Thursday, June 02, 2011

အညတရ ဆိုတာ အပယ်ခံ …၀ဠ်ကြွေးရှိလို့  ခံရတယ်ဆိုပဲ ….

အညတရ ဆိုတာ အပယ်ခံ …၀ဠ်ကြွေးရှိလို့  ခံရတယ်ဆိုပဲ ….


ပေထက်အက္ခရာတင်

ကျောက်မှာထုထွင်း

ဂူတွင်းနံရံ ရေးဆွဲရုပ်ပုံ

ရှေးခေတ်လူသား

သူတို့ ရဲ့  ဟီးရိုးတွေအကြောင်း

အသိရှိသလောက် မှတ်တမ်းထားခဲ့ကြတယ်

အညတရ ဆိုတာအပယ်ခံ …

ဝဠ်ကြွေးရှိလို့  ခံရတယ်ဆိုပဲ …။




သမိုင်းရဲ့  လူနေမှု ဖြစ်ပေါ်တိုးတက်မှုအပေါ်

ယဉ်ကျေးမှု တဆင့်ပြီးတဆင့်တိုးတက်လာကြသည့်တိုင်

ဂူဘုရား ပုထိုးဓေတီ ကျောင်းပြသဒ်အဆောက်အဦများထဲ

ရေးဆွဲအရောင်စုံ ဇာတ် နိပတ်တော် ဗုဒ္ဒ၀င် စုံလင်စွာပင်

လူစွမ်းကောင်းများ ရှင်ဘုရင်များ

ထင်ပေါ်ကျော်ကြား သူရဲကောင်းများသာ

အညတရ ဆိုတာ အပယ်ခံ …

ဝဠ်ကြွေးရှိလို့  ခံရတယ်ဆိုပဲ …..။



ကိုယ့်မင်း ကိုယ့်ချင်းနဲ့  နေလာခဲ့သမျှ

တိုင်းတပါး လက်အောက် ကျွန်သဘောက်ဘဝ

ပက်ပက်စက်စက်နဲ့ ရက်ရက်စက်စက် အုံကြွ

ဖိလျင်ကြွ ထိလျင်ချ ဇာတိမာန်တက်ခဲ့ကြပုံများ

ပုံပြင်မဟုတ် အညတရပြည်သူများအလုပ်နဲ့ သက်သေပြခဲ့ကြ ၊

နယ်ချဲ့လက်အောက်လွတ်မြောက်တော့

ပြည်တွင်းစစ်မီးကတဟုန်းဟုန်း

အတိုက်အခံတွေနဲ့  အာဏာရတွေ

သန့် ရှင်း တည်မြဲ ဖဆပလအကွဲအပြဲ

ဖဆပလ ကွန်မြူနစ်တွေနဲ့ ဆိုရှယ်လစ်တွေ အားပြိုင်

စစ်တပ်ကကြားဝင်အပိုင်ကိုင်လိုက်တော့

အညတရပြည်သူတွေမှာ

အောက်ခြေကနေရိုက်ချိုးလိုက်သလိုမျိုး

ဘုံးဘုံးလဲပြို နှစ်ထောင့်တဆယ့်တစ်အထိပဲ ဆိုပါစို့  …..



တရားဟောဆရာရဲ့ လေနဲ့ ပြောရရင်

ကဲ ကဲ ဇာတ်ပေါင်းဘို့ အချိန်တန်ပြီ

အိမ်အပြန်လမ်းမှာ ဇာတိမာန်တို့  ဖလမ်းဖလမ်းထ

ဒီစစ်အာဏာရှင်စနစ်ကို အမြစ်ကနေမြေလှန်ပြစ်မကွလို့ ကြုံးဝါး

အညတရပြည်သူများရဲ့ ညီညာမှုအားဟာ

အညတရ သူရဲကောင်းများကိုမွေးဖွားပေးလိုက်တာပဲမဟုတ်လား…



ကဲ…ဘယ်သူပြောဦးမလဲ

အညတရ ဆိုတာ အပယ်ခံ …

ဝဠ်ကြွေးရှိလို့  ခံရတယ်ဆိုစကား ……။



ရဲရင့်သက်ဇွဲ

၁၉၀၅၂၀၁၁


No comments: