Sunday, August 28, 2016

နက်ရှီုင်းစွာထိခိုက်ခြင်း(သို့ ) ဟတ် အတက်ခ်

နက်ရှီုင်းစွာထိခိုက်ခြင်း(သို့ ) ဟတ် အတက်ခ်

တ နေ့  တ လံ ပေါ့ ပု ဂံ ရယ်
င လျင် ခြေ အ ကြွ မှာ
နှလုံးသားများ
ကြွေ ကျ
မြေ ခ လေ တယ်
ရဲ ရင့် သက် ဇွဲ

ငပိန်းတွေ သိစေဘို့ အတွက်ပါ

အခုတလော စိတ်ထဲမှာ အစာမကြေဘူးဖြစ်နေတယ်။။
ဂျွန်လင်နွန်ရဲ့ အင်မယ်ဂျင်း သီချင်းကို ထပ်ခါတလဲလဲ
ပြန်နားထောင်နေမိတယ်.။
လေနဲ့ ဝမ်းနဲ့ မကွဲတဲ့ လူတွေ ဗိုက်ဆာတာလား ဗိုက်နာတာလား
ခွဲခြားမသိတဲ့လူတွေ 
ဘာသာရေးလည်းဂဂဏဏမသိ အမုန်းတရာများကိုလည်းစိတ်ထင်တိုင်းကြံ
နေသူ ငပိန်းတွေနဲ့ တမိုးအောက်ထဲ အတူပေါက်ခဲ့ရတာ ရင်နာတယ်။
အခုတော့ ဟောရင်းသာပျံလွန်တော်မူမယ် ဆွမ်းဆန်ဖြူဖြူ တခွက်တော့ရဘို့ ရာလမ်းမမြင်သော်လည်း အသိတရားရလိုရငြား မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်များရဲ့ တိုင်းပြည်အပေါ် ခင်ဗျားတို့ ထက်သစ္စာရှိရှိအသက်ပေးသွားခဲ့
ကြသူတွေအကြောင်း ငပိန်းတို့ အသိတရားရစေဘို့ ပါ..။။
Aung Myin Htoo
August 24 at 8:49pm ·
2015 က post ပါ
~~~~~~~~~~~
အစိုးရ ဖက် က မြန်မာမွတ်ဆလင် တွေ ကို ထိုးနှက်ပြီး လူမျိုးရေး ဘာသာရေးတွေနဲ့ နိုင်ငံရေးကစားတော့ ဒီမိုဘက်တော်သားတွေကလဲ မြန်မာမွတ်ဆလင်တွေ အကြောင်းပြပြီး ပြန်လည်ဖြေရှင်းချက်တွေပေးနေကြတာ မဟုတ်သေးဘူးဗျ။
ဘိုးတော်ဘုရား လက်ထက်မှာ ရမ္မဝတီမြို့တော်ဝန် ရွှေတော်သာဂ္ဂသူဘွဲ့ ချီးမြှင့်မြှောက်စားခံခဲ့ရတဲ့ ဆရာကြီးဦးနု ဆိုတာ မွတ်ဆလင်ဗျ။ မွတ်ဆလင်နာမည် က မိုဟာမက်ကာဆင် (Mohamed Kassim) တဲ့။
မင်းတုန်းမင်း လက်ထက်တော်ကတည်းက အမြောက်တပ် မှာ အမှုထမ်းခဲ့တဲ့သူ ၊ စင်္ကြငွေစင်သူလုသဘောင်္ကပ္ပတိန်အဖြစ်
ဗန်းမော် ကိုချီတက်ပြီး အင်္ဂလိပ်-မြန်မာစစ်ပွဲ မှာ တိုက်ပွဲဝင်ခဲ့တဲ့သူ တစ်ယောက် ၊ ပြီးတော့ သီပေါမင်းလက်ထက် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ
မှာ မင်းလှခံတပ် မှာ ကွပ်ကဲပြီး ၊ ဧရာဝတီမြစ်ကြောင်း ကတဆင့်ချီတက်လာတဲ့ အင်္ဂလိပ်တွေကို ဝမ်းဗိုက် ကျည်သင့်တဲ့ အထိ တိုက်ပွဲဝင်ခဲ့တဲ့ တပ်မှူးကြီးဦးဖိုးကာ ဆိုတာ လဲ မွတ်ဆလင်ပါဘဲ။
ဦးရာရှစ် (M A Raschid) နဲ့ ဦးသီဟန် တို့ဆိုတာ ဦးနု ၊ ဦးအောင်ဆန်း တို့ နဲ့အတူ ကျောင်းသားသမဂ္ဂ ကို တည်ထောင်ခဲ့ကြတဲ့ မွတ်ဆလင်တွေဗျ။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဦးရာရှစ် ရဲ့ စွမ်းဆောင်မှုတွေကို တန်ဖိုးမဖြတ်နိုင်သလို ၊ ဦးဖေခင် ရဲ့ စွမ်းဆောင်ချက် မပါရင် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ဖို့ မလွယ်ကူဘူး။
ဦးရာဇတ် (Razak) ကို တော့ မသိတဲ့သူမရှိပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ၁၉ ဇူလိုင်မှာ အတူတူကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်တစ်ဦးပါဘဲ။
ကျောက်ကပ်ဆေးရုံ လှူဒါန်းခဲ့တဲ့ ပျဉ်းမနားဟာဂျီဒေါ်ပု ၊ သမိုင်းပညာရှင်ဗိုလ်မှူးကြီးဘရှင် ၊ရွှေအမြုတေ မဂ္ဂဇင်း ရဲ့ အယ်ဒီတာဦးဝင်းငြိမ်းရဲ့ ဖခင် ကျားဘငြိမ်း ၊ ၈၈ အရေးတော်ပုံမှာ တက်ကြွစွာဦးဆောင်ပါဝင်ခဲ့လို့ ထောင်ဒဏ် နှစ် (၂၀) ကျခံခဲ့ရပြီး ထောင်ထဲမှာ သေဆုံးခဲ့ရတဲ့ ဗိုလ်မှူးသော်က တို့ လို ပုဂ္ဂိုလ်တွေကလဲ မွတ်ဆလင်တွေပါဘဲ။
ကုန်ကုန်ပြောရရင် ဦးရွှေရိုး အက ဖန်တီးခဲ့တဲ့ ဦးဘကလေး ဆိုတဲ့ ကာတွန်းဆရာ ၊ ဟာသသရုပ်ဆောင် ကတောင် မွတ်ဆလင် ပါဗျာ။
မြန်မာ့နိုင်ငံရေး သမိုင်းတိုင်းမှာ မြန်မာမွတ်ဆလင်တွေပါခဲ့တယ်။
ရွှေဝါရောင်တော်လှန်ရေးမှာလဲ သံဃာတော်တွေကို မြန်မာမွတ်ဆလင်တွေ ဝန်းရံခဲ့ကြတာပါဘဲ။
မြန်မာပြည်ရဲ့ နိုင်ငံရေးပြောင်းလဲမှုတိုင်းမှာ မြန်မာမွတ်ဆလင်တွေပါခဲ့တယ်။ ပါနေဆဲဘဲ။ ပါနေရမှာဘဲ။
ကျွန်တော်တို့ သွေးမကွဲပါနဲ့။ သူတို့ ထောင်ချောက်ထဲ ခုန်မဆင်းပါနဲ့ ခင်ဗျာ။
Melvin Moe