Wednesday, March 16, 2011

ဆိုကြပါဆို့ …..

ဆိုကြပါဆို့ …..

သူမရဲ့ အကြည့်တချက်မှာ
ငါ့ .. ဘ၀တခုလုံး
ပုံအပ်တဲ့အထိ ဖြစ်ခဲ့တယ်ဆိုကြပါဆို့ 

သူမရဲ့ အပြုံးတစမှာ
ငါ့ … နှလုံးသားကြွေကျ
စက္ခုရူပေန သံဝါသ ဖြစ်ခဲ့တယ်ဆိုကြပါဆို့ 

သူမရဲ့ မျက်ရည်စတွေက
ငါ့ …ရင်မှာတောက်လောင်တဲမီးကို
ငြိမ်အေးးစေခဲ့တယ် ဆိုကြပါဆို့ 

သူမရဲ့  ဘ၀မှာ
ငါဟာ..ဘယ်နှစ်ယာက်မြောက်ဆိုတာထက်
ဘယ်လောက်တောင် ချစ်ခင်မြတ်နိုးခဲ့ရတယ် ဆိုကြပါဆို့ 

သူမရဲ့  တားမြစ်ခံရတဲ့
သစ်သီးတလုံးဟာ
ငါ … ဖြစ်တယ်ဆိုကြပါဆို့ 

ငါ့ရဲ့  ..တားမြစ်ခံရတဲ့
သစ်သီးတလုံးဟာ
သူမ … ဖြစ်တယ်ဆိုကြပါဆို့ 

သူမ နဲ့  ငါ
အေဒင်ဥယျာဉ် တံခါးဝမှာ
မာနတ်ကို မျှော်နေကြပုံများ
ဝ၌နာ ကံနာ တခုလို
နောက်ဆုံးခံတပ်ကြီးကို
နောက်ဆုံးထွက်သက်အထိ ကာကွယ်သွားမယ့်ပုံမျိုး
တယောက်လက် တယောက် ဆုပ်ကိုင် ရင်ဆိုင်ကြမယ်
ဆိုကြပါဆို့  …..

ရဲ၇င့်သက်ဇွဲ ၁၅၀၃၂၀၁၁

.

No comments: