Wednesday, February 17, 2016

လူ့ အလိုနတ်မလိုက်နိုင်ဘူး

လူ့ အလို နတ်မလိုက်နိုင်ဘူး

လူ့ အလို နတ်မလိုက်နိုင်ဘူး
ဆိုစကား
ငါရိုးသားစွာ မှတ်သားမိဘူးတယ်

အခုရော အနိုင်ရ ပါတီ
ပြည်သူ့ အလို ကို လိုက်နိုင်ပါ့မလား
ငါစိုးရိမ်မိတယ် .....

ပြည်သူတွေခမျာ
ရာစုနှစ်များစွာ
ဆိုးသွမ်းရမ်းကားသူလူတစုနဲ့ 
စနစ်တခုရဲ့ အောက်မှာ
ခါးသည်းနာကျည်းစွာ ခံစား
ပြောင်းလဲမှုကိုလိုလားတဲ့မီး
အလျှံတငြီးငြီးတောက်လောင်လို့ ......

ပြည်သူ့ ရင်ထဲကဆူးများ
သောင်ပြိုကမ်းပြို
ဆူးများ
အနိုင်ရပါတီ နှုတ်ပေးနိုင်ပါ့မလား
တွေးတွေးပြီး ငါ့မှာ
စားမ၀င်အိပ်မပျော် ......
အနိုင်ရပါတီရော
စားဝင်အိပ်ပျော်ပါ့မလား....

အနာသိရင်ဆေးရှိရမယ်
အခု
အနာလဲသိပြီ ဆေးလဲရှိပြီ
ကုသတဲ့နည်းစနစ် မမှားဘို့ သာလိုသည်

ပြည်သူလူထုကြီးရေ
လူ့ အလို နတ်မလိုက်နိုင်ဘူး .....

ရဲရင့်သက်ဇွဲ

No comments: