Sunday, September 30, 2007

“ကမ်းကုန်သွားပြီ”

ဗမာနိုင်ငံသမိုင်းမှာ
မကြုံဘူးတဲ့
အရိုင်းအစိုင်းတို့ ခင်းတဲ့ဇာတ်
ကမ်းကုန်သွားပြီ ၊

ဗမာ့ရာဇ၀င်ထဲက
ရှင်ဘုရင်တွေလက်ထက်မှာလဲ
မရှိခဲ့ဘူး ၊

ကျွန်ဇာတ်သွင်းအုပ်ချုပ်
နယ်ချဲ့ ယုတ်တို့  လက်ထက်မှာလည်း
မရှိခဲ့ဘူး ၊

ရိုင်းစိုင်းကြမ်းကြုတ်
ဖက်ဆစ်တို့ ရဲ့ အုပ်ချုပ်မှုအောက်မှာလည်း
မရှိခဲ့ဘူး ၊

လွတ်လပ်ပြီး ဆယ်နှစ်တာကာလ
ဒီမိုကရေစီအစမှာလည်း
မရှိခဲ့ဘူး ၊

အခုတော့
သာသနာတော်ရဲ့ သမိုင်းလဲ
သွေးစွန်းခဲ့ရပြီ
ရာဇ၀င်တွေလဲ ရိုင်းခဲ့ရပြီ
ရဟန်းသံဃာ ကျောင်းသားပြည်သူ
အာဇာနည်အပေါင်းတို့ ရဲ့ အသက်တွေ
ကြွေကျ မြေခရလေပြီ ၊

လောကပါလတရားများကွယ်ပျောက်
အလင်းတံခါးပေါက်တွေ ပျောက်ဆုံး
အပယ်လားမယ့် လောက်ကောင်တွေ
အာဏာမစင်အိုင်မှာ တရုန်းရုန်းနဲ့ 
ကမ်းကုန်နေပုံများ
ခွင့်လွှတ်နိုင်စရာမရှိတော့လောက်အောင်
ကမ္ဘာမကြေတေးသံသာ
တတိုင်းပြည်လုံးပျံ့ နှံ့ လို့ ၊

အလှည့်ကျရင် မနွဲ့ ကြစတမ်းပေါ့ကွာ ။