Fashion Era

Monday, September 29, 2008

အလင်းမဲ့ ကောင်းကင်ရဲ့  ည

အသက်
သွေး
ချွေး
မျက်ရည်စက်များ
အလင်းပျောက် ကောင်းကင်အောက်မှာ ၊
အစိမ်းရောင်ဝတ်ရုံများ နဲ့ 
လိုင်စင်ရ သားသတ်သမားများလက်ထဲ
ယုံကြည်မှုတခုအတွက်
အသက်ပေးသွားကြတဲ့
သူရဲကောင်းများ
ဒဏ္ဍာရီမဟုတ်ခဲ့ဘူး၊

အမေ
ငိုနေမလား
ချစ်သူ မျက်ရည်စက်များနဲ့ 
ကျေကွဲမှု မီးအိမ်ကို
ထွန်းညှိနေသလား
ဂုဏ်ယူလိုက်စမ်းပါ
ကြယ်တွေ ကြွေတဲ့လမ်းမှာ ၊

ငြင်းဘို့ တောင် အချိန်မရလိုက်တဲ့
အခြေအနေဆိုးကြီးကို
အလိုမတူပဲ လက်ခံလိုက်ရတဲ့ ည
စောင်းတီးမပျက်တဲ့
နီရိုးဘုရင်လို လူစားများက လွဲလို့ 
လူမသေဘူးတဲ့အိမ်က မုန်ညင်းစေ့ရှာသလိုမျိုး
သွေးနဲ့ ကိုယ် သားနဲ့ ကိုယ်
နာကျည်းခဲ့ရတဲ့ ညပါ ၊

တဆယ့်ကိုးနှစ်လုံးလုံး
ဘရုတပ်စ် လိုလူတွေကြားမှာ
အဲဒီည
နောက်တကြိမ် မကြုံရအောင်
ဘ၀များစွာ ပေးဆပ်နေရင်းနဲ့ 
ဆာဝီလျံ ရဲ့  နောက်ဆုံးနှုတ်ထွက်စကား
လွတ်လပ်ရေး ဆိုတဲ့အသံသာ
အကြိမ်ကြိမ် ကြားနေမိတော့တယ်

ညကတော့ ကုန်နိုင်တယ်လို့ ရယ် မရှိတော့ဘူး ။

Sunday, September 28, 2008

“အပ်ကြောင်းထပ်နေတဲ့ ဓာတ်ပြားတချပ်ရဲ့  ”

ဘယ်လိုနည်းနဲ့ မှ
ခွင့်လွှတ်နိုင်စရာ
အကြောင်းမရှိတော့ဘူး
ဒင်းတို့ တတွေရဲ့ 
လည်ချောင်းသွေးနဲ့ 
ငါ ခြေဆေးလိုက်ချင်တယ် ၊

ဝေသာလီပြည် ဘီလူးစီးတော့
မေတ္တာသုတ်နဲ့  အောင်နိုင်ပေမယ့်
ဗမာပြည် စစ်ဘီလူးစီးတာ
မေတ္တာသုတ်နဲ့ တင်မလုံလောက်တော့တဲ့အချိန်မှာ
တကမ္ဘာလုံးက
ဘုန်းကြီးတစ္ဆေကို
ကမ္မ၀ါဖတ်ပြဘို့ 
ကြိုးစားနေကြတယ် ၊

ကျုပ်တို့ အတွက်မှာတော့
အပ်ကြောင်းထပ်နေတဲ့
ဓာတ်ပြားတချပ်ရဲ့  နာကျည်းမှုထဲ
ဥတုသုံးပါးလုံးရဲ့  ပေးဆပ်မှုတွေပါတယ် ။
ပိုင်ရှင်မဲ့သွားတဲ့ ဖိနပ်ကလေးများရဲ့ 
ကြေကွဲပုံရိပ်များ ပါတယ်
နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့
အလျော်အစားတွေပါတယ်။
စွန့် လွှတ်စွန့် စားသွားသူများရဲ့ 
အရိုးတွန်သံတွေဟာ
ပွဲသိမ်းတိုက်ပွဲအတွက်
တံပိုးခရာသံတွေအဖြစ် ပြောင်းသွားတာတွေပါတယ် ၊

မည်သို့ ပင်ဖြစ်စေ
အတုံ့ အလှည့်များအတွက်
ဒီကမ္ဘာမှာ
ငါတို့  အသက်ရှင်နေထိုင်တယ်
ငါတို့  အသက်ရှင်နေထိုင်တယ်
ငါတို့  အသက်ရှင် နေ ထိုင် ကြတယ်

ပေဖြစ်တုန်းကအိပ်မက်
အနာဂတ်အတွက်
တူတလက်ရဲ့  သမိုင်းဟာ
အရင်းအနှီးများစွာနဲ့  စောင့်နေလေရဲ့ ၊

ခွဲရမယ့်တရား

အငြိုးတကြီး ရွာနေတဲ့မိုးက
တငွေ့ ငွေ့ လောင်နေတဲ့ မီးကို
စိတ်ပျက်လက်ပျက်နဲ့ 
လက်မှိုင်ချကြည့်နေရတော့တယ် ၊

တချိမ်းချိမ်းနဲ့ 
ပြစ်ခတ်နေတဲ့ မိုးချိမ်းသံတွေက
မီးခဲပြာဖုံး အလွမ်းတွေကို
လျှပ်စီးပျက် အလင်းရောင်တွေနဲ့ 
တရွေ့ ရွေ့  နှိပ်စက်လို့ နေကြတယ် ၊


အနာဂတ်အတွက်ပါ
ခွဲထားခဲ့ရဦးမယ်
အုံနဲ့ ကျင်းနဲ့  ပက်စက်လွန်းတဲ့
စနစ်ဆိုးကြား
ဟောဒီ ငါးနှစ်သား ခလေးငယ်ဟာ
နိုင်ငံလည်း မရှိရှာဘူး
အနာဂတ်လည်း မရှိရှာဘူး ၊

ဖြစ်စဉ်တခုလုံးရဲ့  တရားခံဟာ
မျက်မမြင် ပုဏ္ဍား ဆင်စမ်းတဲ့တရားလို
ယုတ်မာသူ စစ်အုပ်စုဟာ
နွားခြေရာခွက် သမုဒ္ဒရာထက်က
ရေတပွက်ပမာ ၊

သက်တံ့ရောင်စဉ်များရဲ့  နိဂုံးမှာ
ဆည်းဆာတိမ်တောက်နေပုံများ
ငါ့ မှာ တရားနဲ့ ဖြေချင်သောလည်း
ခွဲရဦးမယ့်စကား ရင်နာစွာ
ငါ မပြောလို ငါမကြားလို ၊

အခုတော့
သမီးနဲ့ သား
ဘ၀မခါးရလေအောင်
ကိုယ့်မျက်ရည် ကိုယ်သုတ်လို့ 
ကိုယ်အထုပ်ကိုယ်ဆွဲ
အလွမ်းတွေ တွဲလဲနဲ့ 
သြော့့်  ခွဲရဦးမယ်၊




“ငါးနှစ်သားလေးရဲ့  အတွေးနဲ့ စကား”

မနက်ခင်း လေပြေလေညှင်းထဲက သီချင်း
“အဖေ
ငါ့သားလေ
အိပ်ချင်မျက်လုံးဖြစ်နေလို့ 
ပြီးတော့လေ ငါ့သား
ကျောင်းမကြိုက်ဘူး”

အိမ်အပြန် ကျောင်းအဆင်းက သီချင်း
“အဖေ
တက္ကစီနဲ့ ပြန်ရအောင်
ငါ့သားလေ
ခေါင်းထဲက မောနေလို့ ”

ဆည်းဆာရဲ့ နောက် အမှောင်အောက်က သီချင်း
“အဖေ
ငါ့သားလေ
ဘာဖြစ်လို့  ရေချိုးရမှာလဲ
ကျောင်းကပြန်လာထဲက
စိတ်ထဲမှာ ချိုးပြီးသား
အဖေ
ငါ့သားပြောမယ်နော်
ဗမာအခွေတွေက ဘာဖြစ်လို့ 
ဗိုက်ထဲက ရယ်(ရီ)ရတာလဲဟင်”

နေ့ တဓူဝ ကောင်းကင်းပြာကြီးအောက်က သီချင်း
“အဖေ
ပြောမယ်နော်
ငါ့သားရဲ့ တိုင်းပြည်က ဘယ်ဟာလဲဟင်
ငါ့သား တီဗွီထဲမှာ တွေ့ တဲ့
ဘုန်းကြီးတွေကို တုတ်နဲ့ ရိုက်တဲ့ နေရာလား
စုကြည်စံ ကိုတော့ မရိုက်ဘူးနော်
ငါ့သားလေ စုကြည်စံကိုချစ်တယ် ”

“အဖေ
ငါ့သားပြောမယ်နော်
အဖေက အစည်းဝေးပဲ
ခဏခဏ သွားနေတာပဲ
တီဗွီထဲမှာ
ဖုန်းကြီးတွေ အရိုက်မခံရအောင်
အဖေတို့  လုပ်လို့ မရဘူးလား
သွားပြောပေါ့ မရိုက်ပါနဲ့ လို့ ”

“အဖေ
ငါ့သားလေးတို့ 
ဗမာပြည်ပြန်ရင် အရိုက်ခံရမှာလားဟင်
အဲဒါဆိုရင်
ငါ့သား စင်္ကာပူမှာ
မမကြီးတို့ နဲ့  သွားနေမယ်
အဖေနဲ့ အမေပဲ ဗမာပြည်ပြန် ”

ငါးနှစ်သားလေးရဲ့ 
အတွေးစကားမှာ
ငါ ဖျားပြီးကျန်ခဲ့တယ် ။




































“မုန်တိုင်းထဲမှာပွင့်တဲ့ပန်း”

နေ့ ကို

ညက ခိုးယူနေပုံများ

လက်ကျန်

ကိုယ်ရည်ကိုယ်သွေးလေးတွေတောင်မှ

ကသုတ်ကယက်နဲ့ 

ကမ္ဘာမြေကို နှုတ်ဆက်လို့  ၊



ချောက်ချားဖွယ်ရာ

တိတ်ဆိတ်မှုတွေက

မြေကြီးနဲ့ ကောင်းကင်ရဲ့ ကြားမှာ

မုန်တိုင်းမလာခင် ငြိမ်သက်မှုမျိုးနဲ့ 

ရက်စက်နေကြတယ် ၊




မုန်တိုင်းတွေရောက်လာကြတယ်

မုန်တိုင်းထဲမှာ

ပန်းတွေပွင့်ကြတယ်



မုန် တိုင်း ထဲ မှာ

ပန်း တွေ ပွင့် ကြ တယ် ၊



သာသနာတော် တည်တံ့ခိုင်မြဲဘို့ အတွက်

မုန်တိုင်းထဲမှာ

ပန်းတွေပွင့်ကြတယ် ၊



လောကကို အလှဆင်ဘို့ 

မုန်တိုင်းထဲမှာ

ပန်းတွေပွင့်ကြတယ် ၊



စနစ်တခုပြောင်းဘို့ 

မုန်တိုင်းထဲမှာ

ပန်းတွေပွင့်ကြတယ် ၊



မွေးရာပါ လူ့ အခွင့်အရေးအတွက်

မုန်တိုင်းထဲမှာ

ပန်းတွေပွင့်ကြတယ် ၊



အဲဒီ ပန်းတွေပဲပေါ့

မုန်တိုင်းထဲမှာ

တပွင့်ပြီး တပွင့်ကြွေ

ဒါပေမယ့် ငါယုံတယ်

မုန်တိုင်းထဲမှာ

တပွင့်ပြီး တပွင့်

ဝေ နေ ဦး မှာ

ပန်းတွေ တပွင့်ပြီး တပွင့်

ဝေ နေ ဦး မှာ အသေအချာ ၊



(ကျဆုံးသွားခဲ့သော ရဟန်းသံဃာ ကျောင်းသားပြည်သူလူထုကြီးသို့ )



Saturday, September 27, 2008

မှောက်ကျသွားတဲ့ စက်တင်ဘာညနေခင်းထဲမှာ

စက်တင်ဘာရဲ့ ညနေခင်းတခု
ပက်ပက်စက်စက် မှောက်ကျသွားပုံများ
ရေဒီယိုထဲက မိစ္ဆာတို့ရဲ့ နတ်ဆိုးထိုးသံတွေ
လမ်းများပေါ်ကို
နှလုံးသားတွေထဲကို
ဖိတ်စင်လွင့်ကျလာသည်အထိ .....။

ကမ္ဘာမကြေ တေးသံဟာ
မှောက်ကျသွားတဲ့ ညနေခင်းထဲမှာ
တောက်တောက်ပပနဲ့ အလျှံတညီးညီး



“လက်ချင်းချိတ်ထားကြ”
“ကြောချင်းကပ်ထားကြ”
“အရှုံးမပေးဘူးကွ”
“လမ်းတွေပိတ်ထားကြ”
“သစ်ပင်တွေ လှဲထားကြ”
“သပိတ်စခန်းတွေကို အခိုင်အမာ ကာကွယ်ကြ”
“ရရင်ရ မရရင်ချ”
ဒါဟာ..... ငရဲပွက်သံ သွေးပျက်သံမဟုတ်
ကျောင်းသား ပြည်သူ ရဟန်းရှင်လူတို့ရဲ့
ရဲရင့်တဲ့ တိုက်ပွဲခေါ်သံဖြစ်တယ် .....။

မှောက်ကျသွားခဲ့တဲ့
စက်တင်ဘာရဲ့ညနေခင်းတခုဟာ
အော်ဂလီဆန်စရာ
ငါတို့ရဲ့ အနာဂတ်တွေအပေါ်မှာ
ငါတို့ရဲ့ မျိုးဆက်တွေအပေါ်မှာ
ငါတို့ရဲ့ နိုင်ငံတော်အပေါ်မှာ
ကပ်ရောဂါဆိုးတခုလို အမြစ်တွယ်နေချိန်မှာ
ငါတို့တတွေရဲ့ ညီညွတ်ရေးဆိုတာကလည်း
မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်စမ်းသလိုမျိုး
*အိပ်ရေးမဝသေးတဲ့ ဝက်ဝဝကြီးလို
ဒီယိုင် ဟိုထိုး ကိုယ်ကျိုးနည်းစရာချည်းသာပ .....။

ရဲဘော်တို့ရေ .....
အဆုံးသတ်တိုက်ပွဲထဲမှာ
ဂမ်ဘာရီကို မေ့ထားလိုက်
ဘန်းကီမွန်းကို မေ့ထားလိုက်
ပြည်ပအကူအညီတွေ မေ့ထားလိုက်
သင်တို့ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒကိုသာ
ယုံကြည်ချက်လေးပေါ်တင်ပြီး ပစ်လိုက်စမ်းပါ၊
မှောက်ကျသွားတဲ့ စက်တင်ဘာညနေခင်းထဲမှာ
လွတ်မြောက်ခြင်းတေးသံနဲ့ သမိုင်းသစ်ကိုဖွင့်လှစ်ကြမယ်.....။ ။

(* ကဗျာဆရာတိုက်မောင်း၏ ‘ကုလားထိုင်စိုက်ပျိုးရေး’ ကဗျာမှ စာသား)

စပယ်တွေ့  ဖွေးဖွေးလှုပ်လို့

၁။
အရောင်တူငှက်တွေ
ဆုံမှတ်တခုကို ဦးတည်ပျံသန်းသွားကြတဲ့နေ့ က
စပယ်တွေ ပွင့်လိုက်တာ
ဖွေးဖွေးလှုပ်လို့ 
အမေ့မှာ တရားနဲ့ ဖြေလည်း မရဘူး ။
၂။
ငါတို့ 
နွေးထွေးသော
ရင်ခွင်များ
အိမ်များ
အမေများ
ချစ်သူများ
အနာဂတ်များ
ပိုင်ဆိုင်နိုင်ခွင့်ရှိသော အရာများ
ထားရစ် ချန်ရစ်
ကျောခိုင်းထွက်ခွါခဲ့ကြ
ယုံကြည်ချက်တွေက
စပယ်တွေလို ပွင့်လိုက်တာ
ဖွေးဖွေးလှုပ်လို့  ။

၃။
အခုတော့ 
ဆရာမောင်သောကရဲ့ 
အနှစ်နှစ်ဆယ်လည်း မဟုတ်
ဗိုလ်မှူးချစ်ကောင်းရဲ့ 
အနှစ်နှစ်ဆယ်လည်း မဟုတ်
နူးညံ့သော နှလုံးသား
ခံနိုင်ရည်နဲ့  အားတင်းထားခဲ့တဲ့
အမေအိုရဲ့ မျက်ဝန်းများမှာ
စွန်းထင်းပေကျန်နေတဲ့
သောကရဲ့ အတိုင်းအဆ
အနှစ်နှစ်ဆယ်ကာလ့ 
ဟုတ်တယ့့် 
အမေအိုရဲ့  အနှစ်နှစ်ဆယ် ။

စပယ်ပွင့်တွေကြားမှာ အမေပြုံးတယ်
သောက မျက်ရည်စတွေနဲ့ 
နာနာ ကျည်းကျည်း ပြုံးတယ် ။
ကုန်လွန်ခဲ့တဲ့ အချိန်ကာလတွေနဲ့ 
ရောက်ရှိလာဦးမယ့် နေ့ သစ်တွေမှာ
အမေ့ရဲ့ စိတ်ဟာ သားနဲ့ ထပ်တူ
အောင်ပွဲကို ပွေ့ ဖက်မယ့်သူပါ
အမေ စောင့်နေတယ် သားရေ
စပယ်နံ့ တွေနဲ့ မွှမ်းထုံနေတဲ့ အမေ့ရဲ့ စကား
သားရှိရာအရပ်ဆီကို
သယ်ဆောင်သွားပေးပါလား လေညှင်းကလေးးရေ ။
၎။
အရောင်တူငှက်တွေ
ဆုံမှတ်တခုကို ဦးတည်ပျံသန်းသွားကြတဲ့နေ့ ကလိုပါပဲ
သားရယ့့် အခုလည်း
စပယ်တွေ ပွင့်လိုက်တာ
ဖွေးဖွေးလှုပ်လို့ 
အမေ့မှာ တရားနဲ့ ဖြေလည်း မရဘူး ။

အမေ နဲ့  သားရဲ့ ကမ္ဘာ

အမေ
မနက်လား
ညလား
သားမသိတော့ဘူး
နီကျင့်ကျင့် မီးရောင်အောက်က
အဆက်မပြတ်ရိုက်နှက်ခံရမှုသာ
လတ်တလောမှာ
သားရဲ့ကမ္ဘာဖြစ်တယ် ၊

သားရဲ့ ကမ္ဘာထဲမှာ
ရိုက်ချက်တချက်တိုင်းဟာ
ကြွေလွင့်သွားရတဲ့
ကြယ်တစင်းစီရဲ့ ခွန်အား
သားကိုယ်ထဲ ပွားများလို့သာလာတော့တယ် ၊

ရိုက်ချက် တချက်။ မေးခွန်းတကွက်နဲ့
ဂျာအေးသူ့အမေရိုက်တဲ့ဇာတ်လမ်းမှာ
ညစ်ညမ်းမှုမှန်သမျှ ကမ်းကုန်
ဖရုဿဝါစာတွေ လွှမ်းခြုံလို့
ဒါဟာ ခေတ်သစ်ငရဲခန်း
အေဒင်ဥယျာဉ်ထဲက အနမ်းမဟုတ်ဘူး
သွေးကြွေးအတွက်
အထိတ်တလန့် မနက်ဖန်များစွာ
မင်းတို့ရဲ့ ကမ္ဘာသာဖြစ်တယ် ၊

သားကမ္ဘာထဲမှာ
သားကိုယ်တိုင်မသိတဲ့ ခွန်အားတွေက
မီးလိုတောက်လောင်နေတယ်
သားကိုယ်တိုင်ကလည်း
မီးတောက်မီးလျှံတခုဖြစ်လို့နေတယ် ၊

အမေရေ
သေခြင်းတရားကို တွန်းလှန်
နေခြင်းတရားကို ဆွဲဆန့်ထားဦး
မိစ္ဆာတို့လက်က
တိုင်းပြည်လွတ်မြောက်တဲ့အခါ
ချစ်ချင်းများစွာ နဲ့ ပြန်ဆုံကြရမယ့်
အမေနဲ့သားရဲ့ကမ္ဘာ ။

Thursday, September 25, 2008

“အဆုံးသတ်မသွားဘူး(၂)”

တကိုယ်ရေလွမ်းဆွတ်မှု
အထီးကျန်ကမ္ဘာထဲမှာ
အသိုက်အမြုံ ပျက်ခဲ့ရသူ
တွယ်ရာမဲ့လွင့်မျော
ဘ၀အမောများစွာ
ခိုလှုံရာ ရှာမတွေ့ခဲ့ဘူး ။

အဲဒီ
ဒုက္ခမီးတွေကို ငြိမ်းသတ်ဘို့
ကံကြမ္မာရေ
ကောင်းမွန်လှပတဲ့ နေ့ရက်များ
ငါ့အတွက်
လက်ကျန်မရှိတော့ဘူးလား ။

အခုတော့
မင်းအတွက်လား
ငါ့အတွက်လား
မသိနိုင်အောင်ကိုပဲ
ထိုးနှက်ချက်တွေက
ပြင်းထန်လွန်းလှချည်ရဲ့၊
မင်းကို သနားရမှာလား
ငါ့ကိုယ်ငါ သနားရမှာလား
ထိုးနှက်ချက်တွေက
ရက်စက်လွန်းလှချည်ရဲ့ ၊
မင်းကိုစွန့်ပစ်လိုက်ရမှာလား
ငါ့ကိုယ်ငါ ဇာတ်သိမ်းလိုက်ရမှာလား
ထိုးနှက်ချက်တွေက
ကြေကွဲဘွယ်ကောင်းလှချည်ရဲ့ ။

ကြောင်ခံတွင်းပျက်နဲ့
ဇရက်တောင်ပံကျိုး ဆိုစကား
(လူတွေများ အမနာပ ပြောရက်ကြတယ်)
ရာဇ၀င်အသိုးထဲမှာ
ကဲ့ရက်ခုနှစ်ရက် ချီးမွှမ်းခုနှစ်ရက်နဲ့
ရောနှောထားရစ်ခဲ့
တို့နှစ်ဦးဟာ
ရေပေးသူနဲ့ ရေငတ်သူ
တွေ့ကြတဲ့သဘောသာပ ။

ဘာပဲဖြစ်ဖြစ်
ငါ့ ဘ၀ကို ငါချစ်နေသမျှ ကာလပတ်လုံး
အတောမသတ်နိုင်အောင် လောင်ကျွမ်းနေတဲ့
ငါ့ရဲ့ ဒုက္ခမီးက
အဆုံးသတ်မသွားဘူး ။

မောင်လွမ်းမှိုင်း

အလွမ်း

ရပ်ဝေးမြေခြား တိုင်းတပါးမှာ
နေထိုင်မကောင်းဖြစ်တဲ့အခါ
အိမ်ကိုလွမ်းတဲ့ဝေဒနာဟာ
မကြေမငြာနဲ့ 
ဟော့ဒီရင်မှာ နေရာအပြည့်ယူလာတော့တယ်၊

အမေ့အပြုံး အဖေ့အပြုံး
ညီအကိုမောင်နှမတွေ တရုန်းရုန်းနဲ့
တ၀ုန်ဝုန်းဆူညံနေခဲ့တဲ့
အိမ်အိုလေးတလုံးကို လွမ်းလွမ်းနေတာလဲ
ဟော့ဒီရင်ထဲကပါပဲ၊

နေမကောင်းတဲ့အခါ
စိုးရိမ်ပူပင်မှု မျက်ရည်စတွေနဲ့
ပြုစုထွေးပွေ့ အမေ့ရင်ငွေ့နွေးနွေးကို
ပြန်ပြီးတမ်းတ လွမ်းနေရတာလည်း
ဟော့ဒီရင်ထဲကပါပဲ၊

နေပူထဲမှာဆော့ကစား
အပြင်းဖျားတုန်းက
အဖေဆူမှာစိုးလို့
အိပ်ချင်ယောင်ဆောင်နေတဲ့အခါ
နဖူးလေးကိုအသာလာစမ်း
ကျနော့်ပါလေးကို အဖေနမ်းတာလည်း
ဟောဒီရင်ထဲက လွမ်းနေတာပါပဲ၊

အိပ်ရာထဲမှာလှဲ အတွေးနယ်ထဲမှာ
ငယ်ကပေါင်း သူငယ်ချင်းကောင်းတွေနဲ့
ကျောင်းပြေးကြတာကအစ
ပျိုရွယ်စဉ်ဘ၀တွေကို ပြန်တွေး
ဆွေးဆွေးပြီး လွမ်းနေရတာလည်း
ဟောဒီရင်ထဲကပါပဲ၊

အခုတော့ အမေရေ
ထစ်ခနဲ့ဆို လွမ်းလွမ်းနေတတ်တဲ့
ဟော့ဒီရင်ကို
မီးရှို့ ပြာချ နလံထချင်လှပြီ ။

(ကျန်မာရေးမကောင်းသော နေ့ရက်များသို့)

“မိုးရွာနေဆဲလား”

ပြိုမှာလေလားမိုးရဲ့ 
တဖွဲဖွဲစွေရွာသွန်း
ကမ္ဘာမြေကိုတောက်ပ
အစိမ်းရောင်အစတွေ
ပူပြင်းတောက်လောင်နေတဲ့
ရင်ကိုမအေးမြစေ
နွေကန္နာနေ့ တနေ့ လိုပ
မိုးရွာနေဆဲလား၊

လောကတခွင်
ဆေးကြောသန့် စင်
မိုးမင်းအလျင် လေပြင်းဆင်ခဲ့
လေပြင်းရဲ့ နောက်မိုးပေါက်လိုက်လေ
မိုးပေါက်တွေက
ကိုယ့်အလွမ်းကို ပိုလွမ်းစေတော့တယ်၊

ချစ်သူပေးတဲ့ လောင်ကျွမ်းမှုအလယ်
ကိုယ့်ဘ၀ပင်လယ်
အငွေ့ ပျံကောင်းကင်ယံထက်
အဲ့ဒါ ချစ်သူ့ အတွက်
ကိုယ့်ရဲ့  အလွမ်းမိုးတိမ်တွေပါကွဲ့  ၊

တဘ၀စာ
စောင့်ခဲ့ပါတယ် ချစ်သူရေ
ပြန်မလာတော့မယ့် သူအတွက်
ကိုယ့်ဘ၀ ကောင်းကင်မှာ
အလွမ်းမိုးတွေရွာချ
ချစ်သူအတွက်
သောကမျက်ရည်စတွေပဲပေါ့၊

ချစ်ခဲ့ရတဲ့ ကာလတွေအတွက်
ဘ၀ကို အရူးအမူးဖက်တွယ် အသက်ရှင်
တိမ်ညိုတိမ်မဲတွေအုံ့ ဆိုင်းတာလဲမမြင်
ကမ္ဘာမြေတောက်ပ
အစိမ်းရောင်အစတွေနဲ့ လှနေတာလဲမမြင်
ချစ်သူရေ
ဒီရင်မှာ ပူပင်သောက
လွမ်းတမ်းတမှုတွေနဲ့ သာ
အပြင်မှာ မိုးရွာနေဆဲလား၊

“နှစ်ကာလထဲက အဖြစ်အပျက်များ”

ဘ၀က
ရွက်ကြမ်းရေကျိုပါပဲ
မာန်မာန မထားတတ်သူ
ကမ္ဘာမြေကြီးက ပေးသမျှနဲ့ 
ကျေနပ် ရောင့်ရဲတတ်သူပါ ၊

အနုပညာကို ပွေ့ ဖက်
ကဗျာကို ရူးသွပ်တပ်မက်တဲ့သူ
အားနာတတ်တယ်
(တချို့ ကအတယ်လို့ ထင်)
လူပေါ်လူဇော်မလုပ်တတ်သူပါ ၊

အချိန်တိုင်းမှာ
အားလုံးအတွက်
ကိုယ်သာလျင် အနစ်နာခံချင်သူ
ရင်ခုန်သံ အသစ်သစ်တွေကို
ကိုယ်တိုင်စိုက်ပျိုးပြီး
ကိုယ်တိုင် ရိတ်သိမ်းချင်သူပါ ၊

အမေ့ရဲ့  မေတ္တာရိပ်အောက်မှာနေရင်း
အရပ်ရှစ်မျက်နှာ
ငရဲကြီး တဆယ့်နှစ်ထပ်
နိဗ္ဗန်ဘုံ အဖုံဖုံ
ချစ်ချင်းတရားနဲ့  လွှမ်းခြုံစေချင်ခဲ့သူပါ ၊

ဘုရားသခင်ကို မယုံချင်ပေမယ့်
ဘုရားသခင်ပေးသနားတဲ့
သံယောဇဉ်ကြိုးများနဲ့ 
ဘ၀ကိုချည်နှောင်ထားမိသူပါ ၊

အဲဒီလိုလူတယောက်ဟာ
ကိုယ့်သမိုင်း ကိုယ်ရေး
ကိုယ့်သမိုင်း ကိုယ်မကွေးအောင်ကြိုးစား
သစ္စာတရား
ရှားပါးတဲ့ ခေတ်ပျက်ကြီးထဲ
ကိုယ့်ရင်ဘတ်မိတ်ဆွေတွေကလဲ
ဘရုတပ်စ်ဖြစ်လိုဖြစ်သွား
အဲဒီအဖြစ်အပျက်တွေကြားမှာ
ဆရာကြီးဒဂုန်တာရာရဲ့ 
“ရန်သူမရှိ
မိတ်ဆွေသာရှိ။
မုန်းသူမရှိ
ချစ်သူသာရှိ”ဆိုတဲ့တရား
သံသရာ အဆက်ဆက်
နှလုံးသားအထက်မှာ ၊

Thursday, September 18, 2008

အလွမ်းပွင့်နေ့ ရက်များ


ရက်ရက်စက်စက်
တိတ်ဆိတ်နေတဲ့
အခန်းငယ်လေးထဲကနေ
ကြေကွဲမှု အစုစုကို
ထမ်းပိုးပွေ့ ပိုက် ခေါင်းငိုက်ဆိုက်နဲ့ 
လူတယောက် လမ်းလျှောက်လာတယ်၊

အဲဒီသူဟာ
မဟာပထ၀ီမြေပြင် ပြိုကွဲမတတ်
အလွမ်းပွင့်တွေ
တပွင့်ပြီး တပွင့် ခြွေလို့ ။



အဲဒီသူဟာ
အထီးကျန် လွမ်းဆွတ်မှုတွေကို
ရင်ဘတ်နဲ့ ကျောမှာကပ်
ကျောင်းအပြန်လမ်းမှာ ရပ်တန့် လို့ ။

အဲဒီသူဟာ
ဦးနှောက်ထက်ကြီးတဲ့
နှလုံးသားနဲ့  စိတ်အာရုံကို
မြေမှာချနင်းလို့ ။

အဲဒီသူဟာ
အောင်ဝေးရဲ့ 
“ဘယ်သူပြောလဲ
တတောလုံးကြွေ ”ကဗျာတပိုင်းတစကို
အဖန်ဖန် အခါခါ
တတွတ်တွတ် ရေရွတ်လို့ ။

အဲဒီသူဟာ
သူ့ စိတ်သူမနိုင်တဲ့အခါ
တယ်လီဖုန်းတွေကို
ပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲလို့ ။

အဲဒီသူဟာ
မိသားစုတကွဲတပြား ဖြစ်စဉ်ကို
ပြန်လှည့်ကြည့်တဲ့အခါ
ကုန်းပေါ်ပြစ်တင်ခံရတဲ့ ငါးဟာ
သူကိုယ်တိုင်ဖြစ်နေတာကို
တွေ့ ရှိလို့ သွားလေရဲ့ ။

အဲဒီနေ့ မှာပဲ
သူ့ ရဲ့  မွေးနေ့ ကို
သားသမီးတွေမပါပဲနဲ့ 
တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘဲ
ဖြတ်ကျော်လိုက်ကြတယ်၊

စောင်းတီးမပျက်သူအတွက် သီချင်းတပုဒ်

အသံတခုစီရဲႛစီးဆင်းမမြာ
ကြေကွဲခြင်းက ပျော်ဝင်နေတယ်
အဆွဲအငင်၊ အဖြတ်၊ အတောက်
ခံစားမႈအျပည့္နဲႛအသံမဵားေအာက္မႀာ
နာဂစ်ဟာ ကစုန်ဆိုင်း
ငၝတိုႛ ရင္ထဲ
ဒုန်းစိုင်းလိုႛ၀င်ရောက်လာတော့တယ် ၊



နောက်ခံတေးဂီတအသံကြားက
ခေလးငယ္ရဲႛအေမကို တမ္းတေခၞသံ
ငၝ့ႎႀလံုးသား တစစီမြေႃခြ
ကမၻာမေၾကစရာမဵား
ငၝတိုႛဘ၀ ငၝတိုႛေခတ္ဳကမႀ
မဵားပဲ မဵားႎိုင္လၾန္းလႀခဵည္ရဲႛ ၊

သံသရာရွည္သမ႖ပၝပဲ
အပူသယ္ဘ၀ေတြကို
ဘယ်လိုဖေးကူမကြမှာလဲ
သံစဉ်လှိုင်းတွေက
ဆူနာမီလှိုင်းတွေလို ရိုက်ခတ်
နာဂစ်မုန်တိုင်းလို တိုက်ခတ်
ငၝတိုႛရင္အစံုဟာ
မုန္တိုင္း႓ပီးစ ႓မိႂႛပဵက္႒ကီးပမာ
အပဵက္အစီးမဵားဳကားက ကုန်းရုန်းထရ
သည်သီခဵင်းသံက
ငၝတိုႛကို ဆြဲယူထူမ
ငၝတိုႛခဵစ္တဲ့ ျပည္သူလူထုႀကီးကိုဆြဲယူထူမ
အဳကင္နာတရားနဲႛလူပီသသူမဵားကို ဆြဲယူထူမ
ဘ၀မဵားကို ပြန်တည်ဆောက်ပြလိမ့်မယ် ။

(အကြင်နာတွေနဲ့ ဖေးကူပၝ သီခဵင်းအားခံစားရေးဖြဲႛပၝသည်။)

ရာဇ၀င်

အာဏာ ရာထူး စည်းစိမ်
ရှင်သန်ခွင့်
သက်တန့်  မိုးတိမ် ပုတ်သင်ညို
မတည်မြဲခြင်းတရား
မက်မက်မောမော
ပြောင်းလဲတတ်ခြင်း သဘောများပြောပါတယ် ။

ကမ္ဘာဦး လူသားတွေထက်
နဲနဲလေးပိုမြင့်တဲ ဘဝ
ဂလိုဘယ်လ်လိုက်ဇေးရှင်းကြီးထဲမှာ
တို့ ပြည်သူတွေ ရခဲ့ကြပေါ့ ။



အိုင်တီ ခေတ်ကြီးထဲမှာ
တောင်ကုန်း တောင်တန်းများတောင်
လက်ခမောင်း မခတ်နိုင်တော့ဘူး
သစ်တောတွေကလည်း
သူတို့ ရဲ့  ရင်ဘတ်ကြီးတွေ ဟင်းလင်းဖွင့်လို့ 
ကောင်းကင်နဲ့ မြေကြီးကြား
နာနာ ကြည်းကြည်း
ကမ္ဘာမကြေတေးသံသာ စီးမျောနေခဲ့ရ ။

ရွှေဝါရောင် ပိုင်ရှင်များရဲ့ 
သံမဏိစိတ်ဓာတ်ကိုတော့
ရိုကျိုး ဦးခိုက်
တို့ တတွေအားလုံး
ဘုံရန်သူကို ၀ိုင်းတိုက်ကြစို့ ။

(ရွှေဝါရောင်တော်လှန်ရေး ၁နှစ်ပြည့် သို့ )










Monday, September 15, 2008

တိုက်စည်တိုက်မောင်း မြည်သံ

ဇာတ်လမ်း ဇာတ်ညွှန်း
ကြမ်းချင်ကြမ်းမယ်
ရမ်းချင်ရမ်းမယ်
မဟာပထ၀ီမြေကြီး
ဟက်တက်ကွဲထဲ
စုန်းစုန်းမြုပ်သွားရတဲ့
ဒေ၀ဒတ်လို
နောင်တတရားနဲ့
တတွတ်တွတ်ရေရွတ်မြည်တမ်းသံတွေက
မင်းတို့နှုတ်ဖျားကိုကူးစက်
ပြည်သူလူထုကြီးရဲ့စီရင်ချက်ကို
အလိုမတူပဲ လက်ခံရတော့မယ်...


သစ္စာတရားနဲ့
ယုံကြည်ချက်စိတ်ထားဟာ
ပင်လယ် သမုဒ္ဒရာတွေကို
ဖြတ်သွားနိုင်တယ်...
တောင်တွေကိုထိုးဖောက်
ထွက်သွားနိုင်တယ်...
ကောင်းကင်ကြီးကို
မီးရှို့ပြာချ...
ကမ္ဘာမြေကြီးကိုတောင်မှ
ချေမွပြစ်နိုင်တယ်...

အခုတော့
ဟောဒီ ရင်ဘတ်ကြီးကိုပဲ
ကတုတ်လုပ်ပြီး
ဘ၀ကိုချွန်းအုပ်နေခဲ့ရသမျှ
တိုက်ပွဲကို စောင့်စားနေခဲ့ရသမျှ
‘အကောင်းဆုံးကို မျှော်လင့်ထားသလို
အဆိုးဆုံးအတွက်လည်း
အသင့်ပြင်ထားကြ’ စကားသံဟာ
အဆုံးသတ်တိုက်ပွဲအတွက်
တံပိုးခရာသံသာ ဖြစ်တော့တယ်...

ဒေါင်းသင်္ကန်းတို့ရဲ့အလံ

ဘယ်လိုဖြေသိမ့်မလဲ
အသက်ရှင်နေရတာကို
လိပ်ပြာမလုံသလိုမျိုး...

အထိမ်းအမှတ်နေ့တွေ
တဖြည်းဖြည်းများလာ
ဆူးတွေတချောင်းပြီးတချောင်း
ငါ့ ကိုယ်ထဲကို တိုးဝင်လာ...



ပေးဆပ်နေရတာတွေ
အောင်ပွဲနဲ့ဝေးနေရတာတွေ
ဘယ်သူက ဘယ်သူ့ကို အပြစ်ဖို့ မှာလဲ ...

ပြည်တွင်းက လမ်းတွေအပေါ်မှာတော့
ရွှေဝါရောင်လှိုင်းများ
တလိမ့်လိမ့်တက်လို့ --
လူမဆန်စွာ ရက်စက်မှုတွေက
ရွှေရောင်တွေကို
မမှောင်မိုက်စေဘူး --

ရိုင်းစိုင်းလွန်းတဲ့
ပက်စက်လွန်းတဲ့
ယုတ်မာလွန်းတဲ့
ခိုင်းနှိုင်းသုံးနှုန်းစရာစကားလုံး
ရှာမတွေ့တော့ဘူး --

အဖြစ်အပျက်တွေက
ငါတို့ရဲ့ ဆုံးဖြတ်ချက်တွေကို
ပိုခိုင်မာစေခဲ့ပြီ --

လှေခွက်ချည်းကျန် အလံမလှဲ
ဒေါင်းသင်္ကန်းတို့ရဲ့
သာသနာ့အလံ လေမှာဝဲနေဦးမှာအမှန်ပဲ ၊ ၊

“ရှေ့ ဆက်ချီတက်”

တောတောင် လျှိုမြောင်
စိမ့်စမ်း ရေတံခွန်...

မြစ်ချောင်း အင်းအိုင်
ပင်လယ် သမုဒ္ဒရာ...

ကမ္ဘာကုန်ကျယ်သရွေ့
ရှာတွေ့နိုင်မယ်မထင်
သည့်ထက်လှတဲ့ တိုင်းပြည်တောင်မှ
သည်လောက်မလှနိုင်...



အဲဒီ... တိုင်းပြည်ကြီးထဲမှာ
ဟုတ်ကဲ့...
ရော့ အင့်... ဆိုပြီး
ဘယ်သူမှပေးခဲ့တာမဟုတ်
ခင်ဗျားတို့.. ကျနော်တို့ ပုခုံးပေါ်ကအထုပ်
သမိုင်းကပေးတဲ့အလုပ်
ကိုယ့်အတ္တကို ကိုယ်တိုင်ထိမ်းချုပ်
(နှစ်တွေ ကြာလာတဲ့အခါ)
အရှုပ်ထုပ်လို့တော့ မမြင်စေလိုပါ...

တယောက်လဲရင်
တယာက်တွဲထူ
သွေးတူ ညီတူ ဖေးကူအားပေး
တော်လှန်ရေးမှာ ...
အနာဂတ်အရေးမှာ ...
ခေတ်တခေတ်ကို ထုဆစ်ရာမှာ

ဟေ့္ဖ လာကြ
ဒေါင်းသံ ဒေါင်းဟန်နဲ့
ဒေါင်းမာန်
ဒေါင်းအလံလေမှာဝဲပါလို့
ရှေ့ဆက်ချီတက်...

“မျိုးဆက်သစ်အနာဂတ်နှင့် ဆန္ဒ”

ခြင်္သေ့တို့ပျော်စံရာ
ကျွန်းသာယာမှ
နုနယ်ငယ်သေး
သမီးလေး...

သမီးအသက် ဆယ်ကျော်သက်ပြီ
အတူနေရ သုံးနှစ်တာမျှ
ရှိခဲ့ငြားလည်း
တရံမလပ် တမ်းတခံစား
သမီးအနားမှာ ရှိနေချင်...



ဒုတိယအကြိမ်
အမျိုးသားလွတ်မြောက်မှုသမိုင်းထဲ မွေးဖွား
သမီးလေးရဲ့ ‘အား’
အဖေ အမေတို့မှာ မျှော်လင့်ချက်ထား
ထွန်းထွန်းပေါက်ပေါက် ဖြစ်စေချင်တာပါ...

ရပ်ဝေးမြေခြား တိုင်းတပါးမှာ
ပညာသင်ကြား
သမီးအတွေးအခေါ်များလည်း
မမှားစေနဲ့...
မြန်မာပြည်မှာမွေး မြန်မာသွေးမို့
အမျိုးဂုဏ်လည်း မပျောက်စေနဲ့
တိုင်းပြည်ဂုဏ်လည်း မမှောက်စေနဲ့...
ဘယ်လို အာဏာရှင်စနစ်မှန်သမျှ
တွန်းလှန်ဖြိုဖျက်... သမီးတို့မျိုးဆက်
အဖေ အမေတို့ရဲ့ အသက်ပါပဲ...

သမီးလေးရဲ့ အနာဂတ်
ဖြောင့်မတ်ကြည်လင်စေချင်သလို
မြန်မာပြည်သူများရဲ့ အနာဂတ်လည်း
တောက်ပရှင်သန်စေချင်တဲ့ဆန္ဒ
သမီးရင်ထဲမှာ ထာဝရ
ကိန်းဝပ်ပါစေ သမီးရေ...

ကိုးကွယ်မှုဘာသာ အယူဝါဒ
လူမျိုး ဘယ်လိုပင်ခြားစေ
မြန်မာပြည်မှာမွေး မြန်မာပြည်အရေးအတွက်
မြန်မာနိုင်ငံသားတိုင်းမှာ
တာဝန်ကိုယ်စီရှိကြသည်ဆိုတာ
သမီးလေး သိနားလည်စေချင်...

အဆုံးသတ်တော့ သမီးရေ
ရေစိမ်း မြေစိမ်း သူစိမ်းတွေကြားမှာ
ဘယ်လောက်ပဲအနေကြာကြာ
မြန်မာနိုင်ငံသားမှန်ရင်
ဧရာဝတီကိုချစ်စေချင်တာပါပဲ...
စည်းလုံးမှုရဲ့ သမိုင်းကြောင်း
ပုဂံယဉ်ကျေးမှုကောင်းတွေကို
ချစ်စေချင်တာပါပဲ...
မြန်မာပြည်ရဲ့ စစ်မှန်တဲ့
တော်လှန်မှုသမိုင်း
ခွပ်ဒေါင်းတိုင်းကို ချစ်စေချင်တာပါပဲ...
ခွပ်ဒေါင်းတိုင်းလို ဖြစ်စေချင်တာပါပဲ...

ဇန်န၀ါရီ တဆယ့်ခုနှစ်ရက်

အေးစက်စူးရှတဲ့
ဆောင်းလေကြမ်းတို့ရဲ့
အညှာအတာကင်းမဲ့မှုကို အံတုရင်း
သူစိမ်းဆန်သော ဇန်န၀ါရီနေ့ရက်များထဲ
ငါ... မင်းကို သတိရနေမိတယ်...။

တခါတရံ
နေ့မှန်း ညမှန်းမသိရတဲ့
အုတ်လှောင်ရုံလေးထဲမှာ...
တခါတရံ
ကြိုးသမားတွေရဲ့
ချောက်ချားဘွယ်ရာ
အခန်းထဲမှာ...
လေးဆယ့်လေးနှစ်မြောက်မွေးနေ့ကို
မင်း ဘယ်လိုခံစားမှုမျိုးနဲ့
ကျော်ဖြတ်နေမှာလဲဆိုတာ
ငါ သိချင်လိုက်တာ...။



ကုန်လွန်ခဲ့တဲ့...
ပြီးဆုံးခဲ့တဲ့...
ထောင်တွင်း ဆယ့်တစ်နှစ်ကို ကြံ့ကြံ့ခံရင်း
နောက်ထပ် ဖြတ်သန်းရမယ့်
တဆယ့်ငါးနှစ်တာကာလကို
ဘယ်လိုခံနိုင်ရည်တွေနဲ့
မင်း... ဖြတ်သန်းမယ်ဆိုတာ
ငါ... ကြေကြေကွဲကွဲနဲ့
တွေးနေမိသေးတယ်။

သားတွေ အနားမှာမရှိဘဲ
ရောက်ရောက်လာတဲ့
(သားတွေရဲ့)
မွေးနေ့တွေကိုလည်း
ရင်ကွဲပက်လက် မျက်ရည်စက်နဲ့
အမေ ဖြတ်သန်းနေမှာ အသေအချာပါပဲ။

နိုင်ငံရေးအကျဉ်းသားဟောင်း မင်းရဲ့ဇနီး
(ထောင်တွင်းဖြတ်သန်းမှု (၇) နှစ်ခရီး)
မလွတ်မြောက်မီ
မင်းရဲ့သမီးသုံးယောက်နဲ့
မုဆိုးမအမေအိုတယောက်မှာ
မြင်းခြံထောင်နဲ့ အင်းစိန်ထောင်
တလ တလ ပြေးတွေ့ရတဲ့ဘဝ
ယက္ကန်းစင်ထဲက လွန်းတခုလိုသာပ။
ငါ့မှာတော့...
အဝေးမြေတနေရာကနေ
ကြေကွဲနေရင်း
အမေ့ရဲ့ သားတွေအပေါ်ထားတဲ့
ချစ်ချင်းမေတ္တာတရားမှာ ခိုနားနေမိတယ်။

လေးဆယ့်လေးနှစ်မြောက် မွေးနေ့မှာ
ညီတယောက်က
အကိုတယောက်ကို ချစ်မြတ်နိုးတဲ့တရား
ရဲဘော်တယောက်က
သူ့ရဲ့တိုက်ဖေါ်တိုက်ဖက်
သွေးသောက် တယောက်ကို ယုံကြည်လေးစားတဲ့တရား
ချစ်ချင်းမေတ္တာများနဲ့ နာကြားပါ။

ငါတို့ ဘယ်တော့မှ ဒူးမထောက်ဘူး...
ငါတို့ ဘယ်တော့မှ လက်မမြှောက်ဘူး...
ငါတို့ ဘယ်တော့မှ အရှုံးမပေးဘူး...။

မောင်လွမ်းမှိုင်း

Saturday, September 13, 2008

အနှစ်နှစ်ဆယ်ဘုရားတိုင်ရတု

၁။
သမိုင်းဝင်နေ့ရက်များရဲ့
ဆည်းဆာလွန်မြောက်
တိမ်တောက်ကွယ်ပုန်း
အမှောင်ဖုံးချိန်
အမေ့အိမ်ကို လွမ်းမိတယ်။

၂။
အမေ့အိမ်ပေါက်
အလွမ်းရောက်စဉ်
တိတ်ဆိတ်ကြေကွဲ
ဘယ်မှာလဲ အမေ ….



စိပ်ပုတီးတကုံး
ကြိမ်မီးအုံးလျက်
သားအတွက်ပူဆွေး
နှလုံးသွေးများ
မျက်ရည်ဖြစ်သွား
ဘုရားစင်ရှေ့မှာ။

၃။
အရှင်ဘုရား..
တပည့်တော်မ
အနှစ်နှစ်ဆယ်လုံးလုံး
သားပြန်အလာကို
စောင့်မျှော်နေခဲ့ရပါတယ်… ဘုရား
အမေ့ကျေးဇူး
မဆပ်ဖူးချင်နေပါစေ
ခေတ်တခုပြောင်း
စနစ်ဟောင်းကို
တွန်းလှန်ဖြိုဖျက်
ပြည်သူအတွက်
သမိုင်းတခေတ်
ထုဆစ်ရဲသူ
ဤလိုလူပင်
မိဘကျေးဇူးဆပ်သည်
မှတ်ယူပါသည်… ဘုရား။

အဲဒီလို ဘုရားတိုင်ရတုဟာ
ခေတ်တိုင်းမှာ
အမေတွေရဲ့ ရင်ထဲက
စီးဆင်းခဲ့တာ အသေအချာပါ။

၎။
သမိုင်းဝင်နေ့ရက်များရဲ့
ဆည်းဆာလွန်မြောက်
တိမ်တောက်ကွယ်ပုန်း
အမှောင်ဖုံးချိန်
အမေ့အိမ်ကို လွမ်းမိတယ်။


(ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း အိမ်ပြန်မရောက်နိုင်ကြတော့သော သားများနှင့် ကျန်ရစ်သူ မိခင်များအတွက် .... )

Wednesday, September 10, 2008

လှောင်ချိုင့်တံခါးတွေ ရိုက်ချိုးကြဟေ့

မြန်မာ့သမိုင်းတလျှောက်
အုပ်စိုးသူအဆက်ဆက်မှာ
သူ့ထက်ဆိုးသူတောင်မ
သူ့လောက်မဆိုးခဲ့ကြဘူး
အဲဒီလူပေါ့
တိုင်းသူပြည်သားတွေရဲ့
တံတွေးခွက်ထဲပက်လက်မျောသူ
တိရစ္ဆာန်လိုလူတယောက်
အာဏာမက်စိတ်က တောင်လိုမောက်နေပုံများ …၊

ဘဝရဲ့ ဆည်းဆာချိန်
တိမ်တောက်တောက်ထဲမှာ
ထွေးပြီးသား တံတွေးတွေ ပလုတ်ပလောင်းနဲ့
သွေးရူးသွေးတမ်း အမိန့်ပြန်တမ်းတွေထုတ်
အမေ့ကို နောက်တနှစ် အကျယ်ချုပ်တဲ့
တံတွေးခွက်ထဲကအကောင်ပေးတဲ့
အမေ့အတွက် မွေးနေ့လက်ဆောင် …။



တကမ္ဘာလုံး ဝက်ဝက်ကွဲပါပဲ
အမေ့အတွက် ဝမ်းနည်းကြောင်း
စိတ်မကောင်းကြောင်း
သတင်းစကားတွေ
သဝဏ်လွှာတွေ
ထုတ်ပြန်ကြေညာချက်တွေ ပလူပျံလို့
တနှစ်တခါ တောခြောက်သံလား
တောလဲသံလား
ပြီးတော့လည်း ပြီးသွားတာပါပဲ
အမေ့လွတ်မြောက်ရေးဟာ
လေနဲ့အတူလွင့်မျောသွားခဲ့
အမေ့စိတ်တခုသာ
သံမဏိကျောက်ဆောင်တခုအလား
ပိုမိုမာကျောကျစ်လာခဲ့တယ် …။

အမေ့ရဲ့ဒုက္ခဟာ ပြည်သူလူထုရဲ့ ဒုက္ခမဟုတ်ဘူး
ပြည်သူလူထုရဲ့ဒုက္ခသာလျှင် အမေ့ရဲ့ ဒုက္ခဖြစ်တယ်
ပြည်သူလူထုအတွက် အမေ့ရဲ့အသက်ကို ပေးထားပြီးသားမို့
အမေ့ရဲ့ ခိုင်မာတဲ့စိတ်ဓါတ်အင်းအားအောက်မှာ
တံတွေးခွက်ထဲကကောင်တွေတနေ့ …
ဒူးထောက်ကြရမယ်ဆိုတာ သားတို့ ယုံတယ် …၊

ကံကြမ္မာရေ …
ရက်စက်မှုအပေါင်း သရဖူမဆောင်းလိုက်ပါနဲ့
အမေဟာ
ခေတ်သစ်ဗမာပြည်သမိုင်းရဲ့ ကောင်းကင်မှာ
ထွန်းလင်းတောက်ပတဲ့ လမ်းပြကြယ်ဖြစ်တယ်
အမေဟာ
ပြည်သူလူထုကြီးဖြစ်တယ်
ပြည်သူလူထုကြီးရဲ့သွေးက
အမေ့ကိုယ်ထဲ လှည့်လည်စီးဆင်းတယ် …၊

ကမ္ဘာကြီးရေ …
ဗမာပြည်ကြီးရေ …
အမေ့ကို ချစ်သူ မုန်းသူများအားလုံးအား
အမေ့ကိုယ်စား
ငါတို့က ကျေးဇူးစကားဆိုပါရစေ …၊

အမေလွတ်မြောက်ဖို့အတွက်
ပြည်သူလူထုလွတ်မြောက်ဖို့အတွက်
တိုင်းပြည်လွတ်မြောက်ဖို့အတွက်
လှောင်ချိုင့်တံခါးတွေ ရိုက်ချိုးကြဟေ့ …။

(ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်ပြည့် မွေးနေ့အမှတ်တရ)

ပြည်သူ့ အသက်တွေ အလျော်ပြန်ပေး

သမ္မာကျမ်းစာပါ
ကမ္ဘာပျက်တဲ့နေ့ဟာ
နာဂစ်နဲ့အတူရောက်လာတယ် နာဂစ်ပြန်တော့
ကျန်ရစ်တယ်…..။

ကြမ်းကြား လေကြား
မုန်တိုင်းသတိပေးချက်ဟာ
(ဘုရားစူးရပါစေရဲ့)
ဝတ်ကျေတန်းကျေ နိုင်လွန်းလှတယ်…..။



ဥမကွဲ သိုက်မပျက်
နေထိုင်လာတဲ့နှစ်များစွာ
တိုက်ခတ်လာတဲ့မုန်တိုင်းများစွာ
ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့ပါရဲ့…..
အခုတော့…..
ဥကွဲ သိုက်ပျက်
နာဂစ်ရဲ့ရိုက်ချက်ထက်
စစ်အုပ်စုရဲ့ ရိုက်ချက်ကပြင်းလွန်းတယ်…..။

သဘာဝဘေးအန္တရာယ်
ဘယ်သူမှတားဆီးမရနိုင်ပေမယ့်
ကြိုတင်သတိပေး တပ်လှန့်နှိုးဆော်
အချိန်ဆိုတဲ့ တန်ခိုးတော်က
လူ့အသက်ပေါင်းများစွာကို
ကယ်တင်ပေးနိုင်လိမ့်မယ်…..။

အကြင်နာကင်းမဲ့တဲ့ နှလုံးသား
စိဉ္စမာဏဉာဏ်နဲ့ အုပ်စိုးသူတို့လက်အောက်က
ပြည်သူတို့ရဲ့အသံ
အမေရိကန်လာပါ…..
အင်္ဂလန်လာပါ…..
ပြင်သစ်လာပါ…..
ကူညီနိုင်စွမ်းရှိတဲ့ သူမှန်သမျှလာပါ…..
ကူကယ်ရာမဲ့သူတို့ရဲ့ မျှော်လင့်ချက်ဟာ
ကောက်ရိုးတမျှင်ပဲပေါ့…..။

အစားအစာပေးပါ…..
သောက်စရာ ရေပေးပါ…..
အ၀တ်အထည်ပေးပါ…..
နေစရာ နေရာပေးပါ…..
အသံလှိုင်းတို့ရဲ့ ပဲ့တင်ရိုက်ခတ်သံများ
စစ်အုပ်စုမှာ နားမရှိရှာ
ပြည်သူလူထုရဲ့ ဒုက္ခထက်
သူတို့ရဲ့ အာဏာလက်မလွှတ်ရေးဒုက္ခက
ပိုပြီးကြီးမား
အတ္တလောက်တွေ တဖွားဖွားနဲ့ပေါ့…..။

ဒါကြောင့်…..
ဘုရားသခင်ထံပါး
ကျက်သရေယုတ်သူများအား ဆွဲချက်တင်လိုက်တယ်…..

“အို….. ဘုရားသခင်…..
လူပေါင်းများစွာ သေကြရတယ်
မုန်တိုင်းကြောင့်မဟုတ်
စစ်အုပ်စုကြောင့်သာဖြစ်တယ်…..

လူပေါင်းများစွာ ဒုက္ခနဲ့ကြုံရတယ်
မုန်တိုင်းကြောင့်မဟုတ်
စစ်အုပ်စုကြောင့်သာဖြစ်တယ်…..

လူပေါင်းများစွာ ဒုက္ခတွင်းထဲမှာ
ထပ်ပြီးတော့ အသက်ဆုံးရှုံးရဦးမယ်
မုန်တိုင်းကြောင့်မဟုတ်
စစ်အုပ်စုကြောင့်သာဖြစ်တယ်…..
စစ်အုပ်စုကြောင့်သာဖြစ်တယ်…..
စစ်အုပ်စုကြောင့်သာဖြစ်တယ်…..
စစ်အုပ်စုကြောင့်သာဖြစ်တယ်…..

အို….. ဘုရားသခင်…..
ရက်စက်ယုတ်မာသော
နှလုံးသားရှိသူတို့၏ သက်တမ်းကား ရှည်လျားလွန်းလှ၏…..။
ဖြူစင်ရိုးသားသော
အပြစ်မဲ့ပြည်သူတို့၏ သက်တမ်းကား
တိုတောင်းလှချေ၏……။
တရားသဖြင့် မျှတသောစီမံမှုကို ပေးတော်မူပါ…..
စစ်အုပ်စုကျဆုံးပါစေ…..
ပြည်သူလူထု လွတ်မြောက်ပါစေ…..။“