Wednesday, July 04, 2018

ပျင်းစရာ ရာသီဥတု


ပျင်းစရာ ရာသီဥတု

ရာသီဥတုက ပျင်းစရာကြီး
အပြင်သွားရကောင်းမလား ....
ပျင်းစရာကြီး
ပျင်းတိပျင်းရွဲ ပွင့်နေတဲ့
ပြူတင်းပေါက်ကနေ
အပြင်လောကကို ကြည့်လိုက်တယ်

ဆောင်းနှောင်းရာသီရဲ့
သစ်ပင်တွေဟာ ရိုးတံအပြိုင်းပြိုင်း
မြင်ရတဲ့မြင်ကွင်းဟာ ပျင်းရိ ငြီးငွေ့စရာ

ဟောဒီ ကမ္ဘာကြီးရဲ့ အစွန်အဖျားက
ဝန်ရိုးစွန်းဝေဒနာဟာ
ပျင်းရိချင်းများနဲ့ ကျီးပေါင်းတက်လို့

ငါ... ပျင်းတိပျင်းရွဲ ပြူတင်းဘေးကနေ
ပျင်းတိပျင်းရွဲ ရာသီဥတု ကို ငေးနေ
ပျင်းတိပျင်းရွဲ စိတ်အစဉ်ကို ပြေပျောက်စေဖို့
အရာရာဟာ ပုံမှန်ကို ပြန်ရောက်စေဖို့ အတွက်
ကိုယ့်ရဲ့စိတ်ကို ကိုယ် ပြုပြင်နေပုံများ
ပျင်းတိပျင်းရွဲနဲ့ …..

ရဲရင့်သက်ဇွဲ

No comments: