Tuesday, November 11, 2008

ရဲဘော်ကြီး နေဘုန်းလတ်

နာကျင်ကြေကွဲမှုရဲ့ အတိုင်းအဆ
ဘယ်လိုအရာမျိုးနဲ့ နှိုင်းပြရမှာလဲ
စကားလုံးတွေက
ရှားပါးလှချည်ရဲ့  ။

ရဲဘော်ကြီး နေဘုန်းလတ်ရေ
အနှစ် နှစ်ဆယ်တဲ့လား

ကျန်ခဲ့တဲ့ အနှစ် နှစ်ဆယ်မှာ
ရဲဘော်ရဲ့  ရင်ထဲက
လွတ်မြောက်ရေးတေးသွားသံဟာ
အမှန်တရားနဲ့  လွတ်လပ်ခြင်းရဲ့ ပြယုဂ်
အမျိုးသားရေးကို သီကျူးတဲ့ သီချင်းတပုဒ်
ဟုတ်တယ့့်  အမျိုးသားရေးကို သီကျူးတဲ့
သီချင်းတပုဒ် ဆိုတာ ငါတို့ ယုံတယ် ။

ရဲဘော်ကြီး နေဘုန်းလတ်ရေ
နုနယ် ပျိုမျစ်တဲ့ ရုပ်ခန္ဓာကိုသာ
ချုပ်နှောင်တားဆီးလို့ ရမယ်
ရဲဘော်ရဲ့ ရင်ထဲက ပြင်းပြတဲ့စိတ်ဆန္ဒကို
ဘယ်လိုအရာမျိုးကမှ
ချုပ်နှောင်တားဆီးလို့  မရနိုင်ပေဘူး၊
ဘယ်လိုအရာမျိုးကမှ
ပြိုကွဲပျက်ဆီးအောင် မစွမ်းဆောင်နိုင်ပေဘူး၊

ရဲဘော်ကြီး နေဘုန်းလတ်ရေ
သံမဏိစိတ်နဲ့ ရှေ့ သို့ သာရဲရဲချီကွဲ့ 
အောင်ပွဲဆိုတာ တိုက်ရဲသူအတွက်
ယုံကြည်လျက်ပင် ။

1 comment:

ကောင်းကင်ကို said...

အနှစ် နှစ်ဆယ်တို့ အနှစ်ခြောက်ဆယ်တို့ ကို စတေးပြီး တိုက်ပွဲဝင်သွားတဲ့ သူတွေကို အလေးလာပြုပါတယ် အစ်ကို။