုံးကို လွှမ်းခြုံပြီ….

အခုတော့
လူ့ ဘ၀ထက်တိုတောင်း
ဝင်ရိုးစွန်းရဲ့ နွေရာသီအကြောင်းကို
ငါ ကောင်းကောင်းသိခဲ့ပြီ
                                                                       နွေဦးမှာ ကြွကြွရွရွ မော်ဒယ်မ ကက်ဝပ်ခ် လျှောက်သလိုပ
                                                          ဒီနွေမှာ လူတိုင်းဟာ လူဖြစ်ရတဲ့ ဒုက္ခကို
                                                        မေ့လျော့ထားလိုက်ကြတယ်….
                                                           လူ့ ဘ၀ဟာ
                                                         တိုတောင်းလွန်းလှတယ်
                                                                               ရှိပ်စပီးယားရဲ့  စကား ငါ မှတ်သားဘူးပါရဲ
The winter birds return home;
what about the people of daily lives
ဆောင်းခိုငှက်တွေ အိမ်ပြန်လာကြပြီ
ဘ၀ခိုငှက်တွေမှာတော့

နှင်းပွင့်လေးတွေကို ငါချစ်တယ်
နှင်းအတုန်းအခဲတွေကိုလည်း
ငါချစ်တာပါပဲ။

နွေအခါမှာေ၇ပြင်ကျယ်
ဆောင်းအခါမှာ
ကစားကွင်းဖြစ်သွားတဲ့
ပင်လယ်ရဲ့ ဘ၀ကို
သနားလိုက်တာ။

ဝင်ရိုးစွန်းနိုင်ငံရဲ့ 
ဆောင်းနက်နက်ထဲတိုးဝင်သွားတဲ့ အခါ
သနားစရာဟာ ငါဖြစ်လို့ သွားတယ်။

ဒါဟာ လွန်ခဲ့တဲ့တနှစ်က
ကြုံရတဲ့ငါ့အဖြစ်ကို
ပြန်ပြောပြတာပါ။

လူတွေ လူတွေ
အသားအရောင်လူမျိုး
ကိုးကွယ်ရာ မတူသောလည်း
ဘ၀ရှင်သန်ဘို့ 
အနာဂတ်ရှင်သန်ဘို့ 
သူတို့ အသိုက်အမြုံတွေကို စွန့် ခွါခဲ့ရပုံက ထပ်တူ
ဆောင်းခိုငှက်များရဲ့ ပျံသန်းမှုမျိုး
ထပ်တူ
အဲဒီလိုထပ်တူပြုမှုနဲ့ သူတွေကို
ဟောဒီမြေပေါ်မှာ
ဘ၀ခိုငှက်တွေလို့ 
ငါဆိုလိုက်ချင်တယ်. ..။

ဖိနှိပ်ခံရတဲ့ဝေဒနာကို
ဖိနှိပ်ခံရဘူးသူသာလျင်
စာနာနားလည်နိုင်တယ်
လုံခြုံအေးချမ်းတဲ့ ဒီမြေပေါ်မှာ
သူတို့ ရဲ့ အိပ်စက်မှုတွေဟာ
ချောက်ချားစရာ ကြောက်မက်ဘွယ်ရာ
အိပ်မက်တွေနဲ့ ဖျက်ဆီးခံနေရဆဲ
တယောက်ချင်းရဲ့ အဖြစ်အပျက်တွေကို
ကြားနာရတဲ့အခါ
မှတ်တမ်းရုပ်ရှင်တိုလေးတွေ
ကြည့်ရသလိုမျိုး
ခံစားချက်အဖုံဖုံငါ့ရင်ကို တုန်စေတယ်
ငါ့နှလုံးသားကို ခုန်စေတယ်
ငါ့မျက်ဝန်းကို မှုံရီဝေစေတယ်။

ရုတ်ရင့်ကြမ်းတမ်းတဲ့လူမဆန်တဲ့
ဒီအဖြစ်အပျက်တွေဟာ
ဟောဒီကမ္ဘာကြီးရဲ့ နေရာအနှံ
့မှာဖြစ်ပျက်နေတယ်ဆိုတာ
အေးခဲလွန်းတဲ့
ဝင်ရိုးစွန်းနိုင်ငံတခုရဲ့ 
လူသားတွေအနေနဲ့ 
ယုံချင်မှယုံကြမယ်…..။

တကယ့်အဖြစ်အပျက်တွေဟာ
အိပ်မက်ထက်ဆန်းကျယ်တယ်
ဝတ္ထုဇာတ်လမ်း
ရုပ်ရှင်ဇာတ်ညွှန်းတို့ 
လိုက်မမှီတယ်။

ခင်ဗျားပဲဖြစ်ဖြစ်ကျနော်ပဲဖြစ်ဖြစ်
တခြားတယောက်ပဲဖြစ်ဖြစ်
ကိုယ့်တိုင်းပြည်ကိုစွန့်ခွာ
မိသားစုကိုစွန့်ခွါ ချန်ထားခဲ့ရတဲ့ ဝေဒနာ
အသွားထက်ထက်ဓါးတလက်နဲ့ 
နှလုံးသားတည့်တည့်
ထိုးစိုက်လိုက်သလိုမျိုး ။

သူစိမ်းတွေရဲ့ မြေပေါ်မှာ
ဘာသာစကားမတူသူတွေရဲ့ 
ပတ်ဝန်းကျင်မှာ
ယဉ်ကျေးမှုမတူသူတွေရဲ့ 
အရိပ်အောက်မှာ
ရှင်သန်ခွင့်ရတာ
ခါးသီးမှုတခုဆိုတာထက်
ငါ…. ကံကောင်းလေခြင်းလို့ များ
ခင်ဗျားတို့ တွေးမိဘူးရဲ့ လား

ငါတော့မထင်ဘူး
ကျန်ရစ်ခဲ့သူများ ရဲဘော် ရဲဘက်များ
ဒုက္ခတွင်းထဲ ပြစ်ထားခဲ့သလို
ကိုယ့်ကိုယ်ကိုအလွတ်ရုန်းခဲ့သလို
ခံစားရတဲ့စိတ်က
သိပ်နှိပ်စက်လွန်းတယ်။

လူခြေတိတ်ဆိတ်
ညကတော့အိပ်စက်သွားပြီ
သောကလှုပ်နှိုး ဝေဒနာဆိုး အမျိုမျိုးနဲ့ 
တရေးနိုးတာလား
တရေးမှမပျော်သေးတာလား
မိတ်ဆွေ စိတ်လျော့စိတ်လျော့
ဖိဆီးမှုက ပေါ့ပေါ့လေးမှမဟုတ်ပဲ

ကဲ … ဒီလိုတွေးရအောင်
ခင်ဗျားလွတ်မြောက်လာတဲ့အတွက်
ကျန်ခဲ့တဲ့မိသားစု ဆွေမျိုးသားခြင်း
မိတ်ဆွေ ရဲဘော်များ လိုအပ်ချက်
ခင်ဗျားကူညီဆောင်ရွက်ပေးနိုင်တယ်။

ခင်ဗျားရဲ့ လွတ်မြောက်
ရှင်သန်မှုအတွက်
ကျန်ရစ်သူမိသားစုက
ဝမ်းမြောက်နေပေလိမ့်မယ်။

ခင်ဗျားရဲ့ လွတ်မြောက်
ရှင်သန်မှုအတွက်
မိတ်ဆွေ ရဲဘော်ရဲဘက်များက
ဝမ်းသာနေကြလိမ့်မယ်။
ခင်ဗျားရဲ့ လွတ်မြောက်ရှင်သန်မှုနဲ
ကမ္ဘာကြီးကို အလှဆင်နိုင်လိမ့်မယ်။

တကယ်တော့
တို့ တတွေဟာ အထီးကျန်သူတွေ
မဟုတ်ဘူး
တို့ တတွေဟာ
မျှော်လင့်ချက်မဲ့တွေ မဟုတ်ဘူး
တို့ တတွေဟာ အနာဂတ်မဲ့တွေ မဟုတ်ဘူး
တို့ တတွေဟာ အသားအရောင်
ရုပ်လက္ခဏာ မတူညီကြပေမယ့်
အရေပြားအောက်က သွေးတွေ
နီပုံခြင်းတူကြတယ်
တို့ တတွေဟာ
ဖိနှိပ်ချုပ်ချယ်မှုအောက်က
ရုန်းထွက်လိုတဲ့ဆန္ဒတူညီကြတယ်
ဒီမိုး ဒီရေ ဒီလေ ဒီမြေ ဒီလူတွေရဲ့ 
မေတ္တာ ဂရုဏာ စွမ်းပကားနဲ့ 
့ဖေးမကူညီမှုအောက်မှာ
ခင်ဗျားတို့ ရဲ့ ဝေဒနာတွေ
ပျောက်ကင်းသက်သာသွားလိမ့်မ
ယ်လို့ ငါယုံတယ်….

ဆောင်းခိုငှက်တွေ
အိမ်ပြန်လာသလိုမျိုး
ဘ၀ခိုငှက်တွေလည်း
တနေ့ တော့အိမ်ပြန်ကြရမှာ……



The Lost Track
ပျောက်သောလမ်း

ပျားရည်လို မချိုသောဒုက္ခများ
အလိုမတူပဲ
တရှိုက်မက်မက်ကြိုက်နှစ်သက်ခဲ့
ဘူးတယ်အမေ။

ရင်ဘတ်ပြူတင်းတံခါးကိုလည်း
ပိတ်ထားခဲ့သလား
ဖွင့်ထားမိသလား
မပီဝိုးတ၀ါးနဲ့
တံလျှပ်တွေကို
အငမ်းမရသောက်နေခဲ့ရပြီး
ပျောက်နေတဲ့လရောင်အတွက်
အသဲကွဲနေရသူပါအမေ။

(အမေရဲ့သွန်သင်ချက်တွေကြားက)
နေရောင်လရောင်
ကြယ်ရဲ့အရောင်တွေ
မသိအောင်ကိုပဲ
မိုက်လုံးကြီးတွေ ဝေေ၀ဆာဆာနဲ့
မိုက်မှားမိခဲ့ပါတယ်. . . အမေ။


အမေဖြစ်စေချင်တာတွေကို
ကျနော်ကပြစ်ပယ်
ကျနော်ဖြစ်ချင်တာတွေကအမေက နားလည်
စုန်ရေရဲ့ သဘောကိုရင်နဲ့ခံစား
သိနားလည်လာတဲ့အခါ ကံကိုယုံလို့ ဆူးပုံ နင်းတဲ့သား
ဘ၀ရဲ့ခက်ခဲကြမ်းတမ်းမှု
ဆူးတွေကြားမှာ
အမေ့ရဲ့မေတ္တာအေးရိပ်
ချွေးသိပ်ချင်မိတဲ့
တောင့်တစိတ်က
တိတ်တဆိတ်ဝင်ရောက်
သောကအမောတွေဖေါက်လို့
အမေရယ်အခုများတော့
အမေ့ဆီကရခဲ့တဲ့အမွေဗီဇ
စာ ကဗျာ ဂီတတွေနဲ့
ဘ၀ကိုမြိုမြိုချနေမိရဲ့ အမေ။
ကျနော်က အမေ့ရဲ့ဝေးရာမှာပါ အမေ။

အမေ့ရင်က ထွက်ခွါပျံသန်း
လျှောက်ခဲ့တဲ့လမ်း
သုံးဆယ်ခြောက်နှစ်ခရီးကြမ်းမှာ
ဘ၀ရဲ့ အရသာ
ချိုတ၀က်ခါးတ၀က်
အတွေ့အကြုံတွေနဲ့
ရင့်ကျက်ခဲ့ပြီးမှ
ပိုင်ဆိုင်တာတွေ
ပြန်လှဲ့ကြည့်တဲ့အခါ
ဇနီး သား သမီးနဲ့ အကြွေး
မရေရာတဲ့အနာဂါတ်လဲပါသေးရဲ့ အမေ။

ညတညရဲ့ 
့ချောက်အိပ်မက်တခုလို
ဒုက္ခတွေနဲ့အိပ်ရာကနိုးထ
ကျနော်မျက်ရည်စတွေနဲ့ကြေကွဲရပါရဲ့အမေ။

ကံကိုယုံလို့ ဆူးပုံ နင်းတဲ့သား
ဘ၀ရဲ့ခက်ခဲကြမ်းတမ်းမှု
ဆူးတွေကြားမှာ
အမေ့ရဲ့မေတ္တာအေးရိပ်
ချွေးသိပ်ချင်မိတဲ့
တောင့်တစိတ်က
တိတ်တဆိတ်ဝင်ရောက်
သောကအမောတွေဖေါက်လို့
အမေရယ်အခုများတော့
အမေ့ဆီကရခဲ့တဲ့အမွေဗီဇ
စာ ကဗျာ ဂီတတွေနဲ့
ဘ၀ကိုမြိုမြိုချနေမိရဲ့ အမေ။























We hate wars, mother
ကျနော်တို့ က စစ်ပွဲတွေကို
မုန်းတယ် မေမေ

ကျနော်တို့ က စစ်ပွဲတွေကို
မုန်းတယ် မေမေ
စစ်ကိုမုန်းလို့  စစ်တိုက်နေရတာပါ
ဆိုစကားကြားတော့
သားမှတ်မိနေတယ်

တရားနဲ့ ဓါး
အားနှစ်အားတွင်
တရားကိုချစ် ဓါးကိုပြစ်အံ့
စစ်ကိုငါတို့ မုန်းပါသည် တဲ့
မေမေရွတ်ပြနေကျ
ကဗျာတစလေ….

မေမေရေ
ခေတ်တခေတ်ကိုထုဆစ် ပျံသန်း
ယုံကြည်ရာလမ်းမှာ … သားတို့ လေ

တရားနဲ့  ဓါး
အားနှစ်အားတွင်
တရားကိုမြဲ ဓါးကိုဆွဲ အံ့
စစ်ကို ငါတို့ နိုင်အောင်တိုက်ပါမည်…

တကယ်ဆို
ကျနော်တို့ က စစ်ပွဲတွေကို
မုန်းတယ် မေမေ ။။။



















If God is unwilling,
even a leaf doesn't
move right mom?
ဘုရားသခင် အလိုမတူရင်
သစ်ရွက်တောင် မလှုပ်ဘူး
မဟုတ်လား မေမေ _?

မေမေ
တိုးတိုးဖွဖွ ရွတ်ဆို
ကျနော့်ပါးပေါ်မှာ မျက်ရည်တွေ စိုလို့။
စိမ်းလန်းတဲ့သစ်ရွက်တွေကြားက
ဖြာဆင်းလာတဲ့နေရာင်ခြည်မှာ
ဆောင်းရဲ့ရနံ့ကို ခံစားမိတယ်
တိုတောင်းလှတဲ့နွေရာသီဟာ
စနစ်တကျ ဆုတ်ခွာနေရှာ ပေါ့။

နေ့ မှန်းညမှန်း မသိအောင်
လင်းရှင်းနေတဲ့အနေအထားပျက်ပြယ်
ညဟာ သူ့ဘ၀ကိုသူ
ပိုင်ပိုင်နိုင်နိုင်ပြန်ဆုပ်ကိုင်မိပြီ။

သူတို့ ရဲ့ရာသီလေးပါးထဲမှာ
ကျနော်သာ ကိုယ့်ဘ၀ကိုကိုယ်
မဆုပ်ကိုင်နိုင်သေး
သေမင်းနဲ့ စစ်ခင်းနေရတုန်းပဲ မေမေ။
ဒီနေ့ ဥပုသ်ရက်တွေ လွန်မြောက်
ဘုရားသခင်ထံတော်ပါး
ဝတ်ပြုဘို့ ရောက်ခဲ့တယ်။

ကွယ်လွန်သူအဖေ့အတွက်
ကျန်ရစ်သူမေမေ့အတွက်
ကွဲကွာနေကြရသော
မိသားစုအတွက်
ကျနော်ချစ်တဲ့အမိ
ဗမာပြည်ကြီးအတွက်
ကမ္ဘာကြီးအတွက်
မျက်ရည်စက်လက်နဲ့ 
ကျနော်ဆုတောင်း
မေတ္တာ ပို့ သတယ်။

မေမေရေ
ပြန်လာခဲ့ပါ သားရယ်ဆိုတဲ့
မေ့မေ့စကားသံနောက်မှာ
အကြိမ်ကြိမ်ရောက်ခဲ့တဲ့နောင်တ
အမေ့ခြေရင်းမှာ ဦးချခွင့် ရပါ့ဦးမလား
ကျနော့ရောဂါ ကျနော်သာ
အသိဆုံးပါ မေမေ။

နေထိုင်နေရတဲ့
လေးဆယ်ကျော်
သက်တမ်းအတွင်းမှာ
အဖေ့ကိုချစ်ခဲ့တယ်
မေမေ့ကို ချစ်ခဲ့တယ်
အကိုနှစ်ယောက်နဲ့ 
တူမများကို ချစ်ခဲ့တယ်
ညီမလေးကိုချစ်ခဲ့တယ်
သမီးနဲ့ သားကိုချစ်ခဲ့တယ်
ဆွေမျိုးသားချင်းများကို ချစ်ခဲ့တယ်
အယူအဆတူသူမတူသူ
မိတ်ဆွေ သူငယ်ချင်းများကို
ချစ်ခဲ့တယ်
အမှန်တရားအတွက်ခံစားချက်နဲ့ 
ကဗျာများကို ချစ်ခဲ့တယ်။

မေမေရယ်
သားမှာ အဲဒီလို ချစ်ခြင်းတွေက လွဲလို့ 
အားလုံးအပေါ်
တာဝန်မကျေခဲ့ဘူး။
ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။

တယောက်ထဲ နေရတဲ့အခါ
စဉ်းစားချိန်တွေ ပို များလာတယ်။
ဒီကမ္ဘာကြီးမှာ လူတွေ ဘာကြောင့်
ကိုယ့်ကိုယ်ကိုသတ်သေကြသလဲ
ကျနော်တစတစ
နားလည်လာခဲ့ပေါ့မေမေ ။

သို့ သော်လည်းပေါ့မေမေရယ်
မသေခင်တခါလောက်မေမေ့ကို
ပွေ့ ဖက်ခွင့်ရချင်သေးတဲ့စိတ်
ချစ်သော ညီမလေး သမီး သားနဲ့ 
ပြန်ဆုံချင်သေးတဲ့စိတ်နဲ့ 
မိသားစုဝင်တွေ မိတ်ဆွေ
သူငယ်ချင်းတွေ
ပြန်ဆုံချင်သေးတဲ့စိတ်
ကဗျာတွေကိုချစ်မြတ်နိုးခွင့်
ရေးသားခွင့်
ရချင်သေးတဲ့စိတ်
အဲဒီစိတ်တွေနဲ့ ကျနော်လေ
ဘ၀ကိုကျားကန်ထားရင်း
အနိုင်မခံဆိုတဲ့ကဗျာနဲ
အကယ်၍သာ ဆိုတဲ့ကဗျာတွေကို
ဘုရားဂုဏ်တော်တခုလို
အကြိမ်ကြိမ်
ရွတ်ဆိုနေမိတော့တယ်။

I planted these jasmine trees
တခါက တဘ၀ကို ငါစိုက်ခဲ့တယ်

စပယ်ပန်းပျိုးလေးတွေ
ငါစိုက်ခဲ့တယ်
မင်းကတော့ငိုလိုက်ရယ်လိုက်
သောကတပွေ့ ဒုက္ခတပိုက်
ခေတ်ရဲ့ ရိုက်မောင်းပုတ်မောင်း
မီးမောင်းထိုးပြကျန်ရစ်ခဲ့တယ်….

စပယ်ပန်းပျိုးလေးတွေ
ငါစိုက်ခဲ့တယ်
နေနိုင်ရက်နဲ့ မင်းရဲ့ အနားမှာ
မနေဖြစ်ခဲ့တဲ့အချိန်ကလေးတွေ
သီချင်းလေးငြီး
ဘ၀ခရီးကတော့ ကြမ်းတယ်။

စပယ်ပန်းပျိုးလေးတွေ
ငါ စိုက်ခဲ့တယ်
မစွန့်လွှတ်မစွန့်စား
အနစ်နာမခံသူဟာ
ဘာမှဖြစ်မလာဘူး မဟုတ်လား
မင်းက သိရက်နဲ့ မိုက်ခဲ့တယ်
ငါက ငါထင်တာထက်ငါဟာ ပိုအခဲ့…….။

အခုတော့သည်ဒုက္ခတွေ ပြီးဆုံးပြီ
ဘုရားသခင်ရဲ့ အလိုတူခြင်း
မတူခြင်း ဘယ်သို့ ရှိမယ်
ငါမသိချင်ပါဘူး
သစ္စာတရား ဆိုတာလဲ
ငါမသိချင်ပါဘူး
ချစ်ချင်း မေတ္တာတရား
ငါမသိချင်ပါဘူး
ဒီကမ္ဘာထဲမှာ ငါဘာမှ
မသိချင်တော့ပါဘူး ..။

ဒါပေမယ့်….
နင်မပေးရင်ငါလဲမရတော့ဘူးပေါ့
စပယ်ပန်းပျိုးလေးတွေ
ငါစိုက်ခဲ့တယ်…..။









Beauty of summer
ကမ္ဘာဦးရဲ့ နေ့ လိုပဲ
နွေနံနက်ခင်းရဲ့ လှပုံထူး

ဆောင်းရာသီဟာ
သူစိုက်ပျိုးသမျှ
ကုန်စင်အောင်ရိတ်သိမ်းမသွားခဲ့ဘူး
နွေရာသီရဲ့ ဖြစ်ပုံများ
အနွေးထည်ခြုံလို့ 
ရီရအခက်ငိုရအခက်
တဆောင်းလုံးမက်ခဲ့ရတဲ့ အိပ်မက်
ငါတို့ … ကြေကွဲဘို
့အတွက်တော့မဟုတ်ဘူး ……..။

နွေဦးတဲ့
လေရူးက ပွေပွေ
အလို …. မိုးတွေကလည်းစွေစွေ
နွေဦး … နွေဦး … နွေဦး
မျှော်သူကို ရင်ကွဲအောင်မလုပ်နဲ့ 
တောင်းပန်တယ်…..။

နွေဆိုတာ …..
လှတ ပတ အပျိုမလေးတွေရဲ့ 
ကြွကြွရွရွဟန်တွေ မပါရင်
ဒါ … နွေမဟုတ်ဘူး

သိမ်မွေ့ လျှင်မြန်အုပ်ဖွဲ့ ပျံသန်း
ကြမ်းကြမ်းတမ်းတမ်း
ထိုးနှက်တိုက်ခိုက်
အဲဒီ… ခြင်မိုက်တွေ မပါရင်လည်း
ဒါ … နွေမဟုတ်ဘူး

မိုးအောက်မြေပြင်အလှဆင်
အိမ်လမ်း တံတား
ပြုပြင်မှုများမတွေ့ ရရင်
ဒါ … နွေမဟုတ်ဘူး …။

ငါရောက်နေတဲ့ဝင်ရိုးစွန်းအရပ်က
နွေရဲ့ ပြဇာတ်ကို ခင်းကျင်းပြသ
ကြည့်တာပါ။
စိတ်ကူးတွေ ၀တ်လစ်စလစ်
လမ်းတွေပေါ်မှာ
ကမ်းခြေပေါ်မှာ အိပ်မက်တွေ
နွေဦးနဲ့ ဖူးပွင့်ခဲ့ကြတယ်…..



 How many more times do I want to be in love
ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ချစ်ဦးမလဲလေ

နောက်တကြိမ်
ပြန်မဆုံချင်တော့ပါဘူး
နောက်တကြိမ် နောင်တ
မရချင်တော့ပါဘူး
နောက်တကြိမ် အသဲမကွဲ
ချင်တော့ပါဘူး

နောက်တကြိမ်
နောက်တကြိမ်
နောက်တကြိမ်

ဘယ်နှစ်ကြိမ်
ဘယ်နှစ်ခါမှန်းမသိအောင်
နစ်မွန်းခဲ့ရ ချစ်ဒုက္ခများ
အဲဒီ ….
မျက်စိမပါတဲ့……
လျှာအရိုးမရှိတို့ ရဲ့ 
ရှည်လျားလှတဲ့ သမိုင်းကြောင်း
ရင်ကွဲနာအပိုင်းအစများ
နောက်တကြိမ် …………………..။

























All our hearts are full of love
အမေများနေ့ မှာ ရင်ဘတ်ချင်း ဂျက်ပင်ထိုးကြ

အမေများနေ့ မှာ
အမေ့ကိုချစ်တဲ့ သားတွေက
အမေ့အတွက် မေတ္တာပို့ တယ်

အမေများနေ့ မှာ
အမေ့ကိုချစ်တဲ့ သမီးတွေက
အမေ့အတွက် မေတ္တာပို့ တယ်

အမေများနေ့ မှာ
အမေပျောက်နေတဲ့
သားသမီးတွေက အမေ့အတွက်
မေတ္တာပို့ တယ်

အမေများနေ့ မှာ
အမေ့ကိုချစ်တဲ့ လူသားအားလုံးက
အမေ့အတွက်အမေ့ကို မေတ္တာပို့ တယ် ….။
အမေများနေ့ မှာ

အမေ့ကိုချစ်တဲ့ သားတွေအတွက်
အမေက မေတ္တာပို့ တယ်

အမေများနေ့ မှာ
အမေ့ကိုချစ်တဲ့ သမီးတွေအတွက်
အမေက မေတ္တာပို့ တယ်

အမေများနေ့ မှာ
အမေပျောက်နေတဲ့
သားသမီးတွေအတွက် အမေက
မေတ္တာပို့ တယ်

အမေများနေ့ မှာ
အမေ့ကိုချစ်တဲ့
လူသားအားလုံးအတွက် အမေက
မေတ္တာပို့ တယ် ….။

အမေများနေ့ မှာ
အမေ့ကို ချစ်လို့ ပို့ တဲ့
မေတ္တာတွေနဲ့ 
အမေက ချစ်လို့  ပို့ တဲ့
မေတ္တာတွေ မွှေးပျံ့ ထုံသင်း
ဟောဒီ ဒွန္နယာကြီးထဲမှာ
အမေ့ကိုချစ်တဲ့သူချင်း
ဝတ်မှုံကူးကြ
ဆရာမောင်ချောနွယ်ရဲ့  စကားနဲ့ ပြောရရင်
 ရင်ဘတ်ချင်းတော့ ခု ဂျက်ပင်ထိုးလိုက်ကြ ရုံပ။  (အမေများနေ့ အမှတ်တရ)                                                                        
The tree are crying
သစ်တောတွေက ငိုကြတယ်
T
သစ်တောတွေက စိတ်မကောင်းဖြစ်ကြတယ်
သစ်ပင်တွေကငိုကြတယ်
သစ်တောတွေက လူတွေနဲ့ စကားပြောချင်ကြတယ် …..

ဒါပေမယ့် လူတွေက
သစ်တောတွေရဲ့ စကားကို နားမထောင်ကြဘူး

သစ်တောတွေက စိတ်မကောင်းဖြစ်ကြတယ်
သစ်ပင်တွေကငိုကြတယ်
သစ်တောတွေက သစ်တောတွေထဲနေထိုင်ကြတဲ့
တိရိစ္ဆာန်တွေကို  အကူအညီတောင်းကြတယ်

သူတို့ ပြောချင်တဲ့ စကားတွေကို
တိရိစ္ဆာန်တွေက တဆင့်
လူတွေကိုပြောပြစေချင်တယ်

သစ်တောတွေက စိတ်မကောင်းဖြစ်ကြတယ်
သစ်ပင်တွေကငိုကြတယ်

တိရိစ္ဆာန်တွေပြောတဲ့စကားကို
လူတွေက နားမထောင်ကြဘူး
့သစ်တောတွေပြောတဲ့ စကားကို
လူတွေက နားမထောင်ကြဘူး
သစ်တောတွေပြောတဲ့ စကားကို
လူတွေနားမထောင်ကြဘူး

သစ်တောတွေက စိတ်မကောင်းဖြစ်ကြတယ်
သစ်ပင်တွေကငိုကြတယ်

သစ်တောတွေက စိတ်မကောင်းဖြစ်ကြတယ်
သစ်ပင်တွေကငိုကြတယ်
သစ်တောတွေက စိတ်မကောင်းဖြစ်ကြတယ်
သစ်ပင်တွေကငိုကြတယ်













Palestine has awakened
နိုးလော့ ထလော့ ပါလက်စတိုင်း

ကမ္ဘာဦးရဲ့ အလင်းအရောင်
ဘုရားသခင်က ဖန်ဆင်း
ကမ္ဘာမြေပြင်ပေါ် ကြဲချပေးလိုက်တယ်….

ကြေမွနေတဲ့နှလုံးသားမှာ
ဘုရားသခင်ထံတော်က ဂရုဏာ တရားနဲ့ 
ကမ္ဘာဦးရဲ့ အလင်းရောင်အောက်မှာ
ပါလက်စတိုင်း ဟာ
ဒူးမထောက် လက်မမြှောက်ပဲ
ခေါင်းမော့ နေနိုင်လာစေရမ ယ်

ဘုရားသခင်ကို ငါယုံတယ်
ပါလက်စတိုင်းရဲ့ သွေးကို ငါယုံတယ်
အသက်သွေးများစွာ ဘုရားသခင်ထံပါး
အမိန့် တော်ခံသွားကြတယ် ….

ဒါ ဘယ်သူ့ အတွက်လည်း

အဖေမဲ့ အမေမဲ့
စစ်ရဲ့  ဒဏ်ရာဒဏ်ချက်တွေနဲ့ 
ခိုလှုံစရာ ရင်ခွင်မဲ့သူခလေးသူငယ်များ
မျိုါ်ဆက်များ တဆက်ပြီးတဆက်
ပါလက်စတိုင်း အလံတော်ကို လက်ဆင့်ကမ်းခဲ့ကြ
ယနေ့ ထက်တိုင်……
လှေခွက်ချည်းကျန် အလံမလှဲ
လှေခွက်ချည်းကျန် အလံမလှဲ
လှေခွက်ချည်းကျန် အလံမလှဲ

ရဲရင့်သက်ဇွဲ
















God and the lonely world on Christmas night
ခရစ်စမတ်ည ဘုရားသခင်နှင့် အထီးကျန်ကမ္ဘာ

ခရစ်စမတ်ညမှာ ဘုရားသခင်ဟာ အလုပ်မအားရှာဘူး ….
ခရစ်စမတ်ညမှာ တတ်နိုင်သူတွေက အပျော်တွေကို အရည်ဖျော်
ဝမ်းထဲမှာ မီးတောက် သောကရောက်စရာဆိုလို့ 
ဒီညအတွက် စီမံထားတဲ့ ကြက်ဆင်သားနဲ့ ဗျစ်ရည် လောက်ပါ့မလား
ဘုရားသခင်ကို ဖိတ်ကြားထားတာ ရောက်ပါ့မလား …….

အရိုးထိအောင်စူးတဲ့ ဒီလိုအေးခဲညမျိုးမှာ
ဘုရားသခင်ကိုတမ်းတ မငြိမ်းချမ်းတဲ့ ဘ၀တွေမှာ
မတတ်နိုင်သူများကတော့ ဒုက္ခနဲ့ စစ်ပြေးနေရ
တောတိုး တောင်ကျော် ဆာလောင်မူနဲ့ ဝမ်းမီးတောက်
သောကရောက်စရာ အသက်နဲ့ ကိုယ်တွဲရက်သာ
နေရပ်ကို ပြန်ရောက်ပါ့မလား ….
တတွတ်တွတ်နဲ့  ရေရွတ်နေတဲ့ နှုတ်ဖျားက ဘုရားသခင်ရဲ့  အမည်နာမ
အမိုးရဲ့  မျက်ရည်တာရိုးကို ရိုက်ချိုးသွားခဲ့တယ်……

မီးဝင်းဝင်းတောက်နေတဲ့ မျက်ဝန်းအစုံရဲ့ နောက်ကွယ်မှာ
တောက်ပတဲ့ အနာဂတ်ဟာ ပြာချခံခဲ့ရပြီပဲ….
ဖိုးခွားလေးရဲ့  အတွေးထဲ မေးခွန်းများက ပလုံစီထလာ
ဘုရားသခင် ဘယ်မှာလဲ ဘုရားသခင် ဘယ်ရောက်နေသလဲ
ဒီလိုခရစ်စမတ်ညမျိုးမှာ ဘုရားသခင်ဟာ တို့ နဲ့ အတူရှိနေမယ်လို့ 
ဆရာလေးစောစံဖိုးရဲ့  ပြောစကားဟာ အမှန်တရားလား …
ဖိုးခွားလေးရဲ့  အတွေးများ ခြာခြာလည်
လူမှန်းသိတတ်စကထဲက တပြေးထဲပြေးနေခဲ့ရတာ
ငါတို့ နဲ့ အတူရှိနေတာက စစ်အာဏာရှင်စနစ်နဲ့  စစ်ပြေးဘဝ
အမှန်တရားအတွက် ဘုရားသခင်ရှိတယ် …. ငါမယုံကြည်နိုင်ဘူး……

ဒီလိုကြေကွဲစရာ ခရစ်စမတ်ညမျိုးနဲ့  ငါတို့ ဘ၀တွေကို
ဘုရားသခင်က
အထီးကျန်ကမ္ဘာထဲမှာ ထားခဲ့တယ် …….။
















Cats do not carry toothpicks around
ကြောင်တွေဟာ သွားကြားထိုးတံ ဆောင်မထားကြဘူး

လည်ပတ်နေတဲ့  သွေးများအေးခဲမတတ်
ဝန်ရိုးစွန်းအရပ်ရဲ့ အအေးဓာတ်ဖြတ်သွားပုံများ
အနှုတ်၂၅တဲ့  ....
ကြောင်တွေတောင်မှ အမြီးမထောင်နိုင်
လူတွေလည်း ဂျိုမထောင်နိုင်
လူတွေ ကြောင်တွေ ငေါင်နေကြမလား ....

ငါ့မှာ ရေစိမ်ထားတဲ့ ပင်ပွားတွေလို
အတွေးတွေပွား ....
ကြောင်တွေကိုကြည့်ရင်း
အတွေးတွေများ .....
မယားနေစ ကြောင်သေမှတဲ့ 
၂၆နှစ်ကျော်ခဲ့တဲ့အိမ်ထောင်သက်မှာ
ကြောင်တွေ ကံကောင်းခဲ့ကြတယ်
ကျားဆရာ ကြောင်တဲ့
ဘ၀တလျှောက်မှာ ကြောင်လိုနေခဲ့မိသလား
နောက်ဆုံးတော့လည်း
အလုပ်မရှိ ကြောင်ရေချိုးဆိုသလို
ကြောင်လို လူတွေကိုရော ရေချိုးပေးရရင်ကောင်းမလား ...
(မိန်းမကတော့ ရှင်လဲကြောင်ပါပဲ ...ငကြောင်တဲ့)

ဝင်ရိုးစွန်းက အေးခဲမှုရဲ့ ပြဇာတ်
မရပ်တော့ဘူးလား
ကြောင်တွေတောင်မှ အမွှေးတွေထောင်လို့ 
ငါလဲ အတွေးတွေ ဖောင်လို့ 
ဘ၀မှာ  အကြိမ်ကြိမ်လဲကျ
ဘယ်နှစ်ခါများ ကြောင်ကျ  ကျခဲ့ဘူးပါသလဲ
ကိုယ့်ကိုယ်ကို မေးခွန်းထုတ်
ကြောင်တွေကတော့ ငုတ်တုတ်ပါပဲ....

ငါ့မှာသာ ကြောင်တွေလို အမြီးမထောင်နိုင်
ကြောင်တွေကလည်း ငါ့လို အတွေးဖောင်နေကြမှာ
သေချာငါမသိနိုင်
လူတယောက်ရဲ့ ဖြစ်တည်မှုနဲ့ 
ကြောင်တကောင်ရဲ့ ဖြစ်တည်မှုမှာ
ဘာတွေကများ ကွာခြားနေပါသလဲ
ငါ ကြောင်တကောင်လို နေကြည့်မိတယ်
ငါ ကြောင်တကောင်လို တွေးကြည့်မိတယ်
ငါ ကြောင်တကောင်လို နာနာကျင်ကျင် အော်နေမိတော့တယ်...
လူတွေ လူတွေ  ငါဖြတ်သန်းခဲ့တဲ့လမ်းမှာ
 ကြောင်လိုမျက်နှာနဲ့ ကြောင်ချေးလို လူတွေ
သွားကြားထိုးတံတော့ ကိုယ်စီကိုက်လို့ .......
 ကြောင်တွေဟာ သွားကြားထိုးတံ .... ဆောင်မထားကြဘူး
             ကြောင်တွေဟာ သွားကြားထိုးတံ ....ူး...
 ကြောင်တွေဟာ သွားကြားထိုးတံ .... ဆောင်မထားကြဘူ
Dreaming the last dream
နောက်ဆုံးအိပ်မက်ကို အိပ်မက်ခြင်း

အိပ်မက်တွေကို ခြေရာခံကြည့်တော့
နှစ်တွေကိုအထုပ်ဖြည်ချ
ခေတ်တွေကို ပီပီသသမြင်ရတယ်
ကြယ်တွေကြွေတုန်းလား ။

အတွင်းစည်း အပြင်စည်း
လူ့ စည်း ဘီလူးစည်း
စည်းတွေရဲ့ ခရီးအကွာအဝေးတွေကြား
လသာသာမှာ ကစားမလား နားမလား
ရိုးစင်းတဲ့ မာယာမများတဲ့  တရား
ကြောက်မက်ဖွယ်ကောင်းလောက်အောင်
ဟောဒီ ဒွန္နယာမှာ ရိုးသားခဲ့ဘူးတယ်။

မိုင်တိုင်များ တွားတွားတက်လာကြ
အရိပ်များ ပိုရှည်လျားလာ
အတ္တများ ပိုသိပ်သည်းလာ
ဘ၀က ပိုပြီးပါးလျလာခဲ့
ကုသိုလ် အကုသိုလ် လမ်းဆုံမှာ
ငါ့ရှိတာအကုန်ပုံရှိုးခဲ့ပြီး
မှောက်ထားတဲ့ နောက်ဆုံးဖဲချပ်
ပွတ်ဆွဲနေဘို့ အချိန်
ငါ့ဘ၀ လက်ကျန်နဲခဲ့ပုံများ
သံဝေဂရစရာ
အရင်းအတိုင်းချပြလိုက်တယ်။

ဟာ ကနဲ ဟင် ကနဲ အသံတွေကြဲသွားတဲ့အခါ
လဲသွားတဲ့ငါ
လွဲသွားတဲ့ငါ
မိသားစုရဲ့  ရှိုက်သံသဲ့သဲ့ နဲ့ 
သေမင်းရဲ့ ဟားတိုက်ရီမောသံ
ငါ့အတွက် မွေးနေ့ လက်ဆောင် ခေါင်းလောင်းသံပဲဖြစ်မယ် ။














Traitor
သစ္စာဖောက်

ကွေးနေသလား
ကောက်နေတာလား
ဖြောင့်နေရဲ့ လား ။

သုံးရာသီ ရေစိမ်ခံရဲ့ လား
အနစ်နာခံရဲလား
ဝန်ချတောင်းပန်နိုင်ပါ့မလား ။

ဦးဆောင်ချင်တာလား
နောက်ကလိုက်ချင်တာလား
ဘေးတိုက်သွားနေတာလား ။

သစ္စာရှိရဲ့ လား
သစ္စာဖောက်မှာလား
နှစ်ဖက်ချွှန်တော့မှာလား ။

နောက်ကြော ဓါးနဲ့ ထိုးမှာလား
ရှေ့ ကနေ မျက်စိထဲ သဲနဲ့ ပက်မှာလား
သွားပုပ် လေလွှင့် ပလဲပနံသင့်နေမှာလား ။

အာဏာရူးတို့ ရဲ့ မစင်နံ့ မှာ
မြူးတူးပျော်ပါး
အရှက်မရှိသူများအတွက်
မေးခွန်းများက အဆိပ်ရည်များသဖွယ်
ပြေးစရာမြေမရှိသလို
ပြည်သူလူထုရဲ့  တံတွေးခွက်မှာ
မင်းတို့ ရဲ့ သမိုင်း
ရိုင်းစိုင်းအကျည်းတန်လာလိမ့်မယ် ။

















I am afraid to get hurt
ဝေဒနာတွေကို ငါ ကြောက်တယ်

ဘယ်အရာမှ
မတည်မြဲဘူး
မီးခိုး တိမ်ခိုးများလို
လေနှင်ရာ ရွေ့ လျား
သောကများနဲ့ ထွက်ခွါ
ရေကြည်ရာ မျက်နုရာ ။

မွန်းတည့်ချိန် နေရဲ့ 
တောက်လောင်မှုလိုမျိုး
အလိုရမ္မက်တို့ 
တဖျင်းဖျင်းတောက်လောင်
ဒုက္ခတရားများက
အာသာငမ်းငမ်း
ဟိန်းဟောက် ခြိမ်းချောက်
ဝေဒနာတွေကို ငါ ကြောက်တယ် ။

သူစိမ်းတို့ ရဲ့  မြေပေါ်မှာ
မစိမ်းသူတို့ ရဲ့ 
ဝင်ကစွပ် ဘ၀များ
ပြိုလွယ် ပျက်လွယ်
ကိုယ်ခံအားနည်းသူတွေအတွက်
သမာဓိ အားကောင်းဘို့ တော့ လိုမယ် ။
ဝေဒနာတွေကို ငါကြောက်တယ် ။

အားတင်းထားဟေ့
ငါက ငါ့ကို ပြန်အားပေး
ငါက ငါ့ကို ပြန်ဆွဲထူ
ကိုယ်ထူ ကိုယ်ထ
အဲဒါမှ ဘ၀က လှမယ်
ဝေဒနာတွေ တော့ ငါကြောက်တယ် ။
















I don´t know anymore… have to think a little
မသိတော့ဘူး …နဲနဲလေးရအောင်တွေး

ဝင်ရိုးစွန်းရဲ့ ဒီတနွေ
နဲနဲ နွေပီသလာတဲ့ အထဲမှာ
တိုက်ခတ်လာတဲ့ လေကတော့
အအေးဓါတ်ကိုသယ်ဆောင်လာတုန်းပဲ ….။

ငါ … အိမ်ရှေ့ ဝရံတာမှာရပ်ရင်းငေး
ဟိုး ….ဝေးဝေးက အနာဂတ်ကိုတွေး
ခပ်ရေးရေး ခပ်ဖြေးဖြေးသာ မပီဝိုးတ၀ါး
ဆည်းဆာတိမ်တောက် အိမ်ပြန်ရောက်ချင်တယ် …..။

စိတ်အာရုံတွေ ကစဥ့်ကလျား
အတွေးများဖရို ဖရဲ
တောင်မင်းကို မြောက်မင်းမကယ်နိုင်
ဒီတခန်းရပ်ပြဇာတ် ဇာတ်နာလှတယ် …

ယုံကြည်မှု စုံလုံးကန်းတဲ့အခါ
ကိုယ့်အိမ်နီးနားချင်းမိတ်ဆွေများရဲ့ 
ဝှက်ထားသောလက်သဲများ အလုအယက်
ဒုက္ခကန္တာရ ကပ်ဆိုးကြီးထဲ
ပွယောင်းယောင်း ယောင်ကိုင်းကိုင်း
အသက်ဓါတ်ဟာ
ထွက်ပေါက်ရှိရာ တွားတွားတက်လာ …..

ကိုယ်မပျော်ပါဘူး
ကိုယ်မငိုပါဘူး …….
ဝင်ကစွတ်ကောင်တို့ ရဲ့ 
စိတ်ထဲ ဘာတွေများရှိလေမလဲ
ရေကြည်ရာ မျက်နုရာသို ထွက်သွားကြသူများ
သမိုင်းမ၀င်ပေယ့် သမိုင်းတွင်နေတဲ့
အသက်စွန့် သွားသူများ
ဘယ်တော့များလည်း နှင်းရယ်
ဘယ်တော့များလည်း နှင်းရယ်

နွေလည် နေ့ ရဲ့  အိပ်မက်
စိတ်ပျက်လက်ပျက်
ကောင်းကွက်တကွက်မှမရှိသော်လည်း
ဒါဟာ လောကရဲ့ သစ္စာတရား …
တို့ မှားသွားလား ..မသိတော့ဘူး
မသိတော့ဘူး…..မသိတော့ဘူး……။





Sleepless night
အိပ်မရတဲ့ည

ဝင်ရိုးစွန်းနားမှာ နွေရာသီဟာ
စနစ်တကျဆုတ်ခွါ
ဆောင်းဦးရာသီက ဂမူးရှုးထိုး ထိုးစစ်ဆင်လာပြီ
ဒီည လသာလိုက်တာ လက်ကုန်ပဲ ။
လရောင်မှာ
ဆေးသမား ယင်းထသလိုမျိုး
ခင်ဝမ်းရဲ့ သူစိမ်းသီချင်းသံက
ဘ၀ရဲ့ အနယ်ကို ထစေတယ်

မြတ်နိုးခဲ့ရတဲ့ သူ့ ကို ကိုယ်မမေ့ဘူး
ကိုယ်မပျော်ပါဘူး

လရောင်ဟာ နှလုံးသားကို
အဆုံးထိ ထိုးခွဲလိုက်တယ် ။

ငါပြေးတယ်
ဒီဝေဒနာကလွတ်မြောက်အောင်
သွေးရူးသွေးတမ်း ပြေးတယ်

ဆန္ဒနဲ့ခံယူချက်တွေကို မဝေခွဲမိခင်
အချစ်ဆုံးကို ဆုံးရှုံးခဲ့ရတဲ့ သူဖြစ်ခဲ့ရတယ်

လရောင်က ငါ့ကို အမြင့်ဆုံးဆွဲယူ
ပြီးတော့ ၀ုန်းဆိုပြုတ်ကျ
တည်ဆောက်ခဲ့ရတဲ့ ခံနိုင်ရည်
တစစီပြန့့်ကြဲ လရောင်ထဲကြဲချလိုက်သလိုမျိုး
အကိုးအကားနှင့်တကွ
သိလိုလျင်လဲ
သိရဖို့
လရောင်ကသာ
ဒါကို ဆွဲငင်ထားတယ် ။

ဒဏ္ဍာရီဆန်လွန်းနေမလား
နှလုံးသားဟောက်ပက်နဲ့  လူတယောက်
လရောင်ကို အငမ်းမရသောက်လို့  …..









When the night I came to Europe
ဥရောပကို ခြေချတဲ့ ညက

နှင်း ပွင့်တွေက လေယာဉ်ပြူတင်းပေါက်မှာ လာကပ်ကြတယ်
လေးယာဉ်ဟာ တဖြည်းဖြည်းနိမ့်ဆင်း နှင်းဖုံးမြေကို ဆင်းတော့မယ်..
အရပ်ရှစ်မျက်နှာ နှင်းတွေဖုံးလွှမ်း တိုက်လာတဲ့လေကြမ်းကြမ်းမှာ
ငါဟာ …. ဘဏ်ဓါးပြတယောက်လို မျက်နှာဖုံးနဲ့  ကိုယ့်ကိုယ်ကို ပြုံးမိသေးတယ်..
ဒီမြေ ဒီရေ ဒီလေ အမျိုးသားရေးဝါဒီ ဟစ်တလာရဲ့  နာဇီဝါဒထွန်းကားရာနေရာလေ

အေးခဲလွန်းတဲ့ ဆောင်းညတွေ
တိတိကျကျပြောရရင် ဥရောပရဲ့ ဆောင်းညတွေ
ငါ အလူးလူးအလိမ့်လိမ့် ခံစား မှေးကနဲပျော်အသွားမှာ
နာဇီတို့ ရဲ့  စစ်ဖိနပ်သံကို ကြားရတယ်
ဂတ်စတာပိုတွေရဲ့  ရက်စက်ကြမ်းကြုတ်မှုတွေမြင်ရတယ်
ဥရောပတိုင်းပြည်များရဲ့  ပြည်သူတို့ ငိုကြွေးသံ
မိုးယံမှာ ပဲ့တင်ထပ်လို့  ……..

ဆီးနှင်ကျသံ ချောက်ချားဖွယ်ရာ ညကြီးးထဲမှာ
အော့နှလုံးနာစရာ အကျဉ်း စခန်းများထဲက
အစုလိုက် အပြုံလိုက် သမိုင်းဝင် ရာဇ၀တ်မှုများ သမိုင်းတင်ခဲ့ပြီ
လူသား ရဲ့ ဖြစ်တည်မှုကို လူသားကပဲဖျက်ဆီး
ပျက်ဆီးသွားတဲ့ လောကပါလတရား
ခံစားတတ်တဲ့ နှလုံးသားမှာ မျက်ရည်များဝေလာ ….

ဆောင်းအိပ်မက်ပါ…..
ဥရောပမြေပေါ်မှ အဖြစ်အပျက်များ
စစ်အာဏာရှင်တို့ ရဲ့  စရိုက်တူမှုများ
ဥရောပ အမေရိက အာရှ အာဖရိက နေရာအနှံ့ အပြား
အာဏာရှင်ဆိုတာ ဒီ ပုတ်ထဲက ဒီပဲများသာ ….

ဟစ်တလာရဲ့  ဇာတ်သိမ်း
အာဏာရှင်တို့ ရဲ့  အာဏာရှင်တို့ ရဲ့  ဇာတ်သိမ်း
ဒီကမ္ဘာမှာ ထပ်တူထပ်မျှပြည်သူတို့ ရဲ့  ဒဏ်ခတ်ခြင်းကို
ခံရတာပဲမဟုတ်လား ……















like an injured bird
ဒဏ်ရာနဲ့  ပျံသန်းနေတဲ့ ငှက်တကောင်

ဝေးကွာမှုအတွင်းက
ကြေကွဲခြင်းအနာ
ဘယ်အရာနဲ့  ကုစားမလဲ
ပြည်ထဲရေးနှင့် ၀မ်းရေးတို့ ထက်
လွမ်းရေးခက်သူ ….

မမြင်နိုင်သောအရာ
ကံကြမ္မာ
ခံနိုင်ရည်ကိုစမ်းသပ်သောအရာ
လောကဓံ
ကိုယ်တိုင်ကြိုးစားလုပ်ကိုင်သောအရာ
ကံ
ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသောအရာ
ဉာဏ် ...
အားထုတ်မှုကိုဖြစ်စေသာအရာ
ဝီရိယ ... စသည်ဖြင့်
တို့ တတွေရဲ့  ခွဲခွါရခြင်းမှာ
ဘာတခုကိုမှ
ယိုးမယ် မဖွဲ့ လို ....

မှားများသွားလား
သံသယစကား သံသယအတွေးနဲ့ 
သံသရာမရှည်စေနဲ့  ညီမလေးရေ
ဘုရားသခင် အလိုမတူရင်
သစ်ရွက်တောင် မလှုပ်ဘူးမဟုတ်လား ….

တိုတောင်းတဲ့ လူ့ ဘ၀မှာ
မိသားစုနဲ့  အတူနေချင်တယ်
အပျော်တွေ မျှဝေချင်တယ်
တကယ်တော့ ကိုယ်ဟာ
အသိုက်အမြုံနဲ့ ဝေးကွာ
ဒဏ်ရာနဲ့  ပျံသန်းနေတဲ့ ငှက်တကောင်ပါ ….












Talking to mother on New Year
နှစ်သစ်မှာ အမေနှင့် စကားပြောခြင်း

တနှစ်ဟောင်းလို့ 
အသစ်ပြောင်းတော့မယ်
သားတို့ မှာ
အသက်တနှစ်သာ ပိုကြီး
အမေ့ရဲ့  ဒုက္ခမီးကို
မငြိမ်းသတ်ပေးနိုင်သေးတာ
ခွင့်လွှတ်ပါ အမေ ။

နှစ်သစ်ကို
ဖြစ်စေချင်တဲ့ ဆန္ဒတွေနဲ့ ချည်နှောင်ထား
မိုးတွင်းဖားတွေလို သံစုံအော်မြည်ကြ
အဲဒီ အော်သံတွေနဲ့  ကျေနပ်
ဒီလိုပဲ နေတတ်ခဲ့ကြတာ
ဝမ်းနည်းစရာမဟုတ်လား အမေ ။

ပယောဂ ကုဆရာတယောက်ရဲ့ 
တတွတ်တွတ် ရေရွတ်သံလိုမျိုး
အမြှုပ်ထွက်မတတ် စကားသံစည်ဝေကြ
အံ့ဖွယ်လိလိ
အင်တာနက်နဲ့ ယူဂျီ လုပ်ကြ
အတွင်းမှာတော့
တယောက် ပြီး တယောက်
အကျဉ်းထောင်တွေထဲရောက်ကုန်ပြီ
မငိုပါနဲ့  အမေ ။

နှစ်ကသာ သစ်လာတာပါ
အတွေးအခေါ် အကျင့်စရိုက်
အလိုက်အထိုက် မျောပါမှုတွေ
ပြောစရာစကား ရှားပါးလွန်းတယ်
အသစ်ထဲမှာ အသစ်ရှာရ
မောလွန်းလှတယ် အမေ ။

သားတို့ မှာတော့
နာကျည်းစိတ်တွေနဲ့ သာ
တိုက်ပွဲကို အရှိန်အဟုန်မြှင့်လို့ 
နှစ်သစ်ထဲ တိုးဝင်ခဲ့ကြပေါ့ အမေ ။









အဖွား.. ဘာဖြစ်လို့  ငိုနေတာလဲလို့ 
သမီးမမေးတော့ပါဘူး …
၁။
အဖွား ငိုတယ်
ဘုရားရှစ်ခိုးနေရင်း နဲ့ လဲ ငိုတယ်
သမီး ရုံးသွားဘို့ ထွက်လာတဲ့အထိ
ငိုနေတုန်းပဲ  …..
အဖွား.. ဘာဖြစ်လို့  ငိုနေတာလဲလို့ 
သမီးမမေးတော့ပါဘူး …
မေးလဲ မမေးရက်တော့ပါဘူး …….
တူမငယ်ရဲ့ 
အွန်လိုင်းကနေ စီးမြောလာတဲ့ အသံအဆုံးမှာ
ကော်နက်ရှင်အောက်သွားတဲ့အသံသာ
ဗုံးတလုံး ပေါက်ကွဲသံလို ငါ့ မှာ ကြေကွဲ …..။
၂။
အမေငိုတယ်
အမေငိုတယ်တဲ့
သားတယောက်က နရသိန်
သားတယောက်က အဝေးအိမ်
မြေးတွေက အတောင်အလက်စုံ
အဖွားရင်ကို ခြေစုန်မကန်ကြပေမယ့်

သူတို့  ယုံကြည်ရာ အရပ်ကို ခိုလှုံကြမယ့်ပုံ
အမေ့ဖြစ်ပုံများ
အဝေးကသားမှာ နှစ်သိမ့်စရာ
စကားရှာမရဘူးမေမေ…။

သင်္ကြန်ပြီးရင်
အမေ့သားကြီး ပြန်လွတ်လာမှာပါ
မျှော်လင့်ချက် ထားခဲ့သမျှ
ထောင်ပြောင်းရမယ်ဆိုတဲ့ သတင်း
သည် မနက်ခင်းမှာ အမေ့ရင်ကို ရိုက်ချိုးသွားပြီ…။
၃။
ရှင်လျက်ကနေ
သေသွားသူတယောက်ရဲ့ 
နှုတ်ဖျားကထွက်လာတဲ့ အသံလိုမျိုး
တိုးတိုးဖွဖွ မပီမသ
မျက်ရည်စတွေနဲ့ ကျနော်လေ
အမေ …..အမေ……အမေ
၎။
အဖွား ငိုတယ်
ဘုရားရှစ်ခိုးနေရင်း နဲ့ လဲ ငိုတယ်
သမီး ရုံးသွားဘို့ ထွက်လာတဲ့အထိ
ငိုနေတုန်းပဲ  …..
အဖွား.. ဘာဖြစ်လို့  ငိုနေတာလဲလို့ 
သမီးမမေးတော့ပါဘူး …
မေးလဲ မမေးရက်တော့ပါဘူး …….

တရားမျှတမှုကိုသာ အမေတောင်းဆိုတယ်

ခြေထောက်တွေကို
ခြေချင်းခတ်ခံရပီးတဲ့နောက်
ထွက်သွားတဲ့ည …..

လက်တွေကို
လက်ထိပ်ခတ်ခံရပီးတဲ့နောက်
ထွက်သွားတဲ့ည …….

ပါးစပ်ပေါက်တွေကို
အဓမ္မ ပိတ်ဆို့ ခံရပီးတဲ့နောက်
ထွက်သွားတဲ့ည ……

မျက်လုံးအစုံကို
ထိုးဖောက်ခံခဲ့ရပီးတဲ့နောက်
ထွက်သွားတဲ့ည ……

ချီထားတဲ့လက်အုပ်ဟာ
နှလု့းသားရဲ့ အလိုမတူပဲ
တဆတ်ဆတ်တုန်ခါနေ

အမေအိုခမျာ မျက်ရည်မကျပဲနဲ့ 
ရှိုက်ရှိုက်ငိုကာ ခန္ဓာကိုယ်ဟာ
တဆတ်ဆတ်တုန်ခါနေ…..
                                                                                      ညကတော့
အမေနဲ့ သားကြားမှာ
တဆတ်ဆတ်တုန်ခါနေ ……

တခါ တခါ အဝေးက သေနတ်သံဟာ
အမေ နဲ့  သားရဲ့  ကြားက
တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ်
                                                                           အမေ့ကို ဦးအချမှာ မျက်ရည်တစ
ကျမ်းပြင်ပေါ်ကြွေကျသွားတယ် ……

အမေ့ဆီကလာတဲ့အသံ
ခပ်တိုတိုးလေးဆိုပေမယ့် တင်းမာပြတ်သားတဲ့အသံ
ရှင်မလား သေမလား
ပြန်ဆုံမှာလား မဆုံနိုင် နိုင်တော့ဘူးလား
မရေရာမသေချာလှဘူး
သေချာတာတခုက
အသက်စွန့် သွားတဲ့ အမေ့သားတွေအတွက်
အသက်တချောင်းကို အသက်တချောင်းခြင်း
မျက်လုံးတလုံးကို မျက်လုံးတလုံးခြင်း
ရင်းစားပြန်ရချင်တဲ့ တရားမျှတမှုမျိုးကိုသာ အမေတောင်းဆိုတယ်
 အမေ့သား… သွားတော့ …. သွားတော့အောင်ပွဲဆိုတာ
 တိုက်ရဲသူအတွက်  ယုံကြည်လျက်ပင် …….

ရဲရင့်သက်ဇွဲ
၃၁၀၇၂၀၁၂

























ဂျုလီယာ(သို့ ) ဥရောပဝေဒနာညများ

ငါမြေကြီးကိုငေးကြည့်နေတဲ့အခါ
ပန်းပွင့်တိုင်းက အချစ်ကိုရှာဖွေ
ဝေဒနာတွေထွက်ခါသွားစေဖို့ အရိပ်ကိုရှာ
သူ့ကိုငါ လိုက်လို့ဖွေရှာ
မင်းရဲ့ ချစ်အရိပ်ထဲမှာ ငါ့ကိုသူတွေ့မှာပါ
တောတန်းတစ်လျှောက် တို့နှစ်ယောက်
လမ်းလျှောက်ဖို့ ခြေဦးလှည့်လိုက်တော့
သန့်စင်မွန်မြတ်တဲ့ အချစ်တွေနဲ့
အဲဒီ အရပ်က ကြိုဆိုကြလေရဲ့ ဂျူလီယာ။

အကြိမ်ကြိမ် အခါခါ ပြောခဲ့ပြီးသားပဲ
ဒါတောင်မှ ရိုးမသွားနိုင်ဘူး
အကြိမ်ကြိမ် အခါခါ ထပ်ပြောပါဦး
မင်းကိုငါချစ်တယ်
မင်းကိုငါချစ်တယ်…. တ ကယ်
မင်းကိုငါချစ်တယ်….. တကယ်ပါ   ဂျူလီယာ။

ဒီလိုဆောင်းဦးပေါက်ရာသီမှာပဲ
မင်းကိုစတွေ့ခဲ့တာ မဟုတ်ဘူးလား ဂျူလီယာ
ဒီလိုဆောင်းဦးပေါက်ရာသီထဲမှာပဲ
မင်းငါ့ကို လွှတ်ချထားခဲ့တာပဲမဟုတ်လား

ဟောဒီ ၀င်ရိုးစွန်း ရဲ့ အရပ်
ပြဇာတ်ဆန်တဲ့ ရာသီစက်ဝန်းထဲမှာ
ငါဟာ သူစိမ်းတစ်ယောက်ပါ
ငါ့ဘ၀က ကုန်လွန်ခဲ့တဲ့နွေဦးနဲ့ နွေလို
ပျော်စရာမကောင်းခဲ့ဘူး။
ငါဟာစစ်ပွဲတွေ အကျဉ်းစခန်းတွေ
လူသေတွေကြားက ဖြတ်သန်း
မသိစိတ်က မင်းရှိနေတဲ့အရပ်ဆီကို ပျံသန်း
ငါရဲ့ ပဉ္စမမြောက် နံရိုးကို နမ်းရှိုက်ခွင့်ပြုပါ

ဂျူလီယာ
ရာသီတွေက ပုံမှန်အတိုင်း လည်ပတ်နေကြတယ်

နွေဦး နွေရာသီတို့ ကုန်ဆုံးလွန်မြောက်
ဆောင်းဦးပေါက်ကို ရောက်ခဲ့ပြီ
စစ်ပွဲတွေအပွဲပွဲ နွှဲခဲ့သမျှ
ဒီအချစ်တစ်ပွဲဟာ စစ်ပွဲတစ်ရာထက်ခက်လှချည်ရဲ့

ဂျူလီယာ
မင်းပြုံးတယ်
မိုနာလီဆာ အပြုံးထက်ပိုလှတဲ့ အပြုံး
ငါရဲ့တောင်ကုန်းတွေ တစ်လုံးပြီးတစ်လုံး
အဲဒီမင်းရဲ့ အပြုံးအောက်မှာ
ကျရှုံးခဲ့ရတာပဲမဟုတ်လား။
ဂျူလီယာ

အနာဂါတ်ကို… ငါ….ကြိုမမြင်ခဲ့ပါဘူး
အနာဂါတ်ကို… ငါ….ကြိုမသိခဲ့ဘူး
အနာဂါတ်ကို… ငါ…….

ဂျူလီယာ တကယ်တော့
ငါက  မင်းနှလုံးသားကိုချစ်ခဲ့တာပါ
ဂျူလီယာ
ငါက  မင်းရိုးဖြောင့်မှုကိုချစ်ခဲ့တာပါ
ဂျူလီယာ
ငါက  မင်းအတွက်ဆို   အရာရာကိုစွန့်ဝံ့ခဲ့သူပါ
ဂျူလီယာ ငါက မင်းကို ချစ်ခြင်းတရားတွေနဲ့သာ
တုပ်နှောင်ထားခဲ့လိုသူပါ
ငါတို့နှစ်ဦးသားရဲ့အဖြစ်အပျက်တွေဟာ
နွေရာသီနဲ့အတူ ကျန်ရစ်ခဲ့
ရာသီတစ်ပတ်လည်ပတ်ခဲ့
ဟောဒီ Autumn ရာသီဟာ
ငါ့နှလုံးသားကို
ရုပ်ပျက်ဆင်းပျက် လောင်မြိုက်လွန်းတယ် ဂျူလီယာ

ဂျူလီယာ
ငါဟာ မင်းပြစ်ချခဲ့တဲ့ ဆောင်းဦးပေါက်ရာသီထဲ
ရိုးတံအမြိုင်းမြိုင်းနဲ့ အထီးကျန်လို့
ညနေခင်းတိုက်ခတ်လာတဲ့ လေဟာ
ဆောင်းဦးပေါက်လာပြီဆိုတာ သတိရစေရဲ့
ငါဟာ နှလုံးသားမဲ့ ကမ္ဘာရဲ့ နှလုံးသား
ငါဟာ ဟောဒီ Autumn ရာသီရဲ့ အသည်းကွဲသမား
ငါဟာ ဟောဒီ Autumn ရာသီညတွေရဲ့
ကောင်းကင်ယံက တေးသမား
ငါဟာ Autumn ရာသီတွေထဲမှာ
မင်းကိုလွမ်းလိုက်ရတာလက်ကုန်
မင်းကတော့
စုန်ကန်တဲ့မြင်း အတတ် ကို
ကျင်လည်တတ်ကျွမ်းသွားခဲ့ပေါ့ ဂျူလီယာ
ဂျူလီယာ  ….. ဂျူလီယာ    …..

ရဲရင့်သက်ဇွဲ


































ဖေဖေါ်ဝါရီ တဆယ့်သုံးရက်ကို အမြင့်ဆုံးလွှင့်ထူလိုက်ကြရဲ့ 

ပဉ္စလက်ဆံဆံ
မှော်အတတ်များ
အတောမသတ်ကြီးထွား
ကောင်းတာကလွဲလို့ 
မကောင်းတာမှန်သမျှ
အကုန်ရတဲ့ နေရာကြီးမှာမွေးဖွားကြီးပြင်း
ကျနော်တို့ ရဲ့  လူငယ်တွေ
လူဖျင်းတွေတော့ မဟုတ်ဘူး ။

အရင်က ဘာတွေဖြစ်ခဲ့လဲ
အခု ဘာတွေဖြစ်နေလည်း
နောက်ဘာတွေ ဖြစ်ဦးမှာလဲ
အကုန်သိတယ်…..
အရင်က ဘာတွေလိုချင်ခဲ့လဲ
အခု ဘာတွေ လိုချင်နေလဲ
နောက် ဘာတွေလိုအပ်ဦးမလဲ
အကုန်သိတယ် ။

အင်္ဂလိပ် ဗမာ ပထမစစ်
………………..
ဒုတိယစစ်
……………….
တတိယစစ်
နယ်ချဲ့ ကျွန် ဖြစ်ခဲ့ရတာ သိတယ် ၊
သူ့ ကျွန်အဖြစ် နွံနစ်မခံ
မျိုးချစ်တွေရဲ့  ပုန်ကန်မှုတွေကို သိတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို သိတယ်
နတ်မောက်နယ်သား ဗိုလ်မင်းရောင်ကို သိတယ်
လယ်သမားအရေးတော်ပုံ ဆရာစံကို သိတယ်
သခင်အောင်ဆန်းကို သိတယ်
သခင်ဗဟိန်းကို သိတယ်
သခင်သန်းထွန်းကို သိတယ်
ဗိုယ်အောင်ကျော်ကို သိတယ်
သူတို့ မမွေးခင်က သမိုင်း
သူတို့ ရဲ့  ဘ၀ အစိတ်အပိုင်းတခုလိုကို သိတယ်။

သူတို့ မွေးပြီးတဲ့နောက်ပိုင်း
ခမ်းနားကြီးကျယ်တဲ့ 
ကျောင်းသားလှုပ်ရှားမှုသမိုင်း
ပြည်သူလူထု လှုပ်ရှားမှု သမိုင်း
သံဃာ့ လှုပ်ရှားမှု သမိုင်း
ရိုင်းစိုင်းတဲ့ အုပ်စိုးသူလူတစုရဲ့ 
လူမဆန်တဲ့ သမိုင်း
အကုန်သိတယ် ။
မျိုးဆက်တို့ ရဲ့ စီးဆင်းမှု
တာဝန်သိမှု တာဝန်ယူမှုများထဲက
ကိုယ့်ဘ၀ထက် ပြည်သူ့ ဘ၀ကို ပိုချစ်တဲ့
အမေ တယောက်ရဲ့ အကြောင်းကို သိတယ် ။

အရိုင်းစံ အရိုးခံ လူသားဘ၀ကို ချစ်မြတ်နိုးတဲ့ 
သုံးဆယ့်နှစ်နှစ် အရွယ် လူတယောက်
ရာဇ၀င်ပြောင်မြောက်တဲ့ စွမ်းဆောင်ချက်တွေ
စိတ်ဓာတ်နဲ့ စိတ်ထား စံထားလောက်တဲ့တရားများ
မျိုးဆက်သစ်လူငယ်များရဲ့ အကြားမှာ
တောက်ပ ၀င်းလက် အနာဂတ်အတွက်
သူတို့ 
ဖေဖေါ်ဝါရီ တဆယ့်သုံးရက်ကို အမြင့်မြတ်ဆုံး လွှင့်ထူလိုက်ကြရဲ့  ……

ရဲရင့်သက်ဇွဲ




















ခြောက်ချားစရာကောင်းတဲ့ ည


ခြောက်ချားစရာကောင်းတဲ့ည မှာ
လေပြင်းတွေ တိုက်နေတယ်
အဲ့သလို
ခြောက်ချားစရာကောင်းတဲ့ညမှာ
ကြားရတဲ့ တယောသံဟာ
အသဲကွဲသမားတယောက်ရဲ့ 
ချောက်ကပ်ကပ်နဲ့ ရယ်သံလို
ညအမှောင်ထုကို ခြောက်လှန့် နေတယ် ……

တခါခါ အဝေးက လေပြင်းတိုက်သံဟာ
ကိုယ့်ဘ၀ရဲ့  ရပိုင်ခံစားခွင့်တွေ
ဖြတ်တောက်ခံရတော့မယ့် သူတွေရဲ့ 
နာကျည်း ငြီးတွားသံလိုမျိုး သူ့ ကို
တိုးဝှေ့ သွားကြတယ်

အိပ်မရတော့တဲ့ညမို့ 
တံခါးကို အဖွင့်မှာ ရေဒီယိုက
အံကျလာတဲ့အသံ
သပိတ်ဘာကြောင့် မှောက်ရတယ်
ပြည်သူတွေ ဘယ်လိုနစ်နာသလဲ
ဒီဘိတ် လုပ်သံ ဆူညံသံက
သူ့ ရဲ့ အသိတရားကို
သူ့ ရဲ့ ကိုယ်ထဲဆွဲသွင်းလိုက်တယ်…..

အနာဂတ်ကို မော့ကြည့်လိုက်တယ်
တိုက်ပွဲတွေက ပြည့်လို့ 
သူဘာလုပ်ရမယ်ဆိုတာ
သူသိသွားတဲ့အခါ
သူ့ ခြေလှမ်းတွေဟာ
သူ့ ဘ၀တူတွေရှိရာအရပ်ကိုဆွဲဆောင် လို့ 
သူ ထွက်သွားခဲ့ပြီ …..

ခြောက်ချားစရာကောင်းတဲ့ ညမှာ
လေပြင်းတွေကတိုက်နေတုန်းပဲ …….


ရဲရင့်သက်ဇွဲ

၁၇   စက်တင်ဘာ ၂၀၁၅

ည ၂း၃၉နာရီဲ










Friday, May 04, 2018

Palestine has awakened နိုးလော့ ထလော့ ပါလက်စတိုင်း


Palestine has awakened
နိုးလော့ ထလော့ ပါလက်စတိုင်း

ကမ္ဘာဦးရဲ့ အလင်းအရောင်
ဘုရားသခင်က ဖန်ဆင်း
ကမ္ဘာမြေပြင်ပေါ် ကြဲချပေးလိုက်တယ်….

ကြေမွနေတဲ့နှလုံးသားမှာ
ဘုရားသခင်ထံတော်က ဂရုဏာ တရားနဲ့ 
ကမ္ဘာဦးရဲ့ အလင်းရောင်အောက်မှာ
ပါလက်စတိုင်း ဟာ
ဒူးမထောက် လက်မမြှောက်ပဲ
ခေါင်းမော့ နေနိုင်လာစေရမ ယ်

ဘုရားသခင်ကို ငါယုံတယ်
ပါလက်စတိုင်းရဲ့ သွေးကို ငါယုံတယ်
အသက်သွေးများစွာ ဘုရားသခင်ထံပါး
အမိန့် တော်ခံသွားကြတယ် ….

ဒါ ဘယ်သူ့ အတွက်လည်း

အဖေမဲ့ အမေမဲ့
စစ်ရဲ့  ဒဏ်ရာဒဏ်ချက်တွေနဲ့ 
ခိုလှုံစရာ ရင်ခွင်မဲ့သူခလေးသူငယ်များ
မျိုါ်ဆက်များ တဆက်ပြီးတဆက်
ပါလက်စတိုင်း အလံတော်ကို လက်ဆင့်ကမ်းခဲ့ကြ
ယနေ့ ထက်တိုင်……
လှေခွက်ချည်းကျန် အလံမလှဲ
လှေခွက်ချည်းကျန် အလံမလှဲ
လှေခွက်ချည်းကျန် အလံမလှဲ

ရဲရင့်သက်ဇွဲ

The tree are crying သစ်တောတွေက ငိုကြတယ်


The tree are crying
သစ်တောတွေက ငိုကြတယ်

သစ်တောတွေက စိတ်မကောင်းဖြစ်ကြတယ်
သစ်ပင်တွေကငိုကြတယ်
သစ်တောတွေက လူတွေနဲ့ စကားပြောချင်ကြတယ် …..

ဒါပေမယ့် လူတွေက
သစ်တောတွေရဲ့ စကားကို နားမထောင်ကြဘူး

သစ်တောတွေက စိတ်မကောင်းဖြစ်ကြတယ်
သစ်ပင်တွေကငိုကြတယ်
သစ်တောတွေက သစ်တောတွေထဲနေထိုင်ကြတဲ့
တိရိစ္ဆာန်တွေကို  အကူအညီတောင်းကြတယ်

သူတို့ ပြောချင်တဲ့ စကားတွေကို
တိရိစ္ဆာန်တွေက တဆင့်
လူတွေကိုပြောပြစေချင်တယ်

သစ်တောတွေက စိတ်မကောင်းဖြစ်ကြတယ်
သစ်ပင်တွေကငိုကြတယ်

တိရိစ္ဆာန်တွေပြောတဲ့စကားကို
လူတွေက နားမထောင်ကြဘူး
့သစ်တောတွေပြောတဲ့ စကားကို
လူတွေက နားမထောင်ကြဘူး
သစ်တောတွေပြောတဲ့ စကားကို
လူတွေနားမထောင်ကြဘူး

သစ်တောတွေက စိတ်မကောင်းဖြစ်ကြတယ်
သစ်ပင်တွေကငိုကြတယ်

သစ်တောတွေက စိတ်မကောင်းဖြစ်ကြတယ်
သစ်ပင်တွေကငိုကြတယ်
သစ်တောတွေက စိတ်မကောင်းဖြစ်ကြတယ်
သစ်ပင်တွေကငိုကြတယ်

Thursday, May 03, 2018

သံသရာအဆုံးထိအော်သံများ

သံသရာအဆုံးထိအော်သံများ

လူတွေ အော်ကြတယ်/ငိုကြတယ်
ခလေးတွေ အော်ကြတယ်/ငိုကြတယ်
လူငယ်တွေ အော်ကြတယ်/ငိုကြတယ်
လူကြီးတွေ အော်ကြတယ်/ငိုကြတယ်
အဖိုးကြီး အဖွားကြီး တွေ အော်ကြတယ်/ငိုကြတယ်
ဘ၀ထဲကို ၀င်လာကြတဲ့အခါ အော်ကြတယ်/ငိုကြတယ်
ဘ၀ကိုဖြတ်သန်းနေချိန်မှာလည်း အော်ကြတယ်/ငိုကြတယ်
ဘ၀ထဲက ပြန်ထွက်သွားတဲ့အခါ အော်ကြတယ်/ငိုကြတယ်။

လူနုံ လူအတွှေဟာ တိုင်းပြည်ကို
မအုပ်ချုပ်နိုင်ကြဘူး အော်ကြတယ်/ငိုကြတယ်
လူတော် လူနပ်တွေဟာ တိုင်းပြည်ကို
အုပ်ချုပ်နိုင်ကြတယ် အော်ကြတယ်/ငိုကြတယ်

တော်လှန်ရေးတရပ်ကို ဆင်နွှဲဘို့ လိုပြီ
ကျောင်းသားတွေရဲ့ အဆုံးအဖြတ်
အနာဂတ်အတွှက်ပါ အော်ကြတယ်/ငိုကြတယ်

နိုင်ငံရေး ယုံကြည်ချက် အကျဉ်းသား
နှစ်ရှည်ထောင်ဒဏ် သေဒဏ်
လွတ်မြောက်လာပြန်တော့လည်း
ကြေမွှ ပျက်သုဉ်း ဘ၀တွေဆုံးရတဖန် အော်ကြတယ်/ငိုကြတယ်

အတိုက်အခံတွေ ရွေးကောက်ပွဲအနိုင်ရတော့
အခြေခံဥပဒေ ဟာမတရားပြဌာန်းထားမှန်းသိရက်နဲ့ 
အဲဒါကြီးကို ကိုင်ပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြတယ်.....
အော်ကြတယ်/ငိုကြတယ်
အနိုင်ရပါတီအစိုးရဖွဲ့ 
နှစ်အတန်ကြာ တိုင်းပြည်ဟာ
အဖက်ဖက်က ချွတ်ချုံကြလာ အော်ကြတယ်/ငိုကြတယ်

လက်ရှိအစိုးရဆိုပေမယ့်
လက်ဆုပ် လက်ကိုင် ရှိတာလေးကိုတောင်မှ
အစိုး မရတဲ့ အစိုးရ အော်ကြတယ်/ငိုကြတယ်

နောက်ဆုံးမှာတော့ ပြည်သူတရပ်လုံး
အားမလို အားမရ မီးခိုးတွေဖုံးသလိုမျိုး
၂၅ကျပ်သား လက်ခုပ်ထဲကရေ အော်ကြတယ်/ငိုကြတယ်

အနိုင်ရ ပါတီ ဘာကို အနိုင်ရသလဲ
ပြည်သူလူထုကြှီးရဲ့ ငိုကြွေးရှိုက်သံ
မေးခွန်းများ မိုးယံထိုးဖောက်ထွက်လာ
အော်သံ ငိုသံကို
သံသရာအဆုံးထိကြားရမယ် .....။

ရဲရင့်သက်ဇွဲ

သင်္ကြန်ပိုး

သင်္ကြန်ပိုး

ဘယ်သူမှသွေးထိုးမပေးခဲ့ဘူး
လရောင်နဲ့ မက်တဲ့ အိပ်မက်
ပိတောက်ကိုင်းဖျားနားက
ဝါရွှေရွှေပွင့်ခက်
နှလုံးသားနဲ့ ပွေ့ ဖက်ခဲ့ဘူးတယ်၊၊

တကယ်တော့
တနှစ်မှာ တရက်
တရက်မှာ တကြိမ်
သစ္စာထား နှစ်ပါးသွားကကွက်များ
ပျက်ယွင်းခဲ့ တာ အကြိမ်ကြိမ်
ပိတောက်ဟာ ကျိန်စာများသင့်ခဲ့လေသလား၊
ကိုယ်ကပဲ ကျိန်စာခခဲ့လေသလား..။

ဘယ်နှစ်ကြိမ်မြောက်မှန်းမသိအောင်
တမ်းတမိတဲ့ ဒီလူရဲ့ ရင်မှာ
ဒဏ်ရာဒဏ်ချက်တွေက တောထလို့ 
ထွက်သက် ၀င်သက်တိုင်းမှာ
မင်းကို ချစ်ခဲ့မိတဲ့ ကိုယ့်ရဲ့ နှလုံးသား
ရင်ကို ဖွင့်ကြည့်စမ်း ဘာတွေတွေ့ နိုင်မလဲ
အရာရာ ကိုယ်လေ ယောင်မှား
လွင့်မျောစိတ်တွေ....

ဘာရယ်လို့ မဟုတ်ပါဘူး
ဆောင်းဘောက်ကလွင့်ပျံ့ လာတဲ့
သင်္ကြန်မိုး သီချင်းသံမှာ ပျော်ဝင်စီးမျော
လရောင်မှာ ဆေးသမားယင်းထသလိုမျိုး
အအိပ်ပျက် အစားပျက်
ပိတောက်နဲ့ အတာရေကို
ချစ်မက်နေပုံများ.........................
ကြာရင်သေမယ့်လူ ။။။

ရဲရင့်သက်ဇွဲ

Saturday, September 02, 2017

At the end of the road.


some
came onto the track
Shivering with fear
but in the face
they seem very much ready
Just like a real athlete

some
for all their crimes
they put on the mask
of a prince
and came onto the track

some
believe everything they hear
built a house in empty air
can't differentiate who
Is good and bad
but still they came
Onto the track

Some
want to fight
For justice
Regardless of being
Weak or strong
Just with a good heart
They came onto the track

Victory or failure
it's something
at the end
Of the track
I wonder what
Would the participants
Receive in the end

At the end
Of the track
do what you need to do
but also beware of danger


Poerm by ye yint thet zwe
Translate by ye yint tin aung moe