အလွင့်တွေထဲမှာ
လတဲ့စိတ်တွေကို
ဖမ်း ...ကြိုးနဲ့ ချည်
သမာဓိအား
ခိုင်မြဲ သွားပြီလား ...
ဆေးလိပ်ဖြတ်သလိုမျိုး
မကောင်းမှုမှာ
ငြိတွယ်ချင်တဲ့စိတ်
ဖြတ်ရခက်တယ် .....
အနာသိရင် ဆေးရှိရမယ်
ဝေဒနာက ငယ်ထိပ်မှသည်
ဟော့ဒီ ခြေဖ၀ါးအထိ
ဖြေဆေးမရှိသလိုမျိုး
အသက်ကြီးကာမှ
ဘ၀ က ကိုယ်ကျိုးနဲရလိမ့်မည်....
အာရောဂျံ ပရဘာ လာမမှန်တဲ့ 
ဘ၀ကြီးကို ဖမ်း
သံယောဇဉ် ကြိုးတွေနဲ့ ချည်
ပင်လယ်ရှာမတွေ့ တဲ့ မြစ်ဟာ
ငါ ..ဖြစ်နေတုန်းလား .....
တခုခုတော့လွဲနေပြီ
ည လေးရေ
ဖတ်ခဲ့ဘူးတဲ့ ကဗျာတစ
ခဏ ခဏ သတိရတယ်
(စိတ်ချ လက်ချ အိပ်ပါ ညီမလေး
အကို သေတမ်းစာနဲ့ ယပ်ခတ်ပေးနေတယ် ၊။
မိုးဝေခေတ်ပေါ်ကဗျာစာအုပ်မှ)
ရဲရင့်သက်ဇွဲ
၁၀၁၁၂၀၁၃