Friday, January 01, 2010

လူထုဦးလှ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းရွာတွင် အဖ ကုန်သည်ဦးပု၊ အမိ ဒေါ်ခိုင်တို့က ၁၉၁၀ပြည့် နှစ်၊ ဇန်န၀ါရီလ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၇း၄၅ နာရီတွင် မွေးဖွားခဲ့သည်။ မွေးချင်း ၃ ယောက်တွင် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ မောင်လှဖြစ် သည်။
ပုဇွန်မြောင်းရွာ ဆရာဦးဖေခိုင်ကျောင်းတွင် ၄ တန်းထိ ပညာသင်ခဲ့။
၁၉၂၆ - ညောင်လေးပင်မြို့ အာ၊စီ၊အမ် (ရိုမန်ကက်သလစ် သာသနာပြု) ကျောင်းမှ ၇ တန်းအောင်။
၁၉၃၀ - ရန်ကုန်အစိုးရ အထက်တန်းကျောင်းမှ ၁၀ တန်း အောင်၊ ဆယ်တန်းအောင်ပြီး စာရင်းကိုင်စာရေး သင်တန်းတက်ခဲ့၊ သင်တန်းတက်ရင်းမှ လူငယ်များကြီးပွားရေးအသင်း သတင်းများကို သတင်းစာများသို့ ပေးပို့ ရေးသားခဲ့။
၁၉၃၁ - မြူနီစီပယ်တွင် ဘောလုံးသမားတစ်ဦးအဖြစ်၊ ရာပြတ်အင်စပက်တော်ဝင်လုပ်ခဲ့သည်။ လူငယ်များ ကြီးပွားရေးအသင်းသို့ ၀င်ရောက်ခဲ့။ လူငယ်များ ကြီးပွားရေးအသင်းတိုက် စာကြည့်တိုက်မှူး။ လူငယ်များကြီးပွား ရေးအသင်း ညကျောင်းဆရာ။

၁၉၃၂ - ''ကြီးပွားရေးလမ်းညွှန်'' မဂ္ဂဇင်းထုတ်ဝေသည့်အခါ စာစရေးခဲ့။
၁၉၃၃ - ကြီးပွားရေးမဂ္ဂဇင်းကို ဦးစီးထုတ်ဝေခဲ့။
၁၉၃၇ - စာပေနှင့်လူထုလူတန်းစား အဖွဲ့အစည်းများတွင် ပါဝင်ခဲ့။ စာရေးဆရာအသင်းအမှုဆောင်။
၁၉၃၈ - မန္တလေးအာဇာနည် ၁၇ ဦး ဈာပနသို့ စာရေးဆရာအသင်း ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့၊ ''ဆိုဗီ ယက်ရုရှား'' စာအုပ်ထွက်။
၁၉၃၉ - နိုဝင်ဘာ ၁၃ ရက်တွင် ဒေါ်အမာနှင့်လက်ထပ်ခဲ့။
၁၉၄၀ - ကြီးပွားရေးမဂ္ဂဇင်းကို မန္တလေးသို့ပြောင်းရွှေ့ထုတ်ဝေ။ စစ်အတွင်း၌ မဂ္ဂဇင်းရပ်ဆိုင်းထားပြီး ကိုယ်ပိုင် စာအုပ်များ ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ထိုကာလအထိ ''ကြီးပွားရေးမောင်လှ'' ''ကြီးပွားရေးအယ်ဒီတာမောင်လှ'' ကလောင်အမည်များကိုအသုံးပြုခဲ့၊''ထိပ်ဆုံးသို့'' စာအုပ်ထွက်ခဲ့။
၁၉၄၂-၄၄ - ဒုတိယကမ္ဘာစစ်ကြီးအတွင်း ကပိုင်ရွာသို့ ခေတ္တပြောင်းရွှေ့နေထိုင်ပြီး စာအုပ်ထုတ်ဝေရေးလုပ်ငန်း များ ဆက်လက်လုပ်ဆောင်ခဲ့သည်။
၁၉၄၂-တွင် ''ရွှံ့ နှင့်စစ်သား'' ''ပန်းနှင့် စစ်သား'' စာအုပ်များထွက်ခဲ့။
၁၉၄၃ - ဂျပန်ခေတ်စာရေးဆရာအသင်း အဝေးရောက်အမှုဆောင်။ အာရှလူငယ်အသင်း ခရိုင်ဥက္ကဌ။
၁၉၄၅ - အထက်ဗမာနိုင်ငံ ဖ့ဆ့ပ့လ အဖွဲ့ဝါဒဖြန့်ချိရေးမှူး။ ''လူထုဂျာနယ်'' ၁၅ ရက်တစ်ကြိမ်ထုတ် ထုတ်ဝေ။
၁၉၆၀ - မေ ၁၀ တွင် လူထုသတင်းစာ ပြန်ထွက်ခဲ့။ ''စစ်, အချစ်နှင့်ထောင်'' စာအုပ်ထွက်။ အင်္ဂလန်၊ ပြင်သစ် နှင့် အနောက်ဂျာမနီသို့ သွားရောက်ခဲ့။
၁၉၆၂ - ''ကရင်ပုံပြင်များ'' စထွက်။ အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ခဲ့ ''ဂျပန်ပြည် တစ်ခေါက်'' စာအုပ်ထွက်။
၁၉၆၃ - ''ရခိုင်ကျေးလက်ပုံပြင်များ'' စထွက်။ (ယင်းစာအုပ်ဖြင့် ၁၉၆၃-ခုနှစ် စာပေဗိမာန် အနုပညာဆိုင်ရာစာ ပေဆု ကလေးသူငယ်ဆိုင်ရာစာပေ ဒုတိယဆုရ)။ ''အင်ဒိုနီးရှား အနောက်မှအရှေ့သို့'' စာအုပ်ထွက်။ ''သတင်းစာ များသည် သမိုင်းကို ပြောနေကြသည်'' စထွက်။
၁၉၆၄ - ''မွန်ပုံပြင်'' စထွက်။ ''စာပေနှီးနှောဖလှယ်ပွဲ'' စာတမ်းများ (အခြား ၇-ဦးနှင့်ပူးတွဲ)ထွက်။
၁၉၆၅ - ''မြန်မာပုံပြင်များ'' စထွက်။ ''သောင်းပြောင်းထွေလာ ရေးချင်ရာရာ'' ထွက်။
၁၉၆၇ - လူထုသတင်းစာ ရပ်စဲခံရသည်။ '' နာဂတောင်တန်းတစေ့တစောင်း'' စာအုပ်ထွက်။
၁၉၆၈ - ''သတင်းစာများပြောပြတဲ့ စစ်တွင်း မြန်မာပြည်'' (၄-တွဲ) ထွက်။ ''လီဆူးပုံပြင်များ'' စာအုပ်ထွက်။
၁၉၆၉ - ''သတင်းစာများ ပြောပြတဲ့ စစ်ပြီးစ မြန်မာပြည်'' (ပ-တွဲ) ထွက်။
၁၉၇၀ - ''ရ၀မ်ပုံပြင်များ''၊ ''ကျွန်တော်ဗြူရိုကရက်''၊ ကျွန်တော် စတီး ပွဲစား'' စာအုပ်များထွက်။
၁၉၇၁ - ''လိုင်းနောက်နာဂပုံပြင်များ'' ထွက်။ ''ကျွန်တော်သတင်းထောက်'' စာအုပ်ထွက်။
၁၉၇၂ - ''ကျွန်တော်မြင်းသမား''၊ ကျွန်တော်လှေသူကြီး'' စာအုပ်ထွက်။
၁၉၇၅ - ''စားစရာဆန်''၊ ကျွန်တော်သံလွင်ဖောင်စီး'' စာအုပ်များထွက်။
၁၉၇၇ - ''အရက်သမားအမှားတစ်ထောင်'' ထွက်။
၁၉၈၂ သြဂုတ် ၇ ရက်နေ့ နံနက် ၈း၁၅နာရီတွင် မန္တလေးမြို့ ၌ ကွယ်လွန်ခဲ့သည်။
ထင်ရှားသည့်စာအုပ်အချို့
(၁) ထောင်နှင့်လူသား (စာပေဗိမာန်ဆုရ)
(၂) စစ်, အချစ်နှင့်ထောင်
(၃) စစ်ပြီးစက ထောင်တံခါး
(၄) အာလုံးကောင်းကြရဲ့လား
(၅) လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ (ယူနက်စကိုဆုရ)
(၆) ကျွန်တော် ဗြူရိုကရက်
(၇) ကျွန်တော် စတီးပွဲစား
(၈) ကျွန်တော် သတင်းထောက်
(၉) ကျွန်တော် မြင်းသမား
(၁၀) ကျွန်တော် လှေသူကြီး
(၁၁) ကျွန်တော် သံလွင်ဖောင်စီး

စာပေဆိုင်ရာစာအုပ်
(၁) သူ့စာများကပြောတဲ့သိပ္ပံမောင်ဝအကြောင်း
(၂) ကျွန်တော်ဖတ်တာဟောပြောတွေထဲက
(၃) လူ့မိတ်ဆွေစာအုပ် (စုပေါင်း)
(၄) သခင်ကိုယ်တော်မှိုင်းနိဒါန်း (စုပေါင်း)

သတင်းဆိုင်ရာ
(၁) သတင်းစာများပြောပြတဲ့စစ်တွင်းဗမာပြည် (၄-တွဲ)
(၂) သတင်းစာများပြောပြတဲ့စစ်ပြီးစမြန်မာပြည်
(၃) သတင်းစာများသည် သမိုင်းကို ပြောနေကြသည်

ခရီးသွားစာပေ
(၁) ဂျပန်ပြည်တစ်ခေါက်
(၂) အင်ဒိုနီးရှားအရှေ့မှအနောက်သို့
(၃) နာဂတောင်တန်းတစေ့တစောင်း

ပုံပြင်
(၁) မြန်မာ (၂) ရှမ်း (၃) ချင်း (၄) ကချင် (၅) ကယား
(၆) ပလောင် (၇) ရခိုင် (၈) နာဂ (၉) မွန်
(၁၀) လီဆူးပုံပြင်များအပြင်
(၁၁) ကာလီဒါသသဘ၀အတွေ့အကြုံ ပုံပြင် (၃-တွဲ)
(၁၂) ရောမပုံပြင် (၁၃) ဟိန္ဒူပုံပြင် (၁၄) အီတလီပုံပြင်
(၁၅) ကမ္ဘာပုံပြင်များ

ဝတ္တု
(၁) မနီးတဲ့ဘ၀ခရီး
(၂) ရဲဘော်နှင့် မောင်ကြီးနှမ

ကြီးပွားရေး
(၁) ထိပ်ဆုံးသို့
(၂) လူတစ်လုံး


No comments: