ရွှေမန်းပြန်ရင် လိုက်သွားကြ
အရှက်မရှိသူများရဲ့ 
ပက်လက်လှန်တံတွေး ထွေးတဲ့ပွဲမှာ
ဇီးသီးသယ်မဗျိုင်းများ
လက်ခုပ်တဖျောင်းဖျောင်းတီးလို့  …….
သွေးစွန်းလက်တွေကို
ဆွေမျိုးရင်းချာပမာဖက်လှဲတကင်းဆုပ်ကိုင်လိုက်တဲ့အချိန်မှာ
သင်တို့ ရဲ့ လာရာ အတိတ်လမ်းဆီက
အရိပ်များ
မီးပြတိုက်ရဲ့ အချက်ပြမီးရောင်
တလက်လက်အောက်မှာ
မျက်ရည်စက်လက် …………..
မျက်ဝါးထင်ထင် တွေ့ မြင်ရပြီ
ဒီကွေ
့မှာ ဒီတက်
ဟိုကွေ
့မှာ ဟိုတက်ယုံကြည်ချက်က ခွေးကတက်မှာ
သြော် … ရန် ငါ စည်းပြတ်ကြပုံများ ……
ဘာကိုယုံလို
့ ဘာကိုပုံကြမှာတဲ့တုန်း
သွေးဆာနေသူရ
ဲ့ နှုတ်ဖျားကပြုပြင်ပြောင်းလဲမှုလိုလားတဲ့တရားဟာ
ပြည်တွင်းက လက်ရှိအခြေအနေဆိုးများ
တိုင်းရင်းသားဖိနှိပ်မှုများ စတဲ့
မငြိမ်းချမ်းမှုများကို မျက်ကွယ်ပြုထားခဲ့တယ်….
အကုန်လိုက်ပြန်ကြ…………။
ရဲရင့်သက်ဇွဲ ၂၁၀၆၂၀၁၃
1 comment:
လာခဲ့မယ် အစ်ကို။ ကဗျာတွေတွေ့ တယ်။ ဆက်ရေးပါ။ စာအုပ်လေးတအုပ်လောက် ထပ်လုပ်နိုင်ရင်ကောင်းမယ်။ အမေရှိတုန်းကလို။
Post a Comment