Friday, February 13, 2009

မြန်မာပြည်မြေပုံဟာ သူဖြစ်တယ် ၊ ခလေးများဖြစ်တယ် ။

ကြေကွဲမှုဆိုတာ
အလျား အနံ ထုထည်
တိုင်းထွာလို့ ရကောင်းစရာလား
သုံးဆယ့်နှစ်နှစ်ဆိုတဲ့
သက်တမ်းလေးတခုအတွင်းမှာ
တာဝန်ကျေခဲ့ပုံများ
မြန်မာပြည်မြေပုံဟာ သူဖြစ်တယ် ။

သုံးဆယ်နှစ်နှစ်ဆိုတဲ့
လူ့ ဘုံမှာ
သူယုံကြည်တဲ့ အလုပ်
တိုင်းပြည်ကို နယ်ချဲ့ ဖက်ဆစ် လက်ထဲက
ဆွဲထုတ်ခဲ့ပုံများ
ကြားရ ဖတ်ရ မှတ်ရတဲ့အခါ
ငါတို့ မှာ ရင်သတ်ရှု့ မော
အံ့သြ မှင်သက် အားကျလျက်ပါ
မြန်မာပြည်မြေပုံဟာ သူဖြစ်တယ် ။

ငါတို့ ဗမာပြည်မှာကွယ်
မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို
သူရဲကောင်းမွေးရမယ်
အဲဒီလို သူရဲကောင်းရဲ့ နေ့ ဟာ
ဗမာပြည်ရဲ့ ခလေးများနေ့ တဲ့လေ
အနာဂတ်ကိုဆုပ်ကိုင်မယ့် လက်များရဲ့ နေ့ 
မြန်မာပြည်မြေပုံဟာ သူဖြစ်တယ် ။

သူရဲဘောကြောင်တဲ့အာဏာရူးတို့ ရဲ့  အတွေးမှာ
အနာဂတ်ဘာဆိုတာ မသိရှာဘူး
အနာဂတ် မသိသူများရဲ့  အကြည့်ဟာ
မျက်စေ့တဆုံး မမြင်နိုင်ဘူး
မျက်စေ့တဆုံးမမြင်နိုင်သူတွေရဲ့  လုပ်ရပ်ဟာ
တိုင်းပြည်အတွက် အကျိုးမရှိနိုင်ဘူး
တိုင်းပြည်အတွက် အကျိုးမရှိမှတော့
အနာဂတ်ရဲ့ ဥသျှောင်
တိုင်းပြည်ကို ဦးဆောင်မယ့်
ခလေးသူငယ်တို့ ရဲ့ ခေါင်းဆောင်မှု့ အခန်း
နွံနစ်ရတဲ့လမ်းမှာ
တမလွန်တဘက်ကမ်းက
ဗိုလ်အောင်ဆန်းခမျာ ရင်ဝယ်မချိရှာဘူး ။
မြန်မာပြည်မြေပုံဟာ သူဖြစ်တယ် ။

မည်သို့ ပင်ဖြစ်စေ ချစ်နေသေးသည်
စူးနစ်ရဲရဲ ဘ၀ထဲမှ
ခလေးများနေ့  ထိုတနေ့ မှာ
မြန်မာပြည်မြေပုံဟာ သူဖြစ်တယ်
မြန်မာပြည်မြေပုံဟာ ခလေးများဖြစ်တယ်
ကမ္ဘာကုန်ကျယ်သရွေ့ သူ့ ရဲ့ မွေးနေ့ ဟာ
တောက်ပတဲ့ မျှော်လင့်ချက်တွေနဲ့ 
ခေတ်သစ်ဗမာနိုင်ငံကို တည်ဆောက်မယ့်
ခလေးများရဲ့ နေ့ ဖြစ်တယ် ။
ခလေးများရဲ့ နေ့ ဟာ
အာဏာရှင်တွေကို ဇီဝိန်ချုပ်စေဘို့ 
အားသစ်လောင်းတဲ့ နေ့ လည်းဖြစ်တယ်

မြန်မာပြည်မြေပုံဟာ သူဖြစ်တယ်
မြန်မာပြည်မြေပုံဟာ ခလေးများဖြစ်တယ် ။

မုန်တိုင်းကြားက အလင်းသစ် သို့မဟုတ် သတင်းထောက်မလေး အိမ့်ခိုင်ဦး

မုန်တိုင်းကြားက အလင်းသစ်
သို့မဟုတ် သတင်းထောက်မလေး အိမ့်ခိုင်ဦး

ခေတ်ပေါ်မိန်းကလေးတစ်ယောက်ပါ၊ သူမ ၀တ်စားဆင်ယင်မှုက လွတ်လပ်တဲ့စတိုလ်ဖြစ်တဲ့
သရီးကွာတားဂျင်းပင်နဲ့ ကျောပိုးအိတ်နဲ့ သူမအိတ်ထဲမှာတော့နှုတ်ခမ်းနီတောင့်တွေအစား
စာနယ်ဇင်းပညာစာအုပ်တွေ၊ ဂျာနယ်တွေ၊ ကဗျာစာအုပ်တွေထည့်ထည့်လွယ်တတ်တယ်…။
သူမအရပ် ငါးပေစွန်းစွန်းလေးနဲ့ ဆံပင်အကြေစားဖြောင့်ထားတယ်…။ ဥပဒေဘွဲ့ယူပြီး
ရှေ့နေလိုင်စင်လျှောက်ထားဆဲအချိန်၊ သူမ၀ါသနာပါရာ သတင်းထောက်အလုပ်ကို တက်တက်ကြွကြွ လုပ်နေတဲ့အချိန် … ၂၀၀၈ မေ ၂ မှာ နာဂစ်က မိုင်တစ်ရာ့နှစ်ဆယ်နဲ့
ရန်ကုန်မြို့ကို ၀င်ခွေ့လာခဲ့တယ်။ မုန်တိုင်း စဲတဲ့နေ့လည် ၁၁ နာရီခွဲကတည်းက
သူမ ရန်ကုန်မြို့ပေါ်မှာ ခြေကျင်လျှောက်ပြီး သတင်းယူနေတယ်။ အပျက်အဆီးအလဲ
အပြိုတွေကြားမှာ သူမက ခိုင်မတ်တဲ့ စိတ်ထားနဲ့ မိုးရေတွေရွှဲရွှဲစိုရင်းဖွာနေတဲ့ ဆံပင်တွေ
ရမ်းခါရင်း… ကျွန်တော်ကိုလှမ်းပြီးခေါ်လိုက်တဲ့အသံကို ပြန်ကြားယောင်မိနေတယ်
`ကိုပိုင် ဘာလုပ်ကြမလည်းတဲ့´ လောလောဆယ်တော့ ဓါတ်ပုံတွေရိုက်ထား၊ ဒေတာတွေ
ကောက်ထားယုံပဲရှိတယ်၊ အပျက်အစီးစာရင်းနဲ့ အသေအပျောက်စာရင်းတွေ တိတိကျကျ
သိရအောင်လုပ် လို့ပြောရင်း ငါတို့မြို့ကြီး တစ်လအတွင်းတောင် ပြန်ထူမတ်နိုင်ပါ့မလားလို့
ကျွန်တော်တွေဝေမိနေပါတယ်..။ ဂျာနယ်လစ်သမားတွေက အမြဲတမ်းသုတ်သီးသုတ်ပြာ
နိုင်လွန်းပါတယ်… ဂျာနယ်တိုက်မှာလည်း အလုပ်နဲ့ လက်က မပြတ် အပြင်ထွက်ပြန်ရင်လည်း
လူထုနဲ့ နီးစပ်ဖို့ လူထု အသံကိုပြန်ပြောနိုင်ဖို့ အားထုတ်ရနဲ့ အဖြစ်အပျက်က နှစ်တရာအတွင်း အကြီးအမားဆုံး အဆုံးအရှုံး သတင်းထောက်တွေကလည်း တိုက်ကိုဝင်လိုက်ထွက်လိုက်
နဲ့ အိမ့်ခိုင်ဦး နဲ့ တစ်ပါတ်လုံးလုံး မဆုံဖြစ်ဘူး …။ တစ်ရက်အိမ့်ခိုင်ဦးဖုန်းဆက်လို့ သူရှိတဲ့
ရန်ကုန်မြို့ဆင်ခြေဖုန်း မြို့နယ်တစ်ခုကိုရောက်သွားတယ်… သူနဲ့ သူ့သူငယ်ချင်းတွေ
ဒုက္ခသည်စခန်းတစ်ခုမှာ ထမင်းလှုနေတုန်း ကျွန်တော်ကိုတွေ့တော့ သူက အကူအညီ
လိုအပ်နေတဲ့အကြောင်း ဆေးဝါးကုသဖို့လိုတာတွေ ၊ပြန်လည်ထူထောင်ရေးကိစ္စတွေကို
ပြောပြပါတယ် …။ ပင်ပန်းလွန်းလို့ သူ့ပိန်သွားတာကိုကျွန်တော်သတိထားမိပေမယ့်
သူကိုယ်တိုင်တော့ သတိထားမိပုံမပေါ်ပါဘူး… သူ့မျက်လုံးတွေကတော့ ဘယ်လိုအရောင်မှ
ဖျော့မသွားပါဘူး…။ သူ့ရဲ့လူငယ်စိတ်က အခက်အခဲဟူသမျှကို ကျော်လွှားဖို့ အသင့်ရှိနေပါတယ်… ။ ဂျာနယ်အတွက် သတင်းတွေ အချိန်မှီ လာပို့ဖို့ကြိုးစားသလို…။
ကျန်တဲ့အချိန်တွေလည်း မုန်းတိုင်းခံပြည်သူတွေ အတွက်အချိန်နဲ့မျှပေးဆက်ဖို့သူအမြဲကြိုးစား
နေပါတယ်…။
သူ့မှာ မြန်မာလူငယ်တိုင်းမှာရှိတဲ့ စိတ်ဓါတ်အပြည့်ရှိနေတယ် ။ လူငယ်တွေလွတ်လပ်ခွင့်၊
တစ်မျိုးသားလုံးလွတ်လပ်ခွင့်၊ ခေတ်နောက်ကျကျန်လွန်းတဲ့နိုင်ငံကို ခေတ်မှီတိုးတက်စေချင်
တဲ့ဆန္ဒ၊ဆင်းရဲဒုက္ခပင်လယ်ဝေနေတဲ့ ပြည်သူတွေရဲ့ ဘ၀အဖုံဖုံကို ကူညီကယ်တင်ချင်တဲ့
ဆန္ဒ၊ ….အဲဒီဆန္ဒတွေတပွေ့တပိုက်နဲ့ လွတ်လပ်မှုအခွင့်အလမ်းတွေကို မျော်ကိုးသူ
မအိမ့်ခိုင်ဦးပါ…။
ကံဆိုးတဲ့ ဇွန်လတစ်ရက် သူမှားယွင်း ထိန်းသိမ်းခံလိုက်ရတယ်… လမ်းမပေါ်မှာ
ဓါတ်ပုံရိုက်မိတဲ့ သတင်းထောက်တွေရဲ့ ကံကြမ္မာဟာ သက်ဦးဆံပိုင်အာဏာရှင်
နိုင်ငံငယ်လေးမှာတော့ ကြမ္မာဆိုးတွေနဲ့ ထိပ်တိုက်တိုးတတ်ပါတယ်….။
သူမဟာလည်း…..
သူမရဲ့အမှန်တရားအတွက် ပြည်သူတွေကို သူမပေးချင်တဲ့ အလင်းသစ်တွေအတွက်
မုန်တိုင်းထန်နေတဲ့ ကောင်းကင်ကိုဖြတ်ပျံသန်းရင်း သမိုင်း စာမျက်နှာပေါ်မှာ
သူမအမည်ဟာ စူးနစ်စွာထင်ကျန်နေရစ်ခဲ့ပါတော့မယ်…..။

အိမ့်ခိုင်ဦး

A new radiance at the heart of a storm.
(OR) a young female journalist Aint Kaing Oo.
She is a modern girl. Her free dressing style is Tree Quarter Jean Pant and a backpack. However, in her pocket there are books on journalism, Journals, and poetry books rather than the lipsticks. She is just over five feet with Straight Perm hairdo. All through waiting to achieve the certificate for attorney, following graduating from a Law University and on top of doing the journalistic ventures flamboyantly, all of a sudden (her city) Rangoon was hit by a perfect storm known as Nargis.
She has been collecting news in Rangoon under her own steam by 11:30 AM soon after the deadly storm abated. Her strong voice calling out at me from the midst of debris and ruins with powerful will and determination is still resonating in my ear. “ Ko Paing what we should do now?”. I replied to her to take photos, collect data and try to make a list of deaths and drown for the time being. Then I was wondering can we able to rebuild our city in months. Journalists must alert and swift. You are pretty occupied at the publishing house and when you are out for news, you need to get the original voices of the disgruntled public. This deserter is the biggest of its kind in hundred years. I was occupied with hunting news for the whole week and unable to meet Aint Kaing Oo. When I made a phone call and learnt that, she was at one of the Satellite township of Rangoon, I went there to meet her.
When I reach there, I saw her donating foods to a refuge center and she told me about the program and necessities of rehabilitation materials and medicine for the sick and the wounded refugees. I noticed that she looked tired, lost her weight, and seemed more frail and weak. However, she did not seem to notice to herself. Her eyes were still bright and sharp. Her mind seemed to be full of energy and ready to overcome every challenge. She had been worked hard to send news report to the publishing house and trying all the time to aid and assist the victims of the storm.
She has all the mind and spirit of every young Burmese. As other young Burmese, she is longing for freedom for the youth, freedom for the nation. She has a full desire to free her country from lack of development and poverty. She is always eager to the Burmese people who are suffering in many ways. She has beautiful dreams for the future of her country.
Poor Aint Kaing Oo. In a day in June, she was mistakenly arrested for taking photos. This is what happens to the journalist under the despotic regime.
Her name will be stoned in the pages of history, through the stormy skies as a new light and hope for the justice and for her people.

အိမ့်ခိုင်ဦး

KN-EKO

ရာပြည့်အခမ်းအနား

Poster

အာဟာရစာစောင် အမှတ်စဉ် ၉၆

Aaharasazaung Issue 96