Fashion Era

Saturday, April 04, 2009

“ကမ္ဘာပျက် အလွမ်း”

(တနင်္ဂနွေ ၅ရက်နေ့ က အိမ်နဲ့ မနီးမဝေးမှာ ချယ်ရီပန်းကြည့်ပွဲ
သွားတော့ ချယ်ရီပင်တန်းအောက်မှာ တိုးမပေါက်တဲ့လူတွေကို
ငေးမောကြည့်ရင်းနဲ့  ၂၀၀၇၊ ဧပြီလကရေးခဲ့တဲ့ ကဗျာလေးကိုပြန်ရွတ်မိတယ်။
အားလုံးကိုလည်းခံစားမှုတွေဝေမျှလိုက်ရဲ့ ။)

“ကမ္ဘာပျက် အလွမ်း”

လောကပါလ တရားကလေး
မစို့မပို့နဲ့
လှနေတဲ့ ညနေခင်းလေးတခု
ချယ်ရီပွင့်တွေက
အဆုပ်လိုက် အခိုင်လိုက်
အပြိုင်းအရိုင်း ဝေဝေဆာဆာ
ချယ်ရီပင်တွေအောက်မှာ

သောကဒုက္ခများ
အခိုက်အတန့် မေ့လျော့ထားရာ
လူအများ
ချယ်ရီပွင့်ဝေရှု့ ခင်းထဲ
သူတို့ဘဝတွေကို ပစ်တင်ရွက်လွှင့်လို့ ။

ဒီအချိန်ဆို
တို့တိုင်း တို့ပြေ
တို့ရေ တို့မြေပေါ်မှာ
ပိတောက်တွေ
အဆုပ်လိုက် အခိုင်လိုက်
အပြိုင်းအရိုင်း ဝေဝေဆာဆာ
ဖူးပွင့်လာဘို့ အတွက်
မဝံ့မရဲနဲ့ အားယူနေရှာရော့မယ် ။

‘စစ်အာဏာရှင်စနစ်အောက်မှာ
အေးမြတဲ့ သင်္ကြန်ရေလည်း
ပြည်သူလူထြုကီးရဲ့  ရင်ထဲကအပူမီးကို
မအေးမြစေနိုင်တော့ဘူး
မှားယွင်းတဲ့စနစ်တခုအပေါ်က
အာဏာကိုရူးသွပ်ဖက်တွယ်ထားသူလူတစုရဲ့
ရိုက်ချက်ကြမ်းကြမ်းအောက်မှာ
ပိတောက်တွေတောင် တထိတ်တလန့့််နဲ့ဖူးပွင့်ရ
ခလေးသူငယ်များတောင်မှ
အကြောက်တရားနဲ့ကြီးပြင်းရ
ကျောင်းသားလူငယ်များတောင်မှ
မျိုးဆက်လိုက် စနစ်တကျဖျက်ဆီးခံနေရ
တို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား ’


ချယ်ရီပင်အောက်က
ပိတောက်ချစ်သူတယောက်ရဲ့အတွေး
အလွမ်းတွေနဲ့ ကမ္ဘာပျက်လို့ ။
ရဲရင့်သက်ဇွဲ