Thursday, April 14, 2011

ဧပရယ် ကောင်းကင်

ဧပရယ် ကောင်းကင်


တယောက်ဘ၀နဲ့ 

တယောက် ဘဝ

ပတ်သက် ဆက်နွယ်နေပုံများ

အသက်နဲ့  ခန္ဓာ ဖက်တွယ်နေသလိုပ

အချိန်အခါနဲ့  ပွင့်လန်းလာတဲ့

ပိတောက်ပန်းလိုမျိုး

ငါတို့ သွေးထဲက ကောင်းကင်မှာ

ရွှေရည်တွေ လိမ်းကျန်လို့ 

ငါ့ … မှာ

တရားနဲ့ တောင်ဖြေလို့  မရတော့ဘူး ….။



ဧပရယ် ကောင်းကင်



တယောက်ဘ၀နဲ့ 

တယောက် ဘဝ

ပတ်သက် ဆက်နွယ်နေပုံများ

အသက်နဲ့  ခန္ဓာ ဖက်တွယ်နေသလိုပ

အချိန်အခါနဲ့  ပွင့်လန်းလာတဲ့

ပိတောက်ပန်းလိုမျိုး

ငါတို့ သွေးထဲက ကောင်းကင်မှာ

ရွှေရည်တွေ လိမ်းကျန်လို့ 

ငါ့ … မှာ

တရားနဲ့ တောင်ဖြေလို့  မရတော့ဘူး ….။



ကောင်းကင်ကို ဖြိုမချကြပါနဲ့ 

မြေပြင်ပေါ်မှာ ကြေကွဲစရာ

ငါတို့ ရဲ့  နှလုံးသားတွေ မွမွကြွေလို့ 

ပိတောက်ဝါတွေမှာတော့

စစ်ဖိနပ်တွေကြားမှာတောင်မှ

မကြောက်တရားတွေနဲ့ 

ထိန်ထိန်တောက်နေဆဲ …..၊



ရိုးရာသင်္ကြန် မှသည်

သရုပ်ပျက် သင်္ကြန်

ခေတ်လွန် သင်္ကြန်

စီးပွားရေး သင်္ကြန်

ဂလိုဘယ်လိုက်ဇေးရှင်း သင်္ကြန်

နိုင်ငံရေးမလုပ်ရင်ပြီးရော သင်္ကြန်

ထိုထို ဤဤ သင်္ကြန်တို့ အား

(ဘုရားသခင် အားလပ်တော်မူခဲ့လျင်)

စောင့်ရှောက်တော်မူစေသတည်း …. လို့ 

ရွဲ့ ရွဲ့ စောင်းစောင်း

ငါတို့  ဆုပဲတောင်းရတော့ မလိုလို …..။



သင်္ကြန်လက်ဆေးမိုးလေး ရွာမြဲရွာပါ

ပိတောက်ပန်းတွေလည်း ၀ါမြဲဝါပါ

သိကြားမင်းလဲ လာမြဲလာပါ

ကြောက်စိတ်ကိုလည်း ပယ်မြဲပယ်ပါ

ပြည်သူတို့ ရဲ့ သွေး စွေးစွေးနီကာ

လူထုတိုက်ပွဲများ ဖော်ဆောင်ပါဝင်မှသာ

သမိုင်းကပေးတဲ့ တာဝန်ကြေပွန်ကြမှာ

ဒေါင်းအလံ လေမှာဝဲလို့  အောင်ပွဲကို ရိတ်သိမ်းရမှာ အသေအချာပါ ….။



ရဲရင့်သက်ဇွဲ


ကောင်းကင်ကို ဖြိုမချကြပါနဲ့ 

မြေပြင်ပေါ်မှာ ကြေကွဲစရာ

ငါတို့ ရဲ့  နှလုံးသားတွေ မွမွကြွေလို့ 

ပိတောက်ဝါတွေမှာတော့

စစ်ဖိနပ်တွေကြားမှာတောင်မှ

မကြောက်တရားတွေနဲ့ 

ထိန်ထိန်တောက်နေဆဲ …..၊



ရိုးရာသင်္ကြန် မှသည်

သရုပ်ပျက် သင်္ကြန်

ခေတ်လွန် သင်္ကြန်

စီးပွားရေး သင်္ကြန်

ဂလိုဘယ်လိုက်ဇေးရှင်း သင်္ကြန်

နိုင်ငံရေးမလုပ်ရင်ပြီးရော သင်္ကြန်

ထိုထို ဤဤ သင်္ကြန်တို့ အား

(ဘုရားသခင် အားလပ်တော်မူခဲ့လျင်)

စောင့်ရှောက်တော်မူစေသတည်း …. လို့ 

ရွဲ့ ရွဲ့ စောင်းစောင်း

ငါတို့  ဆုပဲတောင်းရတော့ မလိုလို …..။



သင်္ကြန်လက်ဆေးမိုးလေး ရွာမြဲရွာပါ

ပိတောက်ပန်းတွေလည်း ၀ါမြဲဝါပါ

သိကြားမင်းလဲ လာမြဲလာပါ

ကြောက်စိတ်ကိုလည်း ပယ်မြဲပယ်ပါ

ပြည်သူတို့ ရဲ့ သွေး စွေးစွေးနီကာ

လူထုတိုက်ပွဲများ ဖော်ဆောင်ပါဝင်မှသာ

သမိုင်းကပေးတဲ့ တာဝန်ကြေပွန်ကြမှာ

ဒေါင်းအလံ လေမှာဝဲလို့  အောင်ပွဲကို ရိတ်သိမ်းရမှာ အသေအချာပါ ….။



ရဲရင့်သက်ဇွဲ


No comments: