Sunday, January 09, 2011

ဘုရားသခင်လက်ထဲမှာ

ဘုရားသခင်လက်ထဲမှာ

သစ်ပင် ပန်းပွင့်
ကျေးငှက်သံသာ
တောတောင်ရေမြေ
သဘာဝတရား
မဟာလူသားကအစ
ဘုရားသခင် ဖန်ဆင်းပေးထားတာ မဟုတ်လား …။

ကမ္ဘာဦးအစ
အေဒင်ဥယျာဉ်ထဲက
စခဲ့တဲ့ဇာတ်လမ်း
ကြမ်းသလား ရမ်းသလား
ငါ … မသိချင် …..၊
တားမြစ်ထားတဲ့ အပင်ကအသီး
ချို ချဉ် ဖန် ခါး မှားသွားမှာလား
ငါ … မတွေးချင် …..။

ငါဟာ
မင်းစိတ်နဲ့  ငါ့ကိုယ်
ငါမပိုင်တဲ့ ငါ့ဘ၀ကို လိုက်ရှာတဲ့အခါ
အိပ်မက်တွေရဲ့  အဆုံး
ညကောင်းကင်တွေ အလယ်
ဘုရားသခင်ရဲ့ လက်ထဲ
ဘ၀ရဲ့ အစနဲ့ အဆုံးကိုတွေ့ တယ် …..။

အဲဒီ အစနဲ့ အဆုံးဟာ
တားမြစ်ထားတဲ့
သစ်သီးတလုံးဖြစ်နေခဲ့ပေါ့ …..။

ရဲရင့်သက်ဇွဲ ၀၆ ၀၁ ၂၀၁၁



No comments: