Tuesday, May 11, 2010

“နှလုံးသွေးနဲ့ မီးဆေးတဲ့ “ဓါး”

ဝရုန်းသုန်းကား
ကစဉ့်ကလျား ဖြစ်စဉ်ထဲမှာ
စိဉ္စမာဏဉာဏ်နဲ့
ရွေးကောက်ပွဲဝင်ရေးတရား
ငါ ... နားခါးလှတယ် ။

အရှက်တရား ဆိုတာ
ဘယ်မှာမွေးဖွားပြီး
ဘယ်အရပ်မှာ
ဘယ်လိုဇာတ်မျိုးနဲ့ အဆုံးသတ်ကြမှာလဲ
ငါ ... မသိလို မကြားလို မမြင်လို။

အမှန်တရားဆိုတာ
ကာလ သုံးပါး မရွေး
နွေးထွေးစွာ ရဲရင့်စွာမွေးဖွား
သစ္စာတရားဆိုတာကလည်း
အသက်ပေးသွားသူတွေရဲ့
မဆုံးနိုင်သော သမိုင်းများထဲက
အရိုးတွန်သံတွေ ဖြစ်သလို
တိုက်ပွဲအတွင်းမှာ
ရှင်သန်ကျန်ရစ်သူတွေရဲ့
နှလုံးသွေးနဲ့ မီးဆေးပေးရတဲ့
“ဓါး” တလက်လည်းဖြစ်တယ် ။

သတ္တ၀ါတခု ကံတခုတဲ့
သူရဲကောင်းအာဇာနည်တို့ ရဲ့ အသက်ဟာ
တဘ၀မှာ တခါသာသေရသတဲ့
ကဲ ... လာ ... ရဲဘော်
ခေတ်အဆက်ဆက်
အသက်စွန့်သွားသူတွေအတွက်
ကမ္ဘာမကြေတဲ့ ခံစားချက်တွေကို ပွေ့ဖက်
အမှန်တရားအတွက်
(အဲဒီ ဓါး တလက်နဲ့ )
ခရီးဆက်မယ် ။

ရဲရင့်သက်ဇွဲ
၁၀ မေ ၂၀၁၀


No comments: