Fashion Era

Wednesday, September 30, 2009

ရွှေလက်များ

“ရွှေလက်များ”

လက်ဆိုတာ
ခန္ဓာကိုယ်တခုလုံးအတွက်
ပေးဆပ်သူသက်သက်၊

ပူမယ်မှန်းသိလို့
မကိုင်ပဲနေချင်ပေမယ့်
ဒီငရုပ်စပ်စပ်ကိုမှ
ခံတွင်းကလိုအပ်နေတော့
ကိုင်ရတာပေါ့၊


ကျဉ်မယ်မှန်းသိလို့ 
မကိုင်ပဲနေချင်ပေမယ့်
ဒီရေခဲတုံးကိုမှ
ခံတွင်းကတောင်းတနေတော့
ကိုင်ရတာပေါ့ ၊

နာမယ်မှန်းသိလို့
မကိုင်ပဲနေချင်ပေမယ့်
ပန်းခင်းလှလှ ပျိုးချင်မှတော့
တူရွင်း ကိုမှ
ကိုင်ရတာပေါ့ ၊

ပူမယ်မှန်းလဲသိ
နာမယ်မှန်းလဲသိ
ဇီဝိန်ကြွေမယ့်အထိ
ခန့်မှန်းမိလျက်နဲ့

ပြည့် ၀မ်းကပူဆာ
ပြည့် အနာဂတ်ကဘယ်ဆီမှာ
ပြည့် ဝေဒနာက ရှည်ကြာနေတော့
လူထုအခက်
မကြည့်ရက်တဲ့
ပြည့် ရွှေလက်တွေခမျာ
ရွှေဝါရောင်တံတိုင်းကြီးကာလို့

လိုနေသူအားလုံးကိုယ်စား
မားမားမတ်မတ် ရှေ့ ကရပ်လို့ 
အသက်ကိုနှင်း
ပေးဆပ်ရင်းနဲ့ 
ယခုတိုင်လဲ့  ပေးဆပ်ဆဲ ။

သီတာအောင်

Sunday, September 27, 2009

2nd Anniversary of Saffron Revolution (27-9-2009)



မြန်မာ့ဒီမိုကရေစီအရေးအတွက် အာဏာရှင်စနစ်ကို စွန့်စွန့်စားစား တိုက်ဖျက်ခဲ့ကြသည့် သမိုင်းဝင် ရွှေဝါရောင် တော်လှန်ရေးကြီး (၂)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် ရွှေဝါရောင် တော်လှန်ရေး၏ ကမ္ဘာကျော်ပြယုဂ်တခုဖြစ်သော ဂျပန်သတင်းထောက် နာဂါးအိ ခန်းဂျိ သတ်ဖြတ်ခံရမှု အောက်မေ့ဘွယ် အခမ်းအနားကို တိုကျိုမြို့ ရှီဘူယ UN အဆောက်အဦရှေ့ တွင်၂၇-၉-၂ဝဝ၉ (တနင်္ဂနွေနေ့) ညနေ (၃) နာရီမှ (၅) နာရီထိ ကျင်းပခဲ့ရာ အဖွဲ့အစည်းပေါင်းစုံတို့၏ တာဝန်ခံ ကိုယ်စားလှယ်များ၊ ခေါင်းဆောင်များမှ အမှာစကား ပြောကြားခြင်း၊ ဘာသာပေါင်းစုံဖြင့် ဆုတောင်းမေတ္တာပို့သခြင်းနှင့် သရုပ်ပြပွဲ အစီအစဉ်များဖြင့် ကျင်းပခဲ့ပါသည်။

Thursday, September 24, 2009

မိုးဝေမဂ္ဂဇင်း သံကြိုးကွင်းဆက်များ

မိုးဝေမဂ္ဂဇင်း သံကြိုးကွင်းဆက်များ

တလောက ဒီဗွီဘီ ရုပ်မြင်သံကြားအစီအစဉ်မှ ပြည်တွင်းသတင်းတပုဒ်တွင် စာရေးဆရာကြီး (ဦး) နတ်နွယ် လူကြီးရောဂါဖြင့် ကျန်းမာရေးဆိုးဝါးနေသည့်အတွက် ဆေးရုံတက်ကုသမှု ခံယူနေကြောင်း သတင်းကို ထုတ်လွှင့်သွားတာ ကြည့်ရှုလိုက်ရပါသည်။ ဆရာ့အား တက်ကြွရွှင်လန်းစွာ အားပေးစကား ပြောကြားနေသော မကြာသေးမီကာလကမှ အကျဉ်းရဲတိုက်မှ လွတ်မြောက်လာသည့် အမျိုးသား ဒီမိုကရေအဖွဲ့ ချုပ် အတွင်းရေးမှူး သတင်းစာဆရာ၊ စာရေးဆရာကြီး ဦးဝင်းတင်ကိုလည်း တွေ့ မြင်လိုက် ရသည်။

ကျနော့်စိတ်တွင် တခုခုကို ခံစားရမိ၏။ စိုးရိမ်ပူပန်စိတ်လည်း ကြောင့်ကြောင့်ကြကြ ဖြစ်မိသည်အမှန်။ ဆရာ့အသက်ပင် လာမည့် ဖေဖော်ဝါရီလ ဆိုလျှင် ၇၇ နှစ်ပင် ပြည့်တော့မှာကို။ ဆရာက ၁၉၃၃ ခု ဖေဖော်ဝါရီ ၁ ရက် ဖွား။ ဆရာ့အသက်ကို တွက်ဆမိရင်းမှ စိုးရိမ်စိတ်က ပိုပြီး စိုးမိုးထိတ်လန့် မိပြန်သည်။ မြန်မာ စာပေနယ်၊ နိုင်ငံရေးနယ်ပယ်များက ထင်ရှားတဲ့ စာရေးဆရာကြီး စာရေးဆရာမကြီးများ၊ ခေါင်းဆောင် ကြီးများကို လက်ချိုးရေတွက်နေမိ၏။ အထူးသဖြင့် ဆရာ့၏တွဲလက်ဖော်များ ဖြစ်သည့် ဆရာမြသန်းတင့်၊ ဆရာကျော်အောင်၊ ဆရာမောင်နေ၀င်း (နေရီရီ)၊ ဆရာမင်းကျော်တို့ မှာ မြန်မာစာပေနယ်အတွက် ကြီးမား သော ဆုံးရှုံးမှုများအဖြစ် ဆုံးပါးကွယ်လွန်သွားကြပြီမဟုတ်လား။ နတ်နွယ်ဟု ဆိုလိုက်လျှင် “မြန်မာပြည် မြောက်ပိုင်း” ဟူသော အမှတ်အသားတခုက မြန်မာစာပေနယ်တွင် ထူစိုက်ထားခဲ့ပြီး ၀ိသေသဖြစ်နေသည်မှာ ခိုင်ခိုင်မာမာ မဟုတ်လား။


ထိုနေ့ က မိုးဝေမဂ္ဂဇင်း (၁၉၈၀-၉၀) ကာလများးကို ပြန်ပြောင်းအောက်မေ့နေမိသည်။ ၃၄ လမ်း၊ ၃၃ လမ်း မိုးဝေမဂ္ဂဇင်းတိုက်၊ အယ်ဒီတာများ။ စာရေးဆရာများ၊ ရေးဖော်ရေးဖက်များ၊ ရွှေကြည်အေးလက်ဘက် ရည်ဆိုင်၊ စာပေလောကပုံနှိပ်တိုက်၊ နဂါးနီထမင်းဆိုင်၊ ဘင်္ဂလီစုရှိ ၀င်းရွှေစင်ပုံနှိပ်တိုက်၊ ညနေရီ ဗိုလ်တ ထောင် ၄၂ လမ်း၊ ၅၂ လမ်းနှင့် ပုဇွန်တောင် ရေကျော်လမ်းမများ။ နှောင်းအတိတ် မိုးဝေဂီတသံစဉ်များက တလက်လက် လွင့်ပျံလာသလား ထင်မှတ်ခံစားရမိသလိုပါပဲ။

ကျနော် နိဒါန်းချီနေသည့် အကြောင်းမှာ ဆရာနတ်နွယ် ရေးသားသကဲ့သို့ “မိမိနှင့် စာရေးဆရာများ”၊ “တောအကြောင်းတောင်အကြောင်း”၊ သို့ တည်းမဟုတ် စာရေးဆရာ အယ်ဒီတာချုပ်တဦးဖြစ်သည့် ဆရာ့ အကြောင်း အတ္ထုပ္ပတ္တိအကျဉ်းမျိုးမဟုတ်ပါ။ အလားတူစွာပင် ကျနော်၏ စာပေသမိုင်း ဖြတ်သန်းမှုပုံရိပ်များကို ဖွဲ့ သီရန် ပလ္လင်ခံနေခြင်းလည်း မဟုတ်ပါချေ။ အညာမြေလတ် ဧရာဝတီအနောက်ဘက်ကမ်းက သာမန်စာပေ ၀ါသနာရှင်လူငယ်တဦးအား ကဗျာဆရာမောင်လွမ်းဏီအဖြစ် မွေးဖွားသန့် စင်ပေးခဲ့သည့် စာပေဖခင်တဦးသို့  စကားကြွေး သမိုင်းကြွေးဆပ်လိုရင်းအကြောင်းပါ။

ကျနော် ၁၊ ၈၀ ဖြင့် နရသိန် ဘ၀တက္ကသိုလ် (၁၉၇၅ - ၁၉၇၉) မှ အမေ့အိမ်ကို ပြန်ရောက်ပါသည်။ ကျောင်းလည်းဆက်မတက်ဖြစ်တော့ပါ။ မိခင်ကြီးက ကျနော်လုပ်ချင်သည့် စာအုပ်ဆိုင်လေးလုပ်ဖို့  ငွေစ ကြေးစလေး အနည်းအကျဉ်း ထုတ်ပေးပါသည်။ ကျနော့်မိဘများက ကြွယ်ဝသူများမဟုတ်ပါ။ မဆင်းရဲသော် လည်းနွမ်းပါးသူများပါ။ သာမန်လက်လုပ်လက်စား လူတန်းစားမျိုးပါ။ စာအုပ်ဆိုင်လေးမှာထိုင်ရင်း နရသိန်မှာ လေ့လာအားထုတ် ရုန်းကန်ပျိုးထောင်ခဲ့ရသည့် ကဗျာမျိုးစေ့လေးများကို ကျနော့် “ကျော်ကျော် စာပေ” စာအုပ်ဆိုင်နံရံများနှင့် ၀ါးကြမ်းခင်းပေါ်မှာ နေ့ တဓူဝ ကျဲပက်ရင်း ကဗျာမှော်ရုံတောကို ရှာဖွေတူးဆွနေမိခဲ့ သည်။ မိုးဝေသို့  အင်တိုက်အားတိုက် ကဗျာတွေရေးသားပေးပို့ နိုင်အောင် စေ့စော်လှုပ်ခတ်ပေးသူမှာ ကျနော့် ငယ်ပေါင်းကြီး စာပေဂျာနယ် ကဗျာဆရာ ဗဟိန်းအောင် (ကွယ်လွန်) ပါ။ သူ၏ စာပေကျေးဇူးကိုလည်း ဘယ်သောအခါကမှ မမေ့မလျော့ခဲ့ပါ။ ဆိုရလျှင် ပြီးပါပြီစာတန်းထိုးတော့ ကျနော့် စာအုပ်ဆိုင်လေးမှာ ကြွေး လည်ပင်းနစ်ခဲ့သည်။ ဆိုင်ပြုတ်သွားခဲ့သည်ဟု ပြောရပါမည်။ ဤအရှုံးထဲမှ အမြတ်မှာ ဆရာနတ် နှင့် ဆရာမောင်သွေးသစ်တို့  ပြန်လည်တာဝန်ယူ ကိုင်တွယ်သည့် မိုးဝေ မဂ္ဂဇင်းတွင် ကျနော့်ကဗျာလေးဖြစ်သည့် “ရွှေစက်တော်နွေ” ကဗျာလေးကို ၈၂ ဖေဖော်ဝါရီလတွင် ရွေးစာရင်း ဖော်ပြပါရှိခဲ့ခြင်းပင်ဖြစ်ပါသည်။ ဤနေရာ၌ ကျနော် ဖြည့်စွက်ပြောဆိုချင်တာရှိပါ၏။ ဤစာတွင် “စုံထောက် မဂ္ဂဇင်းမှ မိုးဝေမဂ္ဂဇင်းသို့  အမည်ပြောင်းလဲခဲ့သည့် (၁၉၆၈) မှ ဆရာနတ်နွယ် ဦးစီးပဲ့နင်းခဲ့သည့် (၁၉၆၉ - ၁၉၇၅) မိုးဝေမဂ္ဂဇင်း အကြောင်း၊ ဆရာညိုသစ်၊ ဆရာသန်းအုန်း ဦးဆောင်မောင်းနှင်ခဲ့သည့် (၁၉၇၆ - ၇၉) မိုးဝေအကြောင်း၊ ဆရာနတ်၊ ဆရာကိုသွေးသစ်၊ ဆရာမြင့်မောင်မောင်၊ ဆရာလွင်စမ်းယဉ်၊ ဆရာတင်ဆွေမိုး၊ ဆရာ ကောက်နွယ် (ကနောင်)၊ ကိုမျိုးဝင်း (မဟာနန္ဒာ)၊ ကိုသိန်းဦး (ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အုတ်တွင်း အမတ် စသူတို့ ၏ (၁၉၈၀ -၈၉) အဆက်ဆက် မိုးဝေမဂ္ဂဇင်း မုန်တိုင်းထန် ရေဆန်လေဆန် ဖြတ်သန်းခဲ့ သည်များကို အလျင်းသင့်လျှင် ဆက်လက်ရေးသားသွားလိုပါသေးသည်။ ထို့ ပြင် မိုးဝေ ကဗျာခေတ် ရှိမရှိ ဆိုသည့် ယနေ့ တိုင် အငြင်းပွားနေသည့် စာပေရှူခင်းများကိုလည်း သုတေသန၊ မှတ်တမ်းမှတ်ရာ ရှိသင့် သည့် အချိန်ကာလကိုလည်း ရောက်ရှိပြီဟု ယူဆမိပါသည်။ သီမှီလိုက်သည့် အယ်ဒီတာများ၊ စာရေးဆရာ များ၊ ကဗျာဆရာများ ပြည့်စုံအောင် ရေးကြရန်ကိုလည်း တိုက်တွန်းလိုပါ၏။ သို့ သော် အထက်တွင် ကျနော် ဆိုညွှန်းခဲ့ သကဲ့သို့  မိုးဝေ စာပေမဂ္ဂဇင်းသမိုင်းကို ခဏ တေးမှတ်ထားကြရအောင်ပါ။

ရွေးချယ်ထားသည့် “ရွှေစက်တော်နွေ” ကဗျာက ၈၂ ဇူလိုင်ထုတ်တွင် အတွင်းကဗျာအဖြစ် ဖော်ပြ ပါရှိခဲ့သည်။ ကျနော်၏ ပထမဆုံး ပုံနှိပ်ဖော်ပြခံရသည့်ကဗျာဖြစ်ပါ၏။ ကျနော်နှင့်အတူ ဆရာလှသန်း၊ ဆရာကွန်စစ်ကောင်း၊ ကျန်ကဗျာဆရာတဦးကိုမူ မမှတ်မိတော့ပါ၊ ဆရာလှသန်းမှာ “ဒီပင်္ကရ” ကဗျာရေးသည့် ဆရာကြည်မောင်သန်းပါ။ ၈၀ မိုးဝေခေတ်ပြိုင် ကဗျာလူငယ်ဆရာများအဖြစ် မွေးဖွားလာသူများကတော့ အောင်ဝေး၊ ကျော်စွာထက်၊ ချစ်လေးမြတ် (၀မ်းတွင်း)၊ ဒတ္ထ (ကိုအောင်ဒင်၊ ယခု ဒါရိုက်တာ မြန်မာ့ပြည် လွတ်မြောက်ရေးအဖွဲ့ ၊ အမေရိကန်၊) စိုးအိမ်၊ မောင်ဒေါင်း၊ မြေနု၊ ပန်းလှိုင်စိုး(ကျုံပျော်)၊ မောင်နေဦး(ရေဦး)၊ မောင်ခိုင်မွန် (ပုလိပ်)၊ မင်းမြင့်ဇင်၊ မောင်ခိုင်မိုး (မြို့ သစ်)၊ ၀င်းဌေးဦး(မင်းဘူး)၊ မောင်မုန်းမာန် (တောင်တွင်း)၊ ဒဿနေမင်း (ရေတာရှည်)၊ နီဇော်(ပျဉ်းမနား) စသဖြင့်။ နှစ် ၂၀ ကျော်ခဲ့ပြီဆိုတော့ တချို့  ကျန်ရှိသည့် မြန်မာ ပြည် တနံတလျားက မိုးဝေ ကဗျာဆရာများကိုလည်း ချန်လှပ်ထားခြင်းမဟုတ်ဘဲ ကျနော့်၏ မေ့လျော့ ညံ့ဖြင်း မှုများအဖြစ် မှတ်ယူစေလိုပါသည်။

ယင်းနောက်ပိုင်း ကျနော့် ကဗျာလေးများ ၃ - ၄ ပုဒ်လောက် ပါအပြီး “ကြေးနီရထား” ကဗျာဖြင့် မိုးဝေ ရှေ့ တန်း ကဗျာဆရာ ဖြစ်ခဲ့ပါသည်။ သို့ သော် ကျနော် ပို့ တိုင်းဖော်ပြသည်တော့မဟုတ်ပါ။ ဆရာနတ်က ဘယ်သောအခါမှ ပယ်ထားတယ်ဟု မပြောပါ၊ “မောင်ရင့်ကဗျာ ဒီအပတ်ပို့ တာတွေ အားမရဘူးကွာ။ အား စိုက်စမ်းပါ၊ တလတလ ကဗျာထောင်ကျော်ထဲက ၁၀ စာရင်းဝင်နေအောင် ကြိုးစားနိုင်မှ ကဗျာဆရာ ဖြစ်မှာ ပေါ့၊” ဒါပဲ ပြောပါသည်။ ကဗျာရေးသက်လေးရလာသည်နှင့်အမျှ ဆရာနတ်မိသားစု၊ ကိုသွေးသစ် မိသားစုတို့ နှင့်လည်း မိသားစုဝင်တွေလို ဖြစ်လာခဲ့ပါသည်။ ဆရာနတ်၏သား မင်းထွန်းနွယ်က မိုးဝေတိုက်တွင် အမှု ဆောင် အယ်ဒီတာ။ နယ်မှ ရန်ကုန်ရောက်သည့်အခိုက် ကြိုးကြားရံခါ ဆရာနတ်အိမ်၊ မင်းထွန်းနွယ်တို့  အိမ် များတွင် အိပ်သည်။ တခါတရံ ကျနော့်ကဗျာလေးများကို ဝေဖန်ညွှန်ပြပေးသည့် ကဗျာဆရာ အောင်ဇင်မင်း နှင့် ဇနီး ကဗျာဆရာမဧဧသန်းတို့  အိမ်များတွင် နားခိုမှေးစက်ခဲ့သည့်ညများ မရေတွက်နိုင်။ နောက်ပိုင်းတော့ လုံးလုံးလျားလျား ရေကျော် ဇီဇ၀ါလမ်းရှိ ကိုသွေးသစ်အိမ်သည် ကျနော့်မိသားစုအိမ်လို ဖြစ်သွားပါတော့ သည်။

ကျနော်ရေးလိုသည့် အကြောင်းရင်းခံကို ရေးပါတော့မည်။ အကြောင်းက ဒီလိုပါ။ ဆရာနတ်က “မိမိနှင့်စာရေးဆရာများ” စာအုပ်တွင် “မိမိနှင့် မော်သွေးသစ်” စာမျက်နှာ ၃၇၈ - ၄၀၇ တွင် ဆရာနတ်နှင့် ကိုသွေးတို့  စတင်ဆုံစည်းမှု။ စာပေလှုပ်ရှားမှုများ၊ စာပေဟောပြောပွဲခရီးများ၊ မိုးဝေမဂ္ဂဇင်းအယ်ဒီတာ များဘ၀ ရုန်းကန်လှုပ်ရှားခဲ့ရပုံများ၊ အခက်အခဲ အကျပ်အတည်းများ၊ တိုက်ပွဲများ၊ ထုတ်ဝသူနှင့် ဆက်ဆံ ရေးများ၊ မိုးဝေ လက်ပြောင်းလက်လွှဲ ပြုခဲ့ရသည့် အခြေအနေများကို အသေးစိတ် ရေးပြထားပါသည်။

အရေးကြီးလှသည့်အတွက် ဆရာနတ်ရေးသည့်အထဲမှ စာပိုဒ်အချို့ ကို ကောက်နုတ်ဖော်ပြလိုပါ သည်။

“ နောက်ဆုံးအကြိမ်တွင်ကား အတော်ကြီးပင် အကျပ်အတည်း ဖြစ်ကြရသည်။ မဂ္ဂဇင်းမထွက်နိုင်ပဲ ဖြစ်နေသည်။ ပိုင်ရှင်ကလည်း မဂ္ဂဇင်း ရပ်သွားမည်ကို စိုးရိမ်နေသည်။ ရရန်ရှိသူ သုံးလေးဦးကလည်း သူတို့ ရရန်ရှိသည်များကို မရမှာစိုးရိမ်နေကြသည်။ မိမိတို့ နှစ်ယောက်လည်း ကြားဝင်ပြီး အာမခံရင်းနှင့် ကြား ညပ်နေသည်။ နောက်ဆုံးတွင် ထွက်ပေါက်ကို ရှာရင်းရှာရင်းနှင့် တဦးအပေါ်တဦး မယုံသင်္ကာစရာများ ဖြစ်လာသည်။ မိမိတို့ အနေနှင့်လည်း တဦးနှင့် ပူးပေါင်းခဲ့လျှင် အခြားတဦးကို ထိခိုက်နစ်နာစေသလို ဖြစ်နေ သည်။ နောက်ဆုံးတွင် မိမိတို့ နှစ်ယောက် အယ်ဒီတာ အဖြစ်မှ နုတ်ထွက်လိုက်ကြသည်။ ဤကား အဖြစ်မှန်။ မှန်သည် မှားသည် ဟု မိမိ မပြောလို။

သို့ သော် ပြဿနာတခု ဖြစ်လာသည်။ မိုးဝေကို တယောက်က တာဝန်ယူထုတ်ဝေသောအခါ မောင်သွေးသစ်က အယ်ဒီတာလုပ်သည်။ သည်အကြောင်းကို သူက မိမိကို တိုင်ပင်ခြင်းမရှိ။ အနားကပ်ပြီးမှ အသိပေးခြင်းသာပြုသည်။ သို့ ဖြင့် မိမိက မိုးဝေနှင့်ရော၊ မောင်သွေးသစ်နှင့်ရော အဆက်ဖြတ်လိုက်သည်။”

(စာ - ၄၈၆ - ၄၈၇)။

အမှန်တကယ် ဖြစ်စဉ်မှာ ကျနော့်ပယောဂ မကင်းဟုဆိုရချေမည်။ ဆရာနတ်နှင့်ကိုသွေးတို့ နုတ်ထွက် သွားကြပြီးနောက် ကိုမျိုးဝင်း (မဟာနန္ဒာ)က မိုးဝေကို ဆက်ထုတ်သည်။ အယ်ဒီတာချုပ်အဖြစ် ဆရာတင် ဆွေမိုးက တာဝန်ယူသည်။ ကျနော်ကတော့ မိုးဝေရဲဘော်အဖြစ် ဘယ်အယ်ဒီတာအပြောင်းအလဲ ဖြစ်ဖြစ် မိုးဝေစာမျက်နှာကိုတော့ အဆုံးရှုံး မခံချင်၍ ဆက်ရေးသည်။ ဆရာနတ်တို့ က သဘောပေါက်ကြ ပါသည်။ တဖန် မည်သည့်အကြောင်းကြောင့်မသိပါ။ ဆရာတင်ဆွေမိုးလည်း မိုးဝေအယ်ဒီတာချုပ်တာဝန်မှ နုတ်ထွက် သွားပြန်ပါသည်။ တနေ့  ကိုမျိုးဝင်းက ကျနော့်ကိုခေါ်၍ မိုးဝေအခြေအနေများကို ရှင်းပြ၏။ အထူးသဖြင့် အယ်ဒီတာ အခက်အခဲကြောင့် မိုးဝေ ရပ်ရလျှင် မသင့်တော်ကြောင်း။ အယ်ဒီတာချုပ် မထားတော့ပဲ တာဝန်ခံအယ်ဒီတာ ထားရှိပြီး လုပ်လျှင်ကောင်းမလား အကြံတောင်းသည်။ တာဝန်ခံအယ်ဒီတာနေရာမှာ လည်း ကိုသွေးသစ်ကို ညှိနှိုင်းပေးပါလားဟု ဆိုလာသည်။ ဤတွင် ကျနော်က အားတက်သရော ခေါင်းငြိမ့် မီးစိမ်းပြလိုက်သည်။ ကျနော်က ကိုသွေးတို့  ရေကျော်အိမ်မှာ အကျွမ်းတ၀င် နေထိုင်နေသူကိုး။ တပတ် ဆယ်ရက်လောက် ကိုသွေးနှင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်းဖြစ်ကြသည်။ နှစ်ဦးသားခံယူချက်တူညီမှုက မိုးဝေကိုတော့ ဘယ်သူ့ လက်ထဲမှာမှ သမိုင်းအစဉ်အလာ အပျက် မခံနိုင်။ ကျနော်တို့  နှစ်ဦးက မိုးဝေကို ချစ်ခင်စုံမက်မှုဖြင့် ဆင်ကန်းတောတိုး ပြုမှုခဲ့ခြင်းသာဖြစ်သည်။ အမှန်တကယ်ပင် ကျနော်တို့ နှစ်ဦးက အခြေအနေအရပ်ရပ်ကို ဆရာနတ်ကိုရှင်းပြ အသိပေးသင့်သိမှာအမှန်ပါပဲ။ ကိုသွေးစိတ်ထဲ မည်သို့ ရှိမည် ကိုတော့ ကျနော်မမှန်းဆတတ်ပါ။ ကျနော်ကတော့ ကိုယ့်ဇောနှင့်ကှိုယ် ရိုးရိုးသားသား မေ့လျော့ခဲ့မှုသာ ဖြစ်သည်။ တနည်းပြောရလျှင်လည်း မိုးဝေကို သံယောဇဉ်ကြီးမားသည့် ကိုသွေးကို စည်းရုံးခဲ့သည်မှာ ကျနော်။ ကြံဖော်ကြံဖက် ကျနော်တို့ နှစ်ဦးအနက်တွင်မှ ကံကွက်ကြား၍ ကိုသွေးချည်း တာဝန်ရှိသူ မဟုတ်ပါ။ ကျနော်က ပထမ တရားခံ ဖြစ်ကြောင်း ဆရာနတ်ကို ၀န်ခံဖြောင့်ချက်ပေးလိုခြင်းနှင့်အတူ ရို့ ကျိုးတောင်းပန် လိုခြင်းလည်း ဖြစ်ပါသည်။

“မည်သို့ ပင်ဆိုစေ။

မောင်သွေးသစ်သည် မိုးဝေမဂ္ဂဇင်းမှ မဂ္ဂဇင်း အတတ်ပညာများ ရရှိခဲ့သည်ဆိုလျှင် မိမိသည် စာရေး ဆရာ “မိုးဝေ” ထံမှ စာပေအတတ်ပညာများ ရရှိခဲ့ပါသည်။ မိုးဝေနှင့် ကင်းရှင်းသည်ဟု မိမိတို့  မည်သည့်အခါ တွင်မျှ ငြင်းနိုင်ကြမည်မဟုတ်ပါ။” ဟု ဆရာနတ်က ရွှေဝတ်မှုန် မဂ္ဂဇင်း၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ ၁၉၉၁) တွင် ”မိမိနှင့်မောင်သွေးသစ်” အခန်းဆက်ကို ရေးသားခဲ့ပါသည်။

ကျနော့်အနေဖြင့်မူ့ 

ဆရာနတ်နွယ်နှင့် ဆရာမောင်သွေးသစ်တို့ ထံမှ မဂ္ဂဇင်းအတတ်ပညာတချို့ ကို ရရှိခဲ့သကဲ့သို့  စာပေသဘောတရား၊ စာပေအတတ်ပညာတချို့ ကိုလည်း အမွေခံခဲ့ရပါသည်။ မည်သည့်အခါတွင်မျှ မိုးဝေနှင့် ဝေးကွာနေရသည်ဟု ခံစားချက်မဖြစ်ပေါ်ခဲ့ဘူးပါချေ။

ဆရာနတ် ကျန်းမာသက်ရှည်ပါစေ။



မောင်လွမ်းဏီ

၂၃-၉-၀၉မိုးဝေမဂ္ဂဇင်း သံကြိုးကွင်းဆက်များ



တလောက ဒီဗွီဘီ ရုပ်မြင်သံကြားအစီအစဉ်မှ ပြည်တွင်းသတင်းတပုဒ်တွင် စာရေးဆရာကြီး (ဦး) နတ်နွယ် လူကြီးရောဂါဖြင့် ကျန်းမာရေးဆိုးဝါးနေသည့်အတွက် ဆေးရုံတက်ကုသမှု ခံယူနေကြောင်း သတင်းကို ထုတ်လွှင့်သွားတာ ကြည့်ရှုလိုက်ရပါသည်။ ဆရာ့အား တက်ကြွရွှင်လန်းစွာ အားပေးစကား ပြောကြားနေသော မကြာသေးမီကာလကမှ အကျဉ်းရဲတိုက်မှ လွတ်မြောက်လာသည့် အမျိုးသား ဒီမိုကရေအဖွဲ့ ချုပ် အတွင်းရေးမှူး သတင်းစာဆရာ၊ စာရေးဆရာကြီး ဦးဝင်းတင်ကိုလည်း တွေ့ မြင်လိုက် ရသည်။

ကျနော့်စိတ်တွင် တခုခုကို ခံစားရမိ၏။ စိုးရိမ်ပူပန်စိတ်လည်း ကြောင့်ကြောင့်ကြကြ ဖြစ်မိသည်အမှန်။ ဆရာ့အသက်ပင် လာမည့် ဖေဖော်ဝါရီလ ဆိုလျှင် ၇၇ နှစ်ပင် ပြည့်တော့မှာကို။ ဆရာက ၁၉၃၃ ခု ဖေဖော်ဝါရီ ၁ ရက် ဖွား။ ဆရာ့အသက်ကို တွက်ဆမိရင်းမှ စိုးရိမ်စိတ်က ပိုပြီး စိုးမိုးထိတ်လန့် မိပြန်သည်။ မြန်မာ စာပေနယ်၊ နိုင်ငံရေးနယ်ပယ်များက ထင်ရှားတဲ့ စာရေးဆရာကြီး စာရေးဆရာမကြီးများ၊ ခေါင်းဆောင် ကြီးများကို လက်ချိုးရေတွက်နေမိ၏။ အထူးသဖြင့် ဆရာ့၏တွဲလက်ဖော်များ ဖြစ်သည့် ဆရာမြသန်းတင့်၊ ဆရာကျော်အောင်၊ ဆရာမောင်နေ၀င်း (နေရီရီ)၊ ဆရာမင်းကျော်တို့ မှာ မြန်မာစာပေနယ်အတွက် ကြီးမား သော ဆုံးရှုံးမှုများအဖြစ် ဆုံးပါးကွယ်လွန်သွားကြပြီမဟုတ်လား။ နတ်နွယ်ဟု ဆိုလိုက်လျှင် “မြန်မာပြည် မြောက်ပိုင်း” ဟူသော အမှတ်အသားတခုက မြန်မာစာပေနယ်တွင် ထူစိုက်ထားခဲ့ပြီး ၀ိသေသဖြစ်နေသည်မှာ ခိုင်ခိုင်မာမာ မဟုတ်လား။

ထိုနေ့ က မိုးဝေမဂ္ဂဇင်း (၁၉၈၀-၉၀) ကာလများးကို ပြန်ပြောင်းအောက်မေ့နေမိသည်။ ၃၄ လမ်း၊ ၃၃ လမ်း မိုးဝေမဂ္ဂဇင်းတိုက်၊ အယ်ဒီတာများ။ စာရေးဆရာများ၊ ရေးဖော်ရေးဖက်များ၊ ရွှေကြည်အေးလက်ဘက် ရည်ဆိုင်၊ စာပေလောကပုံနှိပ်တိုက်၊ နဂါးနီထမင်းဆိုင်၊ ဘင်္ဂလီစုရှိ ၀င်းရွှေစင်ပုံနှိပ်တိုက်၊ ညနေရီ ဗိုလ်တ ထောင် ၄၂ လမ်း၊ ၅၂ လမ်းနှင့် ပုဇွန်တောင် ရေကျော်လမ်းမများ။ နှောင်းအတိတ် မိုးဝေဂီသံစဉ်များက တလက်လက် လွင့်ပျံလာသလား ထင်မှတ်ခံစားရမိသလိုပါပဲ။

ကျနော် နိဒါန်းချီနေသည့် အကြောင်းမှာ ဆရာနတ်နွယ် ရေးသားသကဲ့သို့ “မိမိနှင့် စာရေးဆရာများ”၊ “တောအကြောင်းတောင်အကြောင်း”၊ သို့ တည်းမဟုတ် စာရေးဆရာ အယ်ဒီတာချုပ်တဦးဖြစ်သည့် ဆရာ့ အကြောင်း အတ္ထုပ္ပတ္တိအကျဉ်းမျိုးမဟုတ်ပါ။ အလားတူစွာပင် ကျနော်၏ စာပေသမိုင်း ဖြတ်သန်းမှုပုံရိပ်များကို ဖွဲ့ သီရန် ပလ္လင်ခံနေခြင်းလည်း မဟုတ်ပါချေ။ အညာမြေလတ် ဧရာဝတီအနောက်ဘက်ကမ်းက သာမန်စာပေ ၀ါသနာရှင်လူငယ်တဦးအား ကဗျာဆရာမောင်လွမ်းဏီအဖြစ် မွေးဖွားသန့် စင်ပေးခဲ့သည့် စာပေဖခင်တဦးသို့  စကားကြွေး သမိုင်းကြွေးဆပ်လိုရင်းအကြောင်းပါ။

ကျနော် ၁၊ ၈၀ ဖြင့် နရသိန် ဘ၀တက္ကသိုလ် (၁၉၇၅ - ၁၉၇၉) မှ အမေ့အိမ်ကို ပြန်ရောက်ပါသည်။ ကျောင်းလည်းဆက်မတက်ဖြစ်တော့ပါ။ မိခင်ကြီးက ကျနော်လုပ်ချင်သည့် စာအုပ်ဆိုင်လေးလုပ်ဖို့  ငွေစ ကြေးစလေး အနည်းအကျဉ်း ထုတ်ပေးပါသည်။ ကျနော့်မိဘများက ကြွယ်ဝသူများမဟုတ်ပါ။ မဆင်းရဲသော် လည်းနွမ်းပါးသူများပါ။ သာမန်လက်လုပ်လက်စား လူတန်းစားမျိုးပါ။ စာအုပ်ဆိုင်လေးမှာထိုင်ရင်း နရသိန်မှာ လေ့လာအားထုတ် ရုန်းကန်ပျိုးထောင်ခဲ့ရသည့် ကဗျာမျိုးစေ့လေးများကို ကျနော့် “ကျော်ကျော် စာပေ” စာအုပ်ဆိုင်နံရံများနှင့် ၀ါးကြမ်းခင်းပေါ်မှာ နေ့ တဓူဝ ကျဲပက်ရင်း ကဗျာမှော်ရုံတောကို ရှာဖွေတူးဆွနေမိခဲ့ သည်။ မိုးဝေသို့  အင်တိုက်အားတိုက် ကဗျာတွေရေးသားပေးပို့ နိုင်အောင် စေ့စော်လှုပ်ခတ်ပေးသူမှာ ကျနော့် ငယ်ပေါင်းကြီး စာပေဂျာနယ် ကဗျာဆရာ ဗဟိန်းအောင် (ကွယ်လွန်) ပါ။ သူ၏ စာပေကျေးဇူးကိုလည်း ဘယ်သောအခါကမှ မမေ့မလျော့ခဲ့ပါ။ ဆိုရလျှင် ပြီးပါပြီစာတန်းထိုးတော့ ကျနော့် စာအုပ်ဆိုင်လေးမှာ ကြွေး လည်ပင်းနစ်ခဲ့သည်။ ဆိုင်ပြုတ်သွားခဲ့သည်ဟု ပြောရပါမည်။ ဤအရှုံးထဲမှ အမြတ်မှာ ဆရာနတ် နှင့် ဆရာမောင်သွေးသစ်တို့  ပြန်လည်တာဝန်ယူ ကိုင်တွယ်သည့် မိုးဝေ မဂ္ဂဇင်းတွင် ကျနော့်ကဗျာလေးဖြစ်သည့် “ရွှေစက်တော်နွေ” ကဗျာလေးကို ၈၂ ဖေဖော်ဝါရီလတွင် ရွေးစာရင်း ဖော်ပြပါရှိခဲ့ခြင်းပင်ဖြစ်ပါသည်။ ဤနေရာ၌ ကျနော် ဖြည့်စွက်ပြောဆိုချင်တာရှိပါ၏။ ဤစာတွင် “စုံထောက် မဂ္ဂဇင်းမှ မိုးဝေမဂ္ဂဇင်းသို့  အမည်ပြောင်းလဲခဲ့သည့် (၁၉၆၈) မှ ဆရာနတ်နွယ် ဦးစီးပဲ့နင်းခဲ့သည့် (၁၉၆၉ - ၁၉၇၅) မိုးဝေမဂ္ဂဇင်း အကြောင်း၊ ဆရာညိုသစ်၊ ဆရာသန်းအုန်း ဦးဆောင်မောင်းနှင်ခဲ့သည့် (၁၉၇၆ - ၇၉) မိုးဝေအကြောင်း၊ ဆရာနတ်၊ ဆရာကိုသွေးသစ်၊ ဆရာမြင့်မောင်မောင်၊ ဆရာလွင်စမ်းယဉ်၊ ဆရာတင်ဆွေမိုး၊ ဆရာ ကောက်နွယ် (ကနောင်)၊ ကိုမျိုးဝင်း (မဟာနန္ဒာ)၊ ကိုသိန်းဦး (ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အုတ်တွင်း အမတ် စသူတို့ ၏ (၁၉၈၀ -၈၉) အဆက်ဆက် မိုးဝေမဂ္ဂဇင်း မုန်တိုင်းထန် ရေဆန်လေဆန် ဖြတ်သန်းခဲ့ သည်များကို အလျင်းသင့်လျှင် ဆက်လက်ရေးသားသွားလိုပါသေးသည်။ ထို့ ပြင် မိုးဝေ ကဗျာခေတ် ရှိမရှိ ဆိုသည့် ယနေ့ တိုင် အငြင်းပွားနေသည့် စာပေရှူခင်းများကိုလည်း သုတေသန၊ မှတ်တမ်းမှတ်ရာ ရှိသင့် သည့် အချိန်ကာလကိုလည်း ရောက်ရှိပြီဟု ယူဆမိပါသည်။ သီမှီလိုက်သည့် အယ်ဒီတာများ၊ စာရေးဆရာ များ၊ ကဗျာဆရာများ ပြည့်စုံအောင် ရေးကြရန်ကိုလည်း တိုက်တွန်းလိုပါ၏။ သို့ သော် အထက်တွင် ကျနော် ဆိုညွှန်းခဲ့ သကဲ့သို့  မိုးဝေ စာပေမဂ္ဂဇင်းသမိုင်းကို ခဏ တေးမှတ်ထားကြရအောင်ပါ။

ရွေးချယ်ထားသည့် “ရွှေစက်တော်နွေ” ကဗျာက ၈၂ ဇူလိုင်ထုတ်တွင် အတွင်းကဗျာအဖြစ် ဖော်ပြ ပါရှိခဲ့သည်။ ကျနော်၏ ပထမဆုံး ပုံနှိပ်ဖော်ပြခံရသည့်ကဗျာဖြစ်ပါ၏။ ကျနော်နှင့်အတူ ဆရာလှသန်း၊ ဆရာကွန်စစ်ကောင်း၊ ကျန်ကဗျာဆရာတဦးကိုမူ မမှတ်မိတော့ပါ၊ ဆရာလှသန်းမှာ “ဒီပင်္ကရ” ကဗျာရေးသည့် ဆရာကြည်မောင်သန်းပါ။ ၈၀ မိုးဝေခေတ်ပြိုင် ကဗျာလူငယ်ဆရာများအဖြစ် မွေးဖွားလာသူများကတော့ အောင်ဝေး၊ ကျော်စွာထက်၊ ချစ်လေးမြတ် (၀မ်းတွင်း)၊ ဒတ္ထ (ကိုအောင်ဒင်၊ ယခု ဒါရိုက်တာ မြန်မာ့ပြည် လွတ်မြောက်ရေးအဖွဲ့ ၊ အမေရိကန်၊) စိုးအိမ်၊ မောင်ဒေါင်း၊ မြေနု၊ ပန်းလှိုင်စိုး(ကျုံပျော်)၊ မောင်နေဦး(ရေဦး)၊ မောင်ခိုင်မွန် (ပုလိပ်)၊ မင်းမြင့်ဇင်၊ မောင်ခိုင်မိုး (မြို့ သစ်)၊ ၀င်းဌေးဦး(မင်းဘူး)၊ မောင်မုန်းမာန် (တောင်တွင်း)၊ ဒဿနေမင်း (ရေတာရှည်)၊ နီဇော်(ပျဉ်းမနား) စသဖြင့်။ နှစ် ၂၀ ကျော်ခဲ့ပြီဆိုတော့ တချို့  ကျန်ရှိသည့် မြန်မာ ပြည် တနံတလျားက မိုးဝေ ကဗျာဆရာများကိုလည်း ချန်လှပ်ထားခြင်းမဟုတ်ဘဲ ကျနော့်၏ မေ့လျော့ ညံ့ဖြင်း မှုများအဖြစ် မှတ်ယူစေလိုပါသည်။

ယင်းနောက်ပိုင်း ကျနော့် ကဗျာလေးများ ၃ - ၄ ပုဒ်လောက် ပါအပြီး “ကြေးနီရထား” ကဗျာဖြင့် မိုးဝေ ရှေ့ တန်း ကဗျာဆရာ ဖြစ်ခဲ့ပါသည်။ သို့ သော် ကျနော် ပို့ တိုင်းဖော်ပြသည်တော့မဟုတ်ပါ။ ဆရာနတ်က ဘယ်သောအခါမှ ပယ်ထားတယ်ဟု မပြောပါ၊ “မောင်ရင့်ကဗျာ ဒီအပတ်ပို့ တာတွေ အားမရဘူးကွာ။ အား စိုက်စမ်းပါ၊ တလတလ ကဗျာထောင်ကျော်ထဲက ၁၀ စာရင်းဝင်နေအောင် ကြိုးစားနိုင်မှ ကဗျာဆရာ ဖြစ်မှာ ပေါ့၊” ဒါပဲ ပြောပါသည်။ ကဗျာရေးသက်လေးရလာသည်နှင့်အမျှ ဆရာနတ်မိသားစု၊ ကိုသွေးသစ် မိသားစုတို့ နှင့်လည်း မိသားစုဝင်တွေလို ဖြစ်လာခဲ့ပါသည်။ ဆရာနတ်၏သား မင်းထွန်းနွယ်က မိုးဝေတိုက်တွင် အမှု ဆောင် အယ်ဒီတာ။ နယ်မှ ရန်ကုန်ရောက်သည့်အခိုက် ကြိုးကြားရံခါ ဆရာနတ်အိမ်၊ မင်းထွန်းနွယ်တို့  အိမ် များတွင် အိပ်သည်။ တခါတရံ ကျနော့်ကဗျာလေးများကို ဝေဖန်ညွှန်ပြပေးသည့် ကဗျာဆရာ အောင်ဇင်မင်း နှင့် ဇနီး ကဗျာဆရာမဧဧသန်းတို့  အိမ်များတွင် နားခိုမှေးစက်ခဲ့သည့်ညများ မရေတွက်နိုင်။ နောက်ပိုင်းတော့ လုံးလုံးလျားလျား ရေကျော် ဇီဇ၀ါလမ်းရှိ ကိုသွေးသစ်အိမ်သည် ကျနော့်မိသားစုအိမ်လို ဖြစ်သွားပါတော့ သည်။

ကျနော်ရေးလိုသည့် အကြောင်းရင်းခံကို ရေးပါတော့မည်။ အကြောင်းက ဒီလိုပါ။ ဆရာနတ်က “မိမိနှင့်စာရေးဆရာများ” စာအုပ်တွင် “မိမိနှင့် မော်သွေးသစ်” စာမျက်နှာ ၃၇၈ - ၄၀၇ တွင် ဆရာနတ်နှင့် ကိုသွေးတို့  စတင်ဆုံစည်းမှု။ စာပေလှုပ်ရှားမှုများ၊ စာပေဟောပြောပွဲခရီးများ၊ မိုးဝေမဂ္ဂဇင်းအယ်ဒီတာ များဘ၀ ရုန်းကန်လှုပ်ရှားခဲ့ရပုံများ၊ အခက်အခဲ အကျပ်အတည်းများ၊ တိုက်ပွဲများ၊ ထုတ်ဝသူနှင့် ဆက်ဆံ ရေးများ၊ မိုးဝေ လက်ပြောင်းလက်လွှဲ ပြုခဲ့ရသည့် အခြေအနေများကို အသေးစိတ် ရေးပြထားပါသည်။

အရေးကြီးလှသည့်အတွက် ဆရာနတ်ရေးသည့်အထဲမှ စာပိုဒ်အချို့ ကို ကောက်နုတ်ဖော်ပြလိုပါ သည်။

“ နောက်ဆုံးအကြိမ်တွင်ကား အတော်ကြီးပင် အကျပ်အတည်း ဖြစ်ကြရသည်။ မဂ္ဂဇင်းမထွက်နိုင်ပဲ ဖြစ်နေသည်။ ပိုင်ရှင်ကလည်း မဂ္ဂဇင်း ရပ်သွားမည်ကို စိုးရိမ်နေသည်။ ရရန်ရှိသူ သုံးလေးဦးကလည်း သူတို့ ရရန်ရှိသည်များကို မရမှာစိုးရိမ်နေကြသည်။ မိမိတို့ နှစ်ယောက်လည်း ကြားဝင်ပြီး အာမခံရင်းနှင့် ကြား ညပ်နေသည်။ နောက်ဆုံးတွင် ထွက်ပေါက်ကို ရှာရင်းရှာရင်းနှင့် တဦးအပေါ်တဦး မယုံသင်္ကာစရာများ ဖြစ်လာသည်။ မိမိတို့ အနေနှင့်လည်း တဦးနှင့် ပူးပေါင်းခဲ့လျှင် အခြားတဦးကို ထိခိုက်နစ်နာစေသလို ဖြစ်နေ သည်။ နောက်ဆုံးတွင် မိမိတို့ နှစ်ယောက် အယ်ဒီတာ အဖြစ်မှ နုတ်ထွက်လိုက်ကြသည်။ ဤကား အဖြစ်မှန်။ မှန်သည် မှားသည် ဟု မိမိ မပြောလို။

သို့ သော် ပြဿနာတခု ဖြစ်လာသည်။ မိုးဝေကို တယောက်က တာဝန်ယူထုတ်ဝေသောအခါ မောင်သွေးသစ်က အယ်ဒီတာလုပ်သည်။ သည်အကြောင်းကို သူက မိမိကို တိုင်ပင်ခြင်းမရှိ။ အနားကပ်ပြီးမှ အသိပေးခြင်းသာပြုသည်။ သို့ ဖြင့် မိမိက မိုးဝေနှင့်ရော၊ မောင်သွေးသစ်နှင့်ရော အဆက်ဖြတ်လိုက်သည်။”

(စာ - ၄၈၆ - ၄၈၇)။

အမှန်တကယ် ဖြစ်စဉ်မှာ ကျနော့်ပယောဂ မကင်းဟုဆိုရချေမည်။ ဆရာနတ်နှင့်ကိုသွေးတို့ နုတ်ထွက် သွားကြပြီးနောက် ကိုမျိုးဝင်း (မဟာနန္ဒာ)က မိုးဝေကို ဆက်ထုတ်သည်။ အယ်ဒီတာချုပ်အဖြစ် ဆရာတင် ဆွေမိုးက တာဝန်ယူသည်။ ကျနော်ကတော့ မိုးဝေရဲဘော်အဖြစ် ဘယ်အယ်ဒီတာအပြောင်းအလဲ ဖြစ်ဖြစ် မိုးဝေစာမျက်နှာကိုတော့ အဆုံးရှုံး မခံချင်၍ ဆက်ရေးသည်။ ဆရာနတ်တို့ က သဘောပေါက်ကြ ပါသည်။ တဖန် မည်သည့်အကြောင်းကြောင့်မသိပါ။ ဆရာတင်ဆွေမိုးလည်း မိုးဝေအယ်ဒီတာချုပ်တာဝန်မှ နုတ်ထွက် သွားပြန်ပါသည်။ တနေ့  ကိုမျိုးဝင်းက ကျနော့်ကိုခေါ်၍ မိုးဝေအခြေအနေများကို ရှင်းပြ၏။ အထူးသဖြင့် အယ်ဒီတာ အခက်အခဲကြောင့် မိုးဝေ ရပ်ရလျှင် မသင့်တော်ကြောင်း။ အယ်ဒီတာချုပ် မထားတော့ပဲ တာဝန်ခံအယ်ဒီတာ ထားရှိပြီး လုပ်လျှင်ကောင်းမလား အကြံတောင်းသည်။ တာဝန်ခံအယ်ဒီတာနေရာမှာ လည်း ကိုသွေးသစ်ကို ညှိနှိုင်းပေးပါလားဟု ဆိုလာသည်။ ဤတွင် ကျနော်က အားတက်သရော ခေါင်းငြိမ့် မီးစိမ်းပြလိုက်သည်။ ကျနော်က ကိုသွေးတို့  ရေကျော်အိမ်မှာ အကျွမ်းတ၀င် နေထိုင်နေသူကိုး။ တပတ် ဆယ်ရက်လောက် ကိုသွေးနှင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်းဖြစ်ကြသည်။ နှစ်ဦးသားခံယူချက်တူညီမှုက မိုးဝေကိုတော့ ဘယ်သူ့ လက်ထဲမှာမှ သမိုင်းအစဉ်အလာ အပျက် မခံနိုင်။ ကျနော်တို့  နှစ်ဦးက မိုးဝေကို ချစ်ခင်စုံမက်မှုဖြင့် ဆင်ကန်းတောတိုး ပြုမှုခဲ့ခြင်းသာဖြစ်သည်။ အမှန်တကယ်ပင် ကျနော်တို့ နှစ်ဦးက အခြေအနေအရပ်ရပ်ကို ဆရာနတ်ကိုရှင်းပြ အသိပေးသင့်သိမှာအမှန်ပါပဲ။ ကိုသွေးစိတ်ထဲ မည်သို့ ရှိမည် ကိုတော့ ကျနော်မမှန်းဆတတ်ပါ။ ကျနော်ကတော့ ကိုယ့်ဇောနှင့်ကှိုယ် ရိုးရိုးသားသား မေ့လျော့ခဲ့မှုသာ ဖြစ်သည်။ တနည်းပြောရလျှင်လည်း မိုးဝေကို သံယောဇဉ်ကြီးမားသည့် ကိုသွေးကို စည်းရုံးခဲ့သည်မှာ ကျနော်။ ကြံဖော်ကြံဖက် ကျနော်တို့ နှစ်ဦးအနက်တွင်မှ ကံကွက်ကြား၍ ကိုသွေးချည်း တာဝန်ရှိသူ မဟုတ်ပါ။ ကျနော်က ပထမ တရားခံ ဖြစ်ကြောင်း ဆရာနတ်ကို ၀န်ခံဖြောင့်ချက်ပေးလိုခြင်းနှင့်အတူ ရို့ ကျိုးတောင်းပန် လိုခြင်းလည်း ဖြစ်ပါသည်။

“မည်သို့ ပင်ဆိုစေ။

မောင်သွေးသစ်သည် မိုးဝေမဂ္ဂဇင်းမှ မဂ္ဂဇင်း အတတ်ပညာများ ရရှိခဲ့သည်ဆိုလျှင် မိမိသည် စာရေး ဆရာ “မိုးဝေ” ထံမှ စာပေအတတ်ပညာများ ရရှိခဲ့ပါသည်။ မိုးဝေနှင့် ကင်းရှင်းသည်ဟု မိမိတို့  မည်သည့်အခါ တွင်မျှ ငြင်းနိုင်ကြမည်မဟုတ်ပါ။” ဟု ဆရာနတ်က ရွှေဝတ်မှုန် မဂ္ဂဇင်း၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ ၁၉၉၁) တွင် ”မိမိနှင့်မောင်သွေးသစ်” အခန်းဆက်ကို ရေးသားခဲ့ပါသည်။

ကျနော့်အနေဖြင့်မူ့ 

ဆရာနတ်နွယ်နှင့် ဆရာမောင်သွေးသစ်တို့ ထံမှ မဂ္ဂဇင်းအတတ်ပညာတချို့ ကို ရရှိခဲ့သကဲ့သို့  စာပေသဘောတရား၊ စာပေအတတ်ပညာတချို့ ကိုလည်း အမွေခံခဲ့ရပါသည်။ မည်သည့်အခါတွင်မျှ မိုးဝေနှင့် ဝေးကွာနေရသည်ဟု ခံစားချက်မဖြစ်ပေါ်ခဲ့ဘူးပါချေ။

ဆရာနတ် ကျန်းမာသက်ရှည်ပါစေ။



မောင်လွမ်းဏီ

၂၃-၉-၀၉

ရွှေဝါရောင်တော်လှန်ရေး(၂)နှစ်ပြည့်အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံတွင်သံဃာလူပ်ရှားမှုများထောက်ခံပွဲ




မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းများ ဆင်းရဲဒုက္ခဘေးများမှ ကင်းဝေးစေရေး အတွက် ဗုဒ္ဓဘာသာရဟန်း သံဃာတော်များ မှ ငြိမ်းချမ်းစွာကြွချီမေတ္တာပို့ ဆုတောင်း မှုများနှင့် ၀ိုင်းရံအားပေးထောက်ခံကြသော ကျောင်းသား ပြည်သူလူထုအား ဘာသာ တရားမဲ့စွာ အကြမ်းဖက်ပစ်ခတ် ရိုက်နှက်ဖြိုခွင်း ဖြေရှင်းခဲ့ပြီး သံဃာတော်အသျှင်သူ မြတ်များနှင့်ကျောင်းသားပြည်သူများ သွေးမြေကျခဲ့ရပြီး မတရားဖမ်းဆီးထောင်သွင်း အကျဉ်းချခဲ့သည့်လုပ်ရပ်များကို စစ်အုပ်စုမှကျူးလွန်ခဲ့သည်ကို တကမ္ဘာလုံးက အံ့သြ ထိတ်လန့် တုန်လှုပ်ခဲ့ရသည့်အဖြစ်ဆိုးကြီးမှာ (၂)နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ ၎င်း (၂)နှစ်ကြာခဲ့သော်လည်း ကျနော်တို့ ရင်ထဲမှာ ယနေ့ တိုင်မေ့ပျောက်၍မရနိုင်သလို ကြေကွဲ၍လည်းမဆုံးပါ။ ထို့ အတွက်ကျနော်တို့ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အား စုများမှ အထိမ်းအမှတ်အဖြစ်နှင့် ယခုလက်ရှိမြန်မာနိုင်ငံတွင် ရဟန်းသံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲနှင့်သံဃာတော်များ၏လှုပ်ရှားမှုများအားထောက်ခံပွဲကို ဖေါ်ပြ ပါအစီအစဉ်အတိုင်းကျင်းပရာသို့  ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှပူးပေါင်း ပါဝင် တက်ရောက်ကြပါသည် ။

Sunday, September 06, 2009

“ရင်ကွဲနာ”

အချိန်ကာလတွေကို ကျော်လွှားပြီး
ရွှေဝါရောင်ဒီလှိုင်းများ
ရိုက်ခတ်လာပုံက
ဟောဒီ ရင်ဘတ်တွေတောင်မှ
ကျောက်သား ကျောက်ဆိုင်လို
မာကျောမနေနိုင်တော့ဘူး ။

အသက်တချောင်း
ထောင်းကနဲပြတ်တောက်
အမေ့ရဲ့  မျက်ရည်တပေါက်ဟာ
ဗိုလ်အောင်ကျော် ကိုဗဟိန်း မှသည်
ကျော်ကိုကို တို့ အထိ
“မြင်းခွာတချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေရမည်။”
ခေတ်တွေကတော့
ထပ်တူထပ်မျှသာပ ။

သမိုင်းကမဆုံးဘူး
မျိုးဆက်တွေ မတုန်းဘူး
ရာဇ၀င်ရေးအရ
မြေလှန်ကြည့်ရင်
ရဲရဲနီဆွေး
တိုင်းပြည်ရဲ့  ရင်သွေးတွေကို တွေ့ ရမယ် ၊
တစိမ့်စိမ့် စီးယိုကျသွေး
သာသနာ့ အာဇာနည်တို့ ရဲ့ 
မေတ္တာဓါတ်ကိုတွေ့ ရမယ် ။

ခင်ဗျားတို့ ချစ်တဲ့မြေကို
(ခင်ဗျားတို့ )
အာရုံခံကြည့်လိုက်ပါ
ရဟန်းရှင်လူ ပြည်သူလူထုကြီးရဲ့ 
အံကြိတ်ကြုံးဝါး
တက်(တောက်)ခေါက်သံများ ကြားရမယ်
ကမ္ဘာမကြေတေးသံများ ကြားရမယ် ။
ဒီမိုကရေစီ ရမှ အမျှဝေပါ ကြားရမယ်။
ငါတို့ ရဲ့  အနာဂတ်အိပ်မက်များကို ကြားရမယ် ။
ရိုက်သတ်လို့ တောင်မသေ
အာဇာနည်တွေ နေတဲ့တိုင်းပြည် ကြားရမယ် ။
နအဖစစ်အုပ်စုရဲ့ 
အကြောက်တရားနဲ့  သွေးလေချောက်ချားနေတာ ကြားရမယ်။

အဖြစ်အပျက် တခုလုံးမှာ
တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ ကြားရမယ် ။

တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ ကြားရမယ် ။

တို့ မေတ္တာစွမ်း ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ ကြားရမယ် ။

ရဲရင့်သက်ဇွဲ
၀၆၊ ၀၉၊ ၂၀၀၉

ဥဒါန်း

ဥဒါန်း

ပြာဝင်းဝိုးဝါးတဲ့
ဆောင်းနှင်းများကသာ
သမိုင်းရဲ့  ဘာသာစကားဖြစ်မယ်ဆိုရင်
တလိမ့်လိမ့် ခယွင်းတဲ့
သွေးနှင်းစက်တွေ
တို့ မြေမှာ မှိုင်းမှိုင်းဝေရော့မယ် ။

သေသူရဲ့ အရိုးတွေက
ရှင်သူကို ဘာလုပ်ရမယ်လို့ 
အံ့ချီးဖွဖွ ရည်ညွှန်းကြတာ
သမိုင်းလို့ ဆိုရမယ်။

ရာဇ၀င်းဆိုးရဲ့ 
အရိုးတွန်သံ
ဘယ်သူ့ ထံပါး
သယ်ဆောင်သွားမလဲ နှင်းတို့ ရယ် .။

ဒီဘက် ကမ္ဘာခေတ်ရဲ့ 
ရဲရင့်တဲ့ သမိုင်းကြောင်းဟာ
တို့ ပြည်က ကျောင်းသားအလောင်းတွေဆီမှာ ရှိတယ် ။

သားပျောက်ရှာနေတဲ့ အမေကို
သူအောက်က မြေက
“မေမေ” လို့  တိုးတိုးလေး ခေါ်နေတယ်။
မေမေရယ် မေမေရယ် မေမေရယ် ။

ဇာဘုရင်ရဲ့  စနစ်ဆိုးကြောင့်
ပြည့်တန်ဆာဖြစ်ရတဲ့
ရုရှားမလေးဟာ
အိပ်ရာထဲမှာ ငိုနေတယ် ။

နေ၀င်းရဲ့ စနစ်ကြောင့်
သူပုန်ဖြစ်ရတဲ့ ကျောင်းသားတွေ
လမ်းမပေါ်မှာ တိုက်ပွဲဝင်နေတယ်။

ဒီနေ့ ပွဲဟာ
ရှုံးရှုံး နိုင်နိုင်
ယှဉ်ပြိုင်ခြင်းသာ အဓိကဆိုတဲ့ ပွဲမဟုတ်ဘူး
သူသေကိုယ်သေ အပြိုင်နွှဲ
ဝိညာဉ်ချင်း ရိုက်ခွဲတဲ့ ပွဲဖြစ်တယ် ။

“ဟေ့ …..ကြိုးစင်”
ငါ ရင်ကော့ပြီး လာခဲ့မယ် ။

ရွှေဘုန်းလူ
(ရွှေဘုန်းလူ(ခ)တာရာမင်းဝေ အမှတ်တရ)