Sunday, September 09, 2001

နေ့ ဆိုး (သို့ မဟုတ်) ဆယ့်ရှစ်စက်တင်ဘာ

·· အဲဒီ့နေ့ ဟာ
မြန်မာရာဇ၀င်မှာ
သမိုင်းမတင်ချင်ပေမဲ့
ခေတ်သစ်မြန်မာ့သမိုင်းကို
ဒုတိယအကြိမ်မြောက် ရိုင်းစေတဲ့
နေ့ တနေ့ ဖြစ်တယ် ။

·· အဲဒီ့နေ့ ဟာ
(ပထမအကြိမ်တုန်းကစကား)
‘တိုင်းပြည်ကို ချောက်ထဲကျဘို့ 
လက်တလုံးအလိုမှာ
တပ်မတော်က ကယ်တင်ခဲ့တယ်’ ဆိုတဲ့
ရယ်စရာအကောင်းဆုံးပြက်လုံးတခုကို
ကြေကွဲမျက်ရည်ဖုံးတဲ့ကြားက
မြန်မာပြည်သူပြည်သားများ
ထပ်မံကြားရတဲ့ နေ့ တနေ့ ဖြစ်တယ် ။

·· အဲဒီ့နေ့ ဟာ
လွပ်လပ်ရေးရပြီးကာစ
ဆယ်နှစ်တာမျှ သန္ဒေတည်ရ
ဒီမိုကရေစီအစကို
ဒုတိယံမိဖျက်ဆီးခံရတဲ့
နေ့ တနေ့ ဖြစ်တယ် ။

·· အဲဒီ့နေ့ ဟာ
နောင်တခေတ်မှာ
တိုင်းပြည်ကို ခေါင်းဆောင်မယ့်
ကလေးသူငယ်များရဲ့ 
အနာဂတ်အိပ်မက်များကို
ခြေမွပျက်ပြုန်း လူညွန့် တုန်းစေတဲ့
နေ့ တနေ့ ဖြစ်တယ် ။

·· အဲဒီ့နေ့ ဟာ
ကျောင်းသားလူငယ်များ
တွေးခေါ်မှုအသိညာဏ်ရင့်ကျက်
အလံမလှဲတိုက်ပွဲဝင်စိတ်ထက်မြက်စေဘို့ 
စာသင်ခန်းများကထွက်
ထောင်နံရံအတွင်းဘက်ကို ပို့ စေတဲ့
နေ့ တနေ့ ဖြစ်တယ် ။

·· အဲဒီ့နေ့ ဟာ
‘စစ်တပ်ဆိုတာ ပစ်ရင်
မှန်အောင်တည့်တည့်ပစ်တယ်
မိုးပေါ်ထောင်မပစ်ဘူး’
ဆိုတာကို
သက်သေပြတဲ့
အယုတ်တမာစစ်ခွေးတို့ ကြောင့်
အမိမြန်မာပြည် သွေးချောင်းစီးရတဲ့
နေ့ တနေ့ ဖြစ်တယ် ။

·· အဲဒီ့နေ့ ဟာ
တရားမျှတမှုနဲ့  လူ့ အခွင့်အရေးလိုလား
ခွပ်ဒေါင်းသူရဲကောင်းများ
အသိုက်အမြုံကိုစွန့် ပြစ်ကာထား
ဒီမိုကရေစီတောအုပ်များဆီ
ပျံသန်းသွားတဲ့အရင်းခံ
နေ့ တနေ့ ဖြစ်တယ် ။

·· အဲဒီ့နေ့ ဟာ့ ။