Monday, June 27, 2011

အိပ်မက်တယ်

အိပ်မက်တယ်

နွေရာသီတဲ့
နေ့ မရှိတဲ့ ည မရှိတဲ့
ဝင်ရိုးစွန်းနားကပ်နေတဲ့ အရပ်
ငါ့အတွက်တော့ ပြဇာတ်ဆန်တယ် ….။

မိုးလင်းနေတာလား မိုးချုပ်နေတာလား
နေ၀င်နေတာလား နေထွက်နေတာလား
မငြိမ်းသောအလင်းရောင်
ငါ့ကို … လှောင်ပြောင်နေကြတယ် …
တ၀မ်းတခါး ကျောချစရာ တနေရာ
ရေကြည်ရာ မြက်နုရာ ရှာ ရှာ ရှာ
ရေသာများပြီး ငါးမတွေ့  …..။


ခြေသလုံးအိမ်တိုင်ပဲဆိုဆို
ရေမျောကမ်းတင်ပဲပြောပြော
ကမ္ဘာတလွှား ဘယ်နေရာပဲ သွားသွား
ဘယ်နေရာပဲ နားနား

နေ့  နေ့  ည ည ဧရာဝတီကို အိပ်မက်တယ်
လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်းကို အိပ်မက်တယ်
မျှော်လင့်ချင်းများစွာနဲ့ စောင့်မျှော်နေတဲ့ အမေ့ကို အိပ်မက်တယ်

တနေ့  …..
တဦးနဲ့ တဦး ဟစ်အော် နှုတ်ဆက်
ပွေ့ ဖက်ကြည်နူး မျက်ရည်လူးတဲ့မြင်ကွင်း
ငါတို့ အားလုံးရဲ့  အိမ်ပြန်ချင်တဲ့ ချဉ်ချင်း တနေ့ 
အဲဒီတနေ့ ကို အိပ်မက်တယ် …. .။


ရဲရင့်သက်ဇွဲ
၂၆၀၆၂၀၁၁


No comments: