Fashion Era

Wednesday, December 31, 2008

“တနှစ်ဟောင်းလို့ ”

တချို့ 
ဟောင်းပေမယ့်
ကောင်းနေဆဲ

တချို့ 
ကောင်းပေမယ့်
ဟောင်းနေဆဲ

တချို့ 
ဟောင်းလည်း မဟောင်းဘူး
ကောင်းလည်း မကောင်းဘူး

ဘယ်လိုပဲဖြစ်ဖြစ်
ဟောင်းချင်တဲ့သူတွေ ဟောင်းပါစေ
ကောင်းချင်တဲ့သူတွေ ကောင်းပါစေ
ပြောင်းချင်တဲ့သူတွေ ပြောင်းပါစေ

တို့ တတွေမှာတော့
ဘယ်တော့မှ မဟောင်းတဲ့
ကိုးဆယ်ရဲ့  ရလဒ်ကောင်းတွေရှိတယ်
အနာဂတ်ကောင်းဘို့ 
စီအာပီပီ ရဲ့  ကောင်းကြောင်းတွေရှိတယ်
အစဉ်တစိုက် မပြောင်းလဲတဲ့
စစ်မှန်သော အနှောင်အဖွဲ့ ကင်းသော
တွေ့ ဆုံဆွေးနွေးရေး အကြောင်းတွေရှိတယ်

မကောင်းတာမှန်သမျှ
နှစ်ဟောင်းမှာ ချန်ရစ်ကြ

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စာတပိုဒ်နဲ့ 
နှစ်သစ်ကို တကျိုက်ပြီးတကျိုက် မော့လိုက်ကြဟေ့
“ကောင်းကျိုးအထွေထွေရယ်နဲ့  ချွန်စေမြစေသော
ဒေါင်းအိုးဝေရယ်နဲ့  တွန်စေ ကစေသော ။

“နှစ်သစ်”

ဒဏ်ရာတွေဗလပွ
အနာတရများစွာနဲ့ 
ဘ၀ကိုဒရွတ်ဆွဲ
နှစ်ဟောင်းကိုခွဲထားခဲ့ပြီ၊

အပူသောက မောသမျှတွေ
နှလုံးသွေးစ မျက်ရည်စတွေနဲ့ 
ကံမကောင်းအကြောင်းမလှခဲ့တဲ့
အတိတ်ဟောင်း
နှစ်ဟောင်းမှာနေရစ်ခဲ့
နှစ်သစ်မှာမျှော်လင့်ချက်နဲ့ 
အသက်ရှင်သန်ဘို့ 
ကြိုးစားရုန်းကန်ရဦးမယ်၊

ရှုံးနိမ့်ခြင်းရဲ့ သက်တမ်း
ပြန်လည်စမ်းစစ်ကြည့်တဲ့အခါ
ဆရာဇောဂျီရဲ့  ဗေဒါလမ်းကဗျာ
ငါအတွက် အားဆေးတလက်ဖြစ်ခဲ့၊

ဆုံးရှုံးမှုများစွာရဲ့ တဘက်ကမ်း
တောက်ပတဲ့အနာဂတ်လမ်းမှာ
ဗေဒါပျံရဲ့  ဇွဲသတ္တိအားမာန်
ခိုဝင်တွယ်ငြိ ယုံကြည်ချက်အတိနဲ့ 
နှစ်သစ်ကို ငါပွေ့ ဖက်မိတယ်၊

Monday, December 29, 2008

အနှိုင်းမဲ့ မေတ္တာရှင်

လာတုန်းကလည်း
တယောက်ထဲပါပဲ
ဘ၀မှာ လိုအပ်သမျှ
အမေက ဖြည့်ဆည်းပေးခဲ့ရ
အတောင်အလက် မစုံခင်
အမေ့ရင်ကို ခြေစုန်မကန်ခင်အထိပေါ့ ။

မေတ္တာတရားရဲ့ စွမ်းပကား
ကြီးမားပုံများ
အမေ့ရင်ခွင်ခိုလှုံ
အနှစ်နှစ်ဆယ်ဆိုတဲ့ နိဗ္ဗန်ဘုံဟာ
ပျော်ရွှင်စရာ အဖုံဖုံနဲ့ 
ဘ၀မှာ ကုံလုံကြွယ်ဝခဲ့လေရဲ့  ။

အခုတော့
ကိုယ့်လမ်း ကိုယ်ဖောက်
ကိုယ့်လမ်း ကိုယ်လျှောက်
တထောင့်ငါးရာ မေတ္တာတောမှာ
ရင်ခုံစရာ အစုံစုံကို တွယ်ငင်ရစ်ချည်
ဆယ်သက်ဆယ်ကမ္ဘာထင်မိပြီးတဲ့နောက်မှာတော့
အမေ့ရဲ့ နိဗ္ဗန်ဘုံဟာ မကုံလုံတော့ပြီပဲ ။

လျှောက်စမ်း
ကိုယ်ခင်းတဲ့လမ်း
ကိုယ်ရွေးတဲ့လမ်း ဆူးကြမ်းချင် ကြမ်းစမ်း
ချစ်သူရဲ့ အပြုံး အားဆေးတခွက်လို သုံးစမ်း
ကိုယ့်ဘ၀ကိုယ် ရိုက်နှက်မောင်းနှင်ထားစမ်း
ကံကိုသာယုံ ဆူးပုံနင်းစမ်း
ကိုယ့်အချစ်နဲ့  အရာရာကိုအကောင်းတိုင်းဖြစ်စေခဲ့ပေါ့ ။

ငမိုက်သား
ကမ်းကုန်အောင်မိုက်ခဲ့ပုံများ
အမေအိုကို မေ့ထားခဲ့ပြီး
ကိုယ်ယုံကြည်ရာစခန်း
လှမ်းချင်တိုင်းလှမ်း ကြမ်းချင်တိုင်းကြမ်း၊
ဒီလိုနဲ့ 
မိဘနေရာ ရောက်ရှိလာခဲ့
နူးညံ့သိမ်မွေ့ ချစ်ချင်းမေတ္တာရဲ့ အတွေ့ ဟာ
အသိတရားတပွေ့ တပိုက်နဲ့ 
ငါ့ရင်ကိုတိုက်ခတ်လာတဲ့အခါ
ခေတ်သစ် အဇာသသတ်ဟာ
ငါကိုယ်တိုင်ဖြစ်နေပါရော့လား၊

အံ့သြထိတ်လန့် 
ရှိုက်ငင်ငိုကြွေး ငါ့ကို အပြစ်ပေးပါ
ငါ့ကို အပြစ်ပေးပါ
အမေအိုထံပါး ၀ပ်တွားဦးခိုက်
မိုက်ပြစ်အကြွေး ခွင့်လွှတ်ပေးပါ၊

အမေအိုရဲ့ ဆွေးမြေ့တဲ့ အတွေးမှာ
သားအတွက်နာကျည်းစရာမပါ
အမေ့ရင်မှာ
ချစ်မေတ္တာတရားသာ လွှမ်းခြုံ
သားဘ၀ကို ကုံလုံကြွယ်ဝ နေစေဦးမှာပါ သားရယ် ။

(သားဆိုး သားမိုက်များနဲ့  မဟာဂရုဏာရှင် ချစ်ချင်းတရားပြည့်ဝသူအမေများသို့ )

၂၀၀၈ ဒီဇင်ဘာ ၂၉

Tuesday, December 23, 2008

ချယ်ရီမြေလမ်းခွဲ

ဝေးရမယ့်အခါ
နှလုံးသားမှာ နာကျင်ခံစား
ကမ္ဘာပျက်သည့် အလားပါပဲကွယ်၊

ချယ်ရီပွင့်ရာမြေမှာ
တို့ နှစ်ယောက်ဆုံစည်းခဲ့ကြ
ချယ်ရီပွင့်ရာမြေမှာ
တို့ နှစ်ယောက်ခွဲကြရဦးမယ်၊

ဆယ်နှစ်ဆယ်မိုး
ချစ်မိုးဆွေရွာ ချစ်ခဲ့ကြလည်း
ညှိမရတဲ့ပြဿနာ
ယုံကြည်ချက်က စခဲ့တာပါလေ၊

ခွန်အားအရှိဆုံးအရာ
ယုံကြည်ရာဘဝ
အဲဒီဘ၀မှာ အချစ်ဟာ
အစိတ်ပိုင်းတခုမျှသာ
ကိုယ့်ခံယူထား နှလုံးသားမှာ
မင်းနဲ့ ကိုယ်ကြား
အပေးအယူသဘော မထားခဲ့ပါ၊

ပေးခဲ့ရတာနဲ့  ရခဲ့ရတာ
ဆတူတူပါပဲကွာ
ချစ်သူသိထား နားလည်ပေးပါ
“ယုံလို့ ပုံအပ်ခဲ့တာလည်း
ရိုးသားမှုတခုပါပဲ”
ရိုးသားမှုတခုကိုတပ်မက်
ကိုယ့်ယုံကြည်ချက်-ဖေါက်ဖျက်ခဲ့ရင်
ကိုယ့်ရေးတဲ့ ကိုယ့်သမိုင်း
ရာဇ၀င်ရိုင်းသွားလိမ့်မယ်၊

နေရစ်ခဲ့လို့  ကျန်ခဲ့ရတာလား
ကျန်ရစ်ခဲ့လို့  နေခဲ့ရတာလား
အဖြေရှုပ်မယ့်ပုစ္ဆာ
ကိုယ်မထုတ်ချင်တော့ပါ ၊

ချစ်သူသိလေ
စွန့် လွှတ်ရတာပဲဖြစ်ဖြစ်
စွန့် လွှတ်ခံရတာပဲဖြစ်ဖြစ်
ရင်မှာခံစားရတဲ့ဝေဒနာ
အတိုင်းအဆမဲ့စွာနာကျင်
ကြေမွတဲ့ရင်အစုံမှာ
ကံဇတ်ဆရာအလိုကျ
ကခဲ့ရတဲ့ဒီဘဝ
ဒီမျှသာတခန်းရပ်လို့  ။

Monday, December 22, 2008

ကျိန်စာ

· ငါဟာ
ဘ၀မှာ ကြိမ်ဖန်များစွာ
ကျိန်စာသင့်ခဲ့သူ
ဦးနှောက်ဆူပွက်
အလိုရမ္မက်တွင်းနက်ထဲ
ဟောဒီ ရင်ဘတ်ပြူတင်းပေါက်ထဲက
ခုန်ဆင်းသွားခဲ့ကြ ၊

· ကမ္ဘာကြီးကို ထမ်းပိုးထားနိုင်ဘို့ အတွက်
လန်းဆတ်တဲ့ နံနက်ခင်းများ
ညရထားနဲ့  လိုက်ပါသွားချိန်
ကိုယ်တိုင်စိုက်ပျိုးပြီး
ကိုယ်တိုင်ရိတ်သိမ်းခွင့်ရမယ့်အရပ်ဆီ
မျှော်လင့်ချက်များစွာနဲ့ စွန့် ခွါထွက်ခဲ့ ၊

· သေချာပါတယ်ဆိုတဲ့ အရာတွေက
မသေချာမှုတွေနဲ့  တည်ဆောက်ထား
လွဲမှားတဲ့ခရီးကို သွားခဲ့သူလို
စွန့် စားမှုကောင်းကင်လွင်ပြင်ထဲ
လွင့်မျောတိမ်တစဟာ ငါဖြစ်တယ် ၊

· တဘ၀လုံးနီးပါး ပေးခဲ့ရတာတောင်မှ
ဒုက္ခက အာသာမပြေဘူး
အေးခဲသိပ်သည်း
ပူလောင်ခြောက်သွေ့ 
ဆန့် ကျင်ဘက်တရား အဲဒီနှစ်ခုအကြားမှာ
ဘ၀ဟာ အရည်ပျော်ခဲ့ရ
ကိုယ်ကျင့်သိက္ခာ မာနတရား
ပါးလျကွယ်ပျောက်
သမုဒ္ဒရာ တစ်ထွာအောက်ကို ရောက်သွားတယ် ၊

· ညီမလေးရေ
အဲဒီနေ့ က စလို့ 
ငါ့ရဲ့ ညတွေမှာ
ကြယ်တွေကြွေတော့တာပဲ ။

Friday, December 19, 2008

“သမီးလေးအတွက် ကဗျာ”

(အချစ်ဆုံးသမီးလေးရဲ့ တဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ အတွက်မွေးနေ့ လက်ဆောင်ကဗျာလေးပါ။
သမီးလေးမွေးတော့ ကိုယ်က မလေးရှားမှာ၊ရေကြည်ရာ မြက်နုရာရွေ့ လျားရင်း ယုံကြည်ချက်အတွက်တိုက်ပွဲဝင်ရင်း
စင်္ကာပူမှာ သောင်တင်ခဲ့၊ အဲဒီမှာပဲ သမီးလေးကို ကိုယ့်ရင်ခွင်ထဲခေါ်ယူထွေးပွေ့ ထားခဲ့၊ သမီးလေးအသက် (၄)နှစ်၊
အတူနေလို့ မှတည်ငြိမ်မယ်ကြံကာရှိသေးတဲ့ဘ၀ ကံဇာတ်ဆရာအလိုကျ ဂျပန်ကိုရွေ့ ခဲ့ရပြန်ပေါ့၊ အဲဒီတော့ သမီးလေး
အသက်က(၇)နှစ်၊အခုတော့ အဲဒီသမီးလေး (၁၈)နှစ်ပြည့်ပြီ၊ သမီးလေးဘ၀မှာ ဖအေနဲ့ အတူနေခဲ့ရကာလ သုံးနှစ်သာသာ၊
အဲဒီသမီးလေးရင်ထဲမှာ ဖအေရင်ငွေ့ နဲ့ ဝေးကွာခဲ့ရတဲ့ စိတ်အနာ ရှိနေတယ်။မိသားစုအတူတကွမနေရတဲ့ စိတ်အနာ သမီးလေး
ရင်ထဲမှာ တမြေ့မြေ့နဲ့ ၊ဘယ်သူက ဘယ်သူ့ ကို အပြစ်တင်ရမှာလဲ၊ သမီးလေးအနာဂတ်အတွက် သမီးစိတ်ချမ်းသာဘို့ အတွက်၊
ကိုယ့်ဘ၀မှာ ဘာကိုပဲပေးရ ပေးရ၊ ကိုယ့်အိမ်သူကတော့ပြောရှာပါတယ်၊ သိပ်နောက်ကျသွားပြီတဲ့။)





၁။
သမီးလေးရေ
ခေတ်တခေတ်ဟာ
စနစ်တခုကို တောင်းဆိုစမြဲပါ
အရာရာဟာလည်း
မျက်စိတမှိတ် လျှပ်တပျက်အတွင်းမှာ
ပြောင်းလဲနေတယ် ။
ဘ၀ဆိုတာကတော့
သမုဒ္ဒရာထက်က ရေတပွက်ပါပဲ ၊

၂။
သမီးလေးရေ
လောကကြီးမှာ
ကောက်ကျစ်မှုမာယာတွေက
အားကောင်းလွန်းတယ်
ဘ၀တွေက
တိုတောင်းလွန်းတယ်
ကြီးကျယ်မြင့်မြတ်မှုဆိုတာ
မွေးရာပါမဟုတ်ဘူးကွဲ့ 
အောင်မြင်မှုဆိုတာကလည်း
ကြိုးစားအားထုတ်သူတို့ အတွက်
ပိုင်ဆိုင်ရမယ့် ကမ္ဘာတခုပဲလေ
လေးစားမြတ်နိုးရတဲ့
ကြယ်ပွင့်တိုင်းမှာ
မရိုင်းတဲ့ ရာဇ၀င်သမိုင်းဆိုတာ
ရှိတယ်ကွယ့် သမီးလေးရဲ ။

၃။
သမီးလေးရေ
ကေသရာဇာခြင်္သေ့တို့ 
သားကောင်ဖမ်းတဲ့အခါ
သားကောင် ကြီးကြီးငယ်ငယ်
စိုက်ထုတ်တဲ့ခွန်အားလုံ့ လ
အတူတူပါပဲကွယ်
အဲဒီ ဥပဒေသကို
လိုက်နာကျင့်သုံး
သမီးလေးရဲ့  ဘ၀တခုလုံး
အောင်မြင်မှုတွေဖုံးလာမှာ အသေအချာပ ။

၎။
သမီးလေးရေ
သစ်ရွက်ကလေး လေတိုးလို့ လှုပ်ခါ
စိတ်လှုပ်ရှားတတ်တဲ့
သမီးတို့ အရွယ်မှာ
နှလုံးသားဟာ
ဦနှောက်ထက်မကြီးစေနဲ့ 
အချစ်ဆိုတာလည်း
ဘ၀ရဲ့ အစိတ်အပိုင်းတခုသာပ
ကောင်းကျိုး ဆိုးကျိုး
စဉ်းစားချင့်ချိန်တတ်တဲ့
ခွန်အား ဥာဏ်အား
သမီးလေး ပွားများနိုင်စေသား ။

၅။
သမီးလေးရေ
မိသားစုနဲ့ ခွဲခွာနေရတဲ့အခါ
ကိုယ့်စိတ်ကို ကိုယ်တိုင်ထိမ်းကျောင်းနိုင်မှ
လမ်းတွေက ကွေ့ ကောက်လွန်းလို့ 
မိသားစု တကွဲတပြားဆိုတာလည်း
ဖေဖေတို့ မိသားစု တခုထဲ မဟုတ်ဖူးကွဲ့ 
သမီတို့  ဖေဖေတို့  ဘ၀တွေထက်
ပိုမိုဆိုးရွားတဲ့
မိသားစုတကွဲတပြား ဘ၀များ
မြန်မာပြည် တနံတလျားမှာ
ရေတွက်လို့  မကုန်နိုင်အောင်ပါပဲ သမီးရယ် ။

သမီးလေးရေ
ဘ၀ရဲ့ တိုက်ပွဲ ဆင်နွှဲတဲ့အခါ
စိတ်ဓါတ်ကို ကြံ့ခိုင်အောင်ကြိုးစားပါ
ဗမာပြည်ကို ချစ်ပါ
ဧရာဝတီကို ချစ်ပါ
တိုင်းပြည်ရဲ့ အနာဂတ်ကို သစ်စေမယ့်
ခွပ်ဒေါင်းစိတ်ဓါတ်ကို ချစ်ပါ
ခွပ်ဒေါင်းစိတ်ဓါတ်လို ကျင့်ပါ ။

“မိဝေး ဖဝေး သမီးလေး”


မိဝေး ဖဝေး နုနယ်ငယ်သေး
သမီးလေး
သမီးအသက် တဆယ့်ရှစ်မှာ
အတူနေရ သုံးနှစ်မျှသာ
အဖေနဲ့ သမီးရဲ့  ကမ္ဘာ ကြေကွဲစရာ ၊

မိဝေး ဖဝေး နုနယ်ငယ်သေး
သမီးလေး
အပျံသင်စ စိတ်လှုပ်ရှားလွယ်
သမီးအရွယ်မှာ
နှလုံးသားဟာ ဦးဏှောက်ထက်
မကြီးစေနဲ့  သမီးရဲ့ ၊

မိဝေး ဖဝေး နုနယ်ငယ်သေး
သမီးလေး
လောကကြီးမှာ
မသေချာ မရေရာတဲ့ အရာမှန်သမျှ
အသိဥာဏ်ခွန်အားနဲ့  ဝေဖန်ပိုင်းခြား
ဆုံးဖြတ်ချက်များလဲ မမှားစေနဲ့  သမီးရဲ့ ၊

မိဝေး ဖဝေး နုနယ်ငယ်သေး
သမီးလေး
ဘ၀ကိုဖြတ်သန်းတဲ့အခါ
ကိုယ်ကျင့်တရားကို အစွန်းအထင်းမခံနဲ့ 
ယုံကြည်မှုကို အလွဲသုံးစားမလုပ်ပါနဲ့ 
ကိုယ့်ကိုယ်ကိုယ်ထက် ယုံပြီး
သူများကို ပုံမအပ်လေနဲ့  သမီးရဲ့  ၊

မိဝေး ဖဝေး နုနယ်ငယ်သေး
သမီးလေး
မိသားစုစုံညီစွာနေရေး
မဝေးတော့တဲ့ ကာလတခုမှာ
ဒါဟာ အိပ်မက်တခုမဟုတ်တာအသေအချာ
ယုံကြည်လိုက်စမ်းပ သမီးရ ၊

သမီးရဲ့  ကမ္ဘာမှာ
မဖြစ်နိုင်ဘူးဆိုတာ မရှိစေရ
ကြိုးစားလိုက်စမ်းပ သမီးရ ၊

အို ကောင်းကင်နဲ့ မြေပြင်တခွင်
နားဆင်ကြလော
နားစွင့်ကြလော
အောင်မြင်မှုအပေါင်း
သရဖူဆောင်းမယ့်သူဟာ
ငါတို ချစ်မငြီးတဲ့ ချစ်သမီး
ဇွဲဟေမာန်သက်လင်းသာဖြစ်တယ် ဆိုတာ
ယုံမှားသံသယ မရှိကြလေနဲ့  ။

၂၀၀၈ ။ ဒီဇင်္ဘာ ။ ၁၉

Thursday, December 18, 2008

ဒီဇင်ဘာရဲ့ ဆောင်းညများ

တိတ်ဆိတ်မှု အရိပ်အောက်မှာ
ဆူညံတဲ့ ကြေကွဲမှုတွေရှိတယ်
ဝင်ကစွပ်ကောင်တို့ ရဲ့ လှည့်စားမှုမှာ
ဆောင်းညများ မအိပ်နိုင် မစားနိုင်ရှာ
ဝဋ်နာ ကံနာ တခုလို
လရောင်အောက်မှာ ။

အုံနဲ့ ကျင်းနဲ့  လက်ခံခဲ့ရတဲ့ ဝေဒနာ
နံရိုးအပြိုင်းပြိုင်းမှာ တူညီတဲ့
ယုံကြည်မှုတွေရှိတယ်
ဟေရာကလိုက်တပ်စ် ရဲ့ အာဘော်
(မြစ်တမြစ်ထဲကို လူတယောက်နှစ်ခါမဆင်းနိုင်)
ငါ့ကို နဲနဲ အော်ခွင့်ပေးပါ ။

ရင်ဘတ်တွေနဲ့ စိုက်ပျိုးခဲ့ကြပြီး
ဘယ်လို ရှင်သန်ဖူးပွင့်ခဲ့ကြရတယ်ဆိုတာ
ပုခုံးပေါ်ကတာဝန်တွေကို ကြည့်လိုက်ရုံနဲ့ 
ခေတ်တခုလုံး ဆလိုက်ထိုးပြသလိုမျိုး
တကွက်ပြီး တကွက်
ငါ့မှာ ရင်သတ်ရှု့ မော ။

ဆောင်းညများထဲမှာ
စွေးစွေးနီတဲ့သွေးများ
ရဲရဲရင့်ရင့် စီးဆင်းကြ
ရဲရဲရင့်ရင့် သမိုင်းမှတ်တိုင် စိုက်ထူကြ
စွန့် လွှတ် စွန့် စားသွားသူများရဲ့ 
နာနာကျည်းကျည်း ရေရွတ်သံများ
ပဲ့တင်လှိုင်းခတ် လှုပ်ရှား
ဒီဇင်ဘာရဲ့  ဆောင်းညများမှာ ။


Tuesday, December 16, 2008

ယုံကြည်ချက်

တိတ်ဆိတ်ငြိမ်သက်မှုနဲ့ 
အကြောက်တရားများ
ရက်စက်စွာ
ငါ့အပေါ်လဲပြိုပိကျ
ကံဇာတ်ဆရာအလိုရ
ကခဲ့ရတဲ့ဘ၀ထဲ
အိပ်မက်တွေတောင်မှ
လန်းဆန်းစွာဖူးပွင့်ခွင့်မရ
အတိတ်ဆီမှာ
သောကမျက်ရည်စတွေနဲ့ လေ ။

နုနယ်ပျိုမျစ်ခြင်းဖြစ်စဉ်ထဲ
ကြီးပြင်းရင့်ကျက်စွာ ရွေ့ လျားစီးဆင်း
စဉ်းစား၊ တွေးခေါ်၊ မြှော်မြင်၊ သုံးသပ်
ဆုံးဖြတ်ချက်များက
ငါသာလျှင် ငါ့ကံရဲ့ အရှင်သခင် ပ
မြင်လိုက်ရတဒင်္ဂ၊ ပစ္စုပ္ပန်တခဏမှာ
အိပ်မက်တွေအစွမ်းကုန်ပွင့်လန်း
ခွန်အားသစ်များ ဖြိုးဝေပြည့်လျှမ်းလာခဲ့
ဘ၀ဟာ နေထိပန်းတပွင့်မဟုတ်ခဲ့ပြီ ။

ရာစုဟောင်းက လက်ပြနှုတ်ဆက်
ထားရစ်ခဲ့လည်း
ရာစုသစ်က ဆီးကြိုပွေ့ ဖက်
အနာဂတ်ရဲ့
မျှော်လင့်အိပ်မက် တမ်းတမက်စဉ်
အော်သံများကြား
တို့ ခေတ်ရောက်မှ ညံ့ကြတော့မှာလား
တို့ ခေတ်ရောက်မှ ညံ့ကြတော့မှာလား
လေ
ဆူညံသွေးပွက် သစ္စာပြုလျှက်
မဆုံးကမ္ဘာ ဥဒါန်းမကျေလေတော့ပြီ ။

အတိတ်ရဲ့ ပူပန်ကြောက်ရွံ့ မှုများကို
ပစ္စုပ္ပန်ရဲ့ခွန်အားများ ဖုံးလွှမ်းသွားတဲ့အခါ
အနာဂတ်ရဲ့ မျှော်လင့်အိပ်မက် ကြည်လင်ပီသ
ယုံကြည်ချက်နဲ့  မြင်နေခဲ့ရအခိုက်မှာ
တို့ ခေတ်ကိုရောက်ရမည် မလွဲ
တို့ ခေတ်ကို ရောက်ရမည် မလွဲပါ ။


(၂၀၀၁၊ ၈၊ ၂၇)

Saturday, December 13, 2008

မုဒိတာမြစ်တစင်း၏ ချစ်ချင်းဖွဲ့ စကား

မိတ်ရင်းဆွေရင်း သူငယ်ချင်း
နေရတဲ့ဘ၀ တခဏမှာ
ရသာချိုကိုမရှာ မလိုတမာ
အမနာပ စကားတင်းဖွဲ့ 
ဘာဖြစ်လို့ များ
ချစ်ခြင်းကို မဲ့စေခဲ့ ။


အမှန်တရားနဲ့ သစ္စာ
တဘ၀စာရှာဖွေ
ကောင်းမြတ်တဲ့စိတ်ထား
ဘာဖြစ်လို့ များ
အမှားများစေခဲ့ ။

အမြင်မတူရင် ရန်သူလိုသဘောထား
လွပ်လပ်ခွင့်ကို မလေးစား
ကျဉ်းမြောင်းတဲ့စိတ်ထား
ဘာဖြစ်လို့ များ
နှလုံးသားမှာနားခိုစေခဲ့ ။

အသုံးအနှုံးစကားလုံးထွားများနဲ့ 
သူများကိုဝေဖန်
ကိုယ်မှားရင်ဝန်ခံ
မြင့်မြတ်တဲ့စိတ်အင်အား
ဘာဖြစ်လို့ များ
ရင်ခွင်ကြားမှာမွေးမထားခဲ့ ။

ကြီးသူကိုရိုသေ
ရွယ်တူကိုလေးစား
ငယ်သူကိုသနားညှာတာ
လောကနိတိတရားသင်ကြားတတ်ခဲ့
ဒါနဲ့ များတောင်မှ
ဘာဖြစ်လို့ များ
အပါယ်ငရဲတံခါးကို ဇွတ်အတင်းဖွင့်ခဲ့ ။

မိတ်ရင်းဆွေရင်း သူငယ်ချင်း
ငါ့ရဲ့ ချဉ်ခြင်း ဖြစ်စေခြင်းက
လူတိုင်းရဲ့ ရင်တွင်း
(မင်းအပါအ၀င်)
မုဒိတာမြစ်တစင်း
ချစ်ခြင်းများနဲ့ စီးစေချင် ။

(၂၀၀၁။ ဂျွန်။ ၃ )

Thursday, December 11, 2008

ကိုယ့်ကိုယ်ကို မုန်းမိတဲ့ မဟာအမုန်း

ကိုဆောင်းရဲ့ ဆီဗုံးထဲမှာ ထားခဲ့တဲ့ မက်ဆေ့ခ်ျကိုတွေ့ တော့ ဘာရေးရမှာလဲဆိုတာ မသိဘူး
ဖြစ်ရတယ်။ အဲဒီလောက်တောင် တုံးတာ။ ကိုဆောင်းရေ၊ ခင်ဗျားနဲ့ ကျနော် အရောင်တူလှချည်ရဲ့။့ အဲဒါကြောင့်လက်ရှိဖြတ်သန်းနေတဲ့ ဘ၀ခရီးလမ်းရဲ့  မဟာအမုန်း ဆယ်ချက်လုံးကို ကဗျာလိုရေးဖွဲ့ ထုံးမိတယ်။
ကျနော့်ကိုခွင့်လွှတ်ပါဗျာ။


ကိုယ့်ကိုယ်ကို မုန်းမိတဲ့ မဟာအမုန်း
၁။
ကြေကွဲဘွယ် အမှတ်တရ
အထိမ်းအမှတ် နေ့ ရက်များ
အကြိမ်ကြိမ် အခါခါ
ငါတို့ ဦးညွတ်ရုံ ဦးညွတ်နေခဲ့ရ
အခြေအနေတွေ ပြောင်းလဲအောင် မပြုလုပ်နိုင်တဲ့
ငါ့ကိုယ်ငါလည်း ငါ မုန်းတယ် ၊


၂။
မျှော်လင့်ချက် ယုံကြည်ချက်
အတွေးအခေါ် အသိဥာဏ်များ
မြေမြုပ်သင်္ဂြိုလ်ရာ
အာဏာရှင်စနစ်ဆိုတာကို
နိုင်အောင်မတိုက်နိုင်တဲ့ ငါ့ကိုငါလည်း
ငါ မုန်းတယ် ၊

၃။
သူတပါးမြေပေါ်မှာ
တရားဝင်နေထိုင်ခွင့်လေးတခု
ရရှိဘို့ အတွက်
ဖြူစင်ခဲ့သောစေတနာ
အမှန်တရား ရိုးသားမှုများအား
ခုတုံးလုပ် ။ လုပ်စားသွားသူများကို
မတားဆီးနိုင်ခဲ့တဲ့ ငါ့ကိုယ်ငါလည်း
ငါ မုန်းတယ် ၊

၎။
တရားဝင်နေထိုင်ခွင့်
အခြေအနေလေးတခု ရှိလာတဲ့အခါ
ကိုယ့်နိုင်ငံသားအချင်းချင်း
စောင့်ရှောက်ကူညီရမယ့်အစား
ဇာတ်တူသားစားသူများကို မသုတ်သင်နိုင်ခဲ့တဲ့
ငါ့ကိုယ်ငါလည်း ငါ မုန်းတယ် ၊

၅။
ငှက်ပျောအူဟင်းနဲ့ 
ခယောင်းလမ်း
ဆောင်းချမ်းချမ်းမှာ
ဆူးတောချုံတိုး တောင်ကုန်း တောင်တန်းတွေကိုကျော်လွှားရှေ့ တိုး
တော်လှန်ရေး ဘ၀မျိုးကို ဖြတ်ကျော်ခဲ့ပြီး
တတိယနိုင်ငံကြီးတွေရောက်တဲ့အခါ
အတိတ်မေ့ ဘ၀မေ့ အရာခပ်သိမ်းမေ့
တော်လှန်ရေးကိုပါမေ့တဲ့သူတွေကို
တပ်လှန့် မပေးနိုင်ခဲ့တဲ့ ငါ့ကိုယ်ငါလည်း ငါမုန်းတယ်။
၆။
မျက်စေ့ကိုဖွင့် နားကိုစွင့်
တိုက်ပွဲဝင်ဘို့  အသင့်ဖြစ်နေတဲ့
ငါတို့ ရဲဘော်လေးတွေရဲ့ ပူပန်မှု
(လက်နက် ။ ကျည်ဆန် ။ စားနပ်ရိက္ခာ )
ငါ့ကို မီးလိုကူးစက်တဲ့အခါ
မြို့ကြီးများပေါ်က
တို့ နိုင်ငံသားတွေကတော့
ထောက်ပံ့ငွေကြေး လက်နှေးနေကြ
အာပေါက်အောင်ပြောရနဲ့ 
အပျော်အပါးမှာ စိတ်ပါလက်ပါ
ငွေကိုရေလိုသုံးနေသူတွေကို
ပြောဆို ဖျောင်းဖျ စည်းရုံးနိုင်စွမ်းမရှိခဲ့တဲ့
ငါ့ကိုယ်ငါလည်း ငါ မုန်းတယ် ၊

၇။
နယ်ခြားမျဉ်းများအပေါ်မှာ
အသက်တချောင်း ရှင်သန်အောင်
ကြံဖန်မွေးယူနေရ
ပြည်သူများရဲ့  ဘဝ
လက်နက်ကိုင်ဆွဲ
တော်လှန်ရေးဆင်နွှဲနေတဲ့
တပ်ဦးက ကျောင်းသားရဲဘော်များရဲ့  ဘ၀ကို
အပြည့်အ၀ ပံ့ပိုးမှုမပေးနိုင်ခဲ့တဲ့
ငါ့ကိုယ်ငါလည်း ငါမုန်းတယ်။
၈။
နိုင်ငံအသီးသီးမှာ
အနှိမ်ခံ အဖိနှိပ်ခံ
အနိုင်ကျင့်ခံ ။ သွေးစုပ်ခံနေရတဲ့
ငါ့ နိုင်ငံသားတွေရဲ့  ဘဝ
ပြားပြားဝပ်ပြီး
ခေါင်းမထောင်နိုင်အောင်
ညှင်းပန်းရက်စက် သတ်ဖြတ်
ပညာရေး စီးပွားရေး လူမှုရေး
အစစအရာရာ စုတ်ပြတ်
လူဖြစ်ပေမယ့်
လူ့ အခွင့်အရေးမရှိတော့တဲ့
ဗမာပြည်တွင်းက ပြည်သူတို့ ရဲ့ ဘဝ
ဘ၀အမျိုးမျိုးအဖုံဖုံတို့ ရဲ့ 
မူလအစ
အာဏာရှင်စနစ်နဲ့ 
အာဏာရှင်တို့ ရဲ့  လုပ်ရပ်တွေ
ရပ်တန့် သွားအောင် ပြောင်းလဲသွားအောင်
မစွမ်းဆောင်နိုင်တဲ့ ငါ့ကိုယ်ငါလည်း ငါ မုန်းတယ် ၊

၉။
စိတ်ဓာတ်တွေက
တောင်လောက် ကြီးမြင့်ပါပေရဲ့ 
ဒီမိုကရေစီ အတွက်
တော်လှန်ရေး အတွက်
အမျိုးသားလွတ်မြောက်ရေး အတွက်
ငါ့ လုပ်ရပ်တွေက
ဇီးစေ့လောက်ပဲ ခရီးပေါက်ပါ့မလား စိုးရိမ်စိတ်နဲ့ 
ငါ့ကိုယ်ငါလည်း ငါမုန်းတယ်။
၁၀။
လုပ်ချင်တဲ့စိတ်တွေထက်
လုပ်နိုင်တဲ့ အလုပ်တွေက
နဲနေတာကိုပဲ
စိတ်နောက် ကိုယ်မပါနိုင်
ရုပ်အခြေအနေ ယိုင်နေတဲ့
ငါ့ ကိုယ်ငါ
သေသေချာချာကြီးကို
မုန်းမိတော့တယ် ။

Tuesday, December 09, 2008

အရူးပါး

(နာဂိုယာက သူငယ်ချင်းတယောက်ပါ။ အခုတော့ ဘယ်ရောက်လို့ 
ဘယ်ပေါက်နေမှန်းမသိတော့ဘူး။သူ့ သတိရနေတာနဲ့ အာဟာရမှာ
သူရေးခဲ့တဲ့ကဗျာတွေထဲက ကျနော်ကြိုက်နှစ်သက်တဲ့ ကဗျာလေး
အားလုံးအတွက် ဝေမျှလိုက်တယ်)


အိုင်ကျူ ကမြင့်တယ် ။
လစ်ရင်ခိုးမယ် ၊ မိရင်ပြန်ပေးမယ်
မဟုတ်သလိုပြုံးပြမယ် ၊


သူတောင်းစားလိုတောင်းမယ် ၊
ရသလောက်ဝါးမယ် ၊
မသိပေမယ့် သိသလိုတတ်သလို
လိုအပ်သည်များကို လမ်းညွှန်မယ် ၊

အထက်ဆိုဖားမယ် ၊ လာဘ်ထိုးမယ် ၊ဝေယျာဝစ္စလုလုပ်ပေးမယ် ၊
အောက်ဆို ဖိမယ်၊ဟောက်စားလုပ်မယ် ၊စားခွက်လုမယ် ၊ရူးသွားအောင်မောင်းမယ် ၊

ဘာသာရေးဆို ခုတုံးလုပ်မယ် ၊ ကိုင်းရှိုင်းပြမယ် ၊
ဘိုးတော် ၊ မယ်တော် ကိုးကွယ်မယ် ၊

တရားမင်ချင်ယောင်ဆောင်မယ် ၊ တရားစကားတွေပြောမယ် ၊
ပြီးရင် ဘစ်စနက် စင်တာ တွေထောင်မယ် ။ မှောင်ခိုမယ် ၊
မတရား ဒုစရိုက်လုပ်မယ် ၊ကာရာအိုကေ မှာအပြာသီချင်းဆိုမယ် ၊
ဖဲဝိုင်း ၊ ကြက်ဝိုင်း ထောင်မယ် ၊ မူးယစ်ဆေး ပုန်း ရောင်းမယ် ၊

ဆင်မွေးမယ် ၊ဆင်လိုကျင့်မယ် ၊ ဆင်ကြံကြံမယ် ၊
သို့ သော် အထက်ဆင်ဆို ကြောက်တယ် ၊

ကျမ်းကျိန်ပြမယ် ၊ ကတိတွေပေးမယ် ၊
ပွဲတွေကျင်းပမယ် ၊ ပိုစတာတွေကပ်မယ် ၊ အသံလွှင့်မယ် ။
ပြီးရင် မေ့ချင်ယောင်ဆောင်မယ် ၊
မီဒီယာတွေကို လှေလှော်ခိုင်းမယ် ၊ မြင်းစီးခိုင်းမယ် ၊

ဘုရားကို မနက်ဆိုသွားမယ် ၊
ပုတီး ကို အမြဲလိုသလိုဆောင်ထားမယ် ၊
စေတီတွေ့ ရင် ထုံးသုတ်မယ် ၊
ဗလီတွေ့ ရင် မီးရှို့ မယ် ၊
ဘုရားကျောင်းဆို ဖြိုချမယ် ၊
ဘုန်းကြီး ဆိုထောင်ချမယ် ၊
သီလရှင်ဆီက ဆန်လုမယ် ၊

ဧည့်သည်တွေဆို
စေတနာကို မရှိသော်ငြား ၊
ထမင်းစားဖိတ်မယ် ၊ အာပလာရိုက်မယ် ၊ အလုံးကြီးကြီးတွေပစ်မယ် ၊
နားမလည်သော်ငြား ခေါင်းတဆတ်ဆတ်ငြိမ့်ပြမယ် ၊
ရေမချိုးရအောင် ပျူပျူငှာငှာ သကာတွေလောင်းမယ် ။
ကွယ်ရာမှာ ဆားပက်မယ် ၊
ကူလီကူမာလုပ်မယ် ၊

သတိပြုမိသွားရင်
ရူးချင်ယောင်ဆောင်မယ် ၊လေထီးခုန်ပြမယ် ။
အိုင်ကျူ ကမြင့်တယ် ။

ခံစားမှုဝိညာဉ် - မော(၀်)ချယ်ရီ

Monday, December 08, 2008

အနေအထိုင်မတတ်မှုများ

ကြယ်တွေ မရိုးမရွ
ကောင်းကင် ကျိုးကျတော့မယ်
မြေကြီးကို ရွှေ့ ထားရရင်ကောင်းမလား ၊

ခေါင်းတိုင်က မီးခိုးလို
ပါးစပ် အဟောင်းတွေထဲက
အသံဟောင်းတွေ ပေါ်ထွက်လာ
နားတွေလည်း ညောင်းလှပါပြီ ။
လမ်းဆိုးလို့  ယာဉ်ပျက်တာ
ဘယ်သူ့ ကို စွဲချက်တင်ရမလဲ
မျိုးဆက်တစ်ခုလုံး ချကြွေးခဲ့တာတောင်မှ
ရှေ့ ရေးက မကောင်းသေးဘူး ၊

မာယာများတဲ့ မြက်ခင်းပြင်ပေါ်မှာ
ကျင်းစိမ်ဖို့ ကြိုးစားမိသူ ဂေါက်ရိုက်သမား
ဒါဟာ အပြစ်လို့  ခေါ်လို့ ရရင်
အပြစ်တင်ခံပါ့မယ်
ကျူးလွန်ခဲ့သမျှမှာ
ထူး ချွန်ဖို့ ပဲ လိုအပ်တယ် ။

လှသန်း
(ရနံ့ သစ်မဂ္ဂဇင်း အမှတ် ၇၀၊ ၁၉၉၉)

(ဘာရယ်လို့  မဟုတ်ပါဘူး၊ မှတ်စုစာအုပ်အဟောင်းလေးထဲမှာ ကြိုက်လွန်းလို့  ကူးထားတဲ့ ဆရာ လှသန်း ရဲ့ 
ကဗျာလေး ဝေငှလိုက်တယ်။)

Wednesday, December 03, 2008

ဘာတွေထားခဲ့မလဲ

သေလွန်ပြီးနောက် ပြန်မရောက်ဘူး
လောကလူ့ ရွာ ဤကမ္ဘာဝယ်
ရှင်သန်နေရ တခဏတွင်
နွားခြေရာခွက် ပင်လယ်ထင်လျက်
တပ်မက်တွယ်တာ မနေသာဘူး ---၊

မသေခင်ရ ဒီဘ၀မှာ
ရှာထားစီးပွား ဥစ္စာများအား
အမှန်ထင်အပ် ပုံမအပ်နှင့်
သမုဒ္ဒရာထက် ရေပွက်ပမာ
ရှိသည်သာတည်း ---၊

တမလွန်ခရီး ထွက်သွားနှင့်ပြီ
ဘာမှမပါ လက်ချည်းဗလာ
သိမှတ်ရာတည့်
သောသောညံညံ ငိုကြွေးသံလည်း
နားဝယ်မကြားသာပြီ
ဘာများတတ်နိုင်ဦးမည်နည်း ---၊

ဘ၀သံသရာ ကြင်လည်လာခိုက်
မွေးဖွားသေဆုံး လူဖြစ်ရှုံးရ
အပမ္မာဒေန သမ္မာဒေထ
မမေ့သောတရား နှလုံးသားမှာ
ဆင်ခြင်ကာထား လွတ်မြောက်လေမလား
ကြိုးစားချင်သည် ---၊

ရှင်သန်ခြင်းနောက် ကောက်ကောက်လိုက်ပါ
မရဏမင်းရဲ့  သိမ်ဖျင်းအမိန့် 
အရိပ်ပမာ ကပ်လျက်သာတည့်
ကြောက်စိတ်ကိုပယ် လူ့ ဘုံလယ်တွင်
များကျိုးကိုသာ ရှေ့ ရှုပါလျက်
စေတနာမှန်ပင် စမ်းရေလျင်သို့ 
တသွင်သွင်စီး အေးမြပြီးလျှင်
စာပန်း စာခိုင် စာငုံ စာဖူး
အထူးထူးတို့  ငါလျှင်ရေးဖွဲ့ ချင်ခဲ့ ---၊

မင်း ငါ သူ လူတကာတို့ 
လူ့ ဘုံခန်းဝါ လူတို့ ရွာတွင်
မသေခင်မှာ
ဘာတွေထားခဲ့မည်လဲ ---၊

(၂၀၀၁ ခုနှစ်က ရေးခဲ့တာလေးပါ။ ချစ်ခင်ရတဲ့ မိတ်ဆွေ တဦး ဦး တိမ်းပါး
သွားတယ်လို့  ကြားတိုင်း ဒီကဗျာကို ရွတ်မိတယ်။)

Thursday, November 27, 2008

ရက်စက်သောညများ၏နောက်

ဝသုန်မြေတိတ်ဆိတ်
ကြယ်မီးလုံးပိတ်
လရိပ်မသန်း အမှောင်လွှမ်းနေ
နေမင်းဘယ်ရောက် အာရုဏ်ပျောက်ခဲ့
လျှောက်ခဲ့သည့်လမ်း ခက်ခဲကြမ်းတမ်း
ဆူးပြည့်လွှမ်းလဲ ယုံကြည်ရာလမ်း
မမောတမ်းလေ အမှောင်ထွင်းဖောက်
အလင်းရောက်မည်

မျှော်ရည်ကြည်နူး အောင်ပန်းခူးမည့်
ပြည်သူ့ လက်များ တွဲယှက်သွယ်ထား
မြဲမြံခိုင်ကျည် သစ္စာရည်လျက်
ဖက်ဆစ်စံနစ်မျိုး မိစ္ဆာဆိုးအား
အမြစ်မကျန် တွန်းလှန်ဖြိုဖျက်
အောင်ပွဲဆက်ရန် တို့ ပြည်သူများ

“အကြောက်တရား ရိုက်ချိုးထားလော့
မတရားတဲ့ အမိန့် အာဏာဟူသမျှ
တာဝန်အရ ဖီဆန်ကြလော့
မြို့ ရောတောအနှံ့  ဒီမိုကရေစီခေတ်ကြီး
တည်ဆောက်ကြလော့
အင်နှင့်အားနှင့် မနှေးပါဝင်
တိုက်ပွဲဝင်လော့”


အမှောင်ညများ ကုန်ဆုံးလွန်မြောက်
တမိုးသောက်သော အရှေ့ ဆီမှ
ဖိတ်လျှံအံကျ ရောင်နီစများ
လမ်းပြသယ်ဆောင် ဤလူ့ ဘောင်တွင်
အမှန်မုချ ကြုံတွေ့ ရမည်

“ပြည်သူ့ အာဏာခေတ်သာတည်း
ချိုးဖြူငှက်တို့ ပျံစေသတည်း
ခွပ်ဒေါင်းအောင်လံလွှင့်လွှင့်တည်း”

Wednesday, November 26, 2008

အကြွေး

( အစ )
အလင်း ပြီးတော့ အမှောင်
တနေ့  ပြီးတော့ တနေ့ 
ငှက်ကုလားအုပ်များလို
ဦးခေါင်းကို
သဲမြေထဲဝှက်ထား
နေခဲ့ရနှစ်ကာလများစွာ ----၊

( အလယ် )
တော်လှန်ရေးတခုမှာ
အသက်သွေး ချွေး
စတေးပေးဆပ်ရမယ်ဆိုတာ
ငါတို့  လက္ခံပါရဲ့  ----၊

ဆုံးဖြတ်ချက်တိုင်းမှာ
စိတ်ခံစားမှုကို ဦးစားမပေး
ဦးနှောက်နဲ့  စဉ်းစားပေးရမယ်ဆိုတာလည်း
ငါတို့  နားလည်ပါရဲ့  ----၊

ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို ရွေးရမယ်ဆိုတာလည်း
ငါတို့  သိပါရဲ့  ----၊

(၁၉၉၀) ရွေးကောက်ပွဲရလဒ်ကိုလည်း
ငါတို့  ဆုပ်ကိုင်ထားပါရဲ့  ----၊

စီအာပီပီ ကိုလည်း
ငါတို့  အပြည့်အ၀ ထောက်ခံပါရဲ့ ----၊

စားပွဲဝိုင်း အတူထိုင်
တွေ့ ဆုံဆွေးနွေးပွဲစကား
ငါတို့  မတားခဲ့ပါဘူးကွဲ့  ----၊

( အဆုံး )
နားထောင်စမ်းဟေ့
ရှေ့  နောက် ၀ဲ ယာ
အသံတွေကြားရ

သင်ပုန်းချေရေးတဲ့လား

ဟေ့ --- ဒီမှာကြည့်စမ်း
မနုသတ္တဘာဝေါ ဒုလ္လဘော
လူ့ အသက်တချောင်း
ရခဲကောင်းသတဲ့ ----။

ငါတို့  မသိစိတ်ရဲ့ စွဲလမ်းမှုမှာ
ဟာမူရာဘီ ကိုဓ ဥပဒေလိုသာ

မျက်လုံးတလုံးကို
မျက်လုံးတလုံးခြင်း

လက်တဖက်ကို
လက်တဖက်ခြင်း

အသက်တချောင်းကို
အသက်တချောင်းခြင်း


ငါတို့  ရဲဘော်တွေအတွက်
ရင်းစားပြန်ရချင်တာ တခုပါဘဲ -----၊

Tuesday, November 25, 2008

ခွင့်မလွှတ်ပါနဲ့  မေမေ

- နင့်နင့်သည်းသည်း
နာကျည်းမှုတွေနဲ့ ပါ မေမေရေ
ကျနော်တို့ မှာ ရှိသမျှ
အကုန်ထုတ်ရှိုးခဲ့ပါရဲ့ 
ဒါနဲ့ များတောင်မှ
ကံကြမ္မာရက်စက်ပုံက
နှင်းဆီတပွင့်တောင်
(ကျနော်တို့ အတွက်)
မဖူးပွင့်ခဲ့ဘူး ၊

- မွတ်မွတ်သိပ်သိပ်
အလွမ်းတွေ ရင်နဲ့ အပြည့်ပါ မေမေရေ
ကြေမွနေတဲ့
တိုင်းပြည်ကြီးထဲကို
ကွဲအက်နေတဲ့ နှလုံးသားထဲက
အလွမ်းတွေ နေ့ တဓူဝ
တမ်းတမ်းတတနဲ့  ပစ်သွင်း
ချိုးငှက်တွေတောင်မှ
(ကျနော်တို့  ကိုယ်စား)
ပျံသန်းခွင့် မရရှာကြဘူး ။

- တရှိုက်ရှိုက် တငင်ငင်
မျက်ရည်မြစ်မိုး
တာရိုး ကျိုးသလိုမျိုးပေါ့ မေမေရေ
မိခင်တို့ ရဲ့  မျက်ဝန်းထဲမှာ
ကလေးသူငယ်တို့ ရဲ့ 
အနာဂတ် အပိုင်းအစများ
အစိတ်စိတ် အမွှာမွှာ
ပုံရိပ်ထင်လို့ 
ချစ်သူတို့ ရဲ့  မျက်ဝန်းထဲမှာ
မျှော်လင့်ခြင်း နေ့ ရက်များကို
မမျှော်လင့်ရဲတော့တဲ့
ပူဆွေးသောကများ
စွန်းထင်းလို့ ။

- နာနာကျည်းကျည်း
ခံပြင်းမှုတွေနဲ့ ပါ မေမေရေ
အနာဂတ်ဆိုတာကြီးကလည်း
ထုတ်သုံးမရတဲ့
ဒုတိယကမ္ဘာစစ်လက်ကျန်
ပစ္စည်းကြီး တခုလိုမျိုး
မနက်ဖြန်နေ့ များ ကို
မျှော်ရလွန်းလို့ 
ဒီနေ့ တွေကိုလည်း
မေ့လျော့လာခဲ့ကြ
တဖြည်းဖြည်းနဲ့ 
ဘုရားသခင်ကိုတောင်
အယုံအကြည် မဲ့မဲ့လာတယ် ၊

- ခွင့်မလွှတ်ပါနဲ့  မေမေရေ
( မိသားစုကို ပစ်ခွာသွားတဲ့သားအပေါ် )
စစ်အာဏာရှင်စနစ်အောက်က
တိုင်းပြည်ကို လွတ်မြောက်ချင်တဲ့
စိတ်တခုကလွဲလို့ 
ကျနော်တို့ ရဲ့  ရင်ထဲမှာ
ဘာတခုမှမရှိတော့ ။

(၂၀၀၆ ဇူလိုင် မှာ ရေးခဲ့တဲ့ကဗျာ)

Saturday, November 22, 2008

ကျောပေါ်က တောင်ယာများ

ကျောပေါ် က တောင်ယာများ
ချိုစိမ့်
နိုဝင်ဘာ ၂၂၊ ၂၀၀၈


သစ်ခြောက်ပင်ပျောက်

တတောလုံး မီးခိုးလွှမ်းခဲ့ရ

သူဟာ အမာဆုံး သစ်သား

ပြီးတော့

သူ့ အနှစ်အသားတွေကို

ချစ်လွန်းလို့ ပေးဆပ်နေသူ

သူရင် နဲ့ ထုဆစ်ခဲ့တာ

ဖွေရှာမရနိုင်သေးတဲ့

လူတွေ , ဥစ္စာတွေ ကတော့

အပြို အပျက်

ဒီလိုပဲ

တိမ်ဝှက် ကစားကြတဲ့ အခါ

အံကြိတ် သက်မချ

သင်္ခါရ ဆိုတာလည်း

နေသေးသပ ပေါ့

မီးရှို့ တောင်ယာတွေ ကျောပေါ်တင်

ယာခင် တခွင် လှည့်ကြည့် ဖို့

ဟိုမှာ ရဲဘော်တွေ စောင့်နေကြလေရဲ့၊၊

ရဲဘော် တိုက်မောင်း၊ ရဲဘော် ထက်မိုး၊ ရဲဘော် ဂုရု နဲ့ အခြား ရဲဘော်များသို့
၂ဝ- ၁၁- ၂ဝဝ၈

(မိုးမခမှ ကူးယူးဖေါ်ပြပါသည်။)

Friday, November 21, 2008

ပျမ်းမျှလူ့ သက်တမ်းတခု



ခြောက်ဆယ့်ငါးနှစ်ဆိုပါလားဟေ့
မောက်မာစော်ကား ရိုင်းပြလိုက်ပုံများ
သတ္တ၀ါနဲ့  လက်နက်မမျှတဲ့
ပျှမ်းမျှ လူ့ သက်တမ်းတခုဟာ
ဒင်းတို့ ရဲ့  လက်ထက်မှာ
ဒင်းတို့ ရဲ့  ပါးစပ်ထဲမှာ
လိုသလို ပုံသွင်းထားကြ ။

ခြောက်ဆယ့်ငါးနှစ်ဆိုပါလားဟေ့
မောက်မာစော်ကား ရိုင်းပြလိုက်ပုံများ
အရှေ့  အနောက် တောင် မြောက်
အကျဉ်းထောင်တွေထဲ ရောက်ကုန်ပြီ
စာနာကင်းမဲ့မှုတရား
ဒီခေတ်ကြီးထဲမှာ ကြီးထွားလာပြီ ။

ခြောက်ဆယ့်ငါးနှစ်ဆိုပါလားဟေ့
မောက်မာစော်ကား ရိုင်းပြလိုက်ပုံများ
သက်ရှိလူသားတွေ မဆိုထားနဲ့ 
သက်မဲ့ရုပ်ထုတွေတောင်မှ
အသုံးချ လှည့်ဖျားခံရ ခေတ်ကြီးထဲမှာ
ခင်ဗျားတို့  ကျနော်တို့ ရှေ့ မှာ
ခေါင်းဆောင်ပီသစွာ တိုက်ပွဲဝင်ခဲ့ကြတဲ့
အာဇာနည်များရဲ့ သွေး စွေးစွေးနီဆဲပါ
ခင်ဗျားတို့  ကျနော်တို့ ရဲ့ သွေး စွေးစွေးနီရဲ့ လား
အိမ်အပြန်လမ်းမှာ သေချာစဉ်းစား
ခြောက်ဆယ့်ငါးနှစ်ဆိုတာ
လူတယောက်ရဲ့  ပျှမ်းမျှသက်တမ်း
မြန်မာပြည်ရဲ့  စစ်တမ်းအရပါ ။

ခြောက်ဆယ့်ငါးနှစ်တဲ့လားဟေ့
မောက်မာစော်ကားရိုင်းပြတဲ့သူတွေ
ငါတို့ ပြည်သူတွေက
ရှစ်လေးလုံးစိတ်ဓာတ် သက်သေ ပြခဲ့ပြီးပြီပဲ
ခွပ်ဒေါင်းစိတ်ဓာတ် သက်သေပြခဲ့ပြီးပြီပဲ

စစ်အုပ်စုရေ နေနှင့်ဦးဟေ့

ငါတို့  ပေအဖြစ်က ရုန်းထွက်
တူတလက် ဖြစ်လာတဲ့အခါ

တူတလက် ဖြစ်လာတဲ့အခါ

တူတလက် ဖြစ်လာတဲ့အခါ ။

ဂုရုရေ


ဂုရုရေ
လက်မပြ နှုတ်မဆက်ပဲ
ရုတ်တရက်ကြီးကို
ခင်ဗျား တိတ်တဆိတ်ထွက်ခွါသွားခဲ့ပေါ့ ။

ဂုရုရေ
မယုံနိုင်စရာ
ကြေကွဲစိတ်ဟာ
ကိုယ် စိတ် နှလုံး
သုံးပါးလုံးကို ဆွံ့ အ စေခဲ့ပြီ။

ခင်ဗျားနဲ့ ကျနော်
ခရီးတခုကို အတူသွားဘူးခဲ့
မယ်လအူး စခန်းမှာ
ရက်တချို့ အတူနေဘူးခဲ့
မဲဆောက်က ကိုလွမ်းဏီအိမ်မှာ
ညနေခင်းတချို့ ကို
အရေဖျော်သောက်ဘူးခဲ့။

ဂုရုရေ
အခုတော့ဗျာ
တော်လှန်စစ်ကို ချစ်တဲ့
ကဗျာတွေကို တပ်မက်တဲ့
ရန် ငါ စည်းပြတ်တဲ့ ခင်ဗျား
အိမ်အပြန် စောလွန်းလှချည်ရဲ့ ။

ကြေကွဲမှုရဲ့ ကောင်းကင်မှာ
ဒေါင်းသံနဲ့ ဒေါင်းအလံတွေ
လရောင်ကိုထိုးဖောက်
ခင်ဗျားကို စောင့်နေလေရဲ့ ။

(ကမ္ဘာမြေရေ ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တယောက်ကို ဆီးကြိုပေတော့။
ရောက်ရာဘ၀မှာ အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်သူ ဖြစ်ပါစေ။)

နေလို လ လို ရဲဘော်နေလ

“နေလို လ လို ရဲဘော် နေလ”
လင်းနွေးအိမ်
နိုဝင်ဘာ ၂၁၊ ၂၀၀၈


ဂုရုရေ

အိပ်မက်တွေပိုက်ပြီး လျှောက်ခဲ့ကြတဲ့

တော်လှန်စစ်အနှစ်နှစ်ဆယ် ကာလမှာ

ဌာနတွေမတူခဲ့ကြပေမယ့်

ဝါဒတွေတူခဲ့ကြတယ်။


ဂုရုရေ

ဆေးလိပ်တိုလက်ကြားညှပ်ပြီး

အဆိပ်ငွေ့တွေရှူရှိုက်ရင်း

အသက်ပြင်းပြင်းရေးခဲ့ကြတဲ့ကဗျာတွေထဲမှာ

ပါဒတွေတူခဲ့ကြတယ်။



ဂုရုရေ

မဲဆောက်က ဆရာလွမ်းရဲ့ ကဗျာစခန်းမှာ

သူရာနဲ့ ဝရုဏကို ဂုဏ်ပြုကြတုန်းကလဲ

စရဏတွေ တူခဲ့ကြတယ်။



အခုတော့

ရဲဘော်ရေ လို့ အော်ခေါ်လိုက်တဲ့အခါမှာ

ချွန်မြနေတဲ့ကလောင်တချောင်းက

မြင့်ဇေဘလောက်ထဲကထွက်လာတယ်

အဲဒါ ဂုရု ဖြစ်တယ်

အဲဒါ ပွင့်သစ်(ကရိန်ကန်) ဖြစ်တယ်

အဲဒါ ရဲဘော်မြင့်အောင်ဖြစ်တယ်

အဲဒါ ကိုနေလ ဖြစ်တယ်

အဲဒါ ၈၈ ရဲ့ ရင်သွေးတယောက်ဖြစ်တယ်

အဲဒါ စစ်အုပ်စုနှလုံးသားမှာ စိုက်နင်ခဲ့တဲ့ ကျည်ဆန်တတောင့်ဖြစ်တယ်။



ရဲဘော်ဂုရုရေ

စိတ်ချလက်ချသွားပေတော့

ခင်ဗျားချစ်တဲ့ ရဲဘော်တွေရှိနေသမျှ

ခင်ဗျားပွင့်စေချင်တဲ့ပန်းတွေ ဝေဆာလာလိမ့်မယ်။ ။



(၂ဝဝ၈ နိုဝင်ဘာ ၂ဝ မှာဘဝကူးသွားတဲ့ သူငယ်ချင်းရဲဘော်သို့)

(မိုးမခမှ ကူးယူဖေါ်ပြပါသည်။)

Tuesday, November 18, 2008

တောင့်တစိတ်

(လွန်ခဲ့တဲ့ ၁၀နှစ်က ရေးခဲ့တာလေးပါ)

·· အမိဝမ်းကထွက်စ
အူဝဲလို့ အော်ရကထဲက
လိုချင်တောင့်တမှုတွေနဲ့ 
စခဲ့ရတဲ့လူ့ ဘ၀ ၊

·· အရွယ်ငယ်သေး ခလေးဘဝ
ဖြတ်သန်းစမှာ
‘ဖိုးလမင်းကြီးရေ
ထမင်းဆီဆမ်း ရွေလင်ဗန်းနဲ့ 
ပေးပါ ပေးပါ ပေးလှည့်ပါ’
အမေ့ဆိုတေး အရိပ်အေးမှာ
မျက်တောင်ဖွင့်ပိတ်
တောင့်တစိတ်နဲ့ 
အိပ်မက်များလဲ မက်ဖူးခဲ့ ၊


·· အရွယ်ရဲ့ ပြောင်းလဲခြင်းဖြစ်စဉ်
ကြီးပြင်းခြင်းဝင်ရောက်တဲ့အခါ
တောင့်တအိပ်မက်များ
အလုံးအထည်နဲ့ ဖွံ့ ဖြိုးလာခဲ့ကြ
လေပြင်းမုန်တိုင်း လှိုင်းထန်ပင်လယ်
လောကအလယ်မှာ
တောင့်တလိုချင်စိတ်တွေ
ကြိတ်မှိတ်မြိုသိပ်ထားတဲ့ကြား
ဘ၀ရဲ့ လိုအပ်ချက်များ
ဖြည့်ဆီးလို့ မကုန်နိုင်ပါလား ၊

·· တောင့်တစီတ်ရဲ့ နောက်ကလိုက်ပါ
လောဘ ဒေါသ မောဟ မီးများ
ဖိဆီးလောင်မြိုက်တဲ့အခါ
ဘ၀ဟာ သောကနဲ့ 
အမှောင်တိုက်ပါပဲ ၊

·· အသိဥာဏ် အလင်းတန်းများ
ထိုးဖေါက်ဝင်ရောက်
အမှောင်တိုက်ထဲက လွတ်မြောက်တဲ့အခါ
လောဘ ဒေါသ မောဟများကိုခါချ
လောကကြီးလဲသာယာလှပ
လူသားအားလုံးချစ်ခင်ကြင်နာကြ
အဲဒီအခါ
ငါ့စိတ်ကလိုချင်တောင့်တ
မေတ္တာရေကြည်တပေါက်သာပ ။


Saturday, November 15, 2008

ခါတရံ မိုးရွာစေသတည်း

အပြင်းစားနတ်ဖုရားတပါးရဲ့ 
ဂီတသံလိုမျိုး
သည်းမခံနိုင်တဲ့အဆုံး
မျိုသိပ်ထားသမျှ
အကုန်အန်ချပစ်လိုက်တယ် ။


ပေါ့ပါးသွားမလား
လျော့ပါးသွားမလား
ခါးခါးသီးသီး နာကျည်းမှုများက
အငွေ့ ပျံ ကောင်းကင်ယံတက်
မျက်ဝန်းမှာ မိုးတိမ်တွေဖွဲ့ ခဲ့ယုံကလွဲလို့ ၊

ဒီမှာ
ရောက်နေတဲ့ဘ၀ ဖြစ်လာသမျှကို
မကျေမနပ်ဖြစ်နေမယ်ဆိုရင်
ဘ၀မှာ မနေတတ် မသေတတ်နဲ့ 
ကျေနပ်စရာ ဘာတခုမှမရှိတော့တဲ့အဆုံး
နေထိုင်မှုစနစ်တခုလုံး လုံးပါးပါးပြီ ၊

တကယ်ဆို
ဦးနှောက်တခုရဲ့  အသိဥာဏ်
နှလုံးသားတခုရဲ့  ခွန်အား
ကြံ့ခိုင်သွားမလား
ယိုင်နဲ့ သွားမလား
ဖြစ်ခြင်း ပျက်ခြင်းတရားများ
ဝေ့၀ါးသွားပြီ ၊

အမှန်တရားရဲ့ ရှေ့ မှာ
တထွာတည်းသောသမုဒ္ဒရာကာဆီး
ဘ၀ရဲ့  မကင်းရာ မကင်းကြောင်း
သံယောဇဉ် နှောင်ကြိုးတွေကလည်း
တဆူဆူ တပူပူ ငြူစူနေတဲ့အခိုက်မှာ
ဝေဒနာတွေက ရေစီးကမ်းပြိုလိုက်လို့ 
ကိုယ် ကိုယ်တိုင်က ခါချဉ်ကောင်မာန်ကြီးနေဆဲ ၊

ယုံကြည်ရာ သစ္စာတရား
သမုဒ္ဒရာအထပ်ထပ်ကိုကျော်လွှား
ငါ ဆိုတဲ့အတ္တများကိုဖယ်ရှား
ဖယ် ရှား လိုက် တဲ့ အခါ
အဲဒီကစ
ဘ၀မှာ မိုးခေါင်တော့တာပါပဲ ၊

နှလုံးသားရဲ့  အနက်ရှိုင်းဆုံးတနေရာမှ
‘ဖေါ်ဝေး’ ရဲ့ ကဗျာတစ
နာကျင်စွာ ရင်ကိုထိရှ နိုးထလာခဲ့

·မွတ်သိပ်ခြင်း၏ ဒုတိယအမည်
အက်ကွဲရယ်သံဖြင့်သာ အသက်ရှင်သူ
ငါ့ ပုံတူတခု၏ ဦးခေါင်းကိုဖွင့်
ပင့်သက်များ အငွေ့ ပျံ
ခါတရံ မိုးရွာစေသတည်း ။



(· ၃ ။ ၇ ။ ၁၉၇၈ တွင်ကွယ်လွန်ခဲ့သော
ကဗျာဆရာဖေါ်ဝေး.
ကဗျာစုများမှ )


တိုက်မောင်း(သို့ )သတ္တိတသောင်းအောင်ပွဲ

(ဒီနေ့ စာအုပ်စင်ရှင်းတော့ ကိုတိုက်မောင်းရဲ့ 
ဝိရောဓိလွင်ပြင်နှင့်သတ္တိတသောင်းအောင်ပွဲစာအုပ်ကလေးပြန်တွေ့ တယ်။
ပြီးတော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တိုက်မောင်းတမ်းခြင်းဆိုပြီးရေးခဲ့တဲ့ ကဗျာလေးပြန်တွေ့ လို့  ပြန်လည်ဖေါ်ပြလိုက်ပါတယ်။)


အဲဒီ
ရုပ်ခန္ဓာကြီးကို ပစ်လိုက်ရ ပြီ ၊
ဒါပေမယ့် သံမဏိစိတ်ဓာတ်တွေက
ငါ့နှလုံးသားမှာ ရှင်သန်ကျန်ရစ်ခဲ့ ၊

အဲဒီ
ရုပ်ခန္ဓာကြီးကို ပစ်လိုက်ရပြီ ၊
ဒါပေမယ့် တော်လှန်ခွန်အားတွေက
ငါ့ရင်တွင်းမှာ နက်ရှိုင်းစွာအမြစ်တွယ်ရစ်ခဲ့ ၊


အဲဒီ
ရုပ်ခန္ဓာကြီးကို ပစ်လိုက်ရပြီ ၊
ဒါပေမယ့် အရှုံးမပေးတဲ့ စိတ်ဓာတ်တွေက
ငါ့ကို ရိုက်ပုတ်နှိုးခဲ့ ။

အဲဒီ
ရုပ်ခန္ဓာကြီးကို ပစ်လိုက်ရပြီ။
ဒါပေမယ့် အမှန်တရားနဲ့  လွတ်လပ်မှုကို
မြတ်နိုးတဲ့ စိတ်တွေက
ငါ့သွေးကြောထဲ စီးဝင်ပျံ့ ခဲ့ ။

အဲဒီ
ရုပ်ခန္ဓာကြီးကို ပစ်လိုက်ရပြီ။
ဒါပေမယ့် မြင့်မြတ်တဲ့ စွန့် လွှတ်မှုနဲ့ 
ငါတို့ ကိုဒီမိုကရေစီ အလင်းရောင်ပေါ်
ခေါ်ဆောင်သွားခဲ့ ။

အဲဒီ
ရုပ်ခန္ဓာကြီးကို ပစ်လိုက်ရပြီ ၊
ဒါပေမယ့် ဖိနှိပ်ရက်စက်တဲ့အစိုးရကိုတော်လှန်
ဒီမိုကရေစီ ရရှိဘို့ အတွက်
ခေတ်အဆက်ဆက်က
ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတို့ ဝိဥာဉ်
(ခင်ဗျားအပါအ၀င်)
ပူးဝင်ပေါင်းစည်း
ငါတို့ ရင်ထဲက ဒီမိုကရေစီလိုချင်တဲ့မီးကို
အားဖြည့် ပေးခဲ့ကြ ။

အဲဒီ
ရုပ်ခန္ဓာကြီးကို ပစ်လိုက်ရပြီ။
ဒါပေမယ့် ခွပ်ဒေါင်းတွေလိုရဲရင့်
ချိုးငှက်များလို ငြိမ်းချမ်းသိမ်မွေ့ 
ဒီအတွေ့ တွေ
ခင်ဗျားရဲ့  ကဗျာတွေမှာ ထင်ဟပ်နေခဲ့။

ဒီမိုကရေစီသူရဲကောင်းတို့ ရဲ့ ပြယုဂ်
ခင်ဗျားလုပ်ခဲ့တယ်
ဒီမိုကရေစီသူရဲကောင်းတွေရဲ့ ဝိဥာဉ်
(ခင်ဗျားနဲ့ အတူ)
ရှင်ပြန်ထမြောက်
အောင်ပွဲရောက်စေသော်ဝ် ။

Thursday, November 13, 2008

“နှစ်ကာလများ”

ရက်စက်သောနေ့ များ
ရက်စက်သောညများ
ကမ္ဘာမြေ၏ သူစိမ်းတရံ ဆံမှုများ
ပိုင်ပိုင်နိုင်နိုင် ထွေးပိုက်ခွင့်မရခဲ့သော
လောကပါလတရားများ ၊

အစွယ်လိုသူ
အသွားစေခိုင်းသူ
လေးပစ်သူ အားလုံး
ချစ်ခြင်း မုန်းခြင်း၏ အခြားတဖက်နိဂုံး
မိုးကောင်းကင်တခုအောက်ထဲမှ
မမြဲသော ဘ၀တို့ ၏ စာမျက်နှာများ ၊

အကွေ့  အကောက် အဖြောင့်
အဝေ့ အ၀ိုက် အနိမ့် အမြင့်
ကစင့်ကလျား ၀ိုးတိုးဝါးတား
လွတ်လပ်စွာတွေးခေါ်နိုင်သော
ပုံသဏ္ဍန်များ ပျက်ပြား
ရာသီဥတု မိုးလေ၀သ
ဖြစ်ခြင်း ပျက်ခြင်း သဘောတရား
ယုံကြည်မှု မျှော်လင့်ချက် ချွတ်ချော်တိမ်းပါးမှုများ ၊

မြစ်အား အလျားလိုက် ဖြတ်ကူးနေကြသော
တကိုယ်ရည် ကိုယ်ရည်သွေးတီးလုံးများ
စနစ်တကျ သိုလှောင် သိမ်းဆီးထားသော
ခါးပိုက်ထဲမှ မွေပွေးများ
ဒါးရိုးကမ်းနေခဲ့ကြသော နှစ်ကာလများ
နေ့ တဓူဝ မျိုချနေရသော သက်ပြင်းများ
ထိုအရာအားလုံးတို့ 
ငါတို့ ခေတ်မှာ မပြီးဆုံးကြတော့ဘူးလား ၊

ကောင်းကင်မှာတော့
ကြယ်တွေ တစင်းပြီးတစင်းကြွေ
ဒါပေမယ့် ငါယုံတယ် ။
နှစ်ကာလများထဲမှာ
သူရဲကောင်းကြယ်စင်များ
တပွင့်ပြီးတပွင့် ဝေနေဦးမှာ အသေအခြာပါပဲ ။
အခုတော့ မြေခွေးအုပ်တို့ ရဲ့ လက်ထဲမှာ
တရားကို နတ်မစောင့်တော့ဘူး
တရားကို တရားကလဲ မစောင့်တော့ဘူး
သမိုင်းရဲ့  သွေးစွန်းနေ့ ရက်များ
နှစ်ကာလကြာရှည်စွာ
ငါတို့ ကိုစောင့်စား တိုက်ပွဲခေါ်သံကြားမှာ ။




Tuesday, November 11, 2008

ရဲဘော်ကြီး နေဘုန်းလတ်

နာကျင်ကြေကွဲမှုရဲ့ အတိုင်းအဆ
ဘယ်လိုအရာမျိုးနဲ့ နှိုင်းပြရမှာလဲ
စကားလုံးတွေက
ရှားပါးလှချည်ရဲ့  ။

ရဲဘော်ကြီး နေဘုန်းလတ်ရေ
အနှစ် နှစ်ဆယ်တဲ့လား

ကျန်ခဲ့တဲ့ အနှစ် နှစ်ဆယ်မှာ
ရဲဘော်ရဲ့  ရင်ထဲက
လွတ်မြောက်ရေးတေးသွားသံဟာ
အမှန်တရားနဲ့  လွတ်လပ်ခြင်းရဲ့ ပြယုဂ်
အမျိုးသားရေးကို သီကျူးတဲ့ သီချင်းတပုဒ်
ဟုတ်တယ့့်  အမျိုးသားရေးကို သီကျူးတဲ့
သီချင်းတပုဒ် ဆိုတာ ငါတို့ ယုံတယ် ။

ရဲဘော်ကြီး နေဘုန်းလတ်ရေ
နုနယ် ပျိုမျစ်တဲ့ ရုပ်ခန္ဓာကိုသာ
ချုပ်နှောင်တားဆီးလို့ ရမယ်
ရဲဘော်ရဲ့ ရင်ထဲက ပြင်းပြတဲ့စိတ်ဆန္ဒကို
ဘယ်လိုအရာမျိုးကမှ
ချုပ်နှောင်တားဆီးလို့  မရနိုင်ပေဘူး၊
ဘယ်လိုအရာမျိုးကမှ
ပြိုကွဲပျက်ဆီးအောင် မစွမ်းဆောင်နိုင်ပေဘူး၊

ရဲဘော်ကြီး နေဘုန်းလတ်ရေ
သံမဏိစိတ်နဲ့ ရှေ့ သို့ သာရဲရဲချီကွဲ့ 
အောင်ပွဲဆိုတာ တိုက်ရဲသူအတွက်
ယုံကြည်လျက်ပင် ။

အမေ့လွမ်းခြင်း


(ကျနော်တို့ ကို သွန်သင်ဆုံးမ ပဲ့ပြင်ပေးတဲ့ လမ်းညွှန်ပြပေးတဲ့ ကျနော်တို့ ချစ်တဲ့ အမေ လူထုဒေါ်အမာရဲ့ မွေးနေ့  မကြာမှီ
ရောက်ရှိလို့ လာပါတော့မယ်။ ၂၉ နိုဝင်္ဘာ ၂၀၀၈ မှာ အမေ့အသက် ၉၃နှစ်ပြည့်ပါပြီ။ အမေ မရှိတော့တဲ့နောက်မှာ အမေ့စာတွေကို
ပြန်ပြန်ဖတ်မိလေ အမေ့ရဲ့ တန်ဖိုးကိုပိုပိုပြီး တမ်းတမိလေဖြစ်လာရတယ်။ အခုတော့ ကျနော်တို့ မှာ အမိမဲ့သား ရေနည်းငါး ပမာဖြစ်ရပြီ။
အမေ့ရဲ့ ၉၁ နှစ်ပြည့် မွေးနေ့ ကဗျာလေးကိုပြန်ဖေါ်ပြလိုက်ပါရဲ့ ။)

အမေ့လွမ်းခြင်း

မတရားဖိနှိပ်မှုများ
နှစ် ရက် လ ကြာရှည်လာတော့
“အမေ့တသက်
ဒီခေတ်လောက် ဆင်းရဲတာ
လူတွေ ဒုက္ခဖြစ်တာ မကြုံဖူးဘူး
အဲဒီ ဆင်းရဲနေတဲ့ လူတွေကို
ကိုယ်စားပြုမယ်ဆိုရင်
မင်းတို့  ရပ်တည်ချက်မှန်မှာပဲ ”
ဆိုတဲ့
အမေ့ရဲ့  ဆုံးမ လမ်းညွှန်ပြတဲ့စကား
အဝေးရောက်အမေ့သားသမီးများ
နှလုံးသားနဲ့  ဆတ်ဆတ်နာကြားခဲ့ရပါတယ်အမေ ၊

တကယ်တော့အမေရယ်
အမေ့မွေးနေ့ တွေမှာ သားတို့ တတွေ
ကဗျာတွေရွတ်ကြ
ဆုတွေတောင်းကြ
အမေ့ရဲ့  ဂုဏ်ပုဒ်တွေကို ဖော်ကျူးကြ
အမေ့ရဲ့  စာပေသမိုင်းကို မော်ကွန်းထိုးကြ
အဲသလို လုပ်ပေးရုံကလွဲလို့ 
လူထုအတွက်
သားတို့  ဘာတာဝန်များကြေပွန်ခဲ့ကြလေသလဲ
အမေ့အရိပ်ကိုခိုပြီး
သားတို့  ဆိုးခဲ့ မိုက်ခဲ့ သမျှ
ခွင့်လွှတ်ပ အမေ ၊

သံမဏိနှလုံးသား
ယုံကြည်ချက်န့ဲ အမှန်တရားတို့ ရဲ့ ပြယုဂ်
အဲဒီဇာတ်ထုပ်ထဲမှာ
ရာဇ၀င်နဲ့ မန္တလေးလဲပါတယ် ။
လူထုဦးလှနဲ့ လူထုဒေါ်အမာလည်းပါတယ်။
ရာစုတ၀က်ကျော်
အာဏာရှင်ကိုတော်လှန်ခဲ့တဲ့
တော်လှန်နေဆဲ (၉၀)ကျော် အမေ
သက်တော်ရာတော် ရှည်ပါစေ။
မြန်မာပြည် အမှောင်ပျောက်ပြီး
အလင်းရောက်ချိန်မှာ
အမေ့ကိုမျက်ဝါးထင်ထင်
တွေ့ မြင် ကန်တော့ရလိုပါ၏ ။

(အမေလူထုဒေါ်အမာ (၉၁)နှစ်ပြည့်မွေးနေ့ သို့ )


Friday, November 07, 2008

ညီညွတ်ရေးပန်းတိုင်

၁၊
အားနည်းချက်၊ အတ္တ၊ မိုက်မဲမှုတွေကို
ယုံကြည်ချက်ဆိုတဲ့စကားလုံးနဲ့ ဖုံးထား
လတ်ဆတ်မှုမရှိတဲ့ ဦးနှောက်များ
မမှည့်ခင်ထဲက ပုတ်သိုးကုန်ကြပြီ ။

၂၊
လက်တွေ့ မပါ အနှစ်ဗလာ
စကားလုံးတွေဖေါက်ခွဲနေရုံနဲ့ 
ဘ၀တွေဒီထက်ပိုထူးမလာခဲ့
ငှက်ကုလားအုပ်များလို
ဦးခေါင်းကိုသဲမြေထဲဝှက်ထား
နေခဲ့ရနှစ်ကာလများ
ရာစုတ၀က်ရှည်လျားစွာ
အချိန်ရာသီတွေမှာတော့
သူတို့ ရဲ့  ၀တ္တရားကိုထမ်းပိုလျက်ပါပဲ ။

၃၊
ကိုယ်တိုင်စိုက်ပျိုးပြီး
ကိုယ်တိုင်ရိပ်သိမ်းခွင့် မရတဲ့ဘ၀တွေများပြား
ညီညွတ်ရေးသွေးကကျဲပါးနေဆဲပါလေ
ဘယ်အရာကိုများစောင့်စားနေတာလဲ
“မိုးဟာမက်ဆီတောင်ကြီးကမလာရင်
တောင်ကြီးရှိရာမိုဟာမက်သွားရမှာပဲ
စနစ်တွေပုခုံးပြောင်းပြီး
ခေတ်တွေကဘ၀ဟောင်းကို
အရှိန်ပြင်းပြင်းဖြတ်ကျော်နေဆဲ
အသဲရဲရဲ သွေးရဲရဲထဲ
ဦးနှောက်အားလဲမနဲစေနဲ့ 
ဘုရားသခင်အလိုတော်ရတော့ မဟုတ်ဘူပေါ့၊

၎၊
ဒီမိုကရေစီလိုချင်တဲ့မီး
(ခင်ဗျားတို့ ကျနော်တိုရင်ထဲ)
တငြီးငြီးတောက်လောင်
မှန်ကန်တဲ့အလင်းရောင်
အမှောင်ကမ္ဘာကို ထွင်းဖေါက်
သွားရမယ့်လမ်းတလျှောက်
ဒူးမထောက်၊ လက်မမြှောက်
လိုချင်တဲ့ပန်းတိုင်ရောက်ရမယ်၊
၅၊
မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့ 
အသက်စွန့် သွားကြတဲ့
အာဇာနည်သူရဲကောင်းတို့ ရဲ့ ဝိဥာဉ်
ပေါင်းစပ်စီးဝင် လူထုလိုအင်
အာဏာရှင်တွေကိုသုတ်သင်
အောင်ပွဲဆင်ဘို့ 
အဘိုးမှိုင်းရဲ စကား တို့ တတွေနာကြား
“အရေးကြီးလျှင်ဖြင့် သွေးစည်းပြီး
သွေးနီးရာဆိုသည့်အတိုင်း
ကိုင်း--- ထထကြွကြွန့ဲ ၀ိုင်းကြပေရော့  ။

၂၃။၇။၂၀၀၁


အရောင်တူငှက်များအကြောင်း

ငါတို့ ဟာ
ကိုးကွယ်ရာ ဘာသာအသီးသီးရဲ့ 
ဘုရားသခင်များ ဖန်ဆင်းညွှန်ကြား
တရားဓမ္မများနဲ့  ကြီးပြင်းလာတဲ့
အရောင်တူငှက်များဖြစ်ကြတယ် ၊

ငါတို့ ဟာ
လောကပါလ - နီတိတရား
အကောင်းအဆိုးများနဲ့ 
အကြောင်းအကျိုးများကို
ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး
လူသားဘ၀ကို အလေးထားတဲ့
အရောင်တူငှက်များဖြစ်ကြတယ် ၊

ငါတို့ ဟာ
လောကရဲ့ ဓမ္မတရား
လွပ်လပ် ညီမျှ တန်းတူအခွင့်အရေးများ
တပ်မက်ကျင့်ကြံသွားချင်တဲ့ဆန္ဒပြင်းပြ
အရောင်တူငှက်များဖြစ်ကြတယ် ၊

ငါတို့ ဟာ
အဓမ္မတရားများကို
ရွံရှာစက်ဆုပ် - ဆွဲဆုတ်ပစ်ဖို့ 
ဦးတည်ဆန္ဒ တူညီကြတဲ့
အရောင်တူငှက်များဖြစ်ကြတယ် ၊

ငါတို့ ဟာ
အမြင်မတူရင်
ရန်သူလိုသဘောမထား
လွပ်လပ်စွာကွဲလွဲခွင့်ကိုလေးစား
ဒီမိုကရေစီစနစ်ကိုမြတ်နိုးစိတ်ထားနဲ့ 
အရောင်တူငှက်များဖြစ်ကြတယ် ၊

ငါတို့ ဟာ
စည်းလုံးညီညွတ်မှုကို တန်ဖိုးထား
နိပါတ်တော်ထဲက ဇာတ်တူသားစားလို့ 
ဟင်္သာကိုးသောင်းပျက်စီးကြောင်းတရား
ကောင်းကောင်းကြီးနားလည်ထားတဲ့
အရောင်တူငှက်များဖြစ်ကြတယ် ၊

ငါတို့ ဟာ
ကြီးနိုင်ငယ်ညှင်း
မင်းမဲ့စရိုက်ဆန်ခြင်းဝါဒများနဲ့ 
မတရားအုပ်ချုပ် မင်းလုပ်နေတဲ့
အာဏာာရှင်ငမိုက်သားများကို
နောက်ဆုံးသွေးတစက်ကျန်သည့်အထိ
တိုက်ပွဲဝင်သွားမယ့်
အရောင်တူငှက်များဖြစ်ကြတယ် ။

Monday, November 03, 2008

“ကြေမွသွားသော အိပ်မက်များ”

ရေပြင်ကျယ်ကြီးရဲ့ 
ရက်စက်မှုအောက်မှာ
သေကံမရောက် သက်မပျောက်ခဲ့ရပေမယ့်
ရှင်လျက်နဲ့ 
ဘ၀ပျောက်ခဲ့ရပြီ ညီမလေးရေ ၊

“အတူနေရရင်
သိပ်ပျော်မှာပဲ”
“ဒီတမိုးကုန်ရင်
အဘတို့ ဆီ လာတောင်းလှည့်”လို့ 
ချိုပျားသကာ စကားဆိုရာ
ရွာထိပ်ချောင်းနဘေးက
ပင်ညောင်အိုကြီးလဲ
ဘယ်ဝယ်ဘယ်ဆီ ရောက်သွားပြီလဲ ၊

သံသာလေကမ်းတိုင်
တူပြိုင်ကာလှမ်းနိုင်ဘိုအရေး
သစ္စာတေးသွားသီကျူးခဲ့ရာ
ရွာဦးကျောင်း ရွာဦးစေတီနဲ့ 
ချစ်ရသော ညီမလေးကို
နာဂစ်ရေ
ဘယ်ကိုများ ခေါ်ဆောင်သွားလဲကွဲ့ ၊

ဘယ်အရာမှ
မသေခြာတော့ဘူးဆိုတာ
သေခြာသွားပြီးတဲ့နောက်
ကြေကွဲမှုလရောင်အောက်မှာ
တရားနဲ့ ဖြေပါသောလည်း
ငါတို့ ရဲ့  ရှေ့ ရေးကို
နာဂစ်က သယ်ဆောင်ဖျက်ဆီးပစ်ခဲ့ပြီပဲ ၊

ညီမလေးရေ
ငါကိုယ်တိုင် က
ကံဆိုးလွန်းလို့  အသက်ရှင်ကျန်ရစ်ခဲ့တာပါကွယ် ။

(နာဂစ် မုန်တိုင်း ၆ လ ပြည့်သို့ )

Thursday, October 30, 2008

“တိုက်ပွဲခေါ်သံ”

ဗေဒင် ကိန်းခန်း
အတိတ် တဘောင်
ဘိုးတော်တွေရဲ့  အဆောင်တွေနဲ့ 
လူရောင်ပြန်ချင်သူများ၊

ဒီမှာလေ
ဇာတ်တူသားစားလို့ 
ဟသာင်္ကိုးသောင်းပျက်စီးကြောင်းတရား
စစ်အုပ်စုမှာ နားမရှိရှာဘူး
အခုတော့
ချောင်ပိတ်ရိုက်ခံရတဲ့
ခွေးတကောင်ရဲ့  တုံ့ ပြန်မှုမျိုး
ဂမူးးရှုးထိုး ကမ္ဘာ့အလယ်မှာ ၊

မှတ်ထားကြစမ်းဟေ့
ကျောင်းသားတပ်မတော် တဲ့
တကမ္ဘာလုံးမှာ
ငါတို့  နိုင်ငံတခုထဲသာရှိနေတာ
ဂုဏ်ယူစရာ
စစ်အုပ်စုရဲ့  နေပြည်တော်က
ရုပ်ထုကြီး သုံးခု ခမျာမှာတော့
သနားစရာ ၊

အာဏာရူးတို့ ရေ
အကုသိုလ်တွေ
ရင်းနှီးမြုပ်နှံမှတော့
အကုသိုလ်တွေပဲ
ရိတ်သိမ်းရတော့မှာပေါ့ ၊

ငါတို့ အဖို့ မှာတော့
‘လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ
ကြိုးပမ်းပေါင်းစပ်ကြ
’ဆိုတဲ့
တပ်ဦးရဲ့ ကြွေးကျော်သံသာ
မပြီးဆုံးသေးတဲ့ တော်လှန်ရေးအတွက်
တိုက်ပွဲခေါ်သံဖြစ်တယ် ။

(ကျောင်းသားတပ်မတော် မွေးဖွားခြင်း အနှစ် နှစ်ဆယ်ပြည့်သို့ )

“ခရီးသည်”


တစတစနဲ့  ပြိုကွဲကျလာ

အေးမြမြ၀တ်ရုံကို
ဆွဲယူသိမ်းရုပ်
တိမ်အုပ်နောက်ကိုဝင်သွားတယ် ၊

အရုဏ်
တရွေ့ ရွေ့ နဲ့ 
နေ့ တနေ့ ရဲ့ အစကို ဆွဲယူလာခဲ့
နေ
ပူပူလောင်လောင် သူ့ ရဲ့ အရောင်ကို
ကမ္ဘာမြေပြင်အရောက်ပို့ လိုက်တယ် ၊

အဲဒီလို ညတွေ နေ့ တွေ
သံသရာအဆက်ဆက်
မျှော်လင့်ချက်တွေနဲ့  ခရီးဆက်
အသက်ရှင်လိုသူများ

အဆင်ကွဲ မဲပြာပုဆိုးများ လွှင့်ပစ်ခဲ့ပါ
ယုံကြည်မှုတွေတည်ဆောက်
အဲဒီအောက်က သံသယများ လွှင့်ပစ်ခဲ့ပါ
ပုဆိုးခြုံထဲက
လက်သီးပုန်းများ လွှင့်ပစ်ခဲ့ပါ
သင်္ကြန်အမြှောက်ဆံများ လွှင့်ပစ်ခဲ့ပါ
ရာဇ၀င်ထဲမှာယစ်မူး
ရူးသွပ်သော အတွေးအခေါ်များ လွှင့်ပစ်ခဲ့ပါ


မြေကြီးရဲ့  သားသမီးများ
မြေကြီးထံပြန်မသွားခင်ကြားမှာ
သမိုင်းပေးတာဝန် ကြေပွန်စေဘို့ 
တို့ လက်များနဲ့  ခေတ်တခေတ်ကို သစ်စေမယ် ။



Tuesday, October 28, 2008

အသက်ရှင်နေထိုင်နည်း

ဒါဟာ
အိပ်မက်တခုသာ ဖြစ်လိုက်ပါတော့
ညီမလေးရေ ၊

သက်တံ့ဆိုတာ
အမြင်အာရုံနဲ့ ခံစား
ဆွဲကိုင်ဆုပ်လို့ မရတဲ့ အရာမဟုတ်လား ။


ရပ်တန့် နေတဲ့
မီးခိုးနဲ့ တိမ်တွေကို တွေ့ ဘူးရဲ့ လား
စိတ်ဆိုတာက
ကြေကွဲမှုမှာအိပ်စက်
အိပ်မက်ရှည်တွေနဲ့  ခရီးဆက်နေလေရဲ့ ၊

သံသရာရှည်သရွေ့ ပါပဲ
ကျည်းပေါင်းတက် နှလုံးသားမှာ
ခံစားချက်တွေ မပျောက်သမျှ
ဒဏ်ရာတွေက
လတ်ဆတ်လှပနေဦးမှာပဲ ယုံတယ် ၊

အလုံးစုံ လွတ်မြောက်လိုစိတ်က
ဝဠ်နာ ကံနာတခုလို
တမြေ့မြေ့လောင်ကျွမ်း
‘အဆုံးစွန်ထိသာ
တွေးနိုင်ခဲ့ရင်
မဆုံးဖြတ်ခဲ့ပါဘူး၊

အခုတော့
နောက်ကျောကို ဓါးနဲ့  ထိုးမယ့်
လူတွေကြားမှာ
အတုံ့ အလှည့်ဆိုတဲ့မာနကိုပယ်ထား
အမှန်တရားနဲ့ သာ
ငါ ရှင်သန်နေချင်တယ် ။
“အသက်ရှင်နေထိုင်နည်း ”

ဒါဟာ
အိပ်မက်တခုသာ ဖြစ်လိုက်ပါတော့
ညီမလေးရေ ၊

သက်တံ့ဆိုတာ
အမြင်အာရုံနဲ့ ခံစား
ဆွဲကိုင်ဆုပ်လို့ မရတဲ့ အရာမဟုတ်လား ။

ရပ်တန့် နေတဲ့
မီးခိုးနဲ့ တိမ်တွေကို တွေ့ ဘူးရဲ့ လား
စိတ်ဆိုတာက
ကြေကွဲမှုမှာအိပ်စက်
အိပ်မက်ရှည်တွေနဲ့  ခရီးဆက်နေလေရဲ့ ၊

သံသရာရှည်သရွေ့ ပါပဲ
ကျည်းပေါင်းတက် နှလုံးသားမှာ
ခံစားချက်တွေ မပျောက်သမျှ
ဒဏ်ရာတွေက
လတ်ဆတ်လှပနေဦးမှာပဲ ယုံတယ် ၊

အလုံးစုံ လွတ်မြောက်လိုစိတ်က
ဝဠ်နာ ကံနာတခုလို
တမြေ့မြေ့လောင်ကျွမ်း
‘အဆုံးစွန်ထိသာ
တွေးနိုင်ခဲ့ရင်
မဆုံးဖြတ်ခဲ့ပါဘူး၊

အခုတော့
နောက်ကျောကို ဓါးနဲ့  ထိုးမယ့်
လူတွေကြားမှာ
အတုံ့ အလှည့်ဆိုတဲ့မာနကိုပယ်ထား
အမှန်တရားနဲ့ သာ
ငါ ရှင်သန်နေချင်တယ် ။

Sunday, October 26, 2008

“ပရိုမီးသယတ်နတ်ဘုရားဝင်စားသူများ”

ရက်စက်သောဘုရင်
(ငါ့ရဲ့)
ဖြူဖတ်ဖြူရော်ဖြစ်နေသောခြေထောက်အစုံက
သွေးများကိုသင်နမ်းရှုံ့ ဘို့ အတွက်
အချိန်သည်သင့်ကိုဆွဲချခေါ်လာပေလိမ့်မည်
(ရှယ်လီ)


မြေနတ်သမီးရဲ့ သား
မေတ္တာနတ်သမီးလင်သား
ပရီုမီးသယတ်နတ်ဘုရား
လူသားများအပေါ်မေတ္တာထား
ဂျူပီတာနတ်မင်းကြီးတားမြစ်တဲ့ကြားက
(လောကလူဘုံအတွက်)
မီးကိုယူဆောင်လာခဲ့ ၊

နတ်မင်းကြီးရဲ့ ဒေါသတရား
ပရိုမီးသယတ်နတ်ဘုရားအား
ကော့ကေးဆပ်တောင်မှာ
နှောင်တည်းထားခဲ့ ၊

ပရိုမီးသယတ်ရဲ့ အသဲနှလုံး
နေ့ အခါမှာ
လင်းယုန်ငှက်များက ဖောက်ယူစားသုံး
ကြောက်ခမန်းအင်အား မေတ္တာတရားက
ညအခါမှာ
အသဲနှလုံးအသစ်ဖြစ်ပေါ်ရစ်တယ် ၊

တနေ၀င်တနေထွက်
အနှစ်သုံးထောင်ကြာညောင်းရက်ရှည်ထဲမှာ
အလွန်အမင်း အေးခြင်းပူခြင်း
ဒုက္ခတွင်းထဲခံစား
နတ်မိစ္ဆာများကလည်းနှိပ်စက်
ပရိုမီးသယတ်ရဲ့ ယုံကြည်ချက်
ကမ္ဘြာကီးအတွက်မပြောင်းလဲလျက်
မေတ္တာတရားသာ
ဒုက္ခအဖုံဖုံကိုဆေးကြောသန့် စင်ပြစ်မယ်လို့ ယုံထားခဲ့ ၊

ဒီလိုပါပဲ
ဒီမိုကရေစီကိုယုံကြည်ထား
ငါတိုရဲ့ သူရဲကောင်းများလည်း
ပရိုမီးသယတ်နတ်ဘုရား
ပူးကပ်ဝင်စားလာသလား ၊

ခိုင်မာစိတ်အင်အားနဲ့ 
လောကလူ့ ဘုံအတွက်
ဒီမိုကရေစီအတွက်
--------အတွက်
--------အတွက်
အာဏာရှင်တွေကိုတိုက်ဖျက်နေတဲ့
ဗမာပြည်ရဲ့ 
ပရိုမီးသယတ်နတ်ဘုရားများအား
ဦးထိပ်ပန်ဆင် ဂါရ၀ဆင်လျက်
ရင်ဝယ်ဆုတောင်း အောင်စေကြောင်း ။


ဒီမိုကရေစီသူရဲကောင်းအပါင်းအားရှယ်လီ၏ပရိုမီးသယတ်
လွတ်မြောက်ခြင်းကဗျာပြဇာတ်အားခံစားရေးဖွဲ့ ဂုဏ်
ပြုအပ်ပါသည်။။



Friday, October 24, 2008

ပျောက်သောလမ်း

ပျားရည်လို မချိုသောဒုက္ခများ
အလိုမတူပဲ
တရှိုက်မက်မက်ကြိုက်နှစ်သက်ခဲ့ဘူးတယ် အမေ။
ရင်ဘတ်ပြူတင်းတံခါးကိုလည်း
ပိတ်ထားခဲ့သလား
ဖွင့်ထားမိသလား
မပီဝိုးတ၀ါးနဲ့
တံလျှပ်တွေကို အငမ်းမရသောက်နေခဲ့ရပြီး
ပျောက်နေတဲ့ လရောင်အတွက်
အသဲကွဲနေရသူပါအမေ။

မိုက်မှားမိခဲ့တယ်
(အမေရဲ့သွန်သင်ချက်တွေကြားက)
နေရောင်လရောင် ကြယ်ရဲ့အရောင်တွေ မသိအောင်ကိုပဲ
မိုက်လုံးကြီးတွေ ဝေေ၀ဆာဆာနဲ့
မိုက်မှားမိခဲ့ပါတယ်. . . အမေ။

အမေဖြစ်စေချင်တာတွေကို
ကျနော်ကပစ်ပယ်
ကျနော်ဖြစ်ချင်တာတွေကို
အမေကနားလည်
စုန်ရေရဲ့ သဘောကို ရင်နဲ့ခံစား
သိနားလည်လာတဲ့အခါ
ကျနော်က အမေ့ရဲ့ဝေးရာမှာပါ အမေ။

အမေ့ရင်က ထွက်ခွါပျံသန်း
လျှောက်ခဲ့တဲ့လမ်း
သုံးဆယ်ခြောက်နှစ်ခရီးကြမ်းမှာ
ဘ၀ရဲ့ အရသာ
ချိုတ၀က် ခါးတ၀က်
အတွေ့အကြုံတွေနဲ့ ရင့်ကျက်ခဲ့ပြီးမှ
ပိုင်ဆိုင်တာတွေ ပြန်လှဲ့ကြည့်တဲ့အခါ
ဇနီး သား သမီးနဲ့ အကြွေး
မရေရာတဲ့ အနာဂါတ်လဲပါသေးရဲ့ အမေ။
ညတည ရဲ့ချောက်အိပ်မက်တခုလို
ဒုက္ခတွေနဲ့အိပ်ရာကနိုးထ
ကျနော်မျက်ရည်စတွေနဲ့
ကြေကွဲရပါရဲ့အမေ။

ကံကိုယုံလို့ ဆူးပုံ နင်းတဲ့သား
ဘ၀ရဲ့ခက်ခဲကြမ်းတမ်းမှု ဆူးတွေကြားမှာ
အမေ့ရဲ့မေတ္တာအေးရိပ်
ချွေးသိပ်ချင်မိတဲ့ တောင့်တစိတ်က
တိတ်တဆိတ်ဝင်ရောက်
သောကအမောတွေဖေါက်လို့
အမေရယ်အခုများတော့
အမေ့ဆီကရခဲ့တဲ့အမွေဗီဇ
စာ ကဗျာ ဂီတတွေနဲ့
ဘ၀ကိုမြိုမြိုချနေမိရဲ့ အမေ။



ဒေါင်းမိခင်ရဲ့ တရား



ကြီးကျယ်မြင့်မြတ်သူများရဲ့ 

သတ္တိနဲ့ အမှန်တရားကို

ဘယ်လို ယုတ်မာနိမ့်ကျတဲ့ အဖြစ်မျိုးတွေကမှ

ပြိုကွဲပျက်စီးအောင် မပြုလုပ်နိုင်ကြဘူး ၊



ကြိုးကြာငှက်တို့ ရဲ့ 

မိုင်ထောင်ချီခရီးလို

မနားတမ်းပျံသန်းနေတာကိုက

သန်းငါးဆယ်ကျော် ပြည်သူတွေရဲ့ 

အနာဂတ်နဲ့ 

ချကြွေးခံထားရတဲ့

မျိုးဆက်များရဲ့ 

မျှော်လင့်ချက်အတွက်ဖြစ်တယ် ၊



ဒူးမထောက်ခဲ့ဘူး

အညံ့မခံခဲ့ဘူး

အတုအယောင်ညီလာခံ မတက်ဘူး

မယိမ်းမယိုင် ခိုင်မာတဲ့စိတ်ဓာတ်တွေက

ခေတ်သစ်ဗမာ့သမိုင်းရဲ့ 

ကမည်းတင်ရမယ့်

မှတ်တိုင်များပဲဖြစ်တယ် ၊



ဘ၀က ဇာတိ ကို ဖြစ်စေတယ်

ပြီးတော့ ဇရာ

နောက် ဗျာဓိ

အဆုံးကျတော့ မရဏ

ဒါဟာ

တရားသဘောပေပဲပ ၊

“ အနိစ္စ ဒုက္ခ အနတ္တ

ဘယ်အရာမှမမြဲတဲ့တရားအရ

အာဏာရှင်စနစ်ဆိုတာလဲ

အနှေးနဲ့ အမြန်

ကျဆုံးရမှာဧကန်

ဒီပဲယင်း အဖြစ်မှန်

ပက်စက်ယုတ်မာစွာကြံသူ

တရားခံဆိုသူတွေလဲ

အနှေးနဲ့ အမြန်

ပြည်သူတွေရဲ့  ဒဏ်ခတ်ခြင်းကို ခံရမှာဧကန်

ဒီမိုကရေစီအရေးအတွက်

တရားသောတိုက်ပွဲဟာ

အောင်ပွဲဆင်ရမှာအမှန် ” ပဲလို့ 

ငြိမ်းချမ်းရေးအတွေးအမြင်နဲ့ နှလုံးသွင်းနေမယ့်

ငါတို့ ချစ်တဲ့ ဒေါင်းမိခင်လေ

သူမရဲ့ 

၅၉ နှစ်မြောက်မွေးနေ့ ဟာ

အကျယ်ချုပ်ဖြစ်စဉ်ထဲမှာ

အမှန်တရားနဲ့  ဟုန်းဟုန်းတောက်ခဲ့ပေါ့ ၊



(နိုင်ငံတော်လုပ်ကြံမှုကြီး-ဒီပဲယင်း-၁ နှစ်ပြည့်နှင့်

ဒေါ်အောင်ဆန်းစုကြည် ၅၉ နှစ်မြောက်မွေးနေ့ သို့ )













သွားရမယ့်လမ်း

၁၊
အဲဒီ
လောကဓံရှစ်ပါး
ချိုသလား ။ ခါးသလား
ငါတို့  အတူအကွ
အကုန်မော့သောက်ပစ်ခဲ့ကြ ၊

၂၊
ဟိုး အဝေးကြီးက အသံ
သဲ့သဲ့ကြားတယ် ။
“သဘောထားကြီးကြ” တဲ့လေ။
ရာစုဟောင်းထဲက
ကြီးခဲ့ရတဲ့ သဘောထား
ရာစုသစ်ထဲ ရောက်တာတောင်မှ
သဘောထားကကြီးနေရတုန်းမို့ 
ငါတို့ တတွေရဲ့  ကျောမှာလည်း
ဒဏ်ရာတွေ အတုန်းအရုန်းနဲ့ ပါဘဲ ၊

သဘောထား ကြီးရတာပဲဖြစ်ဖြစ်
သည်းခံ ခွင့်လွှတ်ရတာပဲဖြစ်ဖြစ်
ဘယ်အရာမဆို
အတိုင်းအတာ တခုတော့ ရှိလေရဲ့  ။
ငါတို့ တတွေဟာလည်း
ဘုရားဆုပန် မဟုတ်လေတော့
ပုထုဇဉ်လူသား
အမှားများလည်း မကင်းပေဘူးပေါ့ ၊
၃၊
ငါ တားဆီးခဲ့တယ် ။
အရာရာအချိန်မလွန်မှီ
နောက်ဆုံးချိန်ထိတိုင်အောင်
တူတာတွေ တွဲလုပ်ပြီး
မတူတာတွေ ခွဲလုပ်ဘို့ အထိ ။
နောက်ဆုံးရလဒ်
ငါ ကြေကွဲစိတ်နဲ့  အဆုံးသတ်ခဲ့ရပေါ့ ၊

ဘာပဲဖြစ်ဖြစ်
သဘောထားကြီးဘို့ အတွက်
လေးသင်္ချေနဲ့  ကမ္ဘာတသိန်း
ပါရမီဖြည့်စရာ မလိုဘူး ။
ဘာပဲဖြစ်ဖြစ်
သည်းခံ ခွင့်လွှတ်နိုင်ဘို့ အတွက်
တောထွက် တရားရှာမှီးဘို့ မလိုဘူး ။
သဘောထားကြီးဘို့ အတွက်
နှလုံးသားကြီးကြီး ထားတတ်ဘို့ နဲ့ 
သည်းခံခွင့်လွတ်နိုင်ဘို့ အတွက်
မုဒိတာများများ ပွားနိုင်ဘို့ ပဲလိုတယ် ၊
၎၊
အယူအဆ တူတူ မတူတူ
(လွတ်လပ်စွာ ကွဲလွဲခွင့်နဲအတူ)
ရည်ရွယ်ရာ ပန်းတိုင်တူရင်
တဦးကိုတဦး
ဖေးမကူရင်း တိုက်ပွဲဆင်မယ်ဆို
အဲဒီ အာဏာရှင်ကို
အောင်ပွဲဆင်ရမယ်ဆိုတာ
နဲနဲလေးတောင်မှ သံသယမရှိသင့်ပေဘူး ၊

(ခံစားမှုတို့  ပွင့်အန်ကျခြင်း)


Wednesday, October 22, 2008

ယောနိသော မနသိကာရ နဲ့  ငါ

နိဒါန်း

သူငယ်ချင်းက မကြာခဏ ပြောတယ်
“ယောနိသော မနသိကာရ”
အသင့်အတင့်နှင့်
နှလုံးသွင်းတတ်ဖို့ လိုသည် တဲ့ ။

၁။
အာဏာရူးတွေကမ်းကုန်အောင်မိုက်မဲပုံများ
ခလေးသူငယ်တွေရဲ့ အနာဂတ်ကို
သုံးစားမရတဲ့ချောက်တဲ့ ပစ်ပစ်ချနေမှတော့
“ယောနိသော မနသိကာရ” ကို
ငါက ဘယ်လိုလုပ်ပြီး
နှလုံးသွင်းနိုင် မှာတဲ့တုန်း။

သိက္ခာအပြည့်နဲ့စီးမျော
ဧရာဝတီမြစ်တကျောအပေါ်မှာ
ကြယ်တွေကြွေပြီးရင်း ကြွေနေတာကို
ရင်နာစွာမြင်တွေ့ နေရတော့
ငါက ဘယ်လိုလုပ်ပြီး
“ယောနိသော မနသိကာရ”ကို
နှလုံးသွင်းနိုင် မှာတဲ့တုန်း။
၂။
နေရာတွေလွဲမှား
စာသင်ခန်းတွေထဲက ကျောင်းသားများ
နယ်နမိတ်မျဉ်းများအပေါ်မှာ
တော်လှန်ရေး သန္တိသုခကိုစားသုံး
အာဏာရှင်ကို တွန်းလှန်နေတာမြင်နေရမှတော့
ငါက ဘယ်လိုလုပ်ပြီး
“ယောနိသော မနသိကာရ”ကို
နှလုံးသွင်းနိုင် မှာတဲ့တုန်း ။

ရုပ်သွင်သဏ္ဍန်က
ဖေါ့ဖယောင်းလို ပျော့ ပျောင်းပေမယ့်
ုယုံကြည်ချက်နဲ့စိတ်ဓာတ်များ
သံမဏိသံဆိုင်ခဲလိုမာကျော
(အမည်နဲ့ လိုက်ဖက်စွာ)
လေးစားရသော ကိုသံခဲရေ
ဆေးထိုးအပ်ကိုင်ရမယ့် ခင်ဗျားလက်ထဲ
သေနတ်ကိုင်ဆွဲ တရားသောစစ်ကို ဆင်နွှဲနေတာမြင်နေရတော့
ငါကဘယ်လိုလုပ်ပြီး
“ယောနိသော မနသိကာရ”ကို
နှလုံးသွင်းနိုင် မှာတဲ့တုန်း။

၃။
ငယ်စဉ်ခလေးဘ၀ထဲကစ
ချစ်ခင်မြတ်နိုးရတဲ့ အကိုရေ
ပြည်တွင်းကနေ တိုက်ပွဲဝင်ရင်း
ကြယ်ရောင် လရောင်မမြင်ရအောင်မဲမှောင်
(နှစ်ဆယ့်ခြောက်နှစ်တာကာလ)
နအဖ အကျဉ်းထောင်ထဲရောက်တာတောင်မှ
အမေကနေ တဆင့်မှာကြား
“မင်းတို့ ငါတို့ ခေတ်မှာ
စစ်အာဏာရှင်စနစ် အဆုံးသတ်ဘို့ ကြိုစား”

အဲဒီစကား ပြန်ကြားရတော့
ငါက ဘယ်လိုလုပ်ပြီး
“ယောနိသော မနသိကာရ”ကို
နှလုံးသွင်နိုင် မှာတဲ့တုန်း။

ခေတ်ဆိုး စနစ်ဆိုးရဲ့ သားကောင်ဖြစ်ခဲ့ရ
လူငယ်များစွာ တိုင်းပြည်မှထွက်ခွာ
ရေကြည်ရာ မြက်နုရာရှာဖွေရင်းနဲ့
(တိုးတက်ပါတယ်ဆိုတဲ့ ဖုန်းဆိုးမြေများမှာ)
ရေမျောကမ်းတင် ဖြစ်အင်တွေ မြင်တွေ့ နေရတော့
ငါက ဘယ်လိုလုပ်ပြီးး
“ယောနိသော မနသိကာရ”
ကို
နှလုံးသွင်းနိုင် မှာတဲ့တုန်း။

နိဂုံး။

သူငယ်ချင်းရေ
ကျေးဇူးလဲတင် ခင်လဲခင်တယ်
မဝေးတော့တဲ့ အနာဂတ်မှာ
အာဏာရှင်စနစ် ဘုံးဘုံးလဲကျသွားတဲ့အခါ
မင်း မကြာခဏ ပြောပြနေတဲ့
“ယောနိသော မနသိကာရ”ကို
ငါ နှလုံးသွင်းလို့ ရမှာပါ ။


Tuesday, October 21, 2008

ဆုံးရှုံးမှုမနက်ဖြန်များ

ဆင်းရဲမွဲတေတဲ့ ဘ၀တွင်းထဲက
ကြွယ်ဝချမ်းသာလိုတဲ့ ရမ္မက်ဇောနဲ့ 
ငွေကြေးဘုရားရှေ့ မှောက်မှာ
စစ်မှန်တဲ့ဘ၀တွေကို ယဇ်ပူဇော်နေသူငဲ့
ကြွယ်ဝချမ်းသာလိုတဲ့ ရမ္မက်ဖုံးလွှမ်း
စုံလုံးကန်းတဲ့ ပျိုရွယ်မှုများ
ရင်းနှီးပေးပြစ်
တန်ဖိုးအစစ် မမြင်ရစ်ပြီ ၊

လောကထဲမှာ
ငွေထက်အရေးကြီးတဲ့အရာ
များစွာရှိလည်း
အသိခေါက်ခက် အ၀င်နက်ခဲ့ ၊

အသိတရား ဘယ်တော့များမှ
ရပါ့မလဲ စဉ်းစားနေဆဲ
အတ္တကိုစီး လောဘခရီးနှင်
မဇ္ဈိမပဋိပဋာကိုလည်း မဆင်ချင်
ဘုရားဟောတာတွေလည်းမမြင်
ငွေကိုသာခုံမင် ငွေရှိလျှင်ပြည့်စုံပြီထင်
စိတ်ရဲ့ လိုအင်ဟူသမျှကိုလိုက်လျော
သံသရာကြောထဲနစ်မျောယစ်မူးနေသူ
ငါလိုလူတယောက်
ဆုံးရှုံးမှုတွေရဲ့ တန်ဖိုး
ငွေနဲ့ ပေးဝယ်မရတော့တဲ့အခါကျမှ
(ဘာ့အတွက်များ ငွေရှာနေခဲ့ )
စိတ်မသန့် တဲ့ လိပ်ပြာစိတ်နဲ့ 
အထိတ်တလန့်  မနက်ဖြန်များစွာကို
ရင်ဆိုင်ကျော်လွှားရတော့မယ် ၊


ကျိန်စာ


· ငါဟာ
ဘ၀မှာ ကြိမ်ဖန်များစွာ
ကျိန်စာသင့်ခဲ့သူ
ဦးနှောက်ဆူပွက်
အလိုရမ္မက်တွင်းနက်ထဲ
ဟောဒီ ရင်ဘတ်ပြူတင်းပေါက်ထဲက
ခုန်ဆင်းသွားခဲ့ကြ ၊

· ကမ္ဘာကြီးကို ထမ်းပိုးထားနိုင်ဘို့ အတွက်
လန်းဆတ်တဲ့ နံနက်ခင်းများ
ညရထားနဲ့  လိုက်ပါသွားချိန်
ကိုယ်တိုင်စိုက်ပျိုးပြီး
ကိုယ်တိုင်ရိတ်သိမ်းခွင့်ရမယ့်အရပ်ဆီ
မျှော်လင့်ချက်များစွာနဲ့ စွန့် ခွါထွက်ခဲ့ ၊

· သေချာပါတယ်ဆိုတဲ့ အရာတွေက
မသေချာမှုတွေနဲ့  တည်ဆောက်ထား
လွဲမှားတဲ့ခရီးကို သွားခဲ့သူလို
စွန့် စားမှုကောင်းကင်လွင်ပြင်ထဲ
လွင့်မျောတိမ်တစဟာ ငါဖြစ်တယ် ၊

· တဘ၀လုံးနီးပါး ပေးခဲ့ရတာတောင်မှ
ဒုက္ခက အာသာမပြေဘူး
အေးခဲသိပ်သည်း
ပူလောင်ခြောက်သွေ့ 
ဆန့် ကျင်ဘက်တရား အဲဒီနှစ်ခုအကြားမှာ
ဘ၀ဟာ အရည်ပျော်ခဲ့ရ
ကိုယ်ကျင့်သိက္ခာ မာနတရား
ပါးလျကွယ်ပျောက်
သမုဒ္ဒရာ တစ်ထွာအောက်ကို ရောက်သွားတယ် ၊

· ညီမလေးရေ
အဲဒီနေ့ က စလို့ 
ငါ့ရဲ့ ညတွေမှာ
ကြယ်တွေကြွေတော့တာပဲ ။

“ ရာစုသစ်နှင့်ကျွန်ုပ်တို့ ”

ပျားရည်တစက်ဟာ
အဆိပ်တခွက်ပါပဲ
ဓါးသွားကို လျက်မိလို့  ပြတ်ကျရတဲ့လျှာ
ဟောဒီကမ္ဘာမှာ
ဘယ်လောက်တောင်များခဲ့ပြီလဲ ။

အသိဥာဏ်ကျောက်ဆောင်
လောဘ ဒေါသ မောဟ
အမှောင်ထု ဒီရေတိုက်စား
မျက်မမြင်ပုဏ္ဍားခြောက်ယောက်ရဲ့  အသိမျိုးနဲ့ 
ဘ၀ခရီးကို သွားနေခဲ့ကြ ။

အမှန်တရားသစ္စာ
ရှာဖွေစိတ်ဓာတ်အင်အားနဲ့ 
သံသရာခရီးကို တသွားထဲ သွားခဲ့
အဖြစ်ပျက်မျိုးစုံ တွေ့ ကြုံခံစား
ရာစုသစ်ထဲက
သုမနကျောမှာလည်း
ဒဏ်ရာတွေသာ တိုးပွားလာခဲ့ရ ။

လိုချင်တာတွေ များလာတဲ့အခါ
ဘာမှ မရတတ်တာ သဘာဝမို့ 
ကံကိုသာ အပြစ်ပုံချထား
သောနုတ္တိုမုဆိုးစကားနဲ့ 
ဘ၀ဟာ ငိုချင်းချနေရတော့မှာလား ။

တကယ်တမ်းစဉ်းစား
နှစ်ဆယ့်တစ်ရာစုထဲ
တိုးဝင်သွားတဲ့အခါ
ငါတို့ တတွေ ကြိုးစားဖွေရှာ
ပညာ ဆိုတဲ့အရာကသာ
ငါတို့ ရဲ့  အနာဂတ်ကို
ဖြောင့်ဖြူးစေနိုင်လိမ့်မယ် ။

Monday, October 20, 2008

“ငါ မုန်းတယ်”

ညီမလေးရေ
အဲဒီလိုမျိုး
ကြေကွဲဘွယ် အမှတ်တရ
အထိမ်းအမှတ် နေ့ ရက်များ
အကြိမ်ကြိမ် အခါခါ
ငါတို့ ဦးညွတ်ရုံ ဦးညွတ်နေခဲ့ရ
အခြေအနေတွေ
ငါ မုန်းတယ် ၊

ညီမလေးရေ
အဲဒီလိုမျိုး
မျှော်လင့်ချက် ယုံကြည်ချက်
အတွေးအခေါ် အသိဥာဏ်များ
မြေမြုပ်သင်္ဂြိုလ်ရာ
အာဏာရှင်စနစ်ဆိုတာကိုလည်း
ငါ မုန်းတယ် ၊

ညီမလေးရေ
အဲဒီလိုမျိုး
သူတပါးမြေပေါ်မှာ
တရားဝင်နေထိုင်ခွင့်လေးတခု
ရရှိဘို့ အတွက်
ဖြူစင်ခဲ့သောစေတနာ
အမှန်တရား ရိုးသားမှုများအား
ခုတုံးလုပ် ။ လုပ်စားသွားသူများကို
ငါ မုန်းတယ် ၊
အဲဒီလိုပဲ
တရားဝင်နေထိုင်ခွင့်
အခြေအနေလေးတခု ရှိလာတဲ့အခါ
ကိုယ့်နိုင်ငံသားအချင်းချင်း
စောင့်ရှောက်ကူညီရမယ့်အစား
ဇာတ်တူသားစားသူများကို
ငါ မုန်းတယ် ၊

ညီမလေးရေ
အဲဒီလိုမျိုး
ငှက်ပျောအူဟင်းနဲ့ 
ခယောင်းလမ်း
ဆောင်းချမ်းချမ်းမှာ
ဆူးတောချုံတိုး
တော်လှန်ရေး ဘ၀မျိုးကို ဖြတ်ကျော်ခဲ့ပြီး
တတိယနိုင်ငံကြီးတွေရောက်တဲ့အခါ
အတိတ်မေ့ ဘ၀မေ့ အရာခပ်သိမ်းမေ့
တော်လှန်ရေးကိုပါမေ့တဲ့သူတွေ
ငါ မုန်းတယ် ၊

ညီမလေးရေ
အဲဒီလိုမျိုး
တိုင်းပြည်အကျိုးသယ်ပိုးသူ
တော်လှန်ရေးအတွက် အသက်ကိုပေးဆပ်သူ
ဘာသာလူမျိုးမခွဲခြား
အားလုံးဟာငါ့အသွေးအသားများဖြစ်ကြရဲ့  ။
မျက်စေ့ကိုဖွင့် နားကိုစွင့်
တိုက်ပွဲဝင်ဘို့  အသင့်ဖြစ်နေတဲ့
ငါတို့ ရဲဘော်လေးတွေရဲ့ ပူပန်မှု
(လက်နက် ။ ကျည်ဆန် ။ စားနပ်ရိက္ခာ )
ငါ့ကို မီးလိုကူးစက်တဲ့အခါ
မြို့ကြီးများပေါ်က
တို့ နိုင်ငံသားတွေကတော့
ထောက်ပံ့ငွေကြေး လက်နှေးနေကြ
အာပေါက်အောင်ပြောရနဲ့ 
အပျော်အပါးမှာ စိတ်ပါလက်ပါ
ငွေကိုရေလိုသုံးနေသူတွေကို
ငါ မုန်းတယ် ၊

ညီမလေးရေ
အဲဒီလိုမျိုး
နယ်ခြားမျဉ်းများအပေါ်မှာ
အသက်တချောင်း ရှင်သန်အောင်
ကြံဖန်မွေးယူနေရ
ပြည်သူများရဲ့  ဘဝ
လက်နက်ကိုင်ဆွဲ
တော်လှန်ရေးဆင်နွှဲနေတဲ့
တပ်ဦးက ကျောင်းသားရဲဘော်များရဲ့  ဘဝ
နိုင်ငံအသီးသီးမှာ
အနှိမ်ခံ အဖိနှိပ်ခံ
အနိုင်ကျင့်ခံ ။ သွေးစုပ်ခံနေရတဲ့
ငါ့ နိုင်ငံသားတွေရဲ့  ဘဝ
ပြားပြားဝပ်ပြီး
ခေါင်းမထောင်နိုင်အောင်
ညှင်းပန်းရက်စက် သတ်ဖြတ်
ပညာရေး စီးပွားရေး လူမှုရေး
အစစအရာရာ စုတ်ပြတ်
လူဖြစ်ပေမယ့်
လူ့ အခွင့်အရေးမရှိတော့တဲ့
ဗမာပြည်တွင်းက ပြည်သူတို့ ရဲ့ ဘဝ
ဘ၀အမျိုးမျိုးအဖုံဖုံတို့ ရဲ့ 
မူလအစ
အာဏာရှင်စနစ်နဲ့ 
အာဏာရှင်တို့ ရဲ့  လုပ်ရပ်တွေ
ခိုင်ခိုင်မာမာနဲ့  ပြစ်ပြစ်နှစ်နှစ်ကြီးကို
ငါ မုန်းတယ် ၊

ညီမလေးရေ
အဲဒီလိုမျိုး
စိတ်ဓာတ်တွေက
တောင်လောက် ကြီးမြင့်ပါပေရဲ့ 
ဒီမိုကရေစီ အတွက်
တော်လှန်ရေး အတွက်
အမျိုးသားလွတ်မြောက်ရေး အတွက်
ငါ့ လုပ်ရပ်တွေက
ဇီးစေ့လောက်ပဲ
ခရီးပေါက်မယ် ထင်ရဲ့ 
လုပ်ချင်တဲ့စိတ်တွေထက်
လုပ်နိုင်တဲ့ အလုပ်တွေက
နဲနေတာကိုပဲ
စိတ်နောက် ကိုယ်မပါနိုင်
ရုပ်အခြေအနေ ယိုင်နေတဲ့
ငါ့ ကိုယ်ငါ
သေသေချာချာကြီးကို
မုန်းမိတော့တယ် ။

၂၀၀၃ ၊ ၇ ၊ ၂၉
မနက်ခင်း ၃း၃၀ နာရီ

Saturday, October 18, 2008

ငါ ပိုင်ဆိုင်ချင်တဲ့ကမ္ဘာ

သက်ပြင်းချလိုက်ရမှာလား
ငိုချင်းချလိုက်ရမှာလား
ဇာတ်သိမ်းကို မကျေညက်ခဲ့တော့
ဘ၀နဲ့ ကိုယ်နဲ့ 
ဟာမိုနီ မဖြစ်တော့ဘူး ၊

“ဘာမှမပေးခဲ့ပဲနဲ့ 
အကုန်လိုချင်လို့ ရမလား”
စကားတခွန်းဟာ
ရင်ကိုရိုက်ချိုးလိုက်သလိုမျိုး
ပိုးစိုးပက်စက် အသဲတွေဟက်တက်ကွဲခဲ့ပေါ့ ၊


ငါကိုယ်တိုင်ထက်
ငါ့ကို ပိုသိသူကြီးရေ
ငါတို့ ဘ၀ဟာ
ရွေးစရာလမ်းမရှိခဲ့ဘူးဆိုတာ
မင်းသိရက်သားနဲ့ 
အခုများတော့
လရောင်အောက်မှာ
တရားခံတယောက်လို
ကြေကြေကွဲကွဲ၊

အဆုံးမသတ်လို့  မဖြစ်ဘူး
ငါ့အတ္တနဲ့  ငါ
စီးချင်းထိုးဘို့  ကြိုးဝိုင်းထဲမှာ
ယုံကြည်တာတွေစွန့် လွှတ်လိုက်ဘို့ 
တိုက်ဖော်တိုက်ဖက်အပေါင်းတို့ ရေ
ကြိုက်သလိုသာစွဲချက်တင်ကြပါတော့
သမီးသာ ငါ့ရဲ့  ကမ္ဘာဖြစ်တယ် ။

ရဲရင့်သက်ဇွဲ

(ငါ့ ကိုယ်နှင့် ငါ အစဉ်မပြေသောနေ့ ရက်များသို့ )



Friday, October 10, 2008

“၈၈ သွေးရိုင်းမုန်တိုင်း”

အကြောက်တရားနဲ့ 
ခေါက်ရိုးကျိုးနေတဲ့ဘ၀တွေကို
ရိုက်ချိုးချေဖျက်ပြစ်ဘို့ အတွက်
၈၈ က မုန်တိုင်းကိုမွေးဖွားလိုက်တာပါမေမေ ။

လမ်းမထက်ကျခဲ့တဲ့
သွေးစက်သွေးကွက်တွေထဲက
ရုန်းထ ကြုံးဝါး
သူရဲကောင်းတို့ ရဲ့ ဝိဥာဉ်များကလည်း
မုန်တိုင်းဖြစ်သွားကြ
အဲဒီ့မုန်တိုင်းက ကျနော်ဖြစ်သွား
အဲဒီကျနော်ကပဲ
၈၈ ရဲ့  သွေးသားဖြစ်သွားခဲ့ပေါ့ မေမေ ၊

မမေ့ကောင်းစရာအဖြစ်တွေက
အသစ်သစ်ပြန်ဖြစ်
နှလုံးသားမှာ တစစ်စစ်နဲ့ 
ဦးနှောက်ကို ဖျစ်ညှစ် နာကျင်ခံစား
ခန္နာကိုယ်ဆဲလ်များလည်း
၈၈ ရဲ့  သွေးအားနဲ့ 
ရှင်သန်လှုပ်ရှားနေဆဲပါမေမေ ။

မုန်တိုင်းနောက်ကလေပြေလေညှင်း
ဘယ်အချိန်များဆင်လာမလဲလေ
စောင့်စားမျှော်လင့်ခဲ့ရတာတွေ
တဆယ့်ငါးနှစ်တိုင်တိုင်
ကြာညောင်းခဲ့ပြီမေမေရေ ။

မွန်းတည့်ချိန်မှာဝင်ခဲ့တဲ့နေ
ဆယ်နွေမကပူလွန်းလှခဲ့
အတိတ်ရဲ့ အရိပ်တွေက
ရင်နဲ့ ကျောပမာ
တသားထဲကပ်လျက်ရှိနေဆဲပါမေမေ ။

အနာဂတ်အတွက် မျှော်လင့်ချက်နဲ့ 
အတိတ်ထဲက ကျနော်တို့ အရိပ်တွေကို
ဆွဲမထုတ်သာ အမြဲလှုပ်ခတ်နေကာ
သွေးရိုင်းမုန်တိုင်း ၈၈ ရဲ့  သမိုင်း
မျိုးဆက်တိုင်းကို ရိုက်ပုတ်လှုပ်နှိုး
အာဏာရှင်စနစ်ဆိုးမှန်သမျှ
အမြစ်မကျန် တွန်းလှန်ဖြိုဖျက်
လေးဆယ့်ရှစ်သန်းသောပြည်သူတွေအတွက်
ထာဝရသစ္စာ ၈၈ မုန်တိုင်းဟာ
ကျနော်တို့ ရင်ထဲ
သစ်လွင်လန်းဆတ်ဆဲပါမေမေ ။


Thursday, October 09, 2008

မြစ်တခုလို စီးဆင်း

လှပတဲ့ကောင်းကင်ပြာကြီးရဲ့  အောက်
စိမ်းလမ်းစိုပြေ ကမ္ဘာမြေမှာ
ပျော်ရွှင်ဘွယ်ရာသက်တမ်းရှိသလောက်
ငါ့အား စီးဆင်းခွင့်ပေးလှည့်ပါ ၊


၁၊
ဘ၀က မြစ်တခုလိုစီးဆင်း
နုနယ်ပျိုမျစ်ခြင်း ရေအလျင်များ
အတိတ်ထဲကို စီးဝင်သွားတဲ့အခါ
ကြီးရင့်ခြင်း ပစ္စုပ္ပန်ထဲ
မျှော်လင့်ခြင်းဒီရေလှိုင်းများ
တောက်ပသောအနာဂတ်အား
အဆက်မပြတ် ရိုက်ခတ်လာကြ ၊

၂၊
မြစ်တို့ ရဲ့  သဘာဝ
လှုင်းလေတွေထန်လဲ စီးဆင်း
အညစ်အကြေးနဲ့  ဒိုက်သရောများ
သယ်ဆောင်ရင်းစီးဆင်း
ကမ်းပါးကျောက်ဆောင်များကို
တိုက်စားစီးဆင်း
အကွေ့ အကောက် ချောက်ကမ်းပါးများလည်း
ဖြတ်သန်းစီးဆင်း
(ဘယ်လိုပင်စီးဆင်း)
အစိပ္ပါယ်ရှိသော စီးဆင်းမှုမျိုးနဲ့ 
မြစ်တခုငါဖြစ်ချင်ခဲ့ ။

၃၊
စီးဆင်းရာလမ်းတလျှောက်
ပတ်ဝန်းကျင်ကို ဘယ်လောက်အကျိုးပြုခဲ့ 
လောကကို ဘယ်လောက်အကျိုးပြုခဲ့ 
္ဖ္ဖ္ဖ့  အကျိုးပြုခဲ့
္ဖ္ဖ့္ဖ္ဖ့  အကျိုးပြုခဲ့
အကျိုးပြုခဲ့များစွာ ရှိပါရဲ့ လား
ဝေဖန်ပိုင်ခြား အသိညာဏ်များ
ဆန်းစစ်စေခြင် အမြင်ပီသ
မြစ်တို့ ရဲ့ သဘာဝ
ထာဝရ စီးဆင်းနေဖို့ ပါပဲလေ ။

ကျိန်စာသင့်သူများ

ဝေးကွာခြင်းရဲ့အတွင်းမှာ
အချိန်အခါမဲ့ရာသီလေများ
ခါးသီးစွာတိုက်ခတ်ပြီးတဲ့နောက်
ရောက်လာတဲ့အလွမ်းမိုးတိမ်များက
ကိုယ့်အပေါ်ကျိန်စာတွေပဲရွာချနေရဲ့ ။


မျှော်လင့်ခဲ့တယ်
တဘ၀စာပိုင်ဆိုင်ဘို့ အတွက်
ဘယ်သူသိနိုင်မှာတဲ့လဲ
တနေ့ တာကုန်ဆုံးတဲ့အချိန်
အိပ်တန်းပြန်ငှက်တို့ ရဲ့
ရင်လှိုင်းခတ်သံကို
ကြားရပြီးတဲ့နောက်
ပူပန်သောကတွေကိုလည်း
ဖြေချနေရတဲ့တခဏမှာ
ရူးသွပ်စွာတပ်မက်ငြိတွယ်
ကျိန်စာတွေကိုပဲမြိုချနေမိပြန်တယ် ။

အလွမ်းတွေရင်နှင့်အမျှ
ပြည့်လျှံကျလာတဲ့အခါ
မိုးကောင်းကင်အပြည့်
စကားလုံးတွေအံချနေမိခဲ့ ။

နေလုံးကြီးကတနေ့ တာအတွက်
လက်ပြနှုတ်ဆက်
လမ်းမီးတိုင်တွေလင်းလက်လာတဲ့အခါ
တယ်လီဖုန်းရှိတဲ့အိမ်အနား
မယောင်မလည်နဲ့ လမ်းသလားနေမယ့်
သူမကိုမြင်ယောင်
သောကတွေနဲ့ပူလောင်နေမလား ၊

ဒီလိုနဲ့ အကွာအဝေးအပိုင်းအခြားတွေရဲ့ကြားမှာ
ကိုယ်တို့ နှစ်ဦးသားရဲ့ဘ၀များ
ကျိန်စာနေ့ တွေများလာခဲ့ပေါ့ ။

မောင်လွမ်းမှိုင်း

ရိတ်သိမ်းခွင့်

အချိန်နာရီစက္ကန့် နဲ့ အမျှ
ပြုစု့ ပျိုးထောင်ခဲ့ရအချစ်များ
မရေရာတဲ့သံသယများကြောင့်
သံသရာရှည်မယ့်အလွမ်းများသာ
ကိုယ့်မှာနေ့တဓူဝ
ရိတ်သိမ်းရတော့မယ်---။။

ပိုင်ဆိုင်ခွင့်ဆိုတဲ့အရာအတွက်
ဘ၀တခုလုံးပုံအောခြင်းရဲ့ရလဒ်
ကွဲအက်ကြေမွသွားတဲ့ နှလုံးသားနဲ့
အမုန်းများကြားက
တိုရေ ရှားရေ မင်းရဲ့
အကြင်နာအကြည့်တချက်
မျှော်လင့်တပ်မက်ဆဲလေ ။

နေခြည်ခတဲ့နှင်း
အရည်ပျော်ဆင်းရသလိုမျိုး
ချစ်ခြင်းရဲ့အစမလှပခဲ့တော့
ပျော်စရာကင်းတဲ့ကိုယ်တို့ချစ်ခြင်းထဲ
ဝေဒနာတွေကိုသာနာကျည်းမှု့ များစွာနဲ့ 
ဖေါဖေါသီသီစားသုံးခဲ့ရပြီ ။

ဆန္ဒနဲ့ ဘဝ
တထပ်ထဲမကျတဲ့အခါ
ရင်နင့်စွာလမ်းခွဲ
လောကထဲ သောကများနဲ့ 
နေစရာမရှိ ပျော်စရာမရှိ
“ထာဝရ မြတ်နိုးခွင့်တခုသာ
ကိုယ့်တသက်မှာ ဒီအခွင့်ရှိနေတယ်ဆိုတဲ့”

ဖြေတွေးတွေးရင်း
သံသရာရှည်မယ့်အလွမ်းများသာ
ကိုယ့်မှာနေ့ တဓူဝ
ရိတ်သိမ်းရတော့မယ် ။

မောင်လွမ်းမှိုင်း

“ခွပ်ဒေါင်းတို့ ရဲ့ တရားခွင်”

ယုတ်မာပက်စက်
ဇကောလောက်မှ ဇောက်မနက်
အာဏာရူး စစ်ဘီလူးတွေဖြိုဖျက်
ပြိုပျက်ခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ
လေးဆယ့်တနှစ်ပြည့်ခဲ့ပြီ ၊

နယ်ချဲ့ အင်္ဂလိပ်ကိုလိုနီစနစ်
ဖက်ဆစ်တော်လှန်ရေး
လွတ်လပ်ရေးသမိုင်းမှာ
သမဂ္ဂကမွေးဖွား
ထင်ရှားတဲ့ခွပ်ဒေါင်းများ
လူထုနဲ့ တသားတည်းရှိခဲ့ ၊


ရုပ်နဲ့ နာမ်တရားမှာ
ရုပ်ပျက်ပြားတာကိုပင်
အောင်ပွဲထင်ခဲ့
အိုဘယ့် အာဏာရူးများငဲ့၊

ရုပ်တရားဖြစ်တဲ့
သမဂ္ဂအဆောက်အဦးကို
ဖြိုဖျက်လို့ သာရနိုင်မယ် ။
နာမ်တရားဖြစ်တဲ့
သမဂ္ဂစိတ်ဓါတ်အားက
မျိုးဆက်တိုင်းကိုရိုက်ခတ်သွားတဲ့အခါ
အာဏာရူးတို့ မဟာအမှား
သွေးရူးသွေးတမ်းနဲ့ 
အသက်ရှင်နေရတာဘဲမဟုတ်လား ၊

မကြံကောင်းမစည်ရာ
အာရူးတို့ ရဲ့ တရားက
‘ဓါးကိုဓါးချင်း ။ လှံကိုလှံချင်း
ဖြိုခွင်းမယ်တဲ့’စိမ်ခေါ်ကြုံးဝါး
အဓမ္မတရားပါပဲ ။
ဓမ္မနဲ့ အဓမ္မ
ဘယ်သင်းကအောင်ပွဲရ
သမိုင်းကသက်သေပြလိမ့်မယ် ၊

‘ဟင်းယူမလာနဲ့ 
သတင်းယူလာခဲ့
တို့ ကျောင်းသားတွေ ဘာလုပ်နေသလဲ’
မျိုးဆက်သစ်သမဂ္ဂစိတ်ဓါတ်နဲ့ ကြုံးဝါး
ထောင်ထဲက မင်းကိုနိုင်ရဲ့ စကား
ဖိနှိပ်ခံရတဲ့ သမိုင်းများ
ခေတ်တိုင်းမှာအတူတူပါဘဲ ၊

စိတ်ဓါတ်မကျ ၊ စိတ်တက်ကြွစွာ
သမဂ္ဂအလံတော်အောက်
ပေါင်းရုံးစုစည်း တော်လှန်ရေးခရီးမှာ
ပြည်သူလူထုကိုဦးဆောင်
ထွန်းပြောင်တဲ့ခွပ်ဒေါင်းသမိုင်း
ဘယ်တော့မှမရိုင်းဘူး ၊

အာဏာရူးစစ်ဘီလူးတို့ အတွက်
ကံကြမ္မာဘီးရဟတ်
တပတ်လည်လာတဲ့အခါ
ခွပ်ဒေါင်းသွေးနဲ့ စီရင် တရားခွင်ကို
အကြောက်တရားနဲ့ စောင့်စားကြတော့ ။

(၄၁နှစ်ပြည့် ဇူလိုင် ၇ ရက်နေ့ သို့ )

အနှစ်နှယ်ဆယ်ပုံရိပ်

အလင်းနှစ်သန်းပေါင်းများစွာကို
ဖြတ်သန်းသွားဘို့  မလိုပါဘူး ညီမလေးရေ
သမင်လည်ပြန် အကြည့်တချက်မှာ
အနှစ် (၂၀) ဆိုတာ ခဏလေးပါ ၊

၁၉၈၆ ရဲ့  ဒီဇင်ဘာ ၂၆ နေ့ ညမှာ
ဘုရားသခင် တားမြစ်ထားတဲ့ အပင်ရှိရာအရပ်
တို့ နှစ်ယောက်
နှစ်လုံးသားပြူတင်းပေါက်က ခုန်ဆင်းခဲ့ကြတယ်
ပညတ်ထားတဲ့အသီး ခူးဆွတ်လို့  စားခဲ့ကြတယ်
ငါ့ပဉ္စမမြောက် နံရိုး ပြန်ရှာတွေ့ တဲ့ညလဲ ဖြစ်ခဲ့တယ် ၊


အနံ့ ခံကောင်းတဲ့ မုဆိုးတို့ ရဲ့  စက်ကွင်းက
မလွတ်တော့တဲ့အဆုံး
တောင်သမန်အင်းနဲ့  မယ်ဇယ်ပင်တန်းကိုနှုတ်ဆက်
တောင်မြို့  နဲ့  အမရပူရကို နှုတ်ဆက်
တဖြစ်တောက်တောက် မြည်တွန်သံများကြားက
မျက်စိသူငယ် နားသူငယ်နဲ့ 
အားလုံးကိုနှုတ်ဆက်ခဲ့တယ် ။

ဒီလိုနဲ့  နှစ်များစွာကိုဖြတ်သန်း
ကြမ်းတမ်းတဲ့ ခရီးလမ်းမှာ
ညီမလေး ရေ
ကွမ်းတယာ ရေတမှုတ်နဲ့ 
ငါ့ကို ထားခဲ့မယ့် အလုပ် မင်းမလုပ်ခဲ့ဘူး
ဒုတိယအကြိမ် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှာ
မင်းဟာ ငါ့ရဲ့  တိုက်ဖေါ်တိုက်ဖက်
ရဲဘော် တယောက်အဖြစ် ရပ်တည်ခဲ့တယ်
ငါတို့ ဖြတ်သန်း ဘ၀လမ်းဟာ ကြမ်းတမ်းလွန်းတယ် ၊

ဘ၀ရဲ့  တိုက်ပွဲတွေကြားကနေ
လောကဓံတရားတို့ ရဲ့  ရိုက်ပုတ်မှုကြားကနေ
“ဓါးတောင်ကိုလဲ ကျော်ခဲ့ပြီ
မီးပင်လယ်ကိုလဲ ဖြတ်ခဲ့ပြီ ”
(ငါ့အထင်ပေါ့လေ)
ညီမလေးရေ
ငါတို့ ရဲ့ မျိုးဆက် အသက်ဆက်ဘို့ အတွက်
သမီး တယောက် (၁၉၉၀)
သား တယောက် (၂၀၀၂)
ဘုရားသခင်ရဲ့  လက်ဆောင်
ဘ၀ဆိုတာကြီးကို သံယောဇဉ်ကြိုးတွေနဲ့ ချည်နှောင်ထားပေါ့ ၊

ညီမလေးရေ
အစစအရာရာ ငါ့ဘ၀ကို
ပါရမီဖြည့်ပေးတဲ့အတွက်
ဘုရားသခင်ထံက ကောင်းချီးမင်္ဂလာအပေါင်း
မင်းအပေါ်ကျရောက်ပါစေကွယ်
နောင်လာမယ့်နှစ်တရာတိုင်
သမိုင်းပေးတာဝန်တွေကို ထမ်းပိုးရင်းနဲ့ 
တဦးကို တဦးဖေးမကူရင်းနဲ့ 
ကိုယ်ချစ်တဲ့ မြေပေါ်မှာ
လူတယောက်ရဲ့  အခွင့်အရေး ပြည့်ပြည့်၀၀နဲ့ 
လူပီသစွာနေထိုင်ခွင့်ရမယ့်
အနာဂတ်ရဲ့  နေ့ သစ်များအတွက်
ဆက်လက်တိုက်ပွဲဝင်ကြဦးစီု့  ညီမလေးရေ ။













အမေ့လွမ်းခြင်း

(ကျနော်တို့ ကို သွန်သင်ဆုံးမ ပဲ့ပြင်ပေးတဲ့ လမ်းညွှန်ပြပေးတဲ့ ကျနော်တို့ ချစ်တဲ့ အမေ လူထုဒေါ်အမာရဲ့ မွေးနေ့  မကြာမှီ
ရောက်ရှိလို့ လာပါတော့မယ်။ ၂၉ နိုဝင်္ဘာ ၂၀၀၈ မှာ အမေ့အသက် ၉၃နှစ်ပြည့်ပါပြီ။ အမေ မရှိတော့တဲ့နောက်မှာ အမေ့စာတွေကို
ပြန်ပြန်ဖတ်မိလေ အမေ့ရဲ့ တန်ဖိုးကိုပိုပိုပြီး တမ်းတမိလေဖြစ်လာရတယ်။ အခုတော့ ကျနော်တို့ မှာ အမိမဲ့သား ရေနည်းငါး ပမာဖြစ်ရပြီ။
အမေ့ရဲ့ ၉၁ နှစ်ပြည့် မွေးနေ့ ကဗျာလေးကိုပြန်ဖေါ်ပြလိုက်ပါရဲ့ ။)

အမေ့လွမ်းခြင်း

မတရားဖိနှိပ်မှုများ
နှစ် ရက် လ ကြာရှည်လာတော့
“အမေ့တသက်
ဒီခေတ်လောက် ဆင်းရဲတာ
လူတွေ ဒုက္ခဖြစ်တာ မကြုံဖူးဘူး
အဲဒီ ဆင်းရဲနေတဲ့ လူတွေကို
ကိုယ်စားပြုမယ်ဆိုရင်
မင်းတို့  ရပ်တည်ချက်မှန်မှာပဲ ”
ဆိုတဲ့
အမေ့ရဲ့  ဆုံးမ လမ်းညွှန်ပြတဲ့စကား
အဝေးရောက်အမေ့သားသမီးများ
နှလုံးသားနဲ့  ဆတ်ဆတ်နာကြားခဲ့ရပါတယ်အမေ ၊

တကယ်တော့အမေရယ်
အမေ့မွေးနေ့ တွေမှာ သားတို့ တတွေ
ကဗျာတွေရွတ်ကြ
ဆုတွေတောင်းကြ
အမေ့ရဲ့  ဂုဏ်ပုဒ်တွေကို ဖော်ကျူးကြ
အမေ့ရဲ့  စာပေသမိုင်းကို မော်ကွန်းထိုးကြ
အဲသလို လုပ်ပေးရုံကလွဲလို့ 
လူထုအတွက်
သားတို့  ဘာတာဝန်များကြေပွန်ခဲ့ကြလေသလဲ
အမေ့အရိပ်ကိုခိုပြီး
သားတို့  ဆိုးခဲ့ မိုက်ခဲ့ သမျှ
ခွင့်လွှတ်ပ အမေ ၊

သံမဏိနှလုံးသား
ယုံကြည်ချက်န့ဲ အမှန်တရားတို့ ရဲ့ ပြယုဂ်
အဲဒီဇာတ်ထုပ်ထဲမှာ
ရာဇ၀င်နဲ့ မန္တလေးလဲပါတယ် ။
လူထုဦးလှနဲ့ လူထုဒေါ်အမာလည်းပါတယ်။
ရာစုတ၀က်ကျော်
အာဏာရှင်ကိုတော်လှန်ခဲ့တဲ့
တော်လှန်နေဆဲ (၉၀)ကျော် အမေ
သက်တော်ရာတော် ရှည်ပါစေ။
မြန်မာပြည် အမှောင်ပျောက်ပြီး
အလင်းရောက်ချိန်မှာ
အမေ့ကိုမျက်ဝါးထင်ထင်
တွေ့ မြင် ကန်တော့ရလိုပါ၏ ။

(အမေလူထုဒေါ်အမာ (၉၁)နှစ်ပြည့်မွေးနေ့ သို့ )


Monday, October 06, 2008

“ဒုတိယ နောင်ရိုးတိုက်ပွဲ”

တဟုန်ထိုးပျံသန်းနေတဲ့
ငါတို့ ရဲ့ စိတ်ဓာတ်တွေကို
ဘယ်လိုအရာတွေကများ
တားဆီးထားနိုင်မှာတဲ့လဲ ။

ငါတို့ ရဲ့ ပြင်းပြတဲ့ယုံကြည်ချက်နဲ့ 
အနာဂတ်သစ်စိတ်ကူးတွေကို
ဘယ်လိုအရာတွေကများ
ရိုက်ချိုးဖျက်ဆီးပစ်နိုင်မှာတဲ့လဲ ။

ငါတို့ ရဲ့ လွပ်လပ်တဲ့ အတွေးအမြင်တွေနဲ့ 
ရင်ထဲကခံစားမှုတွေကို
ဘယ်လိုအရာတွေကများ
ပိတ်ဆို့ အမှောင်ချထားနိုင်မှာတဲ့လဲ ။

ငါတို့ ရဲ့ ရင်ထဲကထွက်ပေါ်လာတဲ့
သစ္စာတရားရဲ့ ရိုက်ခတ်မှုနဲ့ 
ပြည်သူ့ ထံကပဲ့တင်သံတွေကို
ဘယ်လိုအရာတွေကများ
ဆွံ့ အ နားမကြားအောင်လုပ်ထားနိုင်မှာတဲ့လဲ ။

အောင်ပွဲဆိုတာ
တိုက်ရဲသူအတွက်
ယုံကြည်လျက်ပင်ငါတို့ မြင်၏ ၊
မွေးရာပါလူ့ ဂုဏ်သိက္ခာ
လူ့ အခွင့်အရေးအတွက်
ဆုံးရှုံးမှုရဲ့ အကြွေး
အသက်သွေးနဲ့ ပေးဆပ်
ပင်လုံစိတ်ဓာတ်
ရှစ်လေးလုံးစိတ်ဓာတ်
ၹ ့ ့ ့ ့ ့ ့စိတ္ဓာတ္မ်ားစြာ
အဆက်မပြတ်ရှင်သန်
အာဏာရှင်စနစ်ကိုမြေလှန်ပြီး
အဆုံးသတ်တိုက်ပွဲဆင်နွှဲဘို့ အတွက်
ငါတို့ ရဲ့  ဖေါင်တွေကို ဖျက်ခဲ့ပြီ ။

“ငါ့ သူရဲကောင်း”

နှစ်ဆယ့်ခြောက်နှစ်တဲ့လား
အခန်းကျဉ်းလေးထဲမှာ
နေ့ မှန်း
ညမှန်း မသိရ
နီကျင့်ကျင့် မီးရောင်လေးနဲ့ သာ
အဖေါ်ပြုနေခဲ့ရရှာသူ
ငါ့ ရဲ့  သူရဲကောင်းကြီးငဲ့ ၊

သင့်ရင်ထဲက
တောက်လောင်နေတဲ့မီး
အမှန်တရားနဲဏ္ဍ
ထိန်ထိန် ငြီးနေခဲ့ပေါ့။
သင့်ကိုပိတ်လှောင်ထားတဲ့
သံမဏိတံခါးထက်
အဆ ရာ ထောင်
ခိုင်ခန့်  လုံခြုံ
ဖြိုဖျက်မရတဲ့ အဆောက်အအုံအလား
သင့် ယုံကြည်ချက်
စိတ်တံခါးကို
ဘယ်လို မိစ္ဆာဆိုးတို့ မှ
ရိုက်ချိုး ချေဖျက်ဘို့ 
မတတ်နိုင်ကြပေဘူး၊

ကတိစကား တခွန်းနဲ့ 
လက်မှတ် တချက်အထိုးမှာ
သင် လွတ်မြောက်မယ်ဆိုတာ
သင်သိသလို
ငါလဲ သိပါရဲ့ ။
ဒါပေမယ့်
သွေးပျက်သူတို့  လျှောက်တဲ့လမ်း
ခွပ်ဒေါင်းတို့ က ဘယ်တော့မှ မလွမ်းဘူး
သင့် ရဲ့ ယုံကြည်ချက်
ငါ လေးမြတ်စွာ ဦးညွှတ်လျက်ပါ ၊

“ရုပ် နာမ်
ခန္နာ နှစ်ပါး
အိုးစားကွဲသွားသည့်တိုင်အောင်
တမလွန်မှာ
ငါ့ အတွက်
ငရဲ မရှိ ။ နိဗ္ဗာန် မရှိ
လူထုလွတ်မြောက်ရေးသာရှိတယ် ”ဆိုတဲ့
သင့်ရဲ့  ကြုံးဝါးသံကြားမှာ
မာယာ တသိန်း
အပလိန်း အနန္ဒ
ဗာလနံ စစ်လူမိုက်တွေဟာ
သင့် ရဲ့ စိတ်ဓာတ်တွေအောက်မှာ
ကြောက်ဒူး တုန်နေကြပေရော့မယ် ။

့“သမိုင်းရှိတယ်”

နာကျည်းမှုများနဲ့ 
စိတ်ဓာတ်များကျည်းပေါင်းတက်လို့ 
လွပ်လပ်ရေးစာချုပ်ကြီး
ငါးဆယ့်သုံးနှစ်တာကာလ
ပြည်တွင်းစစ်မီးရောင်နဲ့ ဖတ်ခဲ့ရ
(ဖတ်နေရဆဲ)
မပြီးဆုံးသေးသောတော်လှန်ရေးများ
မျက်ရည်။ အသက်။ သွေးချွေး
ဓတေး ပေးဆပ်မဆုံးပါပဲ

တချို့ က ထောင်ထဲ
စိတ်စာတ်ပြင်းပြမြဲ

တချို့ က တောထဲ
လက်နက်ကိုင်တိုက်ပွဲဝင်ဆဲ

တချို့က လွတ်မြောက်ရာမြေ
နည်းလမ်းမျိုးစုံသုံးတိုက်ပွဲဆင်နွှဲ

တချို့ က ရေသာခိုအချောင်လိုက်
အရေးတော်ပုံလှိုင်းရေစီးနဲ့ 
လှေကြုံလိုက်စီးဘို့ စောင့်ဆိုင်း

ဟိတ် အဲ့ဒီမှာ
ဘယ်သူ့ သမိုင်းရိုင်းမလဲ
အချိန်နဲ့ အဖြေညှိ
ပြည်သူမှာ သမိုင်းအသိရှိတယ် ။

အနာဂတ်အခင်းအကျင်း

ကြက်ဥအရောင်
တိမ်တောင်သဖွယ်
မင်းရေးကျယ်၏ တဲ့
နှောင်းလူတွေရော
အခုလူတွေရော
အုတ်ရောရော၊ ကျောက်ရောရော
လိုရာသုံးစွဲ
လွတ်လပ်ရေးကြေငြာစာတမ်းကြီးလဲ
အနာဂတ်နဲ့ လွဲခဲ့ရပေါ့ ၊

ငါးဆယ့်ကိုးနှစ် သက်တမ်းမှာ
မြေစမ်းခရမ်းပျိုး
သာသာထိုးထိုးပြောရရင်
ဆယ်စုနှစ် တခုကျော်ပေါ့
ပြည်တော်သာစီမံကိန်းကြီးနဲ့ 
ဇာတိမာန်တက်ခဲ့ပုံများ
ပစ္စုပ္ပန်ကြီးလဲ အားအားရှိတိုင်း
ရွှေထီးစောင်းလို့ ၊

ဘယ်သူ့ ကို အပြစ်တင်ရမှာလဲ
အနာဂတ်ခမျာ ထစ်ခနဲဆို
အတိတ်ထဲ ဆွဲဆွဲထည့်ခံနေရ
ကောင်းကင်ကြီးတခုလုံး
စကားလုံးတွေနဲ့  ဖောင်းပွလို့ ၊

ခင်ဗျား ယုံလိုက်ပါ
အသက်စတေးခံ သူရဲကောင်းတို့ ဟာ
စကားလုံးးတွေနဲ့  မကစားခဲ့ဘူး။
ခင်ဗျား ယုံလိုက်ပါ
ဘ၀တခုလုံးကိုပေးအပ်
စွန့် လွှတ်စွန့် စားသူများဟာ
အတိတ်မှာ မမွေ့ လျော်ဘူး ။
ခင်ဗျား ယုံလိုက်ပါ
အနာဂတ်ကိုတည်ဆောက်မယ့်လက်တွေဟာ
လွတ်လပ်ရေးကြေညာစာတမ်းကြီးကို
ဖုန်သုတ်သန့် ရှင်း ( ပြီးတော့)
ရေလဲဆေးလို မသုံးဘူး၊

ခင်ဗျား ယုံလိုက်ပါ
ကျောင်းသားတပ်မတော်ဟာ
တကမ္ဘာလုံးမှာ
ကျုပ်တို့ နိုင်ငံတခုထဲ ရှိတယ်ဆိုတ္ဖာ
ခင်ဗျား ခိုင်ခိုင်မာမာကြီးသာ ယုံလိုက်ပါ
လွတ်လပ်တဲ့ နိုင်ငံတော်သစ်ရဲ့ 
အခင်းအကျင်းဟာ
ခင်ဗျားတို့  ကျနော်တို့ ရဲ့ 
လက်ထဲမှာ ။

(၅၉ နှစ်ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနား (တိုကျို) တွင် ရွတ်ဆိုသောကဗျာ)


Sunday, October 05, 2008

“လရောင်တမ်းခြင်း”

ညီမလေးရေ
ငါ့ရဲ အတွေးအိပ်မက်ပင်လယ်ထဲ
ပျားရည်မြစ်များ မြစ်ဖျားခံရာ
ဧဒင်ဥယျဉ်တံခါးဝမှာ
မက်မက်စက်စက် ညတွေကို
အထုပ်ဖြည်ချလိုက်တဲ့အခါ
လရောင်ဟာ
ဖရိုဖရဲနဲ့  တစစီပြန့် ကျဲကျလာတယ် ၊

ညီမလေးရေ
အဲဒီ လရောင်တွေပဲပေါ့
သောင်ရင်းမြစ်ပေါ် ပြိုကျ
ရင်း(၈)တပ်စွဲရာ တောင်ကုန်းတွေပေါ်ပြိုကျ
တပ်မဟာ(၇)ရဲ့  ကျောင်းကလေးပေါ်ပြိုကျ
ဟိုအဝေးက တောင်တန်းကြီးတွေကလဲ
ပြိုကျလာတဲ့ လရောင်ကို ပွေ့ ဖက်
မျက်ရည် စက်လက်နဲ့  ငြီးတွားနေပြန်ရော ၊

ညီမလေးရေ
နိုဝင်ဘာ (၃၀)ရက်နေ့ ရဲ့  ညဟာ
အခါတိုင်းနှစ်တွေထက် မြူနှင်းတွေက
ပိုကျနေသလိုပါပဲ
အခါတိုင်းနှစ်တွေထက် လရောင်ဟာ
ပိုလှနေသလိုပါပဲ
အဲဒီညဟာ ဘ၀မှာအမှတ်ရစရာ
ရင်း(၈)ကရဲဘော်တွေနဲ့  စကားဝိုင်း
လရောင်နဲ့ 
လှချင်တိုင်း လှနေခဲ့တယ်လေ ၊

ညီမလေးရေ
လရောင်ကို ဥပက္ခာပြုပြီး
အိပ်စက်ပြစ်လိုက်ဘို့ 
ငါ တတ်နိုင်စွမ်းမရှိတော့ပါဘူး
တပ်ဦးကရဲဘော်တို့ ရဲ့ 
ယုံကြည်ချက် သံမဏိဓါးသွားဟာ
လရောင်မှာ တဖိတ်ဖိတ်လက်လို့ 
ငါ ယုံတယ်
အနာဂတ် တိုင်းပြည်သစ်အတွက်
လှေခွက်ချည်းကျန် အလံမလှဲတဲ့စိတ်ဓါတ်
ရဲဘော်တိုင်းရဲ့  ရင်ကို
လရောင်နဲ့ အတူရိုက်ခတ်နေမယ်ဆိုတာ ။

(၂၀၀၆ ။ နိုဝင်ဘာ ။ ၃၀)

“長井健司さん“

“長井健司さん“

心を寂しくさせている雨の中、
悲しいひびが影のように、汚れている、
涙を止まらせている事は出来ないように
誰が壊したんですか?
長井健司さん、
川のように情報の流れか
壁が無、国境も無いわよ。
貴方がいつも語っている言葉、
何かが起こっている所を、
誰も行きたくなければ、
誰かが行かなければ行けません。
で 言葉
命をかけて教えてくれましたよね。
長井健司さん、
世界家族全てが
貴方が命と一緒に教えてくれたことを、
触れている手で受け取ってくれましたよ。
独裁者を、
かばってくれた国も
見直してくれているよ、
(日本国も)
長井健司さん、
ビルマーの二度目の民主か運動道で、
忘れられる事無く、貴方を、ビルマーだけではなく
世界人々達も、尊敬し英雄と決まっているわよ。
今は。。。。静かで眠れる所を、
JOHN LENNONのIMAGINE歌に抱き込まれて、
雨の中、
別れの言葉を語って行ってくれ。。。
(長井健司さんを神様が見守ってくれるように)
2007年10月8日お葬式で書きました。
YE YINT THET ZWE.

翻訳者 テンテンウ(FWUBC)

နာကာအိခန်းဂျိစံ

လွမ်းလွမ်းဆွတ်ဆွတ်
မိုးစက်တွေကြားက
ကြေကွဲရိပ်တို့  စွန်းထင်းနေတဲ့
မျက်ဝန်းများရဲ့  မျက်ရည်တာရိုး
ဘယ်သူတွေကများ ရိုက်ချိုးခဲ့တာလဲ ၊

နာကာအိခန်းဂျီးစံ ရေ
သတင်းစီးဆင်းမှုရဲ့ မြစ်ဟာ
အကန့် အသတ် အတားအဆီး
နယ်နမိတ် မရှိတော့ပါဘူး
ခင်ဗျား ပြောပြောနေတဲ့
‘တခုခုဖြစ်နေတဲ့နေရာကို
ဘယ်သူမှ မသွားချင်ပဲဖြစ်နေမယ်ဆိုရင်
တယောက်ယောက်ကတော့
သွားဘို့ လိုလိမ့်မယ် ဆိုတဲ့စကား
အသက်နဲ့ လဲပြခဲ့တာလား ၊

နာကာအိခန်းဂျိးစံ ရေ
ကမ္ဘာမိသားစုကြီးတခုလုံးက
ခင်ဗျား အသက်နဲ့ လဲပြီး
ပေးခဲ့တဲ့သတင်းကို
တုန်တုန်လှုပ်လှုပ်နဲ့ 
လက်ခံယူကြရပါပြီ ။

စစ်အုပ်စုကို
ပျော့ပျော့ပျောင်းပျောင်းနဲ့ 
ဆက်ဆံရေးကောင်းနေခဲ့တဲ့
နိုင်ငံအချို့ တောင်မှ
ပြန်လည်သုံးသပ်
ဆုံးဖြတ်ချက်တွေ ပြောင်းကုန်ကြပြီ
(ဂျပန်နိုင်ငံအပါအ၀င်ပေါ့)

နာကာအိခန်းဂျီးစံ ရေ
ဗမာပြည်သူပြည်သားတို့ ရဲ့ 
ဒုတိယအကြိမ်
အမျိုးသားလွတ်မြောက်မှုသမိုင်းတကွေ့ မှာ
အမှတ်တရ မှတ်တိုင်စိုက်ထူ
ခင်ဗျားလိုလူကို
ဗမာသာမက ကမ္ဘာသူကမ္ဘာသားအားလုံးကပါ
ဦးညွတ် ဂုဏ်ပြုနေမှာ အသေအချာပါပဲ ၊

အခုတော့
အေးချမ်းသာယာတဲ့ ဘုံဘ၀ဆီကို
ဲဂျွန်လင်နွန် ရဲ့ 
ှုအင်မဲယ်ဂျင်း သီချင်းသံပွေ့ ဖက်ခေါ်ဆောင်ရာ
မိုးရေစက်တွေကြားမှာ
အားလုံးကိုနှုတ်ဆက် ထွက်ခွာသွားပေဦးတော့ ။ ။

(နာကာအိခန်ဂျီးစံအပေါ် ဘုရားသခင်ရဲ့ 
ကောင်းချီးမင်္ဂလာအပေါင်း ကျရောက်ပါစေ)

၈ အောက်တိုဘာ ၂၀၀၇ ဈာပနအခမ်းအနားတွင်
ရေးဖွဲ့  သောကဗျာအား တနှစ်ပြည့် အမှတ်တရအဖြစ် ပြန်လည်ဖေါ်ပြပါသည်၊

Saturday, October 04, 2008

“အနိုင်အရှုံး”

ကြေကွဲစရာ
မိုးကောင်းကင်တခုတည်းရဲ့ အောက်မှာ
ဘ၀တွေက
ရေခြား မြေခြား
ဖြေသိမ့်စရာ စကား
ရှားပါးလို့  နေလေရဲ့  ။

မင်းရှိတဲ့ အရပ်က မြင်ရတဲ့
ကောင်းကင် လမင်း ကြယ်စင် နဲ့ 
ငါရှိတဲ့ အရပ်က မြင်ရတဲ့
ကောင်းကင် လမင်း ကြယ်စင်
အတူတူပါကွဲ့  ၊


ငါတို့ 
ဘ၀တခုအတွက်
အိပ်မက်ဖူးတွေ ခူးခဲ့ကြဘူးရဲ့ 
အိပ်မက်က နိုးထ
မျက်ရည်စတွေနဲ့  ကြေကွဲကြရ ၊

ဝေးကွာခြင်းရဲ့  အတွင်းမှာ
စိတ်တွေက ခံတွင်းပျက်
အမြင်အာရုံတွေက ဖျားချင် နာချင်
အလွမ်းတွေ အန်ချလိုက်တဲ့အခါ
ငါ့ မာနမှာ
ဆွေးမြေ့မှုအန်ဖတ်တွေ ပေကျံလို့ ၊

ယူဇနာပေါင်းများစွာက လာတဲ့အသံ
‘အချစ်ရဲ့  နိဂုံး
အမုန်း ဆိုလား ’
ငါ့ နှလုံးသားက သဲ့သဲ့ကြားရ
တခဏမှာ
ဘယ်သူမှ ဘာမှမတတ်နိုင်
ဘယ်သူမှ ဘာမှမတတ်နိုင်တော့ဘူး
တတွတ်တွတ် ရေရွတ်မြည်တမ်း အသဲကွဲတမ်းချင်းကြားက
နောက်ဆုံးမာန
အချစ်ရေ
မင်းကအစ
မင်းရဲ့  အသိုင်းအ၀န်းတခုလုံး
ငါ့ကို မုန်းတဲ့သူတွေ အကုန်လုံး
ငါ မမုန်းဘူး
အဲဒီအတွက် ငါမရှုံးဘူး၊

ကြေကွဲစရာ
မိုးးကောင်းကင် တခုတည်းရဲ့ အောက်မှာ
ဘ၀တွေက
ရေခြား မြေခြား ။






“ပြန်မလာနိုင်သူ”

ကောင်းကင်တခုလုံး
ကြေကွဲမှုတွေနဲ့ ပိတ်ဖုံးလို့ 
စွန့် လွှတ်လိုက်ရမှာလား
ခွင့်လွှတ်လိုက်ရမှာလား
ဦးနှောက်နဲ့ နှလုံးသား
အားပြိုင်မှုကြားမှာ
ကိုယ်က
အသိုက်အမြုံရှိရာ ပြန်မလာနိုင်သူပဲလေ ၊


လရောင်နဲ့ မက်တဲ့ အိပ်မက်မှာ
ကြယ်မစုံညများရဲ့ 
တကိုယ်ရေလွမ်းဆွတ်မှုတို့ 
ရွှေပြည်တော် မျှော်လေတိုင်း မှိုင်းရီလို့ 
ခံစားမှုအစိတ်အပိုင်းတိုင်းဟာ
ချစ်သူရဲ့  အလိုကျအတိုင်းသာ
အိပ်မက်ကနိုးထ မျက်ရည်စတွေနဲ့ ကြေကွဲခဲ့ရပေါ့ ၊

အမှတ်တရတခုကို
ဘ၀တခုနဲ့ လဲခဲ့ရသူမို့ 
ကံ ကံ၏အကျိုးပေးမှာ
ချောလဲ ရောမထိုင်ချင်သူ
သစ္စာဖောက်ခံရသူတယောက်ရဲ့ မှတ်တမ်း
ရင်ကွဲနာကျခန်းဟာ
အလွမ်းတွေနဲ့ တမ်းချင်းပဲလေ ။

ပျော်ချင်သူနဲ့ 
ပျော်ရာမှာ ပျော်ရှာပါတော့
ကိုယ်က
အသိုက်အမြုံရှိရာ ပြန်မလာနိုင်သူပဲလေ ။


Wednesday, October 01, 2008

“ပြန်မလာနဲ့ တော့ မုန်တိုင်းရေ”

မုန်တိုင်းရေ
ပြန်မလာနဲ့ တော့
နာစရာအသဲ
ခွဲထုတ်ထားခဲ့ပြီပဲ ။

မုန်တိုင်းရေ
ပြန်မလာနဲ့ တော့
တို့ တိုင်း တို့ ပြည်ရဲ့ 
ရှိသမျှဝဋ်ကြွေး
အကုန်ပေးခဲ့ပြီးပြီပဲ ။

မုန်တိုင်းရေ
ပြန်မလာနဲ့ တော့
နာကျင်ကျေမွ
ဘ၀များစွာ
တိုက်စားခဲ့ပြီးပြီပဲ ။

မုန်တိုင်းရေ
ပြန်မလာနဲ့ တော့
သေသင့်တဲ့သူတွေ
မသေပဲနဲ့ 
မသေသင့်တဲ့ပြည်သူတွေ
သေစေခဲ့ပြီးပြီပဲ ။

မုန်တိုင်းရေ
ပြန်မလာနဲ့ တော့
လူမဟုတ်တဲ့သူတွေရဲ့ 
အုပ်စိုးမှုအောက်မှာ
ရန်သူမျိုး ငါးပါးထဲက
မချစ်မနှစ်သက်သူ
သူခိုးနဲ့  မင်း
တပေါင်းတည်းဖြစ်သွားမှတော့
ပြည်သူတွေခမျာ
ကံ ကံ၏ အကျိုး
တရား ဓမ္မ အားကိုးလို့ မရတော့ပြီပဲ ။

မုန်တိုင်းရေ
ပြန်မလာနဲ့ တော့
အခင်းအကျင်းက
ဇာတ်လမ်းဇာတ်ကွက်နဲ့ 
မက်တဲ့အိပ်မက်လို
အိပ်မက်ကနိုးထ
ပြည်သူတွေရဲ့  ဘ၀က
အိုးမဲ့ အိမ်မဲ့
စားရမဲ့ သောက်ရမဲ့
ဝတ်ရမဲ့ နေရမဲ့
ကူသူမဲ့ ကယ်သူမဲ့ လူမှုဒုက္ခ
ရှုပ်ပွနေတဲ့ အပျက်အစီးတွေကြားမှာ
သေသူ ရှင်သူတို့ ရဲ့  ကျိန်စာ
လျှပ်စီးလိုပျိုးပျိုးပြက်ပြက်
ကောင်းကင်ကြီးလဲကွဲအက်
စစ်အုပ်စုရဲ့  နောက်ဆုံးထွက်သက်ဟာ
မိုးခါးရေတိမ်မှာ နစ်ရပြီပဲ ။


(နာဂစ် မုန်တိုင်းသင့်ပြည်သူများသို့ )

Monday, September 29, 2008

အလင်းမဲ့ ကောင်းကင်ရဲ့  ည

အသက်
သွေး
ချွေး
မျက်ရည်စက်များ
အလင်းပျောက် ကောင်းကင်အောက်မှာ ၊
အစိမ်းရောင်ဝတ်ရုံများ နဲ့ 
လိုင်စင်ရ သားသတ်သမားများလက်ထဲ
ယုံကြည်မှုတခုအတွက်
အသက်ပေးသွားကြတဲ့
သူရဲကောင်းများ
ဒဏ္ဍာရီမဟုတ်ခဲ့ဘူး၊

အမေ
ငိုနေမလား
ချစ်သူ မျက်ရည်စက်များနဲ့ 
ကျေကွဲမှု မီးအိမ်ကို
ထွန်းညှိနေသလား
ဂုဏ်ယူလိုက်စမ်းပါ
ကြယ်တွေ ကြွေတဲ့လမ်းမှာ ၊

ငြင်းဘို့ တောင် အချိန်မရလိုက်တဲ့
အခြေအနေဆိုးကြီးကို
အလိုမတူပဲ လက်ခံလိုက်ရတဲ့ ည
စောင်းတီးမပျက်တဲ့
နီရိုးဘုရင်လို လူစားများက လွဲလို့ 
လူမသေဘူးတဲ့အိမ်က မုန်ညင်းစေ့ရှာသလိုမျိုး
သွေးနဲ့ ကိုယ် သားနဲ့ ကိုယ်
နာကျည်းခဲ့ရတဲ့ ညပါ ၊

တဆယ့်ကိုးနှစ်လုံးလုံး
ဘရုတပ်စ် လိုလူတွေကြားမှာ
အဲဒီည
နောက်တကြိမ် မကြုံရအောင်
ဘ၀များစွာ ပေးဆပ်နေရင်းနဲ့ 
ဆာဝီလျံ ရဲ့  နောက်ဆုံးနှုတ်ထွက်စကား
လွတ်လပ်ရေး ဆိုတဲ့အသံသာ
အကြိမ်ကြိမ် ကြားနေမိတော့တယ်

ညကတော့ ကုန်နိုင်တယ်လို့ ရယ် မရှိတော့ဘူး ။

Sunday, September 28, 2008

“အပ်ကြောင်းထပ်နေတဲ့ ဓာတ်ပြားတချပ်ရဲ့  ”

ဘယ်လိုနည်းနဲ့ မှ
ခွင့်လွှတ်နိုင်စရာ
အကြောင်းမရှိတော့ဘူး
ဒင်းတို့ တတွေရဲ့ 
လည်ချောင်းသွေးနဲ့ 
ငါ ခြေဆေးလိုက်ချင်တယ် ၊

ဝေသာလီပြည် ဘီလူးစီးတော့
မေတ္တာသုတ်နဲ့  အောင်နိုင်ပေမယ့်
ဗမာပြည် စစ်ဘီလူးစီးတာ
မေတ္တာသုတ်နဲ့ တင်မလုံလောက်တော့တဲ့အချိန်မှာ
တကမ္ဘာလုံးက
ဘုန်းကြီးတစ္ဆေကို
ကမ္မ၀ါဖတ်ပြဘို့ 
ကြိုးစားနေကြတယ် ၊

ကျုပ်တို့ အတွက်မှာတော့
အပ်ကြောင်းထပ်နေတဲ့
ဓာတ်ပြားတချပ်ရဲ့  နာကျည်းမှုထဲ
ဥတုသုံးပါးလုံးရဲ့  ပေးဆပ်မှုတွေပါတယ် ။
ပိုင်ရှင်မဲ့သွားတဲ့ ဖိနပ်ကလေးများရဲ့ 
ကြေကွဲပုံရိပ်များ ပါတယ်
နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့
အလျော်အစားတွေပါတယ်။
စွန့် လွှတ်စွန့် စားသွားသူများရဲ့ 
အရိုးတွန်သံတွေဟာ
ပွဲသိမ်းတိုက်ပွဲအတွက်
တံပိုးခရာသံတွေအဖြစ် ပြောင်းသွားတာတွေပါတယ် ၊

မည်သို့ ပင်ဖြစ်စေ
အတုံ့ အလှည့်များအတွက်
ဒီကမ္ဘာမှာ
ငါတို့  အသက်ရှင်နေထိုင်တယ်
ငါတို့  အသက်ရှင်နေထိုင်တယ်
ငါတို့  အသက်ရှင် နေ ထိုင် ကြတယ်

ပေဖြစ်တုန်းကအိပ်မက်
အနာဂတ်အတွက်
တူတလက်ရဲ့  သမိုင်းဟာ
အရင်းအနှီးများစွာနဲ့  စောင့်နေလေရဲ့ ၊

ခွဲရမယ့်တရား

အငြိုးတကြီး ရွာနေတဲ့မိုးက
တငွေ့ ငွေ့ လောင်နေတဲ့ မီးကို
စိတ်ပျက်လက်ပျက်နဲ့ 
လက်မှိုင်ချကြည့်နေရတော့တယ် ၊

တချိမ်းချိမ်းနဲ့ 
ပြစ်ခတ်နေတဲ့ မိုးချိမ်းသံတွေက
မီးခဲပြာဖုံး အလွမ်းတွေကို
လျှပ်စီးပျက် အလင်းရောင်တွေနဲ့ 
တရွေ့ ရွေ့  နှိပ်စက်လို့ နေကြတယ် ၊


အနာဂတ်အတွက်ပါ
ခွဲထားခဲ့ရဦးမယ်
အုံနဲ့ ကျင်းနဲ့  ပက်စက်လွန်းတဲ့
စနစ်ဆိုးကြား
ဟောဒီ ငါးနှစ်သား ခလေးငယ်ဟာ
နိုင်ငံလည်း မရှိရှာဘူး
အနာဂတ်လည်း မရှိရှာဘူး ၊

ဖြစ်စဉ်တခုလုံးရဲ့  တရားခံဟာ
မျက်မမြင် ပုဏ္ဍား ဆင်စမ်းတဲ့တရားလို
ယုတ်မာသူ စစ်အုပ်စုဟာ
နွားခြေရာခွက် သမုဒ္ဒရာထက်က
ရေတပွက်ပမာ ၊

သက်တံ့ရောင်စဉ်များရဲ့  နိဂုံးမှာ
ဆည်းဆာတိမ်တောက်နေပုံများ
ငါ့ မှာ တရားနဲ့ ဖြေချင်သောလည်း
ခွဲရဦးမယ့်စကား ရင်နာစွာ
ငါ မပြောလို ငါမကြားလို ၊

အခုတော့
သမီးနဲ့ သား
ဘ၀မခါးရလေအောင်
ကိုယ့်မျက်ရည် ကိုယ်သုတ်လို့ 
ကိုယ်အထုပ်ကိုယ်ဆွဲ
အလွမ်းတွေ တွဲလဲနဲ့ 
သြော့့်  ခွဲရဦးမယ်၊




“ငါးနှစ်သားလေးရဲ့  အတွေးနဲ့ စကား”

မနက်ခင်း လေပြေလေညှင်းထဲက သီချင်း
“အဖေ
ငါ့သားလေ
အိပ်ချင်မျက်လုံးဖြစ်နေလို့ 
ပြီးတော့လေ ငါ့သား
ကျောင်းမကြိုက်ဘူး”

အိမ်အပြန် ကျောင်းအဆင်းက သီချင်း
“အဖေ
တက္ကစီနဲ့ ပြန်ရအောင်
ငါ့သားလေ
ခေါင်းထဲက မောနေလို့ ”

ဆည်းဆာရဲ့ နောက် အမှောင်အောက်က သီချင်း
“အဖေ
ငါ့သားလေ
ဘာဖြစ်လို့  ရေချိုးရမှာလဲ
ကျောင်းကပြန်လာထဲက
စိတ်ထဲမှာ ချိုးပြီးသား
အဖေ
ငါ့သားပြောမယ်နော်
ဗမာအခွေတွေက ဘာဖြစ်လို့ 
ဗိုက်ထဲက ရယ်(ရီ)ရတာလဲဟင်”

နေ့ တဓူဝ ကောင်းကင်းပြာကြီးအောက်က သီချင်း
“အဖေ
ပြောမယ်နော်
ငါ့သားရဲ့ တိုင်းပြည်က ဘယ်ဟာလဲဟင်
ငါ့သား တီဗွီထဲမှာ တွေ့ တဲ့
ဘုန်းကြီးတွေကို တုတ်နဲ့ ရိုက်တဲ့ နေရာလား
စုကြည်စံ ကိုတော့ မရိုက်ဘူးနော်
ငါ့သားလေ စုကြည်စံကိုချစ်တယ် ”

“အဖေ
ငါ့သားပြောမယ်နော်
အဖေက အစည်းဝေးပဲ
ခဏခဏ သွားနေတာပဲ
တီဗွီထဲမှာ
ဖုန်းကြီးတွေ အရိုက်မခံရအောင်
အဖေတို့  လုပ်လို့ မရဘူးလား
သွားပြောပေါ့ မရိုက်ပါနဲ့ လို့ ”

“အဖေ
ငါ့သားလေးတို့ 
ဗမာပြည်ပြန်ရင် အရိုက်ခံရမှာလားဟင်
အဲဒါဆိုရင်
ငါ့သား စင်္ကာပူမှာ
မမကြီးတို့ နဲ့  သွားနေမယ်
အဖေနဲ့ အမေပဲ ဗမာပြည်ပြန် ”

ငါးနှစ်သားလေးရဲ့ 
အတွေးစကားမှာ
ငါ ဖျားပြီးကျန်ခဲ့တယ် ။




































“မုန်တိုင်းထဲမှာပွင့်တဲ့ပန်း”

နေ့ ကို

ညက ခိုးယူနေပုံများ

လက်ကျန်

ကိုယ်ရည်ကိုယ်သွေးလေးတွေတောင်မှ

ကသုတ်ကယက်နဲ့ 

ကမ္ဘာမြေကို နှုတ်ဆက်လို့  ၊



ချောက်ချားဖွယ်ရာ

တိတ်ဆိတ်မှုတွေက

မြေကြီးနဲ့ ကောင်းကင်ရဲ့ ကြားမှာ

မုန်တိုင်းမလာခင် ငြိမ်သက်မှုမျိုးနဲ့ 

ရက်စက်နေကြတယ် ၊




မုန်တိုင်းတွေရောက်လာကြတယ်

မုန်တိုင်းထဲမှာ

ပန်းတွေပွင့်ကြတယ်



မုန် တိုင်း ထဲ မှာ

ပန်း တွေ ပွင့် ကြ တယ် ၊



သာသနာတော် တည်တံ့ခိုင်မြဲဘို့ အတွက်

မုန်တိုင်းထဲမှာ

ပန်းတွေပွင့်ကြတယ် ၊



လောကကို အလှဆင်ဘို့ 

မုန်တိုင်းထဲမှာ

ပန်းတွေပွင့်ကြတယ် ၊



စနစ်တခုပြောင်းဘို့ 

မုန်တိုင်းထဲမှာ

ပန်းတွေပွင့်ကြတယ် ၊



မွေးရာပါ လူ့ အခွင့်အရေးအတွက်

မုန်တိုင်းထဲမှာ

ပန်းတွေပွင့်ကြတယ် ၊



အဲဒီ ပန်းတွေပဲပေါ့

မုန်တိုင်းထဲမှာ

တပွင့်ပြီး တပွင့်ကြွေ

ဒါပေမယ့် ငါယုံတယ်

မုန်တိုင်းထဲမှာ

တပွင့်ပြီး တပွင့်

ဝေ နေ ဦး မှာ

ပန်းတွေ တပွင့်ပြီး တပွင့်

ဝေ နေ ဦး မှာ အသေအချာ ၊



(ကျဆုံးသွားခဲ့သော ရဟန်းသံဃာ ကျောင်းသားပြည်သူလူထုကြီးသို့ )



Saturday, September 27, 2008

မှောက်ကျသွားတဲ့ စက်တင်ဘာညနေခင်းထဲမှာ

စက်တင်ဘာရဲ့ ညနေခင်းတခု
ပက်ပက်စက်စက် မှောက်ကျသွားပုံများ
ရေဒီယိုထဲက မိစ္ဆာတို့ရဲ့ နတ်ဆိုးထိုးသံတွေ
လမ်းများပေါ်ကို
နှလုံးသားတွေထဲကို
ဖိတ်စင်လွင့်ကျလာသည်အထိ .....။

ကမ္ဘာမကြေ တေးသံဟာ
မှောက်ကျသွားတဲ့ ညနေခင်းထဲမှာ
တောက်တောက်ပပနဲ့ အလျှံတညီးညီး



“လက်ချင်းချိတ်ထားကြ”
“ကြောချင်းကပ်ထားကြ”
“အရှုံးမပေးဘူးကွ”
“လမ်းတွေပိတ်ထားကြ”
“သစ်ပင်တွေ လှဲထားကြ”
“သပိတ်စခန်းတွေကို အခိုင်အမာ ကာကွယ်ကြ”
“ရရင်ရ မရရင်ချ”
ဒါဟာ..... ငရဲပွက်သံ သွေးပျက်သံမဟုတ်
ကျောင်းသား ပြည်သူ ရဟန်းရှင်လူတို့ရဲ့
ရဲရင့်တဲ့ တိုက်ပွဲခေါ်သံဖြစ်တယ် .....။

မှောက်ကျသွားခဲ့တဲ့
စက်တင်ဘာရဲ့ညနေခင်းတခုဟာ
အော်ဂလီဆန်စရာ
ငါတို့ရဲ့ အနာဂတ်တွေအပေါ်မှာ
ငါတို့ရဲ့ မျိုးဆက်တွေအပေါ်မှာ
ငါတို့ရဲ့ နိုင်ငံတော်အပေါ်မှာ
ကပ်ရောဂါဆိုးတခုလို အမြစ်တွယ်နေချိန်မှာ
ငါတို့တတွေရဲ့ ညီညွတ်ရေးဆိုတာကလည်း
မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်စမ်းသလိုမျိုး
*အိပ်ရေးမဝသေးတဲ့ ဝက်ဝဝကြီးလို
ဒီယိုင် ဟိုထိုး ကိုယ်ကျိုးနည်းစရာချည်းသာပ .....။

ရဲဘော်တို့ရေ .....
အဆုံးသတ်တိုက်ပွဲထဲမှာ
ဂမ်ဘာရီကို မေ့ထားလိုက်
ဘန်းကီမွန်းကို မေ့ထားလိုက်
ပြည်ပအကူအညီတွေ မေ့ထားလိုက်
သင်တို့ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒကိုသာ
ယုံကြည်ချက်လေးပေါ်တင်ပြီး ပစ်လိုက်စမ်းပါ၊
မှောက်ကျသွားတဲ့ စက်တင်ဘာညနေခင်းထဲမှာ
လွတ်မြောက်ခြင်းတေးသံနဲ့ သမိုင်းသစ်ကိုဖွင့်လှစ်ကြမယ်.....။ ။

(* ကဗျာဆရာတိုက်မောင်း၏ ‘ကုလားထိုင်စိုက်ပျိုးရေး’ ကဗျာမှ စာသား)

စပယ်တွေ့  ဖွေးဖွေးလှုပ်လို့

၁။
အရောင်တူငှက်တွေ
ဆုံမှတ်တခုကို ဦးတည်ပျံသန်းသွားကြတဲ့နေ့ က
စပယ်တွေ ပွင့်လိုက်တာ
ဖွေးဖွေးလှုပ်လို့ 
အမေ့မှာ တရားနဲ့ ဖြေလည်း မရဘူး ။
၂။
ငါတို့ 
နွေးထွေးသော
ရင်ခွင်များ
အိမ်များ
အမေများ
ချစ်သူများ
အနာဂတ်များ
ပိုင်ဆိုင်နိုင်ခွင့်ရှိသော အရာများ
ထားရစ် ချန်ရစ်
ကျောခိုင်းထွက်ခွါခဲ့ကြ
ယုံကြည်ချက်တွေက
စပယ်တွေလို ပွင့်လိုက်တာ
ဖွေးဖွေးလှုပ်လို့  ။

၃။
အခုတော့ 
ဆရာမောင်သောကရဲ့ 
အနှစ်နှစ်ဆယ်လည်း မဟုတ်
ဗိုလ်မှူးချစ်ကောင်းရဲ့ 
အနှစ်နှစ်ဆယ်လည်း မဟုတ်
နူးညံ့သော နှလုံးသား
ခံနိုင်ရည်နဲ့  အားတင်းထားခဲ့တဲ့
အမေအိုရဲ့ မျက်ဝန်းများမှာ
စွန်းထင်းပေကျန်နေတဲ့
သောကရဲ့ အတိုင်းအဆ
အနှစ်နှစ်ဆယ်ကာလ့ 
ဟုတ်တယ့့် 
အမေအိုရဲ့  အနှစ်နှစ်ဆယ် ။

စပယ်ပွင့်တွေကြားမှာ အမေပြုံးတယ်
သောက မျက်ရည်စတွေနဲ့ 
နာနာ ကျည်းကျည်း ပြုံးတယ် ။
ကုန်လွန်ခဲ့တဲ့ အချိန်ကာလတွေနဲ့ 
ရောက်ရှိလာဦးမယ့် နေ့ သစ်တွေမှာ
အမေ့ရဲ့ စိတ်ဟာ သားနဲ့ ထပ်တူ
အောင်ပွဲကို ပွေ့ ဖက်မယ့်သူပါ
အမေ စောင့်နေတယ် သားရေ
စပယ်နံ့ တွေနဲ့ မွှမ်းထုံနေတဲ့ အမေ့ရဲ့ စကား
သားရှိရာအရပ်ဆီကို
သယ်ဆောင်သွားပေးပါလား လေညှင်းကလေးးရေ ။
၎။
အရောင်တူငှက်တွေ
ဆုံမှတ်တခုကို ဦးတည်ပျံသန်းသွားကြတဲ့နေ့ ကလိုပါပဲ
သားရယ့့် အခုလည်း
စပယ်တွေ ပွင့်လိုက်တာ
ဖွေးဖွေးလှုပ်လို့ 
အမေ့မှာ တရားနဲ့ ဖြေလည်း မရဘူး ။

အမေ နဲ့  သားရဲ့ ကမ္ဘာ

အမေ
မနက်လား
ညလား
သားမသိတော့ဘူး
နီကျင့်ကျင့် မီးရောင်အောက်က
အဆက်မပြတ်ရိုက်နှက်ခံရမှုသာ
လတ်တလောမှာ
သားရဲ့ကမ္ဘာဖြစ်တယ် ၊

သားရဲ့ ကမ္ဘာထဲမှာ
ရိုက်ချက်တချက်တိုင်းဟာ
ကြွေလွင့်သွားရတဲ့
ကြယ်တစင်းစီရဲ့ ခွန်အား
သားကိုယ်ထဲ ပွားများလို့သာလာတော့တယ် ၊

ရိုက်ချက် တချက်။ မေးခွန်းတကွက်နဲ့
ဂျာအေးသူ့အမေရိုက်တဲ့ဇာတ်လမ်းမှာ
ညစ်ညမ်းမှုမှန်သမျှ ကမ်းကုန်
ဖရုဿဝါစာတွေ လွှမ်းခြုံလို့
ဒါဟာ ခေတ်သစ်ငရဲခန်း
အေဒင်ဥယျာဉ်ထဲက အနမ်းမဟုတ်ဘူး
သွေးကြွေးအတွက်
အထိတ်တလန့် မနက်ဖန်များစွာ
မင်းတို့ရဲ့ ကမ္ဘာသာဖြစ်တယ် ၊

သားကမ္ဘာထဲမှာ
သားကိုယ်တိုင်မသိတဲ့ ခွန်အားတွေက
မီးလိုတောက်လောင်နေတယ်
သားကိုယ်တိုင်ကလည်း
မီးတောက်မီးလျှံတခုဖြစ်လို့နေတယ် ၊

အမေရေ
သေခြင်းတရားကို တွန်းလှန်
နေခြင်းတရားကို ဆွဲဆန့်ထားဦး
မိစ္ဆာတို့လက်က
တိုင်းပြည်လွတ်မြောက်တဲ့အခါ
ချစ်ချင်းများစွာ နဲ့ ပြန်ဆုံကြရမယ့်
အမေနဲ့သားရဲ့ကမ္ဘာ ။

Thursday, September 25, 2008

“အဆုံးသတ်မသွားဘူး(၂)”

တကိုယ်ရေလွမ်းဆွတ်မှု
အထီးကျန်ကမ္ဘာထဲမှာ
အသိုက်အမြုံ ပျက်ခဲ့ရသူ
တွယ်ရာမဲ့လွင့်မျော
ဘ၀အမောများစွာ
ခိုလှုံရာ ရှာမတွေ့ခဲ့ဘူး ။

အဲဒီ
ဒုက္ခမီးတွေကို ငြိမ်းသတ်ဘို့
ကံကြမ္မာရေ
ကောင်းမွန်လှပတဲ့ နေ့ရက်များ
ငါ့အတွက်
လက်ကျန်မရှိတော့ဘူးလား ။

အခုတော့
မင်းအတွက်လား
ငါ့အတွက်လား
မသိနိုင်အောင်ကိုပဲ
ထိုးနှက်ချက်တွေက
ပြင်းထန်လွန်းလှချည်ရဲ့၊
မင်းကို သနားရမှာလား
ငါ့ကိုယ်ငါ သနားရမှာလား
ထိုးနှက်ချက်တွေက
ရက်စက်လွန်းလှချည်ရဲ့ ၊
မင်းကိုစွန့်ပစ်လိုက်ရမှာလား
ငါ့ကိုယ်ငါ ဇာတ်သိမ်းလိုက်ရမှာလား
ထိုးနှက်ချက်တွေက
ကြေကွဲဘွယ်ကောင်းလှချည်ရဲ့ ။

ကြောင်ခံတွင်းပျက်နဲ့
ဇရက်တောင်ပံကျိုး ဆိုစကား
(လူတွေများ အမနာပ ပြောရက်ကြတယ်)
ရာဇ၀င်အသိုးထဲမှာ
ကဲ့ရက်ခုနှစ်ရက် ချီးမွှမ်းခုနှစ်ရက်နဲ့
ရောနှောထားရစ်ခဲ့
တို့နှစ်ဦးဟာ
ရေပေးသူနဲ့ ရေငတ်သူ
တွေ့ကြတဲ့သဘောသာပ ။

ဘာပဲဖြစ်ဖြစ်
ငါ့ ဘ၀ကို ငါချစ်နေသမျှ ကာလပတ်လုံး
အတောမသတ်နိုင်အောင် လောင်ကျွမ်းနေတဲ့
ငါ့ရဲ့ ဒုက္ခမီးက
အဆုံးသတ်မသွားဘူး ။

မောင်လွမ်းမှိုင်း

အလွမ်း

ရပ်ဝေးမြေခြား တိုင်းတပါးမှာ
နေထိုင်မကောင်းဖြစ်တဲ့အခါ
အိမ်ကိုလွမ်းတဲ့ဝေဒနာဟာ
မကြေမငြာနဲ့ 
ဟော့ဒီရင်မှာ နေရာအပြည့်ယူလာတော့တယ်၊

အမေ့အပြုံး အဖေ့အပြုံး
ညီအကိုမောင်နှမတွေ တရုန်းရုန်းနဲ့
တ၀ုန်ဝုန်းဆူညံနေခဲ့တဲ့
အိမ်အိုလေးတလုံးကို လွမ်းလွမ်းနေတာလဲ
ဟော့ဒီရင်ထဲကပါပဲ၊

နေမကောင်းတဲ့အခါ
စိုးရိမ်ပူပင်မှု မျက်ရည်စတွေနဲ့
ပြုစုထွေးပွေ့ အမေ့ရင်ငွေ့နွေးနွေးကို
ပြန်ပြီးတမ်းတ လွမ်းနေရတာလည်း
ဟော့ဒီရင်ထဲကပါပဲ၊

နေပူထဲမှာဆော့ကစား
အပြင်းဖျားတုန်းက
အဖေဆူမှာစိုးလို့
အိပ်ချင်ယောင်ဆောင်နေတဲ့အခါ
နဖူးလေးကိုအသာလာစမ်း
ကျနော့်ပါလေးကို အဖေနမ်းတာလည်း
ဟောဒီရင်ထဲက လွမ်းနေတာပါပဲ၊

အိပ်ရာထဲမှာလှဲ အတွေးနယ်ထဲမှာ
ငယ်ကပေါင်း သူငယ်ချင်းကောင်းတွေနဲ့
ကျောင်းပြေးကြတာကအစ
ပျိုရွယ်စဉ်ဘ၀တွေကို ပြန်တွေး
ဆွေးဆွေးပြီး လွမ်းနေရတာလည်း
ဟောဒီရင်ထဲကပါပဲ၊

အခုတော့ အမေရေ
ထစ်ခနဲ့ဆို လွမ်းလွမ်းနေတတ်တဲ့
ဟော့ဒီရင်ကို
မီးရှို့ ပြာချ နလံထချင်လှပြီ ။

(ကျန်မာရေးမကောင်းသော နေ့ရက်များသို့)

“မိုးရွာနေဆဲလား”

ပြိုမှာလေလားမိုးရဲ့ 
တဖွဲဖွဲစွေရွာသွန်း
ကမ္ဘာမြေကိုတောက်ပ
အစိမ်းရောင်အစတွေ
ပူပြင်းတောက်လောင်နေတဲ့
ရင်ကိုမအေးမြစေ
နွေကန္နာနေ့ တနေ့ လိုပ
မိုးရွာနေဆဲလား၊

လောကတခွင်
ဆေးကြောသန့် စင်
မိုးမင်းအလျင် လေပြင်းဆင်ခဲ့
လေပြင်းရဲ့ နောက်မိုးပေါက်လိုက်လေ
မိုးပေါက်တွေက
ကိုယ့်အလွမ်းကို ပိုလွမ်းစေတော့တယ်၊

ချစ်သူပေးတဲ့ လောင်ကျွမ်းမှုအလယ်
ကိုယ့်ဘ၀ပင်လယ်
အငွေ့ ပျံကောင်းကင်ယံထက်
အဲ့ဒါ ချစ်သူ့ အတွက်
ကိုယ့်ရဲ့  အလွမ်းမိုးတိမ်တွေပါကွဲ့  ၊

တဘ၀စာ
စောင့်ခဲ့ပါတယ် ချစ်သူရေ
ပြန်မလာတော့မယ့် သူအတွက်
ကိုယ့်ဘ၀ ကောင်းကင်မှာ
အလွမ်းမိုးတွေရွာချ
ချစ်သူအတွက်
သောကမျက်ရည်စတွေပဲပေါ့၊

ချစ်ခဲ့ရတဲ့ ကာလတွေအတွက်
ဘ၀ကို အရူးအမူးဖက်တွယ် အသက်ရှင်
တိမ်ညိုတိမ်မဲတွေအုံ့ ဆိုင်းတာလဲမမြင်
ကမ္ဘာမြေတောက်ပ
အစိမ်းရောင်အစတွေနဲ့ လှနေတာလဲမမြင်
ချစ်သူရေ
ဒီရင်မှာ ပူပင်သောက
လွမ်းတမ်းတမှုတွေနဲ့ သာ
အပြင်မှာ မိုးရွာနေဆဲလား၊

“နှစ်ကာလထဲက အဖြစ်အပျက်များ”

ဘ၀က
ရွက်ကြမ်းရေကျိုပါပဲ
မာန်မာန မထားတတ်သူ
ကမ္ဘာမြေကြီးက ပေးသမျှနဲ့ 
ကျေနပ် ရောင့်ရဲတတ်သူပါ ၊

အနုပညာကို ပွေ့ ဖက်
ကဗျာကို ရူးသွပ်တပ်မက်တဲ့သူ
အားနာတတ်တယ်
(တချို့ ကအတယ်လို့ ထင်)
လူပေါ်လူဇော်မလုပ်တတ်သူပါ ၊

အချိန်တိုင်းမှာ
အားလုံးအတွက်
ကိုယ်သာလျင် အနစ်နာခံချင်သူ
ရင်ခုန်သံ အသစ်သစ်တွေကို
ကိုယ်တိုင်စိုက်ပျိုးပြီး
ကိုယ်တိုင် ရိတ်သိမ်းချင်သူပါ ၊

အမေ့ရဲ့  မေတ္တာရိပ်အောက်မှာနေရင်း
အရပ်ရှစ်မျက်နှာ
ငရဲကြီး တဆယ့်နှစ်ထပ်
နိဗ္ဗန်ဘုံ အဖုံဖုံ
ချစ်ချင်းတရားနဲ့  လွှမ်းခြုံစေချင်ခဲ့သူပါ ၊

ဘုရားသခင်ကို မယုံချင်ပေမယ့်
ဘုရားသခင်ပေးသနားတဲ့
သံယောဇဉ်ကြိုးများနဲ့ 
ဘ၀ကိုချည်နှောင်ထားမိသူပါ ၊

အဲဒီလိုလူတယောက်ဟာ
ကိုယ့်သမိုင်း ကိုယ်ရေး
ကိုယ့်သမိုင်း ကိုယ်မကွေးအောင်ကြိုးစား
သစ္စာတရား
ရှားပါးတဲ့ ခေတ်ပျက်ကြီးထဲ
ကိုယ့်ရင်ဘတ်မိတ်ဆွေတွေကလဲ
ဘရုတပ်စ်ဖြစ်လိုဖြစ်သွား
အဲဒီအဖြစ်အပျက်တွေကြားမှာ
ဆရာကြီးဒဂုန်တာရာရဲ့ 
“ရန်သူမရှိ
မိတ်ဆွေသာရှိ။
မုန်းသူမရှိ
ချစ်သူသာရှိ”ဆိုတဲ့တရား
သံသရာ အဆက်ဆက်
နှလုံးသားအထက်မှာ ၊

Thursday, September 18, 2008

အလွမ်းပွင့်နေ့ ရက်များ


ရက်ရက်စက်စက်
တိတ်ဆိတ်နေတဲ့
အခန်းငယ်လေးထဲကနေ
ကြေကွဲမှု အစုစုကို
ထမ်းပိုးပွေ့ ပိုက် ခေါင်းငိုက်ဆိုက်နဲ့ 
လူတယောက် လမ်းလျှောက်လာတယ်၊

အဲဒီသူဟာ
မဟာပထ၀ီမြေပြင် ပြိုကွဲမတတ်
အလွမ်းပွင့်တွေ
တပွင့်ပြီး တပွင့် ခြွေလို့ ။



အဲဒီသူဟာ
အထီးကျန် လွမ်းဆွတ်မှုတွေကို
ရင်ဘတ်နဲ့ ကျောမှာကပ်
ကျောင်းအပြန်လမ်းမှာ ရပ်တန့် လို့ ။

အဲဒီသူဟာ
ဦးနှောက်ထက်ကြီးတဲ့
နှလုံးသားနဲ့  စိတ်အာရုံကို
မြေမှာချနင်းလို့ ။

အဲဒီသူဟာ
အောင်ဝေးရဲ့ 
“ဘယ်သူပြောလဲ
တတောလုံးကြွေ ”ကဗျာတပိုင်းတစကို
အဖန်ဖန် အခါခါ
တတွတ်တွတ် ရေရွတ်လို့ ။

အဲဒီသူဟာ
သူ့ စိတ်သူမနိုင်တဲ့အခါ
တယ်လီဖုန်းတွေကို
ပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲလို့ ။

အဲဒီသူဟာ
မိသားစုတကွဲတပြား ဖြစ်စဉ်ကို
ပြန်လှည့်ကြည့်တဲ့အခါ
ကုန်းပေါ်ပြစ်တင်ခံရတဲ့ ငါးဟာ
သူကိုယ်တိုင်ဖြစ်နေတာကို
တွေ့ ရှိလို့ သွားလေရဲ့ ။

အဲဒီနေ့ မှာပဲ
သူ့ ရဲ့  မွေးနေ့ ကို
သားသမီးတွေမပါပဲနဲ့ 
တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘဲ
ဖြတ်ကျော်လိုက်ကြတယ်၊

စောင်းတီးမပျက်သူအတွက် သီချင်းတပုဒ်

အသံတခုစီရဲႛစီးဆင်းမမြာ
ကြေကွဲခြင်းက ပျော်ဝင်နေတယ်
အဆွဲအငင်၊ အဖြတ်၊ အတောက်
ခံစားမႈအျပည့္နဲႛအသံမဵားေအာက္မႀာ
နာဂစ်ဟာ ကစုန်ဆိုင်း
ငၝတိုႛ ရင္ထဲ
ဒုန်းစိုင်းလိုႛ၀င်ရောက်လာတော့တယ် ၊



နောက်ခံတေးဂီတအသံကြားက
ခေလးငယ္ရဲႛအေမကို တမ္းတေခၞသံ
ငၝ့ႎႀလံုးသား တစစီမြေႃခြ
ကမၻာမေၾကစရာမဵား
ငၝတိုႛဘ၀ ငၝတိုႛေခတ္ဳကမႀ
မဵားပဲ မဵားႎိုင္လၾန္းလႀခဵည္ရဲႛ ၊

သံသရာရွည္သမ႖ပၝပဲ
အပူသယ္ဘ၀ေတြကို
ဘယ်လိုဖေးကူမကြမှာလဲ
သံစဉ်လှိုင်းတွေက
ဆူနာမီလှိုင်းတွေလို ရိုက်ခတ်
နာဂစ်မုန်တိုင်းလို တိုက်ခတ်
ငၝတိုႛရင္အစံုဟာ
မုန္တိုင္း႓ပီးစ ႓မိႂႛပဵက္႒ကီးပမာ
အပဵက္အစီးမဵားဳကားက ကုန်းရုန်းထရ
သည်သီခဵင်းသံက
ငၝတိုႛကို ဆြဲယူထူမ
ငၝတိုႛခဵစ္တဲ့ ျပည္သူလူထုႀကီးကိုဆြဲယူထူမ
အဳကင္နာတရားနဲႛလူပီသသူမဵားကို ဆြဲယူထူမ
ဘ၀မဵားကို ပြန်တည်ဆောက်ပြလိမ့်မယ် ။

(အကြင်နာတွေနဲ့ ဖေးကူပၝ သီခဵင်းအားခံစားရေးဖြဲႛပၝသည်။)

ရာဇ၀င်

အာဏာ ရာထူး စည်းစိမ်
ရှင်သန်ခွင့်
သက်တန့်  မိုးတိမ် ပုတ်သင်ညို
မတည်မြဲခြင်းတရား
မက်မက်မောမော
ပြောင်းလဲတတ်ခြင်း သဘောများပြောပါတယ် ။

ကမ္ဘာဦး လူသားတွေထက်
နဲနဲလေးပိုမြင့်တဲ ဘဝ
ဂလိုဘယ်လ်လိုက်ဇေးရှင်းကြီးထဲမှာ
တို့ ပြည်သူတွေ ရခဲ့ကြပေါ့ ။



အိုင်တီ ခေတ်ကြီးထဲမှာ
တောင်ကုန်း တောင်တန်းများတောင်
လက်ခမောင်း မခတ်နိုင်တော့ဘူး
သစ်တောတွေကလည်း
သူတို့ ရဲ့  ရင်ဘတ်ကြီးတွေ ဟင်းလင်းဖွင့်လို့ 
ကောင်းကင်နဲ့ မြေကြီးကြား
နာနာ ကြည်းကြည်း
ကမ္ဘာမကြေတေးသံသာ စီးမျောနေခဲ့ရ ။

ရွှေဝါရောင် ပိုင်ရှင်များရဲ့ 
သံမဏိစိတ်ဓာတ်ကိုတော့
ရိုကျိုး ဦးခိုက်
တို့ တတွေအားလုံး
ဘုံရန်သူကို ၀ိုင်းတိုက်ကြစို့ ။

(ရွှေဝါရောင်တော်လှန်ရေး ၁နှစ်ပြည့် သို့ )