Fashion Era

Wednesday, July 21, 2010

နရသိန်ထဲမှ သွေးသောက်ကြီးထံ ပေးစာ

ရဲဘော်ကြီး
ကျန်းမာရေးဂရုတစိုက်ရှိမယ်လို့  ထင်ပါတယ်။ အကျဉ်းရဲတိုက်ဆိုတာက ကျန်းမာရေး ထိခိုက် ပွန်းရှတဲ့ နေရာဆိုတော့ နေကောင်းလားမေးရတာကို စိတ်က ဖြောင့်ဖြောင့်ဖြူးဖြူး မချမ်းမြေ့ ချင်ဘူးပေါ့။ သို့ ပေမယ့် ကြားရတဲ့ သတင်းစကားတွေအရ အားရှိပါတယ်။ အမြဲလိုလို သတိတရရှိနေမြဲဆိုတာ ယုံကြည်သက်ဝင်ပါ။ စည်းနဲ့  ပတ်သက်ရင် ဘယ်အရာကိုမျှ အလံဖြူမတင်ခဲ့တာ ယနေ့ တိုင်ပါပဲ။ ဒါကလည်း ရဲဘော်တွေရဲ့ စွန့်  လွှတ်ပေးဆပ်နေမှုတွေအပေါ်မှာ ထားရှိခိုင်မာမြဲမြံတဲ့ သစ္စာတရားပါပဲ။ အနေဝေးတယ်၊ နံရံခြားတယ်။ တိုင်းနိုင်ငံခြားမယ်။ တိုက်ပွဲ၊ ယုံကြည်ချက်၊ အနာဂတ်၊ အိပ်မက် ဖူးသစ်တွေဟာ အရုဏ်ကျင်းတိုင်း လင်းလက်ဝင်းပနေတယ်ဆိုတာ ရဲဘော်ကြီး ရဲတိုက်ထဲမှာ ပိုခံစား မိနိုင်မှာပါ။ အားကစားအယ်ဒီတာ (တောင်ကြီး)နဲ့ ပျော်ရွှင်ရတဲ့စွယ်စုံဆရာကြီး (မြစ်ကြီးနား) တို့  အကြောင်း ၀တ္တုတပုဒ် မနှစ်က ရေးဖြစ်သေးတယ်။ ကဗျာနဲ့ စာကတော့ ပုံမှန်ရေးဖြစ်နေပါတယ်။ ရေဒီယို ရှိရင်တော့ စနေနေ ညပိုင်း နားဆင်ပါ။ ကျနော့်ရဲ့ ဒုက္ခကို ပျားရည်စမ်း၍့ အသံလွှင့်ဆောင်းပါး လေးတွေကို အာအက်ဖ်အေက အပတ်စဉ် ထုတ်လွှင့်ပေးပါတယ်။
သမီးကြီးမိသားစုနဲ့ အနီးးဆုံးရှိနေသလို သူတို့ စွန့် စားခန်းအတွက်လည်း တက်နိုင်စွမ်းသမျှ စောင့်ရှောက်ထားပါတယ်။ ညီကဗျာဆရာ (ဂျပန်) ကလည်း သူတတ်နိုင်တဲ့အရာ တနည်းအားဖြင့် အစွမ်းနိုင်ဆုံးကြည့်ရှုဖေးမနေပါတယ်။ သမီးလတ်နဲ့ တော့ ကမ္ဘာရွာက ကျဉ်းလွန်းတော့ နေ့  တိုင်း အိမ် လည်ရောက်နေသလို ခံစားရတယ်။ အကောင်းဆုံးမဟုတ်ပေမယ့် ကျနော့် ကျန်းမာရေးက ကောင်း တယ်လို့ ပြောရင်ရပါတယ်။ လမ်းဝေးဝေးတော့ မလျှောက်နိုင်တော့ဘူး။ နှစ်ဆန်းပိုင်းက ဘယ်ခြေ တချောင်းလုံးနီးပါး ခွဲစိတ်ရတယ်။ ၄၆ ချက်ပေါ့။ ဆေးလိပ်သောက်လို့ ဖြစ်တဲ့ သွေးပျစ် သွေးကြော ပိတ်တဲ့ရောဂါပေါ့။ ခွဲစိတ်လိုက်တော့ အများကြီးပြန်ကောင်းသွားပါတယ်။ ကံသီလို့  မဖြတ်ရ ဘူးပြောရ မလား၊ ခေတ်မီဖွံ့ ဖြိုးတဲ့နိုင်ငံက သမားတွေရဲ့ စေတနာ၊ ပညာရပ်တွေကြောင့်လို့ ပဲ ပြောရမလား၊ ခြေတဖက်မဆုံးရှုံးခဲ့ဘူးပေါ့။ ၁၀ နာရီနောက်ကျရင် ဖြတ်ကိုဖြတ်ရတော့မှာ။ နယ်စပ်ကနေ ချင်းမိုင်မြို့  တော် ဆေးရုံကြီးကို အေဘီဥက္ကဌနဲ့ ၂ယောက်ထဲ ခရီးနှင်ခဲ့ရတာ။ ညတွင်းချင်း ခွဲစိတ်ကြတယ် ဆိုပါတော့။ ထားပါလေ၊ ကျနော့်ကျန်းမာရေးက အရေးမကြီးပါဘူး၊ ဆေးရုံတွေ ဆရာဝန်တွေက လက်တကမ်း မှာရှိနေကြပါတယ်။ ရဲဘော်ကြီး ကျန်းမာရေးကသာ ပိုမို အရေးပါလှပါတယ်။
မည်သို့ ပင်ဖြစ်စေ၊ ချစ်နေသေးသည်၊ ကြွေးကြော်စူးရဲ၊အားမာန်ခဲသည့်၊ တိုက်ပွဲထဲက ပြည်သူတွေ၊ ဆိုတဲ့ ကဗျာလိုပဲ သွေးသားထဲမှာ စူးနစ်ယုံကြည်မှုများဖြင့် -
သင့်ရဲဘော်ကဗျာဆရာ
၈၈၈၈ မှတ်မှတ်ရရ

Sunday, July 11, 2010

နာကျင်သောနေ့ ရက်များနောက်

ကမ္ဘာမြေရဲ့ 
နညကျင်တဲ့နေ့ ရက်များ
သူစိမ်းဆန်ဆန်
အငြိုးတကြီး
လမ်းမတွေအပေါ်မှာ
ရာဇ၀င်တွေကို သွေးနဲ့ ရေးခဲ့ကြ
လေးဆယ့်ရှစ်နှစ်ထဲမှာ ……။

လူတွေ …လူတွေ
အပူတွေ
ရင်ဘတ်စည်တီး
ခုနှစ်ရက်နေ့ ရဲ့ မီးဟာ
မငြိမ်းသောမီး
သံသရာ တပတ်လည်ဦးမှာပါ ……။

အိပ်တန်းပြန်ငှက်တို့ လို့ 
ကမ္ဘာမကြေ ….. တေးသံတွေ
အုပ်ဖွဲ့  ပျံသန်း
ကောင်းကင်နဲ့ တ၀ှမ်း
ဝေဒနာနဲ့  တမ်းချင်းတွေကြားမှာ
ကြယ်တွေက မျက်ရည်နဲ့ မှုန်မှိုင်း
လရောင်က အထိတ်တလန့် ကြေကွဲ
ငါ ….. သေသွားပြီလား
အသက်ရှင်နေဆဲလား
ဘာမှ မသေချာဘူး …..။

အိပ်မက်မြူတွေထဲမှာ
ငါ့ ….့ ရဲဘော်တွေ
ကြေမွနေတဲ့ ခုနှစ်ရက်နဲ့ 
ရှစ်ရက်နေ့  မနက်ကို
တိုက်ပွဲဝင်အလံတော်နဲ့ အုပ်
နိုင်ငံတော်ဓျာပန လုပ်လို့  ….။

သမိုင်းဝင် ဒီကွက်လပ်ကြီးပါပဲ
ရာဇ၀င်နဲ့ အမျှ
မျိုးဆက်တိုင်းရဲ့  ရင်ကို
လှိုင်းထစေခဲ့တာ
ဖိလျှင် ….ကြွ
ထိလျှင် …. ချဟေ့
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံစိုက်ကြမယ်
ဆဲဗင်းဂျူလိုင်စိတ်ဓာတ်
အဓွန့် ရှည်စေသော်ဝ် …..။

ရဲရင့်သက်ဇွဲ
၂၀၁၀ ၇ ၇