Sunday, January 01, 2017

နှစ်တွေသစ်သလို ဘ၀တွေသစ်ဘို့ လိုကြောင်း

တနှစ်ဟောာင်းလို့  တနှစ်ပြောင်းပြီ
ကောင်းကျိုးအထွေထွေနဲ့  ချွှန်စေမြစေသော
ဒေါင်းအိုးဝေရယ်တဲ့ တွန်စေကစေသောဝ်
စကားလုံးများ ပြတိုက်ထဲမှာ .....

ငြိမ်းချမ်းရေး ချိုးငှက်ငယ်လည်း
သွေးသံရဲရဲ
တိုင်းရင်းသားတို့  နယ်မြေများလည်း
တိုက်ပွဲသံတွေ မစဲ
သွေးသံရဲရဲ
နှစ်သစ်မှာလည်း သွေးသံရဲဦးမှာလား....

အစွယ်လိုသူက မင်းမိဖုရား
အသွားစေခိုင်းသူက မင်းဧကရာဇ်
လေးပြစ်သူက ဘုရားကျွန်တော်မျိုး
သောနုတထိုမုဆိုး
နင်ချည်းပင်သေစေတော့...ငိုချင်းမျိုးနဲ့ 
ငိုနေခဲ့ရပြည်သူများဘဝ
လူနဲစု ဘာသာခြား
မြန်မာနိုင်ငံသားများရဲ့ ဘဝ
ခြော က်ချားစရာ ညတွေများများလာ
ဘယ်သူကူလို့ ဖြေရှင်းပေးမှာလဲ........

အုပ်စိုးသူ အစိုးရသစ်ဟာ
နှစ်သစ်မှာ
အတွေးသစ် အမြင်သစ်တွေနဲ့ 
ပြည်သူတို့ ရဲ့  ဘ၀တွေသစ်ဘို့ 
ဆောင်ရွက်နိုင်စေကြောင်း
အကောင်းမြင်ဝါဒလက်ကိုင်ထားပြီး
ငါတို့ ဆုတောင်းလိုက်တယ် .....

အဲဒီလို ဆုတောင်းမျိုး
နှစ်တိုင်းမှာ ထောင်းထောင်းထ
အကောင်းမြင်ဝါဒ
အကောင်းမြင်ဝါဒ
တဖြေးဖြေးနဲ့  ငါတို့ နားတွေ
မုဒိမ်းကျင့်ခံနေခဲ့ရ
မနိုင်လို့ သည်းခံရခြင်းသည်လည်းကောင်း
နှစ်တွေသစ်သလို ဘ၀တွေသစ်ဘို့ လိုကြောင်း
ပြညသူတွေရဲ့  ဆုတောင်း
နှစ်တွေသစ်သလို ဘ၀တွေသစ်ဘို့ လိုကြောင်း
နှစ်တွေသစ်သလို ဘ၀တွေသစ်ဘို့ လိုကြောင်း .......။

poem by ye yint thet zwe

No comments: