Tuesday, February 14, 2012

ချစ်သူများနေ့  သမင်လည်ပြန်

ချစ်သူများနေ့  သမင်လည်ပြန်

အလင်းနှစ်သန်းပေါင်းများစွာ
မလိုပါဘူး အချစ်ရေ
တည်ဆောက်ခဲ့တဲ့ ဘ၀လေးထဲ
သမင်လည်ပြန် အကြည့်တချက်သာ
နှစ်ဆယ့် ငါးနှစ်ဟာ
မြင်းတကောင်လို ကဆုန်ပေါက်
ငါ့ရှေ့ ကိုရောက်ရှိလာတယ် ။

ရှစ်ဆယ့်ခွန်ရဲ့  ဖေဖေါ်ဝါရီမှာဝေတဲ့နှင်း
မန္တလေးရဲ့  တောင်သမာန်မှာ ဝေတဲ့ နှင်း
အော် …ချစ်သူများနေ့ မှာ ဝေတဲ့နှင်း
လွမ်းလွမ်းဆွေးဆွေး သတိရနေမလား
ကိုယ်က ကမ္ဘာ့ဝင်ရိုးစွန်းနားမှာ
ဝေးကွာခြင်းက တို့ အတွင်းထဲမှာ ။

ဘယ်သူတွေ ဘာပဲပြောပြော
မြစ်ရေတွေက တို့ နှစ်ဦးသားကိုတိုးဝှေ့ သွား
ခိုင်မာတဲ့ ကြိုးနှစ်ချောင်းက တုတ်နှောင်ထားတယ်မဟုတ်လား
မင်္ဂလာရှိသောနေ့ ပါ ညီမလေးရေ
အရာရာဖြည့်ဆည်းပေးခဲ့သမျှ
ကျေးဇူးတွေ အချစ်တွေ ပေပွနေတဲ့ဘ၀လေးထဲမှာ
လွန်ခဲ့တဲ့ နှစ်ဆယ့် ငါးနှစ်က
ချစ်သူများနေ့ ဟာလှပ လတ်ဆတ်နေဆဲ
ပစ္စုပ္ပန်ရဲ့ ရောက်လာတဲ့ ချစ်သူများနေ့ ဟာလည်း
လှပလတ်ဆတ်နေမြဲသာပ
အနာဂတ်ရဲ့  ချစ်သူများနေ့ ဟာလည်း
လှပလတ်ဆတ်နေဦးမယ်ဆိုတာ ကိုယ် ယုံတယ် ။

(နှစ်ဆယ့်ငါးနှစ်သက်တမ်း အမှတ်တရ)

ရဲရင့်သက်ဇွဲ
၁၄၀၂၂၀၁၂
၇း၃၈ အေအမ်



No comments: