Sunday, May 11, 2014

တောင်စွယ် နေကွယ်သော်လည်း…….

တောင်စွယ် နေကွယ်သော်လည်း…….

နှင်းဆီဖြူရေ …..
ဝေးရမှာကိုကြောက်တယ်

တို့ နှစ်ယောက်ကြားမှာ
ဘာတံတိုင်းမှ ခြားမထားဘူး
အရေးပြားပေါ်က အရောင်အသွေးနဲ့ 
နှလုံးသားက ယုံကြည်မှုဘာသာတရား
တို့ တတွေရဲ့ ကြားမှာ စည်းမခြားခဲ့ဘူး ……

သိုးဆောင်းတို့ ရဲ့  စကား
အချစ်မှာ မျက်စေ့မပါဘူးးတဲ့
ကိုယ်တို့ အတွက်ကတော့
စက္ခုရုပေန သံဝါသ
ချစ်ခြင်းအစ မျက်စေ့ကမဟုတ်လာ့း…….

နှင်းဆီဖြူရေ
ဝေးးရမှာကိုကြောက်တယ်

မတူကွဲပြား ခြားနားတဲ့
လူမျိုးရေး ဘာသာရေး
အတားအဆီး မီးလျှံများအကြား
တို့ နှစ်ဦး ချစ်တာ အပြစ်လား
တို့ နှစ်ဦး ချစ်တာ အပြစ်လား
အပြစ်တခုတဲ့လား ….။

သားသတ်သမားရဲ့ လက်မှာ
လည်စင်းပေးးရတော့မှာလား
ချစ်ခြင်းအစ မျက်စေ့ကဆိုလို့ 
မျက်လုံးတွေ ထိုးဖောက်လိုက်ရမှာလား …….
သူတို့ ရဲ့ ဝါဒမှိုင်း လှိုင်းတံပိုးတွေကြားမှာ
သူတို့ ကိုယ်တိုင်က မြုပ်ချည် ပေါ်ချည်
လှည့်စားမှုမာယာကအားကောင်း
လူများစုကြီးက ကိုယ့်အခေါင်းကိုယ်ထမ်း
အမှန်တရား နောက်ကျနေတဲ့ လမ်းအပေါ်မှာ…..

နှင်းဆီဖြူရေ
(တောင်ကုန်းလေးတခုအပေါ်ကို
တက်လှမ်းခဲ့တယ်
ရေတွင်းလေးတခုကိုတွေ့ တော့
ရေငင်လို့ သောက်ရင်း တွင်းထဲကိုငုံ့ ပြီး
နှင်းရေလို့ အော်ခဲ့တယ်…..)

ကိုယ်သေပျော်ပါပြီ
ဘာသာတရား ခွဲခြား
လူမျိုးရေးအယူဝါဒ မှိုင်းတွေကြားက
လူနဲစုအခွင့်အရေး ချိုးဖေါက်
ဒီမြေပေါ်ကနေ  ပျောက်အောင်လုပ်နေသူတွေထဲ
မင်းကမပါ
ချစ်ခဲ့ကြခြင်းအတွက် မင်းနဲ့ ငါ
ပါးကွက်အာဏာသား
မျိုးစောင့်ဥပဒေတရားကိုဟားတိုက်ရယ်မော
တောင်စွယ်မှာ နေကွယ်သော်လည်း
ရွှေဓါးဆွဲထုတ်မရပြီပဲ ……..။

ရဲရင့်သက်ဇွဲ
၁၄၀၃၂၀၁၄
()  -ကိုခင်ဝမ်း သီချင်းစာသား
Like ·  · 

No comments: