Thursday, November 12, 2009

ခေတ်တခေတ်ကို ထုဆစ်သူများ

ဟောဒီ .. ဘဒ္ဒကမ္ဘာ မှာ
အပြောင်းအလဲတွေက မြန်ဆန်လွန်းတယ်
တဖက်သတ်ရေးစွဲခဲ့တဲ့ အခြေခံဥပဒေထဲက
အခွင့်အရေးကို ချောင်းနေတဲ့
သတ္တ၀ါတို့ ရဲ့ စိတ်အပြောင်းအလဲက
ပိုမြန်လွန်းတယ်
ပိုပြီးရွံစရာကောင်းတယ်…..။

တောမီးလောင်တာ
ကြာခဲ့ပါပြီ
တောကြောင်တွေမှာတော့
မြင်မြင်သမျှ ဖျက်ဆီးဖို့ 
ယောက်ယက်ခတ်နေပုံများ
အသိခေါက်ခက် အ၀င်နက်နေရှာတဲ့
သူတို့ ကို
ဖျက်ဆီးမယ့် ဘေးဟာ
နှစ်ထောင့်တဆယ်နဲ့ အတူရောက်လာမယ်ဆိုတာ
မသိရှာကြဘူး …..။

ကမ ၻာလံုးဆိုင္ရာ
ပြုပြင်ပြောင်းလဲမှုတွေထဲ
မျောပါမနေချင်
ငါ တို့  ရဲ့ လိုအင်ဆန္ဒ
ငါတို့  တိုင်းပြည် စစ်ကျွန်ဘ၀က
လွတ်မြောက်ရေးသာ ပထမ၊ ဒုတိယ၊ တတိယ …..။

သေခြင်းတရားရဲ့ 
အငွေ့ အသက်တွေလွှမ်းခြုံနေတဲ့
အခန်းငယ်တွေထဲက
ငါတို့ ရဲ့ သူရဲကောင်းများ
ခေတ်တခေတ်ကို
ထုဆစ်သူများဖြစ်တယ် …..။
တပ်ဦးက ငါတို့ ရဲ့  သူရဲကောင်း ရဲဘော်များ
ခေတ်တခေတ်ကို
ထုဆစ်သူများဖြစ်တယ်။

တော်လှန်ရေး တရပ်ရဲ့ 
စုတ်ချက်ကြမ်းကြမ်းထဲမှာ
ကမ္ဘာမကြေတဲ့ တမ်းချင်းတွေနဲ့ 
ကမ္ဘာမကြေတဲ့ လွမ်းချင်းတွေနဲ့ 
ခေတ်တခေတ်ကို ထုဆစ်နေဦးမယ့်သူတွေဟာ
ငါတို့ ချစ်တဲ့ ပြည်သူတွေသာဖြစ်တယ် ……။

ရဲရင့်သက်ဇွဲ
၂၀၀၉ - ၁၁ - ၁၁

No comments: