Tuesday, March 01, 2016

အမှောင်

အမှောင်

February 7, 2016 at 2:19am
ကောင်းကင်ကြီးတခု
ပြောင်းနေခဲ့တာ ငါလိုချင်မိတယ်

ငါ့ရဲ့ ပျော်ရွှင်ဘွယ်ရာ
ဘ၀နဲ့  ကာလကို
ဒီရောဂါဆိုးက ခိုးယူသွားခဲ့တယ်...

ဘယ်လောက်များဆိုးလိုက်ပ
ငါ့ရဲ့ မျှော်လင့်ချက် အိပ်မက်
ရိုက်ချိုးချေဖျက်သွားပုံများ
လိုချင်တာ ဒီလိုအဖေမျိုးမဟုတ်ဘူးတဲ
ငါ့အသက်ဟာ ငါ့လက်ထဲကလွတ်ကျသွားခဲ့ပေါ့....

နားလည်မှု စာနာမှု ချစ်ခြင်းမေတ္တာတရားတွေနဲ့ 
အဝေးက ထွေးပွေ့ သော်လည်း
ခွဲခွါ ချန်ထား ခြောက်နှစ်အရွယ်သာသာ
ခလေးငယ်ရဲ့  စိတ်ထဲကအနာ
ဘယ်အရာနဲ့ ကုစားပေးရမလဲ...
လောကဓံရဲ့ ထိုးနှက်ချက်က
ငါ့အပေါ်အညှာအတာ ကင်းမဲ့လေပြီ........

ဒီလိုနဲ့ ရှင်သေမင်းရဲ့ ဖိတ်စာပေါ်မှာ 
ငါ မှေးစက်ခွင့်မရခင်ကာလများကြား
ချစ်တဲ့သမီးလေးနဲ့  အချိန်ကာလတခုအထိ
အတူနေချင်တဲ့ စိတ်များက
ငါ့အားနှိပ်စက်ကြပြန်ပြီ....

အချိန်ကာလရဲ့ တိုက်စားမှုကြားမှာ
ငါ့မျှော်လင့်ချက်တွေဟာ
ပါးလျလာခဲ့
မျှော်လင့်ချက်မဲ့မှုတွေက
ငါ့ဘ၀ကို 
တစတစ ဖြိုချလာခဲ့ကြ
ငါဟာတစတစ
ပြိုကြလာခဲ့ရ

ဒီလိုပါပဲ
ငါ့ဘ၀ကို
ငါ 
အမှောင်ထုထဲလွှတ်ချလိုက်တယ်.....
တည်ဆောက်ခဲ့သမျှ ပြိုပျက်ကြတော့မယ့်အထိ.............
နှလုံးသားရဲ့ အလိုကို စိတ်လိုလက်ရ
ဇက်ကြိုးပုံပေးလိုက်ပုံများ
အမှားသံသရာမှာ  စိတ်နောက်ကိုယ်ပါမိတော့
ဟောဒီ ဒွန္နယာမှာ နောင်တတွေနဲ့ 
ရုန်းထွက်ဘို့  ကြိုးစားတာတွေလည်း
ငါမင်းကို ပြောပြချင်တယ်......။

ရဲရင့်သက်ဇွဲ
၇ ၂ ၂၀၁၆
နံက် ၁း၅၉ နာရီ
vvvvvvvvvvvvzz