Sunday, February 06, 2011

အသက်ကယ်ဆေး … ငါ့ပြန်ပေးပါ

အသက်ကယ်ဆေး … ငါ့ပြန်ပေးပါ


အိပ်စက်ခြင်းတွေက

သူစိမ်းဆံလွန်းလှစွာ

နာရီလက်တံများက

စိတ္တဇဝေဒနာသည်တယောက်ရဲ့ 

ညဉ်းငြူသံမျိုးနဲ့ 

ည က ငါ့ကိုပြုစားနိုင်လွန်းတယ်။



ငါ့ရဲ့ညတွေ ဘယ်သူခိုးသလဲ

အဝေးကလရောင် မှောင်နေဆဲပဲ

ကြယ်ရောင်အောက်မှာ လမ်းပျောက်ခဲ့ပြီ

ချစ်ခြင်းတရား ပါးလျနေသလား

ခံနိုင်ရည်အား စမ်းသပ်နေသလား

မာနတွေက ငါ့ ပြစ်သွားပြီ ။



အထီးကျန် တကိုယ်ရေလွမ်းဆွတ်မှုများ

မျှော်လင့်ချင်း အနာဂတ် အိပ်မက်

ဆက်သွယ်မှု ဧရိယာအပြင်ဖက်ကိုရောက်နေတယ်

ပြုစားရက်စက်

သံသရာ အဆက်ဆက်မှာ

ဆုတောင်းတိုင်းသာ ပြည့်စေချင်တယ် ။



အခုတော့ …

တဘ၀စာ အလွဲများအတွက်

ညနက်ကြီးရေ အသက်ကယ်ဆေး

ငါ့ ပြန်ပေးပါ ။



ရဲရင့်သက်ဇွဲ

၀၆ ၀၂ ၂၀၁၁

၃ နာရီ အေအမ်

No comments: