Tuesday, May 25, 2010

“ဒွိဟသားကောင်”

“ဒွိဟသားကောင်”

အိပ်နေရမှာလား
နိုးလိုက်ရမှာလား ။

ရပ်နေရမှာလား
ဆက်သွားရမှာလား ။

ရှေ့တိုးရမှာလား
နောက်ဆုတ်ရမှာလား ။

ကျော်တက်ရမှာလား
ဖယ်ပေးရမှာလား ။

ကျန်ခဲ့ရမှာလား
ချန်ခဲ့ရမှာလား ။

ရွက်လွှင့်ရမှာလား
စက်ဖွင့်ရမှာလား ။

မဟုတ်မခံပဲ ရှေ့ဆက်ရမှာလား
အမုန်းမခံပဲ ပြေးထွက်ရမှာလား ။

ငုံ့ခံရင်း ရှင်သန်ရမှာလား
တွန်းလှန်ရင်း အသေခံရမှာလား ။

ပြတ်ပြတ်သားသား ရဲရဲဝင့်ဝင့်
ဆုံးဖြတ်ဖြစ်မှပဲ
အနာဂတ်ဟာပီသ
လှပနိုင်လိမ့်မယ် ။

သီတာအောင်

No comments: