Fashion Era

Monday, October 26, 2009

“ငါ့ ..... ရဲဘော်တွေ အလျော်ပြန်ပေး”

(ကိုသက်ဝင်းအောင် ကျဆုံးစဉ်က ရေးဖွဲ့ တဲ့  ခံစားချက်ဖြစ်ပါတယ်။ကိုသက်ဝင်းအောင် အကြောင်း
တွေးမိတိုင်း ရာသီအလီလီပြောင်းပေမယ့် ကျနော်တို့ ရင်ထဲက ခံစားချက်တွေက ဟောင်းမသွားဘူး၊ ပြောင်းမသွားဘူး။ဒါကြောင့်ကိုသက်ဝင်းအောင်ကျဆုံးခြင်း၃ နှစ်ပြည့်မှာ ဒီခံစားချက်နဲ့ဒီကဗျာကိုပြန်လည်ဖေါ်ပြလိုက်ပါတယ်။)

“ငါ့ ..... ရဲဘော်တွေ အလျော်ပြန်ပေး”

‘သေခြင်းသည် မဆန်း ၊ ပန်းတစ်ပွင့်ကြွေ
လေတစ်ဝေ့တိုက် ၊ နှင်းတစ်ပြိုက်ကျ
တစ်ဘ၀လျှင် ၊ ခဏပင်တည်း
အသင်ထာဝရ ၊ လူ့လောကမှ
လုံးဝပျောက်ဆုံးသွားခြင်း မဟုတ်ပါ ။

(ဒေါင်းနွယ်ဆွေ ၏
မဆန်းသောသေခြင်းမှ ထာဝရမပျောက်ဆုံးသူ မှ)

၁။
ကိုသက်ဝင်းအောင်ရေ ....
တဖွဖွ ... တသသ
နှုတ်ဖျားက တရွရွ
ရင်ထဲက တမြမြနဲ့
ကျနော်တို့တတွေ
ဆို့နင့် ကြေကွဲရပုံများ
ငိုရှိုက်သံသဲ့သဲ့ကြားမှာ
ခင်ဗျားရဲ့ ... အသွေးတူ အမွေးတူ
တောင်ကုန်း တောင်တန်းတွေကလဲ
သူတို့ရဲ့ရင်အုံတွေကို တ၀ုန်းဝုန်းထုလို့
အဲဒီမြည်သံတွေဟာ စစ်အုပ်စုအတွက်
တိုက်ပွဲခေါ်သံတွေပဲဖြစ်တယ်
ခင်ဗျားကတော့ ....
ဘ၀ကို အနိုင်နဲ့ပိုင်းသွားခဲ့ပေါ့ ။
၂။
ကိုသက်ဝင်းအောင်ရေ ....
အရှေ့ဆီက ရောင်နီဉီးရဲ့
အလင်းရောင်အောက်မှာ
သမိုင်းက တင်ပေးလိုက်တဲ့ တာဝန်ကို
ယုံကြည်ချက်အပြည့်နဲ့
ဘ၀ကိုပါ ပုံအပ်ခဲ့ရင်း
ခင်ဗျား ......
ခေတ်တခေတ်ကို ထုဆစ်ခဲ့တယ် ။

ကိုသက်ဝင်းအောင်ရေ ......
တကယ်တော့ဗျာ
ခင်ဗျားဟာ .....
စနစ်ရဲ့သားကောင်ဖြစ်ခဲ့ရတာပါ
တပြိုင်တည်းမှာပဲ
ကျနော်တို့ ခင်ဗျားတို့ လိုချင်တပ်မက်တဲ့
ခေတ်တခေတ်ရဲ့ သားကောင်း
ခေတ်တခေတ်ရဲ့ အာဇာနည်တယောက်
(အဲဒီလိုလမ်းမျိုး)
ခင်ဗျား လျှောက်ပြခဲ့တယ် ။
၃။
ကိုသက်ဝင်းအောင်ရေ .......
ခင်ဗျားရဲ့ ...
စွန့်လွှတ်ပေးဆပ်မှုအပေါ်
စစ်အုပ်စုတစုလုံးဟာ
ချောက်ချောက် ချားချားနဲ့
ကြောက်လန့်တကြား ရှိနေကြရော့မယ် ။

ကိုသက်ဝင်းအောင်ရေ .....
ခင်ဗျားကတော့ ...
သွေးကြွေးကို သွေးကြွေးနဲ့ ပေးဆပ်ရမယ်ဆိုတာမျိုး
ကြိုက်ချင်မှ ကြိုက်မယ်
ကျနော်တို့ကတော့
ကြေကွဲမှုရဲ့ အတိုင်းအဆကို
နှိုင်းပြလို့ မရသူတွေမို့
ဘယ်သူတွေ ကြိုက်ကြိုက် မကြိုက်ကြိုက်
‘ဟာမူရာဘီ ကိုဓ ဉပဒေ’အလိုက်သာ

မျက်လုံးတလုံးကို
မျက်လုံးတလုံးခြင်း

လက်တဘက်ကို
လက်တဘက်ခြင်း

အသက်တချောင်းကို
အသက်တချောင်းခြင်း


ခင်ဗျားအပါအ၀င် ကျဆုံးခဲ့ရတဲ့
သူရဲကောင်း ၀ိညာဉ်အပေါင်းတို့အတွက်
ရင်းစားပြန်ရချင်တာ တခုပါပဲ .....။

ရဲရင့်သက်ဇွဲ


Tuesday, October 13, 2009

သညာမုဆိုး

သညာမုဆိုး



ကျယ်ပြောရှည်လျားလှစွာ တငြိမ့်ငြိမ့် စီးဆင်းနေသည့် ဧရာမြစ်ပြင်သည် ကိုညိုဒင့်ဘ၀ကို သင်ကြားပြဌာန်းခဲ့ပေသည်။ အမှန်ဆိုရလျှင် ဤမြစ်ကြီးကပဲ ဘ၀သင်္ခန်းစာများကို သင်ကြားပေးခဲ့သည် မဟုတ်ပါ။

သူ သိမှီခဲ့သည့် အဖိုး၊ အဖွား၊ အဖေ၊ အမေ၊ မြစ်ရိုးတလျှောက် ကျင်လည်ကျက်စား ၀မ်းးစာရှာခဲ့ကြသည့် ဆွေရင်းမျိုးချာများ၊ သွေးမတော်သားမစပ်သော်ငြား တအူတုံဆင်းပမာ ငါးရှာ ဖါးရှာ ထင်းရှာ ကွင်းရှာ သေတူ ရှင်တွဲများ။ ဧရာမြစ်ကြောင်းကြီးကဲ့သို့  သူ့ ဘ၀က ငြိမ့်ငြိမ့်ငြောင်းငြောင်း ဖြောင့်ဖြောင့်တန်းတန်း အကွေ့ အကောက် ညီညွတ်စွာ မစီးဆင်းနိုင်ခဲ့။ လေးလံနှေးကွေးတိုးတိတ်သော လှော်တက်ခတ်သံများဖြင့် စီးမျောကျင်လည်နေသည့်

သူ့ ဘ၀တလျှောက်လုံးကို ဧရာမြစ်ပြင်က ထမ်းပိုးထားခဲ့ရသည် မဟုတ်လား။


ကျောက်ဆောင်အငူစွန်းမှာထိုင်ရင်း သွယ်တန်းချထားသည့် ငါးတန်းကြိုးနှင့် လှေဝမ်းတွင်းသို့  ကိုညိုဒင် မျက်လုံးတချက် ဝှေ့ ကြည့်လိုက်သည်။ လှေဦးဖျား၌ အိပ်မောကျနေသည့် သားဖြစ်သူ ရွှေဘကတော့ နှစ်နှစ်ချိုက်ချိုက်။ အနောက်ဘက်ကောင်းကင်ကို လှမ်းမျှော်ကြည့်လိုက်၏။ နေစောင်းတော့မည်။ ငါးတန်းရုတ်ပြီး ပြန်ချိန်သင့်ပြီ။

မိန်းမဖြစ်သူမိလုံးလည်း မျှော်လောက်ပြီ။ မနက်ဈေးခင်း ငါးဗန်းနှင့် အရောင်းမထွက်နိုင်လည်း ဟင်းစားလေးရရင် တော်ပါပြီတော် ဆိုတဲ့ အချိုးနှင့်မျက်နှာပေးက မခံချိမခံသာနိုင်လှသည်။ ကိုညိုဒင် ကျောက်ဆောင်အငူပေါ်မှ လှေဝမ်းထဲဆင်းပြီး ငါးတန်းကို ဆ၍ တလံကွာ တလံကွာ ဖြေးဖြေးခြင်း ဆွဲမတင်နေသည်။ ငြိပါလာသောငါးကို တန်းချိတ်မှဖြုတ်၍ လှေဝမ်းထဲသို့ ပစ်ထည့်လိုက်၏။ သားဖြစ်သူရွှေဘက လှေလူးခါ လှုပ်ရမ်းသွား၍လားမသိ၊ ကိုယ်ကို

လွန့် ၍ ထထိုင်သည်။ ”ငါး ကြီးကြီး ရလား ဘညို”။ ကိုညိုဒင့် အဖြေက ကျယ်လောင် ပြင်းထန်သည် “ငါ ထရိုက်လိုက်ရ။”

ကိုညိုဒင့် ဒေါသက အရှိန်မသေ။ လှေကို ခပ်ပြင်းပြင်း လှော်ခတ်လိုက်သည်။ လှိုင်းထသွားသည့် ရေပြင်သည် ကိုညိုဒင့်အသံကြောင့် လှုပ်ခါပွက်ထသွား၏။ “ဟေ့ကောင် ရေပက်ထုတ်စမ်း၊ ဘာ ကြောင်တောင်တောင် လုပ်နေတာလဲ”။ လှေဝမ်းထဲမှ တထွာသာသာ ငါးဇင်ရိုင်း သုံးကောင်နှင့် ငါးမြွေတကောင်က လှေနံရံ၌ ကပ်ခွေနေသည်ကို ကြည့်ပြီး လုံးတင်နှင့် စကားများရအုန်းမှာပဲဟု တွေးတောရင်း ရွှေဘကို မဲမိပြန်သည်။

“ ဟေ့ကောင် ကြောင်ချီး ရေပက်ထုတ်ပါဆို အပျော်လှေစီးထွက်လာတယ်မှတ်နေလား”။ ရွှေဘ မကြားဟန်ပြုပြီး ပက်ခွက်ကို သူ့ အဖေ ကိုညိုဒင့်ကို ထောင်ပြလိုက်သည်။

x xx x x x x

“ ကိုညိုဒင် ကိုညိုဒင် ကျုပ်ခေါ်တာရော ကြားရဲ့ လား”။ “ကြားတယ်ဟာ ဘာပြဿနာရှာအုန်းမှာလဲပြော”။ “ ဒါပဲ မျက်နှာချင်း မဆိုင်လိုက်နဲ့ ၊ တော့်ကို ကျုပ်က ပြဿနာရှာဖို့  ခေါ်နေပြောနေတယ်လို့ ပဲ တော်ထင်တယ်မဟုတ်လား”။

“မိလုံး ငါပြောနေတယ်နော်၊ ဘာကိစ္စလဲပြော”။ မလုံး ထမင်းအိုးငှဲ့ ရင်း မျက်စောင်းတချက်ထိုးချွန်လိုက်၏။ ကိုညိုဒင် တဲပြင်ထွက်၍ နှစ်တဲကျော်မှ ငပျော့ကို လှမ်းအော်သည်။ “ ငပျော့ရေ တလုံးဆွဲလာစမ်းကွာ၊ ထုံးစံပဲ၊ မှတ်လိုက်”။

ငပျော့ ဒယိုင်းဒယိုင်နှင့် တောအရက်တလုံး လာပို့ သည်။ “အရင်တလုံးဘိုး ကျန်သေးတယ်နော် ကိုညို”။ “ သောက်စကားမရှည်နဲ့  ရေရှိရင် ငါးရှိတယ်၊ မြစ်ရှိရင် ငါရှိတယ်၊ မင်းရှိရင် အရက်ရှိတယ်၊ မင်းသောက်ကြွေးက ငါ့ ငါးတကောင်ဘိုးမရှိဘူး၊ ညိုဒင်ဆိုတဲ့ကောင်က ၀မရှိဘဲ ၀ိမလုပ်ဘူး၊ ကတိတလုံးကို အရက်တလုံးနဲ့  မလဲဘူးကွ၊ မင်းနားလည်းထားငပျော့”။ ဆန်မရှိ သောက်စားကြီးသည့် ကဇော်အိုးကြီးကများလို့  စိတ်ထဲက မြည်တွန်တောက်တီး ရင်း ငပျော့ ကျောခိုင်းကာ တဲပြင်ကို လေးလေးနွဲ့ နွဲ့  ထွက်ခဲ့ပြီး ထွီခနဲ တံတွေးတချက် ထွေးပစ်လိုက်သည်။

“ကိုညိုဒင် တော့်သားကို သေစာရှင်စာလေး ဖတ်တတ်ရေးတတ်အောင် ကျောင်းလေးဘာလေး အပ်ဖို့  စဉ်းစားမိရဲ့ လား။”“ငါသိတယ်၊ ငါ့ကို ဆရာလာ မလုပ်နဲ့ ။”“ ဆရာလုပ်နေတာမဟုတ်ဘူး၊ တော့်သားက တနေ့ တနေ့  ရွာရိုးကိုးပေါက်၊ မြစ်ရိုးတလျှောက် အလေလိုက်နေတာနဲ့ ပြီးနေတာပဲ။ ထမင်းစားဖို့ တောင် တကျော်ကျော် လိုက်အော်ခေါ်နေရတယ်။”ရွှေဘ ဟိုယောင်ယောင် သည်ယောင်ယောင်ဖြင့် တဲနောက်ပေါက်က လစ်ထွက်သွားသည်။

“ငါသိတယ်၊ နင်လျှာမရှည်နဲ့ ၊ မနေ့ ကပဲ ရုပ်ရှင်ဈေးမှာ ကျောင်းဆရာလေးမောင်မြခိုင်နဲ့ တွေ့ လို့  မေးမြန်းကြည့်ပြီးပြီ၊ ပိုက်ဆံလေး ဘာလေးတော့ ရှာထားပေါ့ကိုညိုဒင်တဲ့။” “တော်သိထားဖို့ က ရှေ့ လဆို အခါရောက်ပြီ၊ မိုးကျတော့မယ်၊ ကုန်းပေါ်ပြန်တက်ရင် ကုန်းပေါ်ကအိမ်အမိုးကိုလည်း ပြင်ရအုန်းမယ်၊ တော့်သား ကျောင်းစရိတ်နဲ့  ဟိုဟာဒီဟာနဲ့ ။” “ကျောင်းဖွင့်ဖို့ က လိုပါသေးတယ်ကွာ၊ ဒီမယ်မိလုံး မင်းနဲ့ ငါ ညားလာတာဆယ်နှစ်ကျော်ပြီ၊ ရွှေဘတောင် ငါးနှစ်ရှိပြီ မဟုတ်လား၊ မင်းတို့ သားအမိ ဘယ်တုန်းကများ ထမင်းရည်သောက်ခဲ့ရတာရှိလဲ၊ ပွဲလမ်းသဘင် မသွားရတာရှိလဲ၊ တခါတရံတော့လည်း အိမ်ဆိုတာ ကသီလင်တ ရှိတဲ့အခါလည်း ရှိမှာပဲ၊ ငါ့လက်ငါ့တက်နဲ့  ဟော့ဒီ့မြစ်ထဲမှာ ငွေထွက်အောင် ငါရှာနိုင်တယ်”။

မလုံး ငြိမ်သက်သွားသည်။ ထမင်းအိုးပေါ်သို့  ယောက်မကို ပစ်တင်လိုက်သဖြင် ခွမ်းကနဲ မြည်ဟည်းသံ ထွက်သွားသည်။ ကိုညိုဒင် တချက် ငဲ့စောင်းကြည့်လိုက်ပြီး အရက်ခွက်ကို ပက်ကနဲ မော့ချလိုက်၏။

မလုံး မပြောလည်း ကိုညိုဒင်စဉ်းစားနေတာ ကြာပြီ။ ကိုညိုဒင်တို့  ကျင်လည်နေထိုင်ရသည်က မိုးကုန်ပြီဆိုသည်နှင့် မြစ်ရိုးတလျှောက် သင့်ရာတော်ရာကမ်းနဖူးများတွင် တဲများကို အစီအရီထိုး၍ ငါးရှာဖားရှာ လုပ်ကိုင်စားသောက်ကြ သူတွေ။ မိုးကျပြီဆိုသည်နှင့် မြို့ ဆင်ခြေဖုန်းရှိ ကိုယ့်အိမ်ကိုယ့်တဲလေးသို့  ပြန်နေရာယူ ကြုံရာကျဘမ်း အလုပ်ကလေးတွေ လိုက်လုပ်၊ လှေလိုက်ခေါ်ရင် လှေလိုက်နှင့် ၀မ်းစာဖြည့်တင်းရသူတွေ။ ငွေပိုငွေလျှံဆိုသည်မှာ တသက်နှင့်တကိုယ် လောက်လောက်လျားလျား ကိုင်ခဲ့ရဖူးသည်မရှိ။ သူ့ အိုးနှင့်သူ့ ဆန် တန်ရုံမဟုတ် အိုးထဲ၌ ဆန်ရှိသည်ဆိုလျှင် အအိပ်ဖြောင့်ရသည်ပဲဆိုရမည်။

ကိုညိုဒင်ရော မလုံးပါ ကျောင်းကောင်းကောင်းနေခဲ့ကြရသည်မဟုတ်၊ မလုံးက ကိုညိုဒင်ထက်သာတာပေါ့လို့  ပြောရမလို။ မလုံးက တတန်းအထိနေဖူးသည်၊ အနည်းအကျဉ်း ရေးတတ် ဖတ်တတ်သည်။ ကိုညိုဒင်ကတော့ သူငယ်တန်းမှာ သုံးနှစ်လောက်နေပြီး အဖေဖြစ်သူနှင့် ငါးမြားတံတချောင်းထမ်း၍ မြစ်ထဲစုန်းစုန်းမြုပ်အောင် ခုန်ချခဲ့သူ။ ဘ၀ဆိုသည့် အနက်အဓိပါယ်ကို ရေနဲ့ ငါးလိုပဲဟု ခံယူပွေ့ ပိုက်ထားလေသူ။ ကိုညိုဒင် လက်ချိုးရေတွက်နေမိသည်။ ပါးစပ်မှလည်း ပွစိပွစိ ရေရွက်လိုက်သေး၏။ တပေါင်း၊ တန်ခူး၊ ကဆုန်၊ နယုန်၊ အင်း နယုန်လဆို ကျောင်းတွေဖွင့်တဲ့အချိန်ပဲ။ ငါ နှစ်လလောက် ဖိရှာလိုက်ရင် ရွှေဘကျောင်းစရိတ်လောက်တော့ ဘာဂရုစိုက်စရာရှိလဲ။ သိတ်လိုလာရင်လည်း ရပ်ကွက်ထဲက ဦးဘိုးလှဆီမှာ အတိုးနဲ့ ဆွဲလိုက်လည်းရတာပဲ ဟု ကိုညိုဒင် တွက်ရေချိုးရင်း အရက်ခွက်ကို ထပ်ငှဲ့  လိုက်ပြန်သည်။ “တော် ထမင်းစားတော့မလား” မလုံးအသံကို ကြားတချက်မကြားတချက်နှင့်ပင် ကိုညိုဒင် မြစ်ပြင်ကို ငေးရီနေမိပြန်သည်။ ရေနံဆီမီးခွက်မှ မီးနှင့် ဆေးလိပ်တိုကို မီးညှိလိုက်၏။ “မင့်သား ဘယ်ရောက်သွားလဲ၊ သွား လိုက်ခေါ်စမ်း၊ ထမင်းစားမယ်လို့ ”။

x x x x x x x x x x

ကျောင်းအပ်သည့်နေ့ က တရုတ်ကျင်မောင့်ဆိုင်က နှစ်ရာတန် မှုန့် ကြက်ဥတလုံးနှင့် ငှက်ပျောတဖီးကို ခေါင်းမှာ ရွက်၍ မလုံးတယောက် တဦးတည်းသောသားရွှေဥ ရွှေဘကို ကျောင်းသွားအပ်ခဲ့သည်။ ကျောင်းဝန်းထဲ ၀င်တော့ ရွှေဘ တွန့်  ဆုတ် တွန့် ဆုတ် လုပ်သေး၏။ တဲနားနီးချင်း ကိုအုန်းခင်နှင့် မထွေးရီတို့ လည်း သူတို့  သမီးကို ကျောင်းအပ်လာသည်ကို တွေ့ တော့မှ ရွှေဘ မလျောမရှူ ဒယဥ့်တိုက်လိုက်လာသည်။ ကျောင်းဆရာမတယောက်က စာအုပ်ရှည်ရှည် ထူထူထဲတွင် အမည်စာရင်းများ ရေးသွင်းနေသည်။ တခြား ကျောင်းလာအပ်သည့် လူများကို ကြည့်၍ မလုံး ကိုယ့်ကိုကိုယ် စိတ်မသိုးမသန့် ဖြစ်လာသလို၊ သိမ်ငယ်စိတ်လည်း ၀င်မိသလို ခံစားနေရ၏။ အော် သူတို့  ကျောင်းလာအပ်တာ မင်္ဂလာလက်ဖွဲ့ ပစ္စည်းတွေ လာပို့ သလိုပါပဲလား။ ငါ့ကိုယ်က ငါးညှီနံ့ ထွက်နေသလား၊ ကိုယ်ကို

ရို့ ၍ ရွှေဘလက်ဆွဲပြီး နောက်နား ခပ်ခွာခွာ ဆုတ်နေလိုက်သည်။ အလှည့်ရောက်တော့ ဆရာမတယောက် မေးတာမြန်းတာတွေကို ဖြေမည်အလုပ် ကိုညိုဒင် ရောက်လာသည်။ “အဖေနံမည်၊” “ညိုဒင်။” ”အမေ” “မလုံး။” “ကလေးနံမည်” “ရွှေဘ။” “အဖေက ဘာလုပ်လဲ” “တံငါလုပ်တယ်။” ကိုညိုဒင် ဖြေပေးနေတုန်း ဆရာလေးကိုမြခိုင်

ဝင်လာသည်။ “အော် ဆရာမ ကိုညိုဒင့် အလုပ်အကိုင်ကို ရေလုပ်သားလို့ ဖြည့်လိုက်ပါနော်။“ ကိုညိုဒင် ဆရာလေးကို နားမလည်သလို ကြည့်ကာ မလိုပါဘူး ဆရာလေးရာ ကျနော်တို့ မိသားစုတွေရော မိလုံးမိသားစုတွေရော ဘိုးစဉ်ဘောင်ဆက် တံငါအလုပ်နဲ့  မြစ်ထဲချောင်းထဲမှာ ကြီးပြင်းခဲ့တာ။ “တံငါသည် တံငါသည်ပေါ့။” “ခေတ်က အခေါ်အဝေါ်တွေ ပြောင်းနေပြီလေ ကိုညိုဒင်ရဲ့ ၊ ကဲ ဆရာမ ကျနော်ပြောသလိုသာ ရေးလိုက်ပါနော်။” “တခုတော့ ရှိတယ်နော် ဆရာလေး၊ ကျုပ်တို့ က တံငါတွေ ဆိုပေမယ့် ကျုပ်တို့ ကိုယ် ကျုပ်တို့ ထင်ထားတာက ရေထဲက သားကောင် ငါးကောင်ကို ရှာဖွေစားသောက်တဲ့ ရေမုဆိုးတွေ။ အကုသိုလ်နဲ့ ကိုယ့်ဘ၀ကို ကျောင်းနေရသူတွေပဲ၊ ဘာဂုဏ် ဘာအလုပ်ရေးရေး တံငါက တံငါ၊ မုဆိုးက မုဆိုး ပိုဆိုးသွားတာမှမဟုတ်တာ။” “ မလုံးကရော” “ငါးသည်”။

“ဟာ ဆရာမ၊ ဈေးသည်လို့ ပဲ ရေးလိုက်ပါ”။

x x x x x x x x x x

ကကြီး၊ ခကွေး၊ ဂငယ်၊ ဃကြီး၊ င။

ကကြီး၊ ခကွေး၊ ဂငယ်၊ ဃကြီး၊ င။ ကကြီး၊ ခကွေး၊ ဂငယ်၊ ဃကြီး၊ င။ ရွှေဘ စာအံသံကို ငါးပိုက်ပြင်ရင်းမှ ကိုညိုဒင် နားစွင့်နေမိသည်။ “ငါခေါက်လိုက်ရရင် သေအုန်းမယ်။ ကျယ်ကျယ်ဆိုစမ်း။” မလုံး ငါးပိရည်ကျိုရင်းမှ သူ့ သားကို ငေါက် ငန်းနေသည်။ စိတ်မပါလက်မပါ အာခေါင်ခြစ်အော်နေသော ရွှေဘမှာ ထမင်းအိုးကို လှမ်းလှမ်းကြည့်ရင်း အတော် ဆာ လောင်ဟန်ဖြင့် သူ့ အမေမျက်နှာကို အားကိုးတကြီး မော့ကြည့်လိုက်သည်။ “ ကိုညို ဒီမှာအရက်တလုံး၊ ခါတိုင်းလိုပဲ မှတ်ထားလိုက်ရမလား။” “ ဟေ့ကောင် ငပျော့ ရော့ ၁၅၀” ကိုညိုဒင် အရက်ဖိုးကို ပစ်ပေးလိုက်သည်။ “ကိုညို့ သားက ဘယ်ဆိုးလို့ လဲ။ စာတွေ ဘာတွေ အံနေပါလား။ “ဟေ့ကောင် ရွှေဘ မင်းကောင်တွေ ဗွီဒီယိုရုံထဲ ရောက်ကုန်ပြီ။ မင်း မသွားသေးဘူးလား”။ ရွှေဘမျက်လုံးက ငပျော့နှင့် သူ့ အဖေကို ဝှေ့ ကြည့်လိုက်သည်။ ဒေါက်ခနဲ ခေါက်လိုက်သည့် သူ့  အမေ လက်သံကြောင့် ကကြီးဟု အော်လိုက်သည်မှာ ငပျော့ သုတ်ခြေတင်ရန် သံချောင်းခေါက်လိုက်သလို ဖြစ်သွား တော့သည်။

ကကြီး ခကွေး အစ၊ ၁ ၂ ၃ ၄ ၅ ၆ လွန်မြောက်ခဲ့ပြီး က ကညစ် ပေမှာခြစ်။ ခ ခလေးငယ် ချစ်စဖွယ်။ ဂ ဂဏန်း ရေမှာဖမ်း။ ညတည လသာသာ၊ ကစားမလား နားမလား ဆိုသည့် စာအံသံများသည် ကိုညိုဒင့်အတွက် ညစဉ် အရက် အမြည်းတခွက်လို ဖြစ်နေတော့သည်။ မကြားဟန် မမြင်ဟန် နားမထောင်ဟန်ဖြင့် တောအရက်ပြင်းပြင်းကို တစိမ့်စိမ့် သောက်ရင်း စိတ်မှာတော့ ပီတိ ဖြစ်နေရှာ၏။ ဒီကောင် ငါ့ထက်သာသားပဲ ဆိုသည့် အတွေး။ “ဟဲ့ မိလုံး ရေနံဆီ မရှိ တော့ရင် တအာတာလောက် သွားဝယ်ထားလိုက်ပါလား”။ “ မ၀ယ်နိုင်ဘူးတော်၊ တော်ကြာ ဟိုကောင့်ခေါ် ဒီကောင့် ခေါ်နဲ့  တော်က ဖဲဝိုင်းထောင်အုန်းမယ်။”“မဟုတ်ပါဘူးကွာ”။ ကိုညိုဒင် ရွှေဘကို မေးဆတ်ပြလိုက်သည်။ “ရော့”။

တရာတန်နှစ်ရွက် ကောက်ယူရင်း မလုံး မဲ့ပြုံးတချက်နဲ့  လမ်းထိပ်ကို ထွက်သွား၏။ ကိုညိုဒင် ရွှေဘကို ကြည့်လိုက် သည်။ ကြွေရည်သုတ် ဇလုံထဲမှ ငါးကြော်တကောင်၏ ခေါင်းကို ဖဲ့ချွေနေရင်းမှ ဆ ဆရာမ ရိုသေကြ ဆိုသည့် ရွှေဘ၏ စာအံသံသည် ဧရာမြစ်ပြင်က လှိုင်းကြက်ခွပ်လေးများသဖွယ် ကိုညိုဒင့်ရင်ကို လာမှန်သည်။ “သားလေး ထမင်းဆာပြီ လား၊ မင့်အမေ ပြန်လာရင် အဖေတို့  ငါးချောင်းကြော်နဲ့ တုတ်လိုက်ကြတာပေါ့ကွာ၊ နော”။ အံ့အားတသင့် မျက်လုံးအစုံ ဖြင့် ရွှေဘ ဆွံ့ အနေတော့သည်။

x x x x x x x x x x



မိုးကုန်ပြီ။ ၀ါကကင်းလွတ် သီတင်းကျွတ်ခဲ့ပြီ။ ပဲပေါ် နှမ်းပေါ်ပြီ။ ရွှေဘလည်း ကျောင်းပိတ်တော့မည်။ ရွှေမန်း တို့ ၊ သိန်းဇော်တို ၊့ ဖိုးချစ်တို့ လည်း မြို့ ဆယ်နှစ်ရာသီ ဘုရားပွဲကို လာရောက်ကပြ အသုံးတော်ခံကြတော့မည်။ ဆပ် ကပ်၊ ရုပ်သေးပွဲ။ တနှစ်မှာ တခါစားရသည့် မုန့် သိုင်းခြုံကို အုန်းဆံနိုင်နိုင်နှင့် ရွှေဘကို ၀ယ်ကျွေးလိုက်အုန်းမည်။ အတွေးရေအလျှင်က ကိုညိုဒင့် ရင်ထဲမှာ တဒိတ်ဒိတ်။ စာတတ် ပေတတ် ငါ့သားအတွက် အဖေ လှိုင်းငြိမ်တဲ့ မြစ်ပြင်ကို အဖေစစ်ဆင်မယ်ကွ ရွှေဘရ။ အရက်ခွက်ကို ကိုင်ဆရင်း ကိုညိုဒင် အူရွနေ၏။

“အော် တော်ကတော့ တောလေးနဲ့ တမြမြ။ တော့သားက ကျောချမှ ဓားပြအကြီးစားတော်ရေ့ ၊ ကိုညိုဒင်ရဲ့ ။”

“ငါ့ကို ရှင်းရှင်း ပြောစမ်းမိလုံး။ ဘာဖြစ်လာလို့ လဲ”။ မေးမေးပြောပြော ရွှေဘကို လှမ်းကြည့်တော့ မျက်ရည်ရစ်ဝိုင်း နေ သည့် သူ့ သားကို နားမလည်နီုင်သလို တွေတွေဝေေ၀ ဖြစ်သွားသည်။ “ ပြောစမ်း မိလုံး၊ ဘာဖြစ်လာတာလဲ။ ဘာတွေ ဖြစ်နေတာလဲ။ ဒေါသတကြီးဖြင့် ကိုညိုဒင် အရက်ခွက်ကို ခွပ်ခနဲ မော့သောက်ချလိုက်သည်။

”မင်းဝင်မပါနဲ့ ။ မင်းဘာမှ ၀င်မပြောနဲ့ ။ ဟေ့ကောင် ရွှေဘ မင့်အဖေ ဘညိုကို ပြောပြစမ်း ငါ့သား။”“ ကျုပ် စာကြိုးစားတာပဲ ဘညို။ သူများနည်းတူ မီးခွက်က အမြဲမီးရှိလို့ လား။ အဖေ ညဘက် ငါးခုတ်သွားရင် ဓာတ်မီးထိုးပြ၊ ငါးကောက်။ ငါးတန်းချရင်လည်း လှေဦးက လိုက်ခဲ့တာပဲ။ မိုးမလင်းသေးဘူး၊ ငါးတန်းသွားဖော်ရအောင် ငါ့သား ထလေ ကွာ ဆိုရင်လည်း ကျုပ်လိုက်ရတာပဲ။ ကျောင်းသွားခါနီး သမ၀ါယမဆိုင် ဆီသွားဝယ်ပေးစမ်းဆိုလည်း ကျုပ် အမေ့ စကားကို ဘယ်တုန်းက ကလန်ဘူးလဲ။ သူခိုင်းတဲ့ အချိန်က ကျောင်းသွားရတော့မှာ။”“ အေး အဖေ နားလည်တယ်၊ ခုကိစ္စက ဘာလဲဆိုတာ အဖေ သိချင်တာ။”

“ကျုပ်ကို ဆရာမကပြောတယ်။ “ဟဲ့ ရွှေဘ စာမေးပွဲနီးပြီ။ ခုထက်ထိ မြန်မာစာကို ကောင်းကောင်းမဖတ်တတ် သေးဘူး။ ဂဏန်းသင်္ချာဆိုလည်း ပေါင်းရမှန်းမသိ နုတ်ရမှန်းမသိ။ နင် မတတ်တော့ ငါ ဆရာမအလုပ်က ထွက်ရတော့ မယ့်ကိန်း။ ငါ မျက်နှာပျက်ရတယ်တဲ့ ဘညို”။ “ဒါများကွာ သူသင်တာ ညံ့လို့ လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ငါ့သားက အဖေ့ တို့ ထက် တော်ပါတယ်၊ နောက်နေ့  အဖေ ကျောင်းလိုက်ပို့ မယ် ဟုတ်လား။”

“ကျုပ် ဘယ်တော့မှ ကျောင်းမတက်တော့ဘူးအဖေ။ အဖေ့ကို ဆရာလုပ်ခိုင်းမယ်။ ဧရာဝတီမြစ်ကြီးမှာ ကျုပ် ကျောင်းတက်မယ်။ ဆရာမက ပြောလိုက်တယ်ဘညို။ “ရွှေဘ နင်ဟာ တံငါနားနီး တံငါ။ မုဆိုးနားနီးမုဆိုး ဖြစ်မှာပဲတဲ့။

ကိုညိုဒင် ငါးခုတ်သည့်ဓားကို ရွှေဘဆီ ပစ်ပေးလိုက်သည်ကို မလုံး အံ့အံ့သြသြ မကြည့်မိပါ။



ကျော်သက်ထွေး

၇ - ၁၀ - ၀၉

Monday, October 05, 2009

အလွမ်းမုတ်သုံ၊ မှုံပြာရီအချစ်မြစ်၊ စူးနစ်ခဲ့ရ ဘ၀တောင်တန်းရှည်

အလွမ်းမုတ်သုံ၊ မှုံပြာရီအချစ်မြစ်၊ စူးနစ်ခဲ့ရ ဘ၀တောင်တန်းရှည်
မောင်လွမ်းဏီ

လွမ်းလိုက်တာကိုကို။ ကိုကိုနေထိုင်ကောင်းရဲ့ လား။
မိုးကအေးစိမ့်၊ လေကသုန်ဖြူး၊ အရုဏ်ဦးဆိုပေမယ့် အလင်းရောင်ပါးပါးလွလွကိုမှ မမြင်ရ။ မိုးမှောင်ကြီး ကျနေသလိုမျိုးလည်းမဟုတ်၊ အမှောင်ကျဲကျဲ အလင်းမွဲမွဲလို့ ပဲ ဆိုရချေမည်။ မနီးမဝေးရှိ မြို့ ပြအိမ်ယာ တိုက်တာများကို လှမ်းမျှော်ကြည့်တော့ ခဲသားစိမ်းရောင်လှိုင်းထနေ၏။ လယ်ကွင်းစိမ်းစိမ်းတွေ၊ တောင်တန်းညို့ မှောင်မှောင်တွေ၊ တောခင်တန်းနုပြာရေးရေးတွေကို မှန်းရော်မြင်ယောင်ကြည့်မိသည်။ ပြတင်းတံခါးကို ဖွင့်လိုက်သည့်အခါ မိုးစက် တစက် နှစ်စက်က ပါးပြင်နုရဲရဲကို လာထိမှန်သည်။ မြို့ ပြမှာ ရှားရှားပါးပါး သက်ရင့်ပင်ကြီးတွေလည်း ပျောက်ဆုံးသွားခဲ့။ ဖြိုဖျက်တိုက်စားသွားခဲ့သည့် မုန်တိုင်းဒဏ်ရာက အကင်းမသေသေး၊ လသာညတိုင်း ကိုကို နှင့် လှမ်းမျှော်ကြည့်တတ်သည့် ကံ့ကော်ပင်ကြီးနှင့် ကုက္ကိုပင်တန်းကြီးလည်း မရှိတော့ပြီ။ ငေးရီကြည့်မောမိနေစဉ် ဆွေးမြေ့ တသဖွယ် အလွမ်းသီချင်း တပုဒ်က ပဲ့တင်ပြန်လာသလို ရင်ကိုထိမှန် ခံစားရပြန်၏။ အနောက်တောင်မုတ်သုံလေမှာ ပါလာမယ့် အလွမ်းတွေကို ကိုကို မျှဝေခံစားနေလေမလား။ အဝေးမှာ … အဝေးကြီးမှာ … ဟို့  အဝေးကြီးမှာ …။
ကိုကို နေကောင်းပါစေ။
x x x x x x x


“မိုးအေးတယ်နော် ညီမလေး၊ အနွေးထည်ထူထူဝတ် ဟုတ်လား” ကိုကို့ ရဲ့  ပူပူပန်ပန် စကားသံက ရင်ထဲကို စိမ့်ဆင်းသွားခဲ့သည်။ “ဒီတရက် နှစ်ရက် မုတ်သုံလေအားကောင်းမယ်လို့  သတင်းကြေညာထားတယ်နော်”။ “ဟုတ် ကိုကို၊ ကိုကို ကော်ဖီသောက်ဦးမလား“။ “ဒေါက်” “ဒေါက်” “ဒေါက်” တံခါးခေါက်သံကြား၍ တံခါးသွားဖွင့်သည့် ကိုကို့ ကို တီဗွီကြည့်နေရင်းမှ လှမ်းကြည့်လိုက်မိသည်။
သူစိမ်း ၅ ယောက် တိုက်ခန်းထဲကို ခပ်သော့သာ့ ၀င်လာကြပြီး တခန်းလုံး ဟိုလှန်သည်လှော ရှာကြ ဖွေကြသည်။ ရေအိမ်သာထဲကိုတောင် မြေလှန်ရှာနေတာကို ကြည့်ပြီး ခါးသီးရွံရှာဖို့ ကောင်းလိုက်တာလို့  ခံပြင်းနေမိ၏။ တယောက်က ကိုကို့  လက်ကိုင်ဖုန်းကို လွယ်အိပ်ထဲကောက်ထည့်ပြီး “ကဲ ခနလိုက်ခဲ့ ပါအုံး”။ လှေကားပေါ်က ဆင်းသက်သွားကြတဲ့ တခွပ်ခွပ် တရှပ်ရှပ် ဖိနပ်သံများ။ ကားစက်နှိုးသံများ၊ ကားမောင်းထွက်သွားသံများ တိတ်ဆိတ်သွားတော့မှပင် ကိုကို့ ကို ဘာမှ မပြင်ဆင်ပေးလိုက်ရတာ၊ နှုတ်မဆက်လိုက်ရတာ၊ ဘာမှမမေးမြန်းလိုက်ရတာတွေကို စဉ်းစားမိရင်း ကိုယ့်ကိုကိုယ် ဝေခွဲမရဖြစ်နေမိသည်။ မောပန်းနွမ်းလျစွာဖြင့် အိပ်ယာထက်တွင် လဲလျောင်းခွေချလိုက်၏။
ကိုယ်ကိုစောင်းငဲ့ပြီး ကိုကို့ အလုပ်စားပွဲလေးကို လှမ်းကြည့်လိုက်မိ၏။ ကစဉ့် ကလျား ပြန့် ကျဲလွင့်ကျနေသည့် ဒီတပတ်ဂျာနယ်အတွက် ကိုကို ပြင်ဆင်နေသည့် ရေးလက်စ စာမူကြမ်းများ၊ ဓာတ်ပုံများ၊ ပွင့်လျက်သား ကွန်ပြူတာ။ ကိုကိုနဲ့ အတူ တွဲရိုက်ထားတဲ့ဓာတ်ပုံလေး။ ငုတ်တုတ် ထ ထိုင်မိပြန်သည်။ အရေးကြီးတာက… အရေးကြီးတယ် … ဒါအရေးကြီးဆုံးကိစ္စပဲ။ ၀မ်းဗိုက်ကို လက်ဖြင့်အသာအယာ ပွတ်သပ်ရင်း ကိုကို့ ကို ပြောပြချင်တဲ့ စိတ်က ပြင်းပြင်းရှရှ နှိုးဆွနေသလိုပဲ၊ ရှေ့ အပတ်ဆို ၆ လပြည့်တော့မှာ။
x x x x x x x
ကိုကို ဘယ်ရောက်နေလဲ။ သူစိမ်းတွေလက်ထဲမှာ ဘယ်လိုထိခိုက်ကြေကွဲမှုတွေ ကြုံနေရမလဲ။ ကိုကို မရှိကတည်းက တိုက်ခန်းမှာ လာနေပေးရှာသည့် မေမေ့ကိုလည်း ကိုကိုနဲ့ ပတ်သက်တာတွေ ပြောမပြချင်။ တလပင်ကျော်ပြီလေ။ ကိုကို နှစ်ရှည် နေခဲ့ထိုင်ခဲ့တဲ့ အရပ်ဒေသ တခုခု၊ တမြို့ မြို့  တနယ်နယ်၊ အခန်းကျဉ်း တခန်းခန်းမှာတော့ အလွမ်းတွေ အမှတ်ရစရာတွေ အောက်မေ့မှုတွေနဲ့  လေးလံ အထီးကျန်နေမှာ အသေအချာပါပဲ။ ဘ၀မှာ မမျှော်လင့်တာတွေ ဖြစ်လာတတ်သလို မျှော်လင့်ထားတာတွေကလည်း စောလျင်စွာ သို့ မဟုတ်နောက်အကျကြီးကျပြီးမှလည်း ရောက်လာတတ်တာပဲ မဟုတ်လား။ ကိုကိုက ယုံကြည်တာကို မျှော်လင့်ချက် ချိန်ခွင်လျာတဖက်စောင်းနဲ့ ဘ၀ကိုဖြောင့်တန်းတဲ့ မြားတစင်းဖြစ်အောင် ပစ်ခတ်နေသူလေ။ ကိုကိုက တိမ်တိုက်တခုလိုဆောက်တည်ရာမဲ့ လွင့်မျောလူးလိမ့်နေတာမှမဟုတ်တာ။ ကြုံရာ မြေသားမှာလည်း ရွက်ကျပင်ပေါက်လို ကျင့်သားမကျသူ။ ပုံစံခွက်ထဲမှာ နေသားထိုင်သားကျရမှာထက် သစ်တပင်လို ရှင်သန်ခွင့်မရမှာကို အစိုးရိမ်ကြီး စိုးရိမ် ကြောင့်ကြတတ်သူဖြစ်လေတော့ ကိုကို့ အနားမှာ စာနာနားလည်စိတ်နဲ့  စိတ်အနာတွေကို ဖြေရာပြေကြောင်း နားခိုမှေးလျောင်းနေခွင့်ကိုပဲ တောင်းဆိုနေခဲ့တာပါလေ။ အိပ်မပျော်ဘူး။ အိပ်လို့ မရဘူး။ သို့ ပေမယ့် အိပ်ရမည်။ အိပ်မက်ထဲမှာ ကိုကိုနဲ့ ဆုံနိုင် တွေ့ နိုင်သည်၊ ဆိုးရွားထိတ်လန့် ဖွယ်ကောင်းသည့် အိပ်မက်ဖြစ်ပါစေ အကျေနပ်ဆုံး မက်ပစ်လိုက်ပါမည်။
x x x x x x x
ညက အိပ်ရာဝင် နောက်ကျလို့ လားမသိ။ ၈ နာရီကျော်မှပင် အိပ်ရာက နိုးသည်။“ရက်ပိုင်းပဲ လိုတော့တယ်နော်။ ကျန်းမာရေးဂရုစိုက်ပါ။ လမ်းမှန်မှန်လျှောက်ပါ။ ဆေးပုံမှန်စားပါ။ စိတ်ညစ်စရာတွေ မတွေးနဲ့ ”တဲ့။ ကိုကို့ မိတ်ဆွေ ဆရာဝန်စာရေးဆရာက ညွှန်ကြားချက်များ ရွတ်ဖတ်သည်။ ဒီအချိန်ဟာ ကိုကို ရှိသင့်တဲ့အချိန်ပေါ့။ ကိုကို့  လက်မောင်းကို တင်းတင်းရစ်ရစ်ဆုပ်၊ ကိုကို့ ပုခုံးသားပေါ် မှီတွယ်ခိုမှေးပြီး မရှိတော့တဲ့ ကံ့ကော်ပင်ကြီးရှိခဲ့တဲ့ နေရာကို လမ်းလျှောက်ရရင် ကောင်းမှာပဲ။
ဟောင်းမြင်းဆွေးမြေ့ ခဲ့ပြီဖြစ်တဲ့ ကိုကို့ ရဲ့  ဒဏ်ရာ အနာတရရက်များအကြောင်းပဲပြောပြော၊ သစ်လွင်တောက်ပတဲ့ ရွှေရောင်တောင်ပံခတ်သံများအကြောင်းကိုပဲ ပြောပြော။ အနာဂတ်စိတ်ကူးကမ္ဘာအကြောင်း ပြောပြော၊ ပြောနော်ကိုကို။ တိုးညှင်းချမ်းမြေ့ သည့် စကားရေစီးသံတွေ ချိုလွင်ပျံသန်း စီးမျောနေမှာပါ။

“သမီး မွန်းလွဲနေပြီလေ၊ ထမင်းစားပြီးရင် ဆေးသောက် ဟုတ်လား” မေမေပြင်ဆင်ပေးတဲ့ ထမင်းဝိုင်းကို ငေးငေးရီရီနဲ့  ကြည့်မိရင်း ကိုကို ကြိုက်နှစ်သစ်တတ်သည့် ဟင်းလျာလေးများကို တွေတွေဝေေ၀ စဉ်းစားနေမိပြန်တယ်လေ။ “ကလင်” “ကလင်” “ကလင်”။ “ …….. အိမ်ကပါလားခင်ဗျာ” “ ဟုတ် ဟုတ် ပါတယ်”။ မတုန်လှုပ်ပေမယ့် ရင်ခုန်လှိုက်မောမိတာတော့ ၀န်ခံပါတယ်ကိုကို။

“ဒီကနေ့ မနက်ပိုင်း အင်းစိန်အကျဉ်းခုံရုံးကနေ သေဒဏ်စီရင်ချမှတ်လိုက်တဲ့အကြောင်း အကြောင်းကြားတာပါ”။ “ရှင် … ဘုရားရေ … မေမေ ” ။ ပြိုလဲယိမ်းယိုင်သွားသည့် ခန္တာကိုယ်ကို ထိန်းမတ်ရင်း အိုးထိမ်းစက်နှယ် သွက်သွက်ခါ ချာလည်ရမ်းသွားသည့် နှလုံးသားရပ်ဝှမ်းတပြင်လုံး တုန်ရီမောဟိုက်နေတော့၏။ “ သမီး … သမီးလေး … သတိထားနော်၊ ငိုချင်ရင် ငိုချပစ်လိုက်ပါသမီးရယ်”။

စို့ နင့်မွန်းကျပ်မှုကြောင့်ပေပဲလား၊ ငိုလို့ မရဘူးကိုကို။ ကြေကွဲစိတ်က တလိမ့်လိမ့် ပြိုဆင်းလာသည်။ ကြေကွဲစိတ်က နရီစည်းမဲ့ တွန်းပို့ နေရော့သလား။ မျက်ရည်စီးကြောင်းများက ပါးပေါ်မှာ နာကျင်ကြေကွဲစိတ်ကို ထုဆစ် လိုက်သလိုပါပဲ။ အာဃာတ အမုန်း ပဋိပက္ခတွေက စစ်ပွဲတွေ ကြိုးစင်တွေနဲ့  အကျဉ်းနံရံတွေကို ပိုမိုပြီး အကျည်းမတန်စေတော့ဘူးတဲ့လား။ မည်သို့ ပင်ရှိပါစေတော့ကိုကို။ သန့် စင် ရိုးသားတဲ့၊ မှုံပြာရီ မှိုင်းဝေလဲ့နေတဲ့ အချစ်မြစ်တစင်းက စီးဆင်းမြဲစီးဆင်းနေမည်ဆိုတာ ကိုကို ယုံကြည်စူးနစ် ပါစေတော့လို့  ဆုတောင်းယုံကလွဲပြီး။

x x x x x x x

သမီးကို မွေးတော့ ကိုကို အနားမှာ မရှိနိုင်ခဲ့။ ကိုကို့ ကို တွေ့ ဆုံခွင့်ဆိုတာ လရောင်ကို စောင့်စားမျှော်ကိုး

နေရသည့် နရသိန်ဇရာညများပါပဲ။ သုံးရာသီ သုံးကြိမ်ပြောင်းပေမယ့် ကိုကို့ ကို တွေ့ ခွင့်ရခဲ့တာ ၅ ကြိမ်ထက်မပိုခဲ့။ အေးစက်တင်းခဲနေတဲ့ ကိုကို့ မျက်ဝန်းထဲမှာ သမီးကိုဖတ်ကြားနေပေမယ့်

မျက်ရည်နဲ့ မချော့မြှူခဲ့။ မျှော်လင့်ချက်တွေ၊ ယုံကြည်စိတ်တွေ၊ ပိုင်စိုးလိုစိတ်တွေက လမ်းတခုကို

ရှာဖွေတွေ့ ရှိသလိုမျိုးပါကိုကို။ စောင့်ကြိုခြင်းကို စောင့်ကြိုခြင်းသည်သာ သစ္စာတရားရဲ့  အနက်ရှိုင်းဆုံး သင်္ကေတဆိုတာ အကြွင်းမဲ့ယုံကိုယုံတာ။ ဘ၀မှာ မမျှော်လင့်တာတွေ ဖြစ်လာတတ်သလို မျှော်လင့်ထား တာတွေကလည်း စောလျင်စွာ သို့ မဟုတ် နောက်အကျကြီးကျပြီးမှလည်း ရောက်လာတတ်တာပဲ မဟုတ်လားလို့  ကိုကို့ ကို ပြောပြခဲ့ဘူးတယ်မို့ လား။

“ဟယ် … ကိုကို၊ ဘာလို့ ကြို အကြောင်းမကြားတာလဲဟင်”။ ကိုကို့ ရင်ခွင်ထဲအတင်းပြေးဝင် ဖက်တွယ်ထားမိသည်။ ၃ နှစ်ကျော် ခိုအောင်းနေခဲ့သည့် မျက်ရည်များက တာကျိုးသလို ကိုကို့ ရင်ထဲသို့  သွန်ချနေမိ၏။ “သမီးလေးရော”။ “ကျောင်းသွားတယ်လေ၊ ပြန်လာခါနီးပြီ၊ မေမေ သွားကြိုနေတယ်”။

“ကိုကိုလည်းမထင်ထားတဲ့၊ မမျှော်လင့်ထားတဲ့အဖြစ်ပါကွယ်၊ ဒီမနက်မှာ ခေါ်ပြီး သူတို့ ပြောချင်ရာပြောပြီး ပြန်လွှတ်လိုက်တာပဲ၊ ကိုကိုလည်း နားမလည်နိုင်သလို ရင်လည်းမရှင်းဘူးကွာ”။ “ကိုကို ဘယ်လိုထင်လဲဟင်”

”အမှန်တရားက ကြိုးစင်တွေကို ဖြိုချပစ်နိုင်လို့ ပေါ့ကွယ်”။ “ဟော သမီးတို့ ပြန်လာပြီကိုကို”။ “ လာပါအုံး သမီးလေးရယ်၊ ဖေ့ဖေ့ကို မှတ်မိလားဟင်”။ မစိမ်းသော်လည်း မရင်းချာသည့် အကြည့်ဝိုင်းဝိုင်းဖြင့်

သူ့ အဖေကို သမီးကြည့်နေတာ နင့်ကနဲ ခံစားရမိ၏။ “ကိုကို ဘာဆက်လုပ်မလဲ”။ ကိုကိုက ပက်ကနဲ သမီးပါးပြင်ကို နမ်းရှုံ့ လိုက်သည်။ “ ကိုကို ဘာဆို ဘာမှ ပြောင်းလဲသွားမှာ မဟုတ်သလို ဘာအရာကမှလည်း ပြောင်းလဲအောင်လုပ်မရပါဘူးကွယ်”။

ကိုကို့ အပြုံးမှာ သိုက်မင်ငှက်တကောင်၏ တေးသံဖြင့် စွတ်စိုနေတော့သည်။

x x x x x x x

“ဟေ့ကောင် အိမ်ပြန်ရောက်နေတာ ၆ လကျော်ပြီ၊ ဖုန်းချည်းဆက်မနေနဲ့ အုံး၊ ငါအလုပ်ရှိနေတယ်”။ “ ၁၀ ကား စာချုပ်ရထားတယ်၊ ၅ ကား မင်း ဇာတ်ညွှန်းရေး၊ ဒါပဲ မင်း ဇာတ်တွေ လာယူ၊ ပိုက်ဆံလည်း ကြိုထုတ်ချင်ထုတ် ဟုတ်ပြီလား”

--------------------------------------

“ရဲဘော်ကြီး ဘာမှ စိတ်ဓာတ်ပျက်ပြားမနေနဲ့ ၊ အရင်ကိစ္စတွေ နောက်မှရှင်းမယ်၊ ဂျာနယ်အသစ်တစောင်လုပ်မယ်၊ မင်း စားပွဲ မင်းပြန်ထိုင်”

---------------------------------------

“ ငါ ကိုကိုဦး အလုပ်တွေ ပြန်လုပ်၊ သားအမိနှစ်ယောက်အတွက်လည်း အချိန်ပေး၊ ကြုံရင် ငါလည်း ရန်ကုန် ဆင်းလာခဲ့မယ်”။

---------------------------------------

“ ၃ နှစ်သက်တမ်းမှာ ကိုယ်တို့ ဂျာနယ်က စောင်ရေ တက်လာတာ စေတနာမှန်လို့ ပေါ့ ရဲဘော်ကြီးရာ၊ မင်း ယုံကြည်တာ မင်းဆက်လုပ်စမ်းပါ၊ တို့ မြဲထားဖို့ က အဓိက သော့ချက်”။

--------------------------------------

“သမီး ၇ နှစ်ပြည့်  မွေးနေ့ လေး လုပ်ချင်တယ် ကိုကို”။

သမီးမွေးနေ့ မှာ ကိုကိုနှင့်သမီး ပျော်ရွှင်ကြည်နူးနေမှုများကို တွေ့ ရမြင်ရတော့ ဆုံးရှုံးခဲ့ရသည့်နှစ်ကာလများကို နှမျောတသ မဆုံးဖြစ်ရပြန်။ ညီမလေး ပျော်ပါတယ်ကိုကို။ ဒီအပျော်လေးတွေက ကြာရှည်ကြာမျော ခံနိုင်ပါစေ။ မိသားစုအိပ်မက်များက ညီမလေးတို့ ၏ ချမ်းမြေ့ အေးနုသည့် လမင်းအိမ်လေးဖြစ်လိုက်ပါတော့။

x x x x x x x

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။ တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်းအေးချမ်းကြပါစေ။ ပဲ့တင်ထပ်နေတဲ့ ဆုတောင်းမေတ္တာပို့ သံတွေက ဘယ်ရပ်ဌာနီက လွင့်ပျံလာမှန်းမသိဘူး။ တိုက်ခန်းနံရံတွေကို ပဲ့တင်တုန်ခါနေတော့သည်။ ကိုကိုလည်း ပြန်မရောက်သေးဘူး။ နီးနီးလေးပဲ၊ တကယ့်နီးနီးလေး။ ပီပီသသ ကျယ်ကျယ်လောင်လောင် ကြားနေရတာပဲ။ မေမေရေ . . . ၀ရံတာကို ပြေးထွက်ပြီး လမ်းမကို ငုံ့ ကြည့် လိုက်တဲ့အခါ။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။

တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်းအေးချမ်းကြပါစေ။ ။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။

တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်းအေးချမ်းကြပါစေ။ ။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။

တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်းအေးချမ်းကြပါစေ။ ။ ရဟန်းသံဃာတော်တွေ လမ်းလျှောက် မေတ္တာပို့ သံတွေက ဘ၀ဂ်ကို ညံနေပါရော့ လား။ မဲနက်ပြာနှမ်းနေသည့် ကတ္တရာလမ်းမကျယ်သည် ရွှေဝါရောင် ဖန်ရေသင်္ကန်းတို့ ဖြင့် ခြုံလွှမ်းစီးမျော နေပါပကော။ ကိုကို့ ဆီ ဖုန်းဆက်ဖို့ သတိရလာသည်။ ကိုကို ဂျာနယ်တိုက်က ဖုန်းတွေက လိုင်းပူးနေတာတွေနဲ့ ချည်း ကြုံနေရ၏။ နောက်ဆုံးတော့ မေမေ့ကို သမီး ကျောင်းသွားကြိုပေးဖို့ ပြောလိုက်ပြီး ကိုကို စောစော ပြန်ရောက်မှာပါစေလို့  စိတ်ဒုံးဒုံး ချရင်း။

ကိုကို အခါတိုင်းထက် တော်တော်နောက်ကျပြီးမှ ပြန်ရောက်လာသည်။ ကိုကို့ မျက်နှာကို ဖတ်ရတာ အဓိပါယ်ဖွင့်ဆိုရ ခက်နေသလိုပဲ။ ကိုကို စားလို့ မကောင်းလို့ လား၊ ကိုကို ကြိုက်တဲ့ ၀က်ပုန်းရည်လေ။

ညီမလေး မျက်လုံးတွေကို ငေးရီကြည့်နေသည့် ကိုကိုရင်ကို ထိုးခွဲနေမိလေသလား။ ခွင့်လွှတ်ပါကိုကို။

“ ကိုကို ဘာဆက်လုပ်မလဲ”။ “ စောပါသေးတယ်ကွယ်”။ မေမေ့ ကြေးစည်ထုသံ၊ အမျှဝေသံလေးတွေက ကိုကို ထမင်းဝိုင်းက ထသွားသည့်အထိ လွင့်ဝေလှုပ်ခတ်နေပေါ့။

x x x x x x x

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။ တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ။ ။

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။ တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်းအေးချမ်းကြပါစေ။ ။

သမီးကို ချီပိုးချော့မြူနေရင်းက ညီမလေးကို လှမ်းကြည့်တဲ့ ကိုကို့ ကို နားလည်သူပါကိုကိုလို့  ပြောမထွက်။ သမီးကို ဆွဲယူပွေ့ ဖက်ရင်း လှေခါးတထစ်ချင်း ဆင်းလျှောက်သွားသည့်

ကိုကို့ ကျောပြင်ကို ခံစားနားလည်နိုင်စွမ်းအပြည့်ဖြင့်သာ။

မနေ့ ကညကလိုပဲ ကိုကို နောက်ကျပြီးမှ ရောက်လာသည်။ “ကိုကို ထမင်းခူးရမလား” “နေပစေတော့၊ ကိုကို ကိုသူရတို့ နဲ့  အပြင်မှာပဲစားခဲ့တယ်”။ “ ကိုကို လုပ်စရာရှိတာလုပ်ပါကိုကို၊ ညီမလေးတို့ ကို ဘာမှမစဉ်းစားနဲ့ နော်”၊ စိတ်ထဲရှိသည့် အရိုးသားအသန့် စင်ဆုံးစကားကို ဆိုမိ၏။

“ကလင် ကလင် ကလင် ” “ဟလို အမိန့် ရှိပါ” “ဟေ့ကောင် ငထွေး ငါ ကိုသူရ” “ပြောကိုသူရ”

“မနက်ဖန်မနက် မင်းနဲ့ စာရေးဆရာမနဲ့  ရေသန့် ဘူးတွေနဲ့ ထမင်းဘူးတွေ သယ်ပို့ လုပ်၊ မင်းသားလင်မယားနဲ့ ကဗျာဆရာတွေက ကြေးသွန်းဘုရားကြီးမှာ အားလုံးစုဆုံဖို့ ပြောပြီးပြီ၊ ဒါပဲကွာ”

သမီးအိပ်ယာမနိုးသေးခင်မှာ ကိုကို ထထွက်သွားသည်။ ဒီနေ့ တနေ့ လုံး စိတ်မော လူမောဖြစ်နေသည်။ ဆုတောင်းမေတ္တာပို့ တဲ့ သံဃာတော်တွေ ရဟန်းငယ်လေးတွေကို ပစ်ခတ်လူစုခွဲသတဲ့။ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခွင်းသတဲ့။ တွေ့ သမျှ လူရောရဟန်းရော မဲမဲမြင်ရာ ရိုက်နှက်ဖမ်းဆီးနေသတဲ့။ ရန်ကုန်တမြို့ လုံး သေနတ်သံတွေ၊ အောင်ဟစ်သံတွေ၊ ပြေးလွှားသံတွေနဲ့  ဖုန်းလွှမ်းနေသတဲ့။ ၀ရံတာကို ထွက်ပြီး မိုးကောင်းကင်ကို မော့ကြည့်လိုက်၏။ မဲမှုံဆိုင်းဝေနေတော့သည်။

ညသန်းခေါင်ကျော်မှ ကိုကို ပြန်ရောက်လာသည်။ “ရက်စက်ယုတ်မာတယ်ညီမလေးရာ၊ စကားလုံးကို ရှာမရတော့ဘူး” “နားလိုက်ပါကိုကို ညီမလေးတို့  အရာအားလုံးကို ကြိုတင်တွက်ဆထားပြီးသားမို့ လား” “ ကလင် ကလင် ကလင်” “ ပြောပါ ” “ ငါ ကဗျာဆရာ၊ ကိုသူရကို ဆွဲသွားပြီ၊ မင်းသားလင်မယားလဲ ဆွဲသွားပြီတဲ့၊ မင်းလုပ်စရာရှိတာ ဆက်လုပ်ဖို့ ပြင် ထားတော့”

ကိုကို ဖုန်းကို ချလိုက်ပြီး အိပ်မောကျနေသည့် သမီးလေးပါးနုပြင်ကို ငုံနမ်းနေသည်။

အ၀တ်ဘီဒိုထဲမှ ကိုကို့ အ၀တ်အစားတချို့ ကို ဆွဲထုတ်လိုက်မိ၏၊ သောက်ဆေးတချို့ ကို စဉ်းစားကြည့်နေစဉ် တံခါးခေါက်သံများက ဆူနာမိပင်လယ်လှိုင်းအော်သလို အော်မည်ဝင်ရောက်လာသည်။ ကိုကို၏ လွမ်းမောဖွယ် နှုတ်ဆက်အပြုံးကို ခေါင်းဆတ်ပြလိုက်သည်။

ဘ၀တောင်တန်းရှည်ပေါ်မှာ စူးနစ်နာကျင်စရာတွေက ကိုကို နဲ့  ညီမလေးတို့ အတွက် မွေးဖွားလာခဲ့သည်ဟုဆိုပါရင် အကျေနပ်ဆုံး ထွေးပွေ့ ဖို့  ၀န်မလေးပါကိုကို။

x x x x x x x

လွမ်းလိုက်တာကိုကို။ ကိုကိုနေထိုင်ကောင်းရဲ့ လား။

မိုးကအေးစိမ့်၊ လေကသုန်ဖြူး၊ အရုဏ်ဦးဆိုပေမယ့် အလင်းရောင်ပါးပါးလွလွကိုမှ မမြင်ရ။ မိုးမှောင်ကြီး ကျနေသလိုမျိုးလည်းမဟုတ်၊ အမှောင်ကျဲကျဲ အလင်းမွဲမွဲလို့ ပဲ ဆိုရချေမည်။ မနီးမဝေးရှိ မြို့ ပြအိမ်ယာ တိုက်တာများကို လှမ်းမျှော်ကြည့်တော့ ခဲသားစိမ်းရောင် လှိုင်းထနေ၏။ လယ်ကွင်းစိမ်းစိမ်းတွေ၊ တောင်တန်းညို့ မှောင်မှောင်တွေ၊ တောခင်တန်းနုပြာရေးရေးတွေကို မှန်းရော်မြင်ယောင်ကြည့်မိသည်။ ပြတင်းတံခါးကို ဖွင့်လိုက်သည့်အခါ မိုးစက် တစက် နှစ်စက်က ပါးပြင်နုရဲရဲကို လာထိမှန်သည်။ မြို့ ပြမှာ ရှားရှားပါးပါး သက်ရင့်ပင်ကြီးတွေလည်း ပျောက်ဆုံးသွားခဲ့။ ဖြိုဖျက်တိုက်စားသွားခဲ့သည့် မုန်တိုင်းဒဏ်ရာက အကင်းမသေသေး၊ လသာညတိုင်း ကိုကို နှင့် လှမ်းမျှော်ကြည့်တတ်သည့် ကံ့ကော်ပင်ကြီးနှင့် ကုက္ကိုပင်တန်းကြီးလည်း မရှိတော့ပြီ။ ငေးရီကြည့်မောမိနေစဉ် ဆွေးမြေ့ တသဖွယ် အလွမ်းသီချင်း တပုဒ်က ပဲ့တင်ပြန်လာသလို ရင်ကိုထိမှန် ခံစားရပြန်၏။ အနောက်တောင်မုတ်သုံလေမှာ ပါလာမယ့် အလွမ်းတွေကို ကိုကို မျှဝေခံစားနေလေမလား။ အဝေးမှာ … အဝေးကြီးမှာ … ဟို့  အဝေးကြီးမှာ …။

ကိုကို နေကောင်းပါစေ။

(ကိုဇာဂနာနှင့် ညီ ဇော်သက်ထွေးသို့ )

မောင်လွမ်းဏီ
၂၁ ၈ ၀၉

အလွမ်းမုတ်သုံ၊ မှုံပြာရီအချစ်မြစ်၊ စူးနစ်ခဲ့ရ ဘ၀တောင်တန်းရှည်
မောင်လွမ်းဏီ

လွမ်းလိုက်တာကိုကို။ ကိုကိုနေထိုင်ကောင်းရဲ့ လား။
မိုးကအေးစိမ့်၊ လေကသုန်ဖြူး၊ အရုဏ်ဦးဆိုပေမယ့် အလင်းရောင်ပါးပါးလွလွကိုမှ မမြင်ရ။ မိုးမှောင်ကြီး ကျနေသလိုမျိုးလည်းမဟုတ်၊ အမှောင်ကျဲကျဲ အလင်းမွဲမွဲလို့ ပဲ ဆိုရချေမည်။ မနီးမဝေးရှိ မြို့ ပြအိမ်ယာ တိုက်တာများကို လှမ်းမျှော်ကြည့်တော့ ခဲသားစိမ်းရောင်လှိုင်းထနေ၏။ လယ်ကွင်းစိမ်းစိမ်းတွေ၊ တောင်တန်းညို့ မှောင်မှောင်တွေ၊ တောခင်တန်းနုပြာရေးရေးတွေကို မှန်းရော်မြင်ယောင်ကြည့်မိသည်။ ပြတင်းတံခါးကို ဖွင့်လိုက်သည့်အခါ မိုးစက် တစက် နှစ်စက်က ပါးပြင်နုရဲရဲကို လာထိမှန်သည်။ မြို့ ပြမှာ ရှားရှားပါးပါး သက်ရင့်ပင်ကြီးတွေလည်း ပျောက်ဆုံးသွားခဲ့။ ဖြိုဖျက်တိုက်စားသွားခဲ့သည့် မုန်တိုင်းဒဏ်ရာက အကင်းမသေသေး၊ လသာညတိုင်း ကိုကို နှင့် လှမ်းမျှော်ကြည့်တတ်သည့် ကံ့ကော်ပင်ကြီးနှင့် ကုက္ကိုပင်တန်းကြီးလည်း မရှိတော့ပြီ။ ငေးရီကြည့်မောမိနေစဉ် ဆွေးမြေ့ တသဖွယ် အလွမ်းသီချင်း တပုဒ်က ပဲ့တင်ပြန်လာသလို ရင်ကိုထိမှန် ခံစားရပြန်၏။ အနောက်တောင်မုတ်သုံလေမှာ ပါလာမယ့် အလွမ်းတွေကို ကိုကို မျှဝေခံစားနေလေမလား။ အဝေးမှာ … အဝေးကြီးမှာ … ဟို့  အဝေးကြီးမှာ …။
ကိုကို နေကောင်းပါစေ။
x x x x x x x
“မိုးအေးတယ်နော် ညီမလေး၊ အနွေးထည်ထူထူဝတ် ဟုတ်လား” ကိုကို့ ရဲ့  ပူပူပန်ပန် စကားသံက ရင်ထဲကို စိမ့်ဆင်းသွားခဲ့သည်။ “ဒီတရက် နှစ်ရက် မုတ်သုံလေအားကောင်းမယ်လို့  သတင်းကြေညာထားတယ်နော်”။ “ဟုတ် ကိုကို၊ ကိုကို ကော်ဖီသောက်ဦးမလား“။ “ဒေါက်” “ဒေါက်” “ဒေါက်” တံခါးခေါက်သံကြား၍ တံခါးသွားဖွင့်သည့် ကိုကို့ ကို တီဗွီကြည့်နေရင်းမှ လှမ်းကြည့်လိုက်မိသည်။
သူစိမ်း ၅ ယောက် တိုက်ခန်းထဲကို ခပ်သော့သာ့ ၀င်လာကြပြီး တခန်းလုံး ဟိုလှန်သည်လှော ရှာကြ ဖွေကြသည်။ ရေအိမ်သာထဲကိုတောင် မြေလှန်ရှာနေတာကို ကြည့်ပြီး ခါးသီးရွံရှာဖို့ ကောင်းလိုက်တာလို့  ခံပြင်းနေမိ၏။ တယောက်က ကိုကို့  လက်ကိုင်ဖုန်းကို လွယ်အိပ်ထဲကောက်ထည့်ပြီး “ကဲ ခနလိုက်ခဲ့ ပါအုံး”။ လှေကားပေါ်က ဆင်းသက်သွားကြတဲ့ တခွပ်ခွပ် တရှပ်ရှပ် ဖိနပ်သံများ။ ကားစက်နှိုးသံများ၊ ကားမောင်းထွက်သွားသံများ တိတ်ဆိတ်သွားတော့မှပင် ကိုကို့ ကို ဘာမှ မပြင်ဆင်ပေးလိုက်ရတာ၊ နှုတ်မဆက်လိုက်ရတာ၊ ဘာမှမမေးမြန်းလိုက်ရတာတွေကို စဉ်းစားမိရင်း ကိုယ့်ကိုကိုယ် ဝေခွဲမရဖြစ်နေမိသည်။ မောပန်းနွမ်းလျစွာဖြင့် အိပ်ယာထက်တွင် လဲလျောင်းခွေချလိုက်၏။
ကိုယ်ကိုစောင်းငဲ့ပြီး ကိုကို့ အလုပ်စားပွဲလေးကို လှမ်းကြည့်လိုက်မိ၏။ ကစဉ့် ကလျား ပြန့် ကျဲလွင့်ကျနေသည့် ဒီတပတ်ဂျာနယ်အတွက် ကိုကို ပြင်ဆင်နေသည့် ရေးလက်စ စာမူကြမ်းများ၊ ဓာတ်ပုံများ၊ ပွင့်လျက်သား ကွန်ပြူတာ။ ကိုကိုနဲ့ အတူ တွဲရိုက်ထားတဲ့ဓာတ်ပုံလေး။ ငုတ်တုတ် ထ ထိုင်မိပြန်သည်။ အရေးကြီးတာက… အရေးကြီးတယ် … ဒါအရေးကြီးဆုံးကိစ္စပဲ။ ၀မ်းဗိုက်ကို လက်ဖြင့်အသာအယာ ပွတ်သပ်ရင်း ကိုကို့ ကို ပြောပြချင်တဲ့ စိတ်က ပြင်းပြင်းရှရှ နှိုးဆွနေသလိုပဲ၊ ရှေ့ အပတ်ဆို ၆ လပြည့်တော့မှာ။
x x x x x x x
ကိုကို ဘယ်ရောက်နေလဲ။ သူစိမ်းတွေလက်ထဲမှာ ဘယ်လိုထိခိုက်ကြေကွဲမှုတွေ ကြုံနေရမလဲ။ ကိုကို မရှိကတည်းက တိုက်ခန်းမှာ လာနေပေးရှာသည့် မေမေ့ကိုလည်း ကိုကိုနဲ့ ပတ်သက်တာတွေ ပြောမပြချင်။ တလပင်ကျော်ပြီလေ။ ကိုကို နှစ်ရှည် နေခဲ့ထိုင်ခဲ့တဲ့ အရပ်ဒေသ တခုခု၊ တမြို့ မြို့  တနယ်နယ်၊ အခန်းကျဉ်း တခန်းခန်းမှာတော့ အလွမ်းတွေ အမှတ်ရစရာတွေ အောက်မေ့မှုတွေနဲ့  လေးလံ အထီးကျန်နေမှာ အသေအချာပါပဲ။ ဘ၀မှာ မမျှော်လင့်တာတွေ ဖြစ်လာတတ်သလို မျှော်လင့်ထားတာတွေကလည်း စောလျင်စွာ သို့ မဟုတ်နောက်အကျကြီးကျပြီးမှလည်း
ရောက်လာတတ်တာပဲ မဟုတ်လား။ ကိုကိုက ယုံကြည်တာကို မျှော်လင့်ချက် ချိန်ခွင်လျာတဖက်စောင်းနဲ့ ဘ၀ကိုဖြောင့်တန်းတဲ့ မြားတစင်းဖြစ်အောင်
ပစ်ခတ်နေသူလေ။ ကိုကိုက တိမ်တိုက်တခုလိုဆောက်တည်ရာမဲ့
လွင့်မျောလူးလိမ့်နေတာမှမဟုတ်တာ။ ကြုံရာ မြေသားမှာလည်း ရွက်ကျပင်ပေါက်လို ကျင့်သားမကျသူ။ ပုံစံခွက်ထဲမှာ နေသားထိုင်သားကျရမှာထက် သစ်တပင်လို ရှင်သန်ခွင့်မရမှာကို အစိုးရိမ်ကြီး စိုးရိမ် ကြောင့်ကြတတ်သူဖြစ်လေတော့ ကိုကို့ အနားမှာ စာနာနားလည်စိတ်နဲ့  စိတ်အနာတွေကို ဖြေရာပြေကြောင်း နားခိုမှေးလျောင်းနေခွင့်ကိုပဲ တောင်းဆိုနေခဲ့တာပါလေ။ အိပ်မပျော်ဘူး။ အိပ်လို့ မရဘူး။ သို့ ပေမယ့် အိပ်ရမည်။ အိပ်မက်ထဲမှာ ကိုကိုနဲ့ ဆုံနိုင် တွေ့ နိုင်သည်၊ ဆိုးရွားထိတ်လန့် ဖွယ်ကောင်းသည့် အိပ်မက်ဖြစ်ပါစေ အကျေနပ်ဆုံး မက်ပစ်လိုက်ပါမည်။
x x x x x x x

ညက အိပ်ရာဝင် နောက်ကျလို့ လားမသိ။ ၈ နာရီကျော်မှပင် အိပ်ရာက နိုးသည်။“ရက်ပိုင်းပဲ လိုတော့တယ်နော်။ ကျန်းမာရေးဂရုစိုက်ပါ။ လမ်းမှန်မှန်လျှောက်ပါ။ ဆေးပုံမှန်စားပါ။ စိတ်ညစ်စရာတွေ မတွေးနဲ့ ”တဲ့။ ကိုကို့ မိတ်ဆွေ ဆရာဝန်စာရေးဆရာက ညွှန်ကြားချက်များ ရွတ်ဖတ်သည်။ ဒီအချိန်ဟာ ကိုကို ရှိသင့်တဲ့အချိန်ပေါ့။ ကိုကို့  လက်မောင်းကို တင်းတင်းရစ်ရစ်ဆုပ်၊ ကိုကို့ ပုခုံးသားပေါ် မှီတွယ်ခိုမှေးပြီး မရှိတော့တဲ့ ကံ့ကော်ပင်ကြီးရှိခဲ့တဲ့ နေရာကို လမ်းလျှောက်ရရင် ကောင်းမှာပဲ။
ဟောင်းမြင်းဆွေးမြေ့ ခဲ့ပြီဖြစ်တဲ့ ကိုကို့ ရဲ့  ဒဏ်ရာ အနာတရရက်များအကြောင်းပဲပြောပြော၊ သစ်လွင်တောက်ပတဲ့ ရွှေရောင်တောင်ပံခတ်သံများအကြောင်းကိုပဲ ပြောပြော။ အနာဂတ်စိတ်ကူးကမ္ဘာအကြောင်း ပြောပြော၊ ပြောနော်ကိုကို။ တိုးညှင်းချမ်းမြေ့ သည့် စကားရေစီးသံတွေ ချိုလွင်ပျံသန်း စီးမျောနေမှာပါ။

“သမီး မွန်းလွဲနေပြီလေ၊ ထမင်းစားပြီးရင် ဆေးသောက် ဟုတ်လား” မေမေပြင်ဆင်ပေးတဲ့ ထမင်းဝိုင်းကို ငေးငေးရီရီနဲ့  ကြည့်မိရင်း ကိုကို ကြိုက်နှစ်သစ်တတ်သည့် ဟင်းလျာလေးများကို တွေတွေဝေေ၀ စဉ်းစားနေမိပြန်တယ်လေ။ “ကလင်” “ကလင်” “ကလင်”။ “ …….. အိမ်ကပါလားခင်ဗျာ” “ ဟုတ် ဟုတ် ပါတယ်”။ မတုန်လှုပ်ပေမယ့် ရင်ခုန်လှိုက်မောမိတာတော့ ၀န်ခံပါတယ်ကိုကို။

“ဒီကနေ့ မနက်ပိုင်း အင်းစိန်အကျဉ်းခုံရုံးကနေ သေဒဏ်စီရင်ချမှတ်လိုက်တဲ့အကြောင်း အကြောင်းကြားတာပါ”။ “ရှင် … ဘုရားရေ … မေမေ ” ။ ပြိုလဲယိမ်းယိုင်သွားသည့် ခန္တာကိုယ်ကို ထိန်းမတ်ရင်း အိုးထိမ်းစက်နှယ် သွက်သွက်ခါ ချာလည်ရမ်းသွားသည့် နှလုံးသားရပ်ဝှမ်းတပြင်လုံး တုန်ရီမောဟိုက်နေတော့၏။ “ သမီး … သမီးလေး … သတိထားနော်၊ ငိုချင်ရင် ငိုချပစ်လိုက်ပါသမီးရယ်”။

စို့ နင့်မွန်းကျပ်မှုကြောင့်ပေပဲလား၊ ငိုလို့ မရဘူးကိုကို။ ကြေကွဲစိတ်က တလိမ့်လိမ့် ပြိုဆင်းလာသည်။ ကြေကွဲစိတ်က နရီစည်းမဲ့ တွန်းပို့ နေရော့သလား။ မျက်ရည်စီးကြောင်းများက ပါးပေါ်မှာ နာကျင်ကြေကွဲစိတ်ကို ထုဆစ် လိုက်သလိုပါပဲ။ အာဃာတ အမုန်း ပဋိပက္ခတွေက စစ်ပွဲတွေ ကြိုးစင်တွေနဲ့  အကျဉ်းနံရံတွေကို ပိုမိုပြီး အကျည်းမတန်စေတော့ဘူးတဲ့လား။ မည်သို့ ပင်ရှိပါစေတော့ကိုကို။ သန့် စင် ရိုးသားတဲ့၊ မှုံပြာရီ မှိုင်းဝေလဲ့နေတဲ့ အချစ်မြစ်တစင်းက စီးဆင်းမြဲစီးဆင်းနေမည်ဆိုတာ ကိုကို ယုံကြည်စူးနစ် ပါစေတော့လို့  ဆုတောင်းယုံကလွဲပြီး။

x x x x x x x

သမီးကို မွေးတော့ ကိုကို အနားမှာ မရှိနိုင်ခဲ့။ ကိုကို့ ကို တွေ့ ဆုံခွင့်ဆိုတာ လရောင်ကို စောင့်စားမျှော်ကိုး

နေရသည့် နရသိန်ဇရာညများပါပဲ။ သုံးရာသီ သုံးကြိမ်ပြောင်းပေမယ့် ကိုကို့ ကို တွေ့ ခွင့်ရခဲ့တာ ၅ ကြိမ်ထက်မပိုခဲ့။ အေးစက်တင်းခဲနေတဲ့ ကိုကို့ မျက်ဝန်းထဲမှာ သမီးကိုဖတ်ကြားနေပေမယ့်

မျက်ရည်နဲ့ မချော့မြှူခဲ့။ မျှော်လင့်ချက်တွေ၊ ယုံကြည်စိတ်တွေ၊ ပိုင်စိုးလိုစိတ်တွေက လမ်းတခုကို

ရှာဖွေတွေ့ ရှိသလိုမျိုးပါကိုကို။ စောင့်ကြိုခြင်းကို စောင့်ကြိုခြင်းသည်သာ သစ္စာတရားရဲ့  အနက်ရှိုင်းဆုံး သင်္ကေတဆိုတာ အကြွင်းမဲ့ယုံကိုယုံတာ။ ဘ၀မှာ မမျှော်လင့်တာတွေ ဖြစ်လာတတ်သလို မျှော်လင့်ထား တာတွေကလည်း စောလျင်စွာ သို့ မဟုတ် နောက်အကျကြီးကျပြီးမှလည်း ရောက်လာတတ်တာပဲ မဟုတ်လားလို့  ကိုကို့ ကို ပြောပြခဲ့ဘူးတယ်မို့ လား။

“ဟယ် … ကိုကို၊ ဘာလို့ ကြို အကြောင်းမကြားတာလဲဟင်”။ ကိုကို့ ရင်ခွင်ထဲအတင်းပြေးဝင် ဖက်တွယ်ထားမိသည်။ ၃ နှစ်ကျော် ခိုအောင်းနေခဲ့သည့် မျက်ရည်များက တာကျိုးသလို ကိုကို့ ရင်ထဲသို့  သွန်ချနေမိ၏။ “သမီးလေးရော”။ “ကျောင်းသွားတယ်လေ၊ ပြန်လာခါနီးပြီ၊ မေမေ သွားကြိုနေတယ်”။

“ကိုကိုလည်းမထင်ထားတဲ့၊ မမျှော်လင့်ထားတဲ့အဖြစ်ပါကွယ်၊ ဒီမနက်မှာ ခေါ်ပြီး သူတို့ ပြောချင်ရာပြောပြီး ပြန်လွှတ်လိုက်တာပဲ၊ ကိုကိုလည်း နားမလည်နိုင်သလို ရင်လည်းမရှင်းဘူးကွာ”။ “ကိုကို ဘယ်လိုထင်လဲဟင်”

”အမှန်တရားက ကြိုးစင်တွေကို ဖြိုချပစ်နိုင်လို့ ပေါ့ကွယ်”။ “ဟော သမီးတို့ ပြန်လာပြီကိုကို”။ “ လာပါအုံး သမီးလေးရယ်၊ ဖေ့ဖေ့ကို မှတ်မိလားဟင်”။ မစိမ်းသော်လည်း မရင်းချာသည့် အကြည့်ဝိုင်းဝိုင်းဖြင့်

သူ့ အဖေကို သမီးကြည့်နေတာ နင့်ကနဲ ခံစားရမိ၏။ “ကိုကို ဘာဆက်လုပ်မလဲ”။ ကိုကိုက ပက်ကနဲ သမီးပါးပြင်ကို နမ်းရှုံ့ လိုက်သည်။ “ ကိုကို ဘာဆို ဘာမှ ပြောင်းလဲသွားမှာ မဟုတ်သလို ဘာအရာကမှလည်း ပြောင်းလဲအောင်လုပ်မရပါဘူးကွယ်”။

ကိုကို့ အပြုံးမှာ သိုက်မင်ငှက်တကောင်၏ တေးသံဖြင့် စွတ်စိုနေတော့သည်။

x x x x x x x

“ဟေ့ကောင် အိမ်ပြန်ရောက်နေတာ ၆ လကျော်ပြီ၊ ဖုန်းချည်းဆက်မနေနဲ့ အုံး၊ ငါအလုပ်ရှိနေတယ်”။ “ ၁၀ ကား စာချုပ်ရထားတယ်၊ ၅ ကား မင်း ဇာတ်ညွှန်းရေး၊ ဒါပဲ မင်း ဇာတ်တွေ လာယူ၊ ပိုက်ဆံလည်း ကြိုထုတ်ချင်ထုတ် ဟုတ်ပြီလား”

--------------------------------------

“ရဲဘော်ကြီး ဘာမှ စိတ်ဓာတ်ပျက်ပြားမနေနဲ့ ၊ အရင်ကိစ္စတွေ နောက်မှရှင်းမယ်၊ ဂျာနယ်အသစ်တစောင်လုပ်မယ်၊ မင်း စားပွဲ မင်းပြန်ထိုင်”

---------------------------------------

“ ငါ ကိုကိုဦး အလုပ်တွေ ပြန်လုပ်၊ သားအမိနှစ်ယောက်အတွက်လည်း အချိန်ပေး၊ ကြုံရင် ငါလည်း ရန်ကုန် ဆင်းလာခဲ့မယ်”။

---------------------------------------

“ ၃ နှစ်သက်တမ်းမှာ ကိုယ်တို့ ဂျာနယ်က စောင်ရေ တက်လာတာ စေတနာမှန်လို့ ပေါ့ ရဲဘော်ကြီးရာ၊ မင်း ယုံကြည်တာ မင်းဆက်လုပ်စမ်းပါ၊ တို့ မြဲထားဖို့ က အဓိက သော့ချက်”။

--------------------------------------

“သမီး ၇ နှစ်ပြည့်  မွေးနေ့ လေး လုပ်ချင်တယ် ကိုကို”။

သမီးမွေးနေ့ မှာ ကိုကိုနှင့်သမီး ပျော်ရွှင်ကြည်နူးနေမှုများကို တွေ့ ရမြင်ရတော့ ဆုံးရှုံးခဲ့ရသည့်နှစ်ကာလများကို နှမျောတသ မဆုံးဖြစ်ရပြန်။ ညီမလေး ပျော်ပါတယ်ကိုကို။ ဒီအပျော်လေးတွေက ကြာရှည်ကြာမျော ခံနိုင်ပါစေ။ မိသားစုအိပ်မက်များက ညီမလေးတို့ ၏ ချမ်းမြေ့ အေးနုသည့် လမင်းအိမ်လေးဖြစ်လိုက်ပါတော့။

x x x x x x x

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။ တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်းအေးချမ်းကြပါစေ။ ပဲ့တင်ထပ်နေတဲ့ ဆုတောင်းမေတ္တာပို့ သံတွေက ဘယ်ရပ်ဌာနီက လွင့်ပျံလာမှန်းမသိဘူး။ တိုက်ခန်းနံရံတွေကို ပဲ့တင်တုန်ခါနေတော့သည်။ ကိုကိုလည်း ပြန်မရောက်သေးဘူး။ နီးနီးလေးပဲ၊ တကယ့်နီးနီးလေး။ ပီပီသသ ကျယ်ကျယ်လောင်လောင် ကြားနေရတာပဲ။ မေမေရေ . . . ၀ရံတာကို ပြေးထွက်ပြီး လမ်းမကို ငုံ့ ကြည့် လိုက်တဲ့အခါ။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။

တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်းအေးချမ်းကြပါစေ။ ။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။

တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်းအေးချမ်းကြပါစေ။ ။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။

တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်းအေးချမ်းကြပါစေ။ ။ ရဟန်းသံဃာတော်တွေ လမ်းလျှောက် မေတ္တာပို့ သံတွေက ဘ၀ဂ်ကို ညံနေပါရော့ လား။ မဲနက်ပြာနှမ်းနေသည့် ကတ္တရာလမ်းမကျယ်သည် ရွှေဝါရောင် ဖန်ရေသင်္ကန်းတို့ ဖြင့် ခြုံလွှမ်းစီးမျော နေပါပကော။ ကိုကို့ ဆီ ဖုန်းဆက်ဖို့ သတိရလာသည်။ ကိုကို ဂျာနယ်တိုက်က ဖုန်းတွေက လိုင်းပူးနေတာတွေနဲ့ ချည်း ကြုံနေရ၏။ နောက်ဆုံးတော့ မေမေ့ကို သမီး ကျောင်းသွားကြိုပေးဖို့ ပြောလိုက်ပြီး ကိုကို စောစော ပြန်ရောက်မှာပါစေလို့  စိတ်ဒုံးဒုံး ချရင်း။

ကိုကို အခါတိုင်းထက် တော်တော်နောက်ကျပြီးမှ ပြန်ရောက်လာသည်။ ကိုကို့ မျက်နှာကို ဖတ်ရတာ အဓိပါယ်ဖွင့်ဆိုရ ခက်နေသလိုပဲ။ ကိုကို စားလို့ မကောင်းလို့ လား၊ ကိုကို ကြိုက်တဲ့ ၀က်ပုန်းရည်လေ။

ညီမလေး မျက်လုံးတွေကို ငေးရီကြည့်နေသည့် ကိုကိုရင်ကို ထိုးခွဲနေမိလေသလား။ ခွင့်လွှတ်ပါကိုကို။

“ ကိုကို ဘာဆက်လုပ်မလဲ”။ “ စောပါသေးတယ်ကွယ်”။ မေမေ့ ကြေးစည်ထုသံ၊ အမျှဝေသံလေးတွေက ကိုကို ထမင်းဝိုင်းက ထသွားသည့်အထိ လွင့်ဝေလှုပ်ခတ်နေပေါ့။

x x x x x x x

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။ တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ။ ။

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။ တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်းအေးချမ်းကြပါစေ။ ။

သမီးကို ချီပိုးချော့မြူနေရင်းက ညီမလေးကို လှမ်းကြည့်တဲ့ ကိုကို့ ကို နားလည်သူပါကိုကိုလို့  ပြောမထွက်။ သမီးကို ဆွဲယူပွေ့ ဖက်ရင်း လှေခါးတထစ်ချင်း ဆင်းလျှောက်သွားသည့်

ကိုကို့ ကျောပြင်ကို ခံစားနားလည်နိုင်စွမ်းအပြည့်ဖြင့်သာ။

မနေ့ ကညကလိုပဲ ကိုကို နောက်ကျပြီးမှ ရောက်လာသည်။ “ကိုကို ထမင်းခူးရမလား” “နေပစေတော့၊ ကိုကို ကိုသူရတို့ နဲ့  အပြင်မှာပဲစားခဲ့တယ်”။ “ ကိုကို လုပ်စရာရှိတာလုပ်ပါကိုကို၊ ညီမလေးတို့ ကို ဘာမှမစဉ်းစားနဲ့ နော်”၊ စိတ်ထဲရှိသည့် အရိုးသားအသန့် စင်ဆုံးစကားကို ဆိုမိ၏။

“ကလင် ကလင် ကလင် ” “ဟလို အမိန့် ရှိပါ” “ဟေ့ကောင် ငထွေး ငါ ကိုသူရ” “ပြောကိုသူရ”

“မနက်ဖန်မနက် မင်းနဲ့ စာရေးဆရာမနဲ့  ရေသန့် ဘူးတွေနဲ့ ထမင်းဘူးတွေ သယ်ပို့ လုပ်၊ မင်းသားလင်မယားနဲ့ ကဗျာဆရာတွေက ကြေးသွန်းဘုရားကြီးမှာ အားလုံးစုဆုံဖို့ ပြောပြီးပြီ၊ ဒါပဲကွာ”

သမီးအိပ်ယာမနိုးသေးခင်မှာ ကိုကို ထထွက်သွားသည်။ ဒီနေ့ တနေ့ လုံး စိတ်မော လူမောဖြစ်နေသည်။ ဆုတောင်းမေတ္တာပို့ တဲ့ သံဃာတော်တွေ ရဟန်းငယ်လေးတွေကို ပစ်ခတ်လူစုခွဲသတဲ့။ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခွင်းသတဲ့။ တွေ့ သမျှ လူရောရဟန်းရော မဲမဲမြင်ရာ ရိုက်နှက်ဖမ်းဆီးနေသတဲ့။ ရန်ကုန်တမြို့ လုံး သေနတ်သံတွေ၊ အောင်ဟစ်သံတွေ၊ ပြေးလွှားသံတွေနဲ့  ဖုန်းလွှမ်းနေသတဲ့။ ၀ရံတာကို ထွက်ပြီး မိုးကောင်းကင်ကို မော့ကြည့်လိုက်၏။ မဲမှုံဆိုင်းဝေနေတော့သည်။

ညသန်းခေါင်ကျော်မှ ကိုကို ပြန်ရောက်လာသည်။ “ရက်စက်ယုတ်မာတယ်ညီမလေးရာ၊ စကားလုံးကို ရှာမရတော့ဘူး” “နားလိုက်ပါကိုကို ညီမလေးတို့  အရာအားလုံးကို ကြိုတင်တွက်ဆထားပြီးသားမို့ လား” “ ကလင် ကလင် ကလင်” “ ပြောပါ ” “ ငါ ကဗျာဆရာ၊ ကိုသူရကို ဆွဲသွားပြီ၊ မင်းသားလင်မယားလဲ ဆွဲသွားပြီတဲ့၊ မင်းလုပ်စရာရှိတာ ဆက်လုပ်ဖို့ ပြင် ထားတော့”

ကိုကို ဖုန်းကို ချလိုက်ပြီး အိပ်မောကျနေသည့် သမီးလေးပါးနုပြင်ကို ငုံနမ်းနေသည်။

အ၀တ်ဘီဒိုထဲမှ ကိုကို့ အ၀တ်အစားတချို့ ကို ဆွဲထုတ်လိုက်မိ၏၊ သောက်ဆေးတချို့ ကို စဉ်းစားကြည့်နေစဉ် တံခါးခေါက်သံများက ဆူနာမိပင်လယ်လှိုင်းအော်သလို အော်မည်ဝင်ရောက်လာသည်။ ကိုကို၏ လွမ်းမောဖွယ် နှုတ်ဆက်အပြုံးကို ခေါင်းဆတ်ပြလိုက်သည်။

ဘ၀တောင်တန်းရှည်ပေါ်မှာ စူးနစ်နာကျင်စရာတွေက ကိုကို နဲ့  ညီမလေးတို့ အတွက် မွေးဖွားလာခဲ့သည်ဟုဆိုပါရင် အကျေနပ်ဆုံး ထွေးပွေ့ ဖို့  ၀န်မလေးပါကိုကို။

x x x x x x x

လွမ်းလိုက်တာကိုကို။ ကိုကိုနေထိုင်ကောင်းရဲ့ လား။

မိုးကအေးစိမ့်၊ လေကသုန်ဖြူး၊ အရုဏ်ဦးဆိုပေမယ့် အလင်းရောင်ပါးပါးလွလွကိုမှ မမြင်ရ။ မိုးမှောင်ကြီး ကျနေသလိုမျိုးလည်းမဟုတ်၊ အမှောင်ကျဲကျဲ အလင်းမွဲမွဲလို့ ပဲ ဆိုရချေမည်။ မနီးမဝေးရှိ မြို့ ပြအိမ်ယာ တိုက်တာများကို လှမ်းမျှော်ကြည့်တော့ ခဲသားစိမ်းရောင် လှိုင်းထနေ၏။ လယ်ကွင်းစိမ်းစိမ်းတွေ၊ တောင်တန်းညို့ မှောင်မှောင်တွေ၊ တောခင်တန်းနုပြာရေးရေးတွေကို မှန်းရော်မြင်ယောင်ကြည့်မိသည်။ ပြတင်းတံခါးကို ဖွင့်လိုက်သည့်အခါ မိုးစက် တစက် နှစ်စက်က ပါးပြင်နုရဲရဲကို လာထိမှန်သည်။ မြို့ ပြမှာ ရှားရှားပါးပါး သက်ရင့်ပင်ကြီးတွေလည်း ပျောက်ဆုံးသွားခဲ့။ ဖြိုဖျက်တိုက်စားသွားခဲ့သည့် မုန်တိုင်းဒဏ်ရာက အကင်းမသေသေး၊ လသာညတိုင်း ကိုကို နှင့် လှမ်းမျှော်ကြည့်တတ်သည့် ကံ့ကော်ပင်ကြီးနှင့် ကုက္ကိုပင်တန်းကြီးလည်း မရှိတော့ပြီ။ ငေးရီကြည့်မောမိနေစဉ် ဆွေးမြေ့ တသဖွယ် အလွမ်းသီချင်း တပုဒ်က ပဲ့တင်ပြန်လာသလို ရင်ကိုထိမှန် ခံစားရပြန်၏။ အနောက်တောင်မုတ်သုံလေမှာ ပါလာမယ့် အလွမ်းတွေကို ကိုကို မျှဝေခံစားနေလေမလား။ အဝေးမှာ … အဝေးကြီးမှာ … ဟို့  အဝေးကြီးမှာ …။

ကိုကို နေကောင်းပါစေ။

(ကိုဇာဂနာနှင့် ညီ ဇော်သက်ထွေးသို့ )

မောင်လွမ်းဏီ
၂၁ ၈ ၀၉


Saturday, October 03, 2009

လာမယ့်ဘေးပြေးတွေ့ 

ရောက်လာမယ့် အဓမ္မ နေ့ ရက်များအတွက်
ဇာတ်တူသား စားသူများရဲ့ 
အလိုတူ အလိုပါတွေက
မိုးတွင်းဖားတွေလို
သူခိုးသေဖော်ညှိကြ ။

ဟောဒီ
တို့ ချစ်တဲ့မြေပေါ်မှာ
မတရားမှုများ
အားကောင်းမောင်းသန် ၊
လိမ်ညာလှည့်ဖျားမှုများ
အားကောင်းမောင်းသန် ၊
နှစ်ထောင့်တဆယ် နှပ်ကြောင်းများ
အားကောင်းမောင်းသန် ၊
နှစ်ထောင့်တဆယ် အက်ကြောင်းများ
အားကောင်းမောင်းသန် ၊

ယုံကြည်ချက် သံမဏိ ဓါးသွား
နှစ်ကာလများထဲမှာ
ဟိုတိမ်း ဒီယိမ်း
ဒေ၀ဒတ်ရဲ့ ဇာတ်သိမ်းမျိုး
ဒီရေ ဒီမြေပေါ်မှာ
ဒီလိုလူတွေနဲ့ အတူ အသက်ရှင်ခဲ့ ရတော့
အကောင်းဆုံးကိုမျှော်လင့်
အဆိုးဆုံးအတွက်လည်း အသင့်ပြင်ထားကြ

တပ်လှန့် သံကြားတယ်
ငါတို့ 
လာမယ့်ဘေးပြေးတွေ့ ရုံပါပဲ ၊
ကြောက်မွှေးပါ ဇာဂနာနဲ့ နှုတ်ရမှာပါပဲ၊

(၂၀၁၀ ရွေးကောက်ပွဲနေ့ ရက်များသို့ )

ရဲရင့်သက်ဇွဲ (၂၀၀၉ အောက်တိုဘာ ၂)


Friday, October 02, 2009

“သေနတ်တလက်ရဲ့ ဖြောင့်ချက်”

“သေနတ်တလက်ရဲ့ ဖြောင့်ချက်”

ငါ့
ခန္ဓာကိုယ်ထဲမှာ
ကျည်ဆံတတောင့်ရှိတယ်
အဲဒီကျည်ဆံထဲမှာ
သံလွင်ခက်ချီထားတဲ့
ငြိမ်းချမ်းရေးချိုးငှက်ရဲ့
နောက်ဆုံးထွက်သက်ရှိတယ်

တိန့်ရှောင်ဖိန်ရဲ့
ကမ္ဘာကျော်စကားတခွန်းရှိတယ်
ဝံပုလွေလာဆင်ရဲ့ သြ၀ါဒရှိတယ်
ဉီးနေ၀င်းရဲ့ နောက်ဆုံးမိန့်ခွန်းရှိတယ်
ငါဟာ
သက်မဲ့ဖြစ်တယ်
သင်တို့ဟာ သက်ရှိဖြစ်တယ်
သင်တို့ဟာ ငါ့ကိုမုန်းဖို့မလို
သင်တို့ရင်ထဲက‘အကြောက်တရား’ကိုသာ
မုန်းဖို့လိုတယ် ၊


နတ်ဆိုး

(ဉဒေါင်းတို့၏အိတ်ဖွင့်ပေးစာ ကဗျာစာအုပ်မှ)