Friday, May 04, 2018

Palestine has awakened နိုးလော့ ထလော့ ပါလက်စတိုင်း


Palestine has awakened
နိုးလော့ ထလော့ ပါလက်စတိုင်း

ကမ္ဘာဦးရဲ့ အလင်းအရောင်
ဘုရားသခင်က ဖန်ဆင်း
ကမ္ဘာမြေပြင်ပေါ် ကြဲချပေးလိုက်တယ်….

ကြေမွနေတဲ့နှလုံးသားမှာ
ဘုရားသခင်ထံတော်က ဂရုဏာ တရားနဲ့ 
ကမ္ဘာဦးရဲ့ အလင်းရောင်အောက်မှာ
ပါလက်စတိုင်း ဟာ
ဒူးမထောက် လက်မမြှောက်ပဲ
ခေါင်းမော့ နေနိုင်လာစေရမ ယ်

ဘုရားသခင်ကို ငါယုံတယ်
ပါလက်စတိုင်းရဲ့ သွေးကို ငါယုံတယ်
အသက်သွေးများစွာ ဘုရားသခင်ထံပါး
အမိန့် တော်ခံသွားကြတယ် ….

ဒါ ဘယ်သူ့ အတွက်လည်း

အဖေမဲ့ အမေမဲ့
စစ်ရဲ့  ဒဏ်ရာဒဏ်ချက်တွေနဲ့ 
ခိုလှုံစရာ ရင်ခွင်မဲ့သူခလေးသူငယ်များ
မျိုါ်ဆက်များ တဆက်ပြီးတဆက်
ပါလက်စတိုင်း အလံတော်ကို လက်ဆင့်ကမ်းခဲ့ကြ
ယနေ့ ထက်တိုင်……
လှေခွက်ချည်းကျန် အလံမလှဲ
လှေခွက်ချည်းကျန် အလံမလှဲ
လှေခွက်ချည်းကျန် အလံမလှဲ

ရဲရင့်သက်ဇွဲ

No comments: