Thursday, May 27, 2010

အာရုံကမ္ဘာမှာ

အာရုံကမ္ဘာမှာ

ရန်သူတို့
ကမ္ဗည်းတင်ချင်တယ်ဆိုရင်
ကောင်းကင်ဆိုတာက အမြင့်မြတ်ဆုံးစင်ကြယ်နေမှ ။

ရန်သူတို့
ကမ္ဗည်းတင်ချင်တယ်ဆိုရင်
မြေပြင်ဆိုတာက အရိုးသားဆုံး သန့်စင်နေမှ ။

မိတ်ဆွေတို့
သူရဲကောင်းဆိုတာ
အကြောင်းမဲ့အသက်စွန့်မှုကြီးမဟုတ်ဘူး
လိုအပ်တဲ့အခါ လိမ်လိမ်မာမာနဲ့
လက်နက်ချတတ်ဖို့လိုတယ်။

ချစ်သူတို့
အိမ်မက်မှာ တိတ်ဆိတ်မနေပါနဲ့
အကျယ်လောင်ဆုံး ရဲရင့်ကြ။

ဒီမိုကရေစီဆိုတာ
အာဏာရူးတွေအတွက်
နွေခေါင်ခေါင်မှာ ဝတ်ရတဲအနွေးထည်
လက်နက်ရှိလို့ လက်ခုပ်သံရတာ
အောင်မြင်မှု စစ်စစ်မဟုတ်ဘူး ။

လက်နက်ရှိသူတွေက
လက်နက်မဲ့လူသားအားလုံးကို
ထွေးပွေ့ထားနိုင်တာဟာ
အောင်မြင်မှု စစ်စစ်ဖြစ်တယ်။

အမုန်းတွေကို အခုချက်ချင်း
မီးသဂြိင်္ဟပြစ်ကြ
မေတ္တာတရားသာ ပစ္စုပ္ပန်နဲ့အနာဂါတ်အတွက်
အားဖြစ်မှာ။

အာရုံကမ္ဘာမှာ
လွတ်လပ်ငြိမ်းချမ်း တရားမျှတတဲ့မြန်မာ
လွတ်လပ်ငြိမ်းချမ်း တရားမျှတတဲ့မြန်မာ
အာရုံကမ္ဘာမှာ
ကျနော် စောဝေပါ။


ကိုစောဝေ ထောင်တွင်းမှရေးလာသော ကဗျာကို ထောင်ကလွတ်လွတ်ခြင်း ရွတ်ပြခဲ့တဲ့ ရင်တွင်းဖြစ်ကဗျာပါ

No comments: