Tuesday, February 08, 2011

ဒဏ်ရာနဲ့  ပျံသန်းနေတဲ့ ငှက်တကောင်

ဒဏ်ရာနဲ့  ပျံသန်းနေတဲ့ ငှက်တကောင်



ဝေးကွာမှုအတွင်းက

ကြေကွဲခြင်းအနာ

ဘယ်အရာနဲ့  ကုစားမလဲ

ပြည်ထဲရေးနှင့် ၀မ်းရေးတို့ ထက်

လွမ်းရေးခက်သူ ….။


မမြင်နိုင်သောအရာ

ကံကြမ္မာ …

ခံနိုင်ရည်ကိုစမ်းသပ်သောအရာ

လောကဓံ …

ကိုယ်တိုင်ကြိုးစားလုပ်ကိုင်သောအရာ

ကံ …

ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသောအရာ

ဉာဏ် ...

အားထုတ်မှုကိုဖြစ်စေသောအရာ

ဝီရိယ ... စသည်ဖြင့်

တို့ တတွေရဲ့  ခွဲခွါရခြင်းမှာ

ဘာတခုကိုမှ

ယိုးမယ် မဖွဲ့ လို ....။



မှားများသွားလား

သံသယစကား သံသယအတွေးနဲ့ 

သံသရာမရှည်စေနဲ့  ညီမလေးရေ

ဘုရားသခင် အလိုမတူရင်

သစ်ရွက်တောင် မလှုပ်ဘူးမဟုတ်လား ….။



တိုတောင်းတဲ့ လူ့ ဘ၀မှာ

မိသားစုနဲ့  အတူနေချင်တယ်

အပျော်တွေ မျှဝေချင်တယ်

တကယ်တော့ ကိုယ်ဟာ

အသိုက်အမြုံနဲ့ ဝေးကွာ

ဒဏ်ရာနဲ့  ပျံသန်းနေတဲ့ ငှက်တကောင်ပါ ….။



ရဲရင့်သက်ဇွဲ

၁၇ ၁၂ ၂၀၁၀

No comments: