Monday, January 03, 2011

မသေသောအသက်

မသေသောအသက်
ခေတ်အဆက်ဆက်ပါပဲ
ဒီမြေမှာမွေး ဒီရေကိုသောက်
တမိုးအောက်မှာ အတူပေါက်ခဲ့ရတဲ့
ဆရာကြီးရဲ့ တိုင်းချစ် ပြည်ချစ်စိတ်
အာဇာနည်ခေါင်းဆောင်ကြီးမျာနဲ့ ထပ်တူ
ထာဝရ အညွန့် တလူလူ …..။

အမှောင်ခေတ်ကြီးထဲမှာ
သူ့ တပည့်တွေကို
ရွတ်ရွတ်ပြနေတဲ့ ကဗျာတပိုဒ်

Breathes there the man, with soul so dead,
Who never to himself hath said,
"This is my own, my native land!"
“ဒါ တို့ပြည် ဒါတို့မြေလို့ မဆိုတဲ့သူဟာ
အသက်ရှင်လျက် ဝိဥာဉ်မဲ့နေတဲ့သူလို
အသက်ရှင်နေပေမယ့် သေနေတဲ့သူလို
ဘာမှ အသုံးမကျဘူး”

ငါတို့ ခေတ်အထိ ရိုက်ခတ်နေဆဲ …..။

သူတို့  ထွန်းညှိခဲ့တဲ့ အလင်းရောင်
အခုတော့ အမှောင်ကမ္ဘာထဲပြန်ရောက်
ဆရာကြီးဦးရာဇတ် တယောက်
ဂျန္နတ်သုခဘုံမှာ
သောကတွေရောက်နေရှာတော့မယ် ….။

ဆရာကြီးရေ ……
ဆရာကြီးရဲ့  မွေးနေ့ ရှေ့ မှောက်မှာ
ဆရာကြီး ရှိနေတဲ့ ဂျန္နတ်သုခဘုံအောက်မှာ
ဒုတိယအကြိမ်မြောက်
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ
ကျနော်တို့ ရဲရဲတောက် ပါဝင်ဆင်နွှဲသွားမယ်ဆိုတဲ့
ဆရာကြီးရဲ့ မျိုးဆက်တွေ သစ္စာဆိုစကား
ဆရာကြီး ကြားသိပါစေသား …။
(ဆရာကြီးနှင့်အာဇာနည်ခေါင်းဆောင်ကြီးများအပေါ်သို့  အလ္လာဟ်အရှင်မြတ်ထံတော်မှ ကောင်းချီး
မင်္ဂလာအဖြာဖြာသက်ရောက်စေပါသတည်း။ (အာမီးန်) )

ဆရာကြီး၏ ဇန္န၀ါရီ ၂၀ ရက်တွင် ကျရောက်မည့် ၁၁၃ နှစ်ပြည့် မွေးနေ့ အမှတ်တရ။

ရဲရင့်သက်ဇွဲ ၀၂ ၀၁ ၂၀၁၁

No comments: