Monday, February 23, 2015

အလွင့်တွေထဲမှာ

အလွင့်တွေထဲမှာ

လတဲ့စိတ်တွေကို
ဖမ်း ...ကြိုးနဲ့ ချည်
သမာဓိအား
ခိုင်မြဲ သွားပြီလား ...

ဆေးလိပ်ဖြတ်သလိုမျိုး
မကောင်းမှုမှာ
ငြိတွယ်ချင်တဲ့စိတ်
ဖြတ်ရခက်တယ် .....

အနာသိရင် ဆေးရှိရမယ်
ဝေဒနာက ငယ်ထိပ်မှသည်
ဟော့ဒီ ခြေဖ၀ါးအထိ
ဖြေဆေးမရှိသလိုမျိုး
အသက်ကြီးကာမှ
ဘ၀ က ကိုယ်ကျိုးနဲရလိမ့်မည်....

အာရောဂျံ ပရဘာ လာမမှန်တဲ့ 
ဘ၀ကြီးကို ဖမ်း
သံယောဇဉ် ကြိုးတွေနဲ့ ချည်
ပင်လယ်ရှာမတွေ့ တဲ့ မြစ်ဟာ
ငါ ..ဖြစ်နေတုန်းလား .....

တခုခုတော့လွဲနေပြီ
ည လေးရေ
ဖတ်ခဲ့ဘူးတဲ့ ကဗျာတစ
ခဏ ခဏ သတိရတယ်

(စိတ်ချ လက်ချ အိပ်ပါ ညီမလေး
အကို သေတမ်းစာနဲ့ ယပ်ခတ်ပေးနေတယ်  ၊။

မိုးဝေခေတ်ပေါ်ကဗျာစာအုပ်မှ)

ရဲရင့်သက်ဇွဲ
၁၀၁၁၂၀၁၃

No comments: