Wednesday, July 03, 2013
မသိတော့ဘူး …နဲနဲလေးရအောင်တွေး
မသိတော့ဘူး …နဲနဲလေးရအောင်တွေး
ဝင်ရိုးစွန်းရဲ့ ဒီတနွေ
နဲနဲ နွေပီသလာတဲ့ အထဲမှာ
တိုက်ခတ်လာတဲ့ လေကတော့
အအေးဓါတ်ကိုသယ်ဆောင်လာတုန်းပဲ ….။
ငါ … အိမ်ရှေ့ ဝရံတာမှာရပ်ရင်းငေး
ဟိုး ….ဝေးဝေးက အနာဂတ်ကိုတွေး
ခပ်ရေးရေး ခပ်ဖြေးဖြေးသာ မပီဝိုးတ၀ါး
ဆည်းဆာတိမ်တောက် အိမ်ပြန်ရောက်ချင်တယ် …..။
စိတ်အာရုံတွေ ကစဥ့်ကလျား
အတွေးများဖရို ဖရဲ
တောင်မင်းကို မြောက်မင်းမကယ်နိုင်
ဒီတခန်းရပ်ပြဇာတ် ဇာတ်နာလှတယ် …
ယုံကြည်မှု စုံလုံးကန်းတဲ့အခါ
ကိုယ့်အိမ်နီးနားချင်းမိတ်ဆွေများရဲ့ 
ဝှက်ထားသောလက်သဲများ အလုအယက်
ဒုက္ခကန္တာရ ကပ်ဆိုးကြီးထဲ
ပွယောင်းယောင်း ယောင်ကိုင်းကိုင်း
အသက်ဓါတ်ဟာ
ထွက်ပေါက်ရှိရာ တွားတွားတက်လာ …..
ကိုယ်မပျော်ပါဘူး
ကိုယ်မငိုပါဘူး …….
ဝင်ကစွတ်ကောင်တို့ ရဲ့ 
စိတ်ထဲ ဘာတွေများရှိလေမလဲ
ရေကြည်ရာ မျက်နုရာသို ထွက်သွားကြသူများ
သမိုင်းမ၀င်ပေယ့် သမိုင်းတွင်နေတဲ့
အသက်စွန့် သွားသူများ
ဘယ်တော့များလည်း နှင်းရယ်
ဘယ်တော့များလည်း နှင်းရယ်
နွေလည် နေ့ ရဲ့  အိပ်မက်
စိတ်ပျက်လက်ပျက်
ကောင်းကွက်တကွက်မှမရှိသော်လည်း
ဒါဟာ လောကရဲ့ သစ္စာတရား …
တို့ မှားသွားလား ..မသိတော့ဘူး
မသိတော့ဘူး…..မသိတော့ဘူး……။
ရဲရင့်သက်ဇွဲ
၀၃၀၇၂၀၁၃
Subscribe to:
Post Comments (Atom)
No comments:
Post a Comment